Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်ထဲခံစားမိသော ဓာတ်ပုံလေးတစ်ပုံ….

ပုိင္ေလးJanuary 16, 20121min54531

ရင်ထဲခံစားမိသော ဓာတ်ပုံလေးတစ်ပုံ….

သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးပါ…။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်…။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ…။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်…။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား…။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ…အေးချမ်းစေချင်ပါပြီ… အေးချမ်းစေချင်ပါပြီ………………………

ဒီမိုဝေယံမှ………..

31 comments

  • Burmese or Chinese

    January 16, 2012 at 4:12 am

    ရင်ထဲမှာ နင့်နေအောင် ခံစားရတယ် အဲဒီမုန့်ထုပ်ကလေးထဲမှာ အခြေခံလူတန်းစား အားလုံးရဲ့ ယုံကြည်အားကိုးစားမှု၊ မျှော်လင့်ချက် နဲ့ ချစ်ခြင်းမေတ္တာတွေ ပါဝင်ပါတယ်။ တန်ဖိုးဖြတ်လို့မရပါဘူး။

    • က်ိုကိုအိုဗာ

      January 16, 2012 at 11:59 am

      ဘယ်သူရိုက်တာလဲဗျာ။ သိရင်ပြောပြပါလား။

  • Khin Latt

    January 16, 2012 at 6:08 am

    ဒီအဖွားရဲ့ မလိုင်လုံးထုပ်လေး (ထင်ပါရဲ့) က ကိုမင်းကိုနိုင် အတွက် တစ်သက်စာအင်အား ဖြစ်သွားမှာပါ။
    ကျွန်မလဲ အဲဒီပုံလေးကြည့်ပြီး ကြက်သီးထ၊ မျက်ရည်ဝဲ မိပါတယ်။
    အာဏာ၊ ပါဝါ နဲ့ လူထုချစ်ခြင်းကို မရပါဘူး ဆိုတာရယ် …ဒါဟာ အတုယူသင့်တယ် ဆိုတာရယ် ….
    ဘယ်သူမဆို စေတနာမှန်ရင် ဒီလိုချစ်ခြင်း၊ အားကိုးယုံကြည်ခြင်းတွေ ရမှာမလွဲပါဘူး။
    အဲဒီလိုပီတိ မျိုးကို ရဖို့ကြိုးစားကြည့်ကြပါ၊ အားကျကြစမ်းပါ လို့ဘဲ တိုက်တွန်းချင်ပါတယ်။
    ပုံလေးအတွက် ကျေးဇူးပါ BOC ရေ။ 🙂

    • Burmese or Chinese

      January 16, 2012 at 12:15 pm

      အင်း

  • small cat

    January 16, 2012 at 7:40 am

    လူထုရဲ့ဘဝအမောတွေ ပြေပြောက်ဖို့ ရောင်နီလေးတော့ပျို့လာပြီ၊ နေလုံးကြီးလွတ်လွတ်ကျွတ်ကျွတ် ထွက်လာဖို့ ဘယ်လောက်များစောင့်ရဦးမလဲ

  • ကြောင်ကြီး

    January 16, 2012 at 7:46 am

    သမ္မတကြီးမင်းကိုနိုင် သက်တော်ရာကျော် ရှည်ပါစေ…။ သူသမ္မတဖြစ်ရင် ငါ ပြည်ထဲရေးဝန်ကြီးလုပ်မယ်။ အင်တာပိုအပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့မှာ ဇိမ်ဘုန်းဂျီးဦးခိုင်ကို ဖမ်းဝရမ်းထုတ်ပြီး ကမာ္ဘအေးသာသနာ့လှိုဏ်ဂူမှာ ပိဋကတ်သုံးပုံကို အလွတ်ကျက်ခိုင်းထားမယ်။

    • teekock

      January 16, 2012 at 11:33 am

      ဟုတ်တယ်။ မတွေးမိဘူး။ ကိုမင်းကိုနိုင် သမ္မတ ဖြစ်နိုင်တာပဲ။

      • Burmese or Chinese

        January 16, 2012 at 12:13 pm

        ဟုတ်တယ်..ဟုတ်တယ်..။

      • kolusoe

        January 17, 2012 at 7:30 pm

        ကိုယ်မင်းကိုနိုင်ဘက်က မဲပေးပေးလိုက်ပါ…

  • htet way

    January 16, 2012 at 9:43 am

    ကြွေကွဲနာကျင် ဒီရင်ထဲမှာ
    တကယ့်ကို ခံစားရတဲ့ မြင်ကွင်းလေးပါ

  • ကောင်းမြတ်သူ

    January 16, 2012 at 10:03 am

    ရင်ထဲကို အရှိန်နဲ့ ဝင်ဆောင့်တဲ့မေတ္တာရဲ့ wave၊ ကြောက်ပါပေ့ဗျာ………..

  • chityimhtoo

    January 16, 2012 at 10:07 am

    ခုနောက်ပိုင်းသတင်းသမားတွေ၊ ကင်မရာမန်းတွေအရမ်းတော်တာဘဲ လူတွေရဲ့ခံစားချက်ကိုထိထိ
    မိမိ ရိုက်ထားတဲ့ပုံတွေအများကြီးတွေ့ရတယ်။အနစ်နာခံရကျိုးနပ်ပါစေ ကိုမင်းကိုနိုင်။အမေစုနဲ့လက်
    တွဲပြီး အကောင်းဆုံးလုပ်နိုင်ကျပါစေ.

  • Thel Nu Aye

    January 16, 2012 at 10:09 am

    မျက်ဝန်းထဲမှာမျှော်လင့်ချက်တွေ၊အားကိုးမှု့တွေတွေ့နေရတယ်။ ဒီလိုပုံရဖို့နှစ်ပေါင်းများစွာစောင့်ခဲ့ရတာ။ စောင့်ရကြိုးနပ်တော့မယ်ထင်ပါတယ်။

  • နီလေး

    January 16, 2012 at 10:10 am

    ရင်ထဲကို လာထိတဲ့ပုံလေးပါ ပုံလေးကိုကြည့်နေရင်းမျက်ရည်တွေဝဲမိပါတယ်

  • titanmandalay

    January 16, 2012 at 10:18 am

    ကြည့်နေရင်းနဲ့ကို မျက်ရည်လည်မိပါတယ်
    ရင်ထဲမှာ……………………………………

  • MaMa

    January 16, 2012 at 10:21 am

    လူတိုင်းမလုပ်နိုင်တာတွေကို လုပ်နိုင်ခံနိုင်ခဲ့လို့ ခုလို စူပါပါဝါကို ထိုက်ထိုက်တန်တန် ရရှိတယ်လို့သာ….

  • Novy

    January 16, 2012 at 10:58 am

    ဓါတ်ပုံကို ကြည့်ယင်း
    ရင်ထဲ့မှာ ဆို့နင့်ပြီး မျက်ရည်တောင် ဝဲလာပါတယ်
    88 က သွေးတွေကိုယ်ထဲမှာ ပုန်းခို စီးဝင်နေစဲပါလာကွယ်

  • manawphyulay

    January 16, 2012 at 11:27 am

    ဒါကတော့ နာမည်ကြီးသူတစ်ယောက်ရဲ့မြင်ကွင်းလေးပေါ့။ နာမည်မကြီးပဲနဲ့ အများအတွက် ဝင်သွားကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလူတွေကော ငြိမ်းချမ်းကုန်ကြပြီလား….. အတွေးပွားစရာတွေ များလှပါတယ်။ သူတို့လေးတွေရဲ့ဘဝတွေကိုလည်း နွေးထွေးစွာ ကြိုဆိုသင့်ပါကြောင်း……

  • bluerose

    January 16, 2012 at 12:06 pm

    ခုချိန်ကစလို့ဘဝအမောတွေပြေပါစေဆုတောင်းပေးပါတယ်

  • nyeinchan

    January 16, 2012 at 12:56 pm

    ဟုတ်တယ်ဗျာ။

  • Wow

    January 16, 2012 at 2:47 pm

    ရင်ထဲမကောင်းလိုက်တာ..
    ပုံလေးအတွက်ကျေးဇူးပါ BOC ရေ…

  • နွယ်ပင်

    January 16, 2012 at 3:18 pm

    ပုံလေးကို ကြည့်ရင် စိတ်ထဲ တစ်ခုခုစီးဆင်းသွားသလိုပါပဲ
    မြင်ကွင်းလေးက ကြည့်ရတဲ့သူအတွက် ရင်နင့်စရာပါ …….

  • fatty

    January 16, 2012 at 6:54 pm

    အားပါး ဒီပုံကတော့တချိန်မှာသမိုင်းဝင်သွားနိုင်လောက်ပါတယ်ဗျာ ..
    ရင်ထဲမကောင်းဘူး …။ ဝမ်းနည်းဝမ်းသာကြီး။

  • unclegyi1974

    January 16, 2012 at 10:51 pm

    တအိမ်တယောက်ကြိုရမယ်လို့ဘယ်သူမှမပြော
    ကိုယ့်ဆန္ဒနဲ့ကိုယ်ကြိုကြတာ
    ပြည်သူတွေရဲ့ရင်ထဲဘာတွေရှိတယ်ဆိုတာ…

  • zaw min

    January 17, 2012 at 12:30 am

    လူထုရဲ့မျှော်လင့်ချက်၊ပြည်သူတွေရဲ့ဆန္ဒ ပြည်သူလူထုက ဘယ်လိုလူတွေကိုယုံကြည်အားကိုးသလဲဆိုတာ…
    လမ်းပေါ်မှာ အသံချဲ့စက်တင်ပြီး ခင်ဗျားတို့ကို ဘာပေးပါမယ်၊ညာပေးပါမယ်၊လမ်းခင်းပေးပါ့မယ်ဆိုပြီး..အော်ဟစ်ပြစရာမလို..တစ်ယောက်နဲ့တစ်ယောက်ချိန်းဆက်ပြီးလူစုစရာမလိုပဲ…မိမိတို့ရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ကြိုဆိုကြတယ်ဆိုတာ…အားလုံးအသိပါပဲ…
    ဒါဟာ ညီညွတ်ချင်း၊ ခိုင်မြဲတဲ့စိတ်ဓါတ်တွေကိုဖေါ်ပြလိုက်တာပါပဲ…

  • kaung kin pyar

    January 17, 2012 at 1:59 pm

    တကယ်ကိုကောင်းတဲ့ ဓာတ်ပုံလေးတစ်ပုံပါ…..။ ပြည်သူတွေဟာ ဘယ်လိုလူတွေကိုသာ အားကိုးမျှော်လင့်ကြတယ်ဆိုတာကို ကြည့်ရုံနဲ့တင် သိသာသွားနိုင်လောက်အောင် ခံစားမှု ရသကို ဖော်ထုတ်ပေးလိုက်သလိုပါပဲ။

  • etone

    January 17, 2012 at 2:32 pm

    ဒီအဖွားကိုကြည့်ရတာ နွမ်းပါးမယ့်ပုံပေါ်တယ် … တတ်နိုင်တာလေးမေတ္တာ လက်ဆောင်ပေးတဲ့ပုံက လေးစားတဲ့သူ့ရဲ့စိတ်ရင်းမှန်လေးပါ ပေါ်လွင်သွားတယ် … ။
    သူတို့နှစ်ယောက်ကိုကြည့်ရင်း စိတ်တောင်မကောင်းသလိုပဲ …. ဓါတ်ပုံကြည့်ရင်း ကြက်သီးမွှေးညှင်းထမိတယ် …. ။

  • ချစ်ရအောင်

    January 21, 2012 at 11:43 am

    ကိုမင်းကိုနိူင်သာ သမ္မတ နေရာကို ပေးအပ်ခံရမည်ဆိုပါက ( လုံးဝ ) ထိုက်တန်သူ ဖြစ်ပါကြောင်း

    ထောက်ခံအပ်ပါတယ် . . . ။

  • Phaung Phaung

    January 21, 2012 at 2:51 pm

    အဘွားအိုမျက်နှာမှာတွေ့ရတာ ရိုးသားမှု ၊ ဟန်ဆောင်မှုကင်းလိုက်တာ …ဒေါ်အောင်ဆန်းစုကြည်တို့၊ကိုမင်းကိုနိုင်တို့ကို ပြည်သူတွေချစ်တယ်ဆိုတာ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်မဟုတ်ပါ…. ပြည်သူတွေရဲ့ရင်ထဲမှာ လူကောင်းနဲ့လူဆိုး ခွဲခြားသိနေနိုင်လို့ပါပဲ

Leave a Reply