စပ်စလူး ပျားတုပ်
အမှတ်တရအကြောင်းလေးရေးပါဦးမယ်။
ကျွန်တော်အခုနေထိုင်ရာအရပ်ဆီကနေ မိဘများနေထိုင်ရာဒေသဆီကို အများအားဖြင့်တော့ express ကားတွေစီးပြီးပဲသွားလေ့ရှိပါတယ်။ ရထားနဲ့တစ်ခါသွားတာ လမ်းမှာ ရထားပျက်လို့ စိတ်ပျက်တာနဲ့ မသွားဖြစ်တော့ပါဘူး။ အမှတ်တရခရီးကတော့ လေယာဉ်နဲ့သွားမိတဲ့အခေါက်ပါပဲ။
တီးကော့ခ်က လေယာဉ်စီးရတာ သိပ်ကြိုက်တယ်။ လေယာဉ်ကွင်းတွေက သားနားတော့ လေယာဉ်နဲ့သွားရင် အဆင့်မြင့်တယ်လို့ ယူဆပြီး ဘဝင်လေဟပ်လေ့ရှိတယ်။ အဲ့ဒီ့နေ့ကဖြစ်ချင်တော့ တီးကော့ခ်ကျောင်းမှာ presentation ပေးရပါတယ်။ နေ့လည် ၁နာရီခွဲမှပြီးလို့ နေ့လည်စာလဲမစားရသေး… လေယာဉ်ကွင်းချိန်းကလဲ ၃နာရီဖြစ်လို့မို့ မမှီမှာစိုးရိမ်တာနဲ့ အိတ်ကိုဆွဲလို့ တန်းပြီးလစ်ပါတယ်။ တက္ကစီနဲ့သွားရင် မိနစ် ၃ဝသာကြာတဲ့ခရီးဝေးကို ရထားတစ်တန်ကားတစ်တန်နဲ့သွားမိလို့ ၂နာရီကြာပါတယ်။ လေဆိပ်ကိုရောက်ဖို့ ကျောင်းထဲကနေ ကျောင်းထိပ်ကို အထုပ်ကြီးဆွဲ၊ ကျောင်းထိပ်ကနေရထားဘူတာကို ဘတ်စ်ကားစီး ။ ရထားဘူတာကနေ မြို့လည်ဘူတာကြီးကို ရထားစီး။ ဘူတာကြီးကားဂိတ်ကနေ LCCT လေဆိပ်ကို express bus တစ်ခါစီးနဲ့… အဆင့်ဆင့် သွားလိုက်တာဟာ……… ဖော်ရိန်နာကြီး တီးကော့ခ်တို့ ရှိုးနဲ့ပေါ့ဗျာ…
ငွေမှင်ရောင် လက်ဆွဲသေတ္တာလေးကလဲ တစ်ဂျိန်းဂျိန်းဆွဲလို့…။ သိတယ်မဟုတ်လား… လေယာဉ်နဲ့သွားမှာဆိုတော့ ဒီသေတ္တာကို တမင်ကိုင်လာတာ။ ကျောမှာလဲ ဆန်အိတ် ၁၀kgအိတ်လောက်ရှိတဲ့ စုံစီနဖာကျောပိုးအိတ်ကြီးကလဲပါသေး။ presentation ပေးရတယ်ဆိုတော့ ဝတ်ထားတာက နဲနဲ formal ဖြစ်နေတယ်။ သူများတွေလို casual ပဲ ကျောင်းမှာကတည်းက လဲခဲ့ရကောင်းသား ဆိုပြီး တောသားမြို့ရောက်အတွေးနဲ့ တစ်လမ်းလုံး တွေးမိလာတာလဲ အကြိမ်ကြိမ်။
ဒီလိုနဲ့ ကွင်းချိန်း ၃နာရီကို တီးကော့ခ်တစ်ယောက် ၄နာရီလောက်မှ လေယာဉ်ကွင်းကိုရောက်။ ဗိုက်ကလဲ အရမ်းဆာတော့ (သိတယ်မှတ်လား ဖော်ရိန်နာကြီးပါဆို….) KFC လေး ပါဆယ်ပြေးဝယ်လိုက်သေးတယ်။ ပြီးတော့ check inကောင်တာက ရှာမတွေ့။ တွေ့ပြန်တော့လဲ ပိတ်သွားခဲ့ပြီတဲ့။ ဒါနဲ့ နီးစပ်ရာကောင်တာမှာ check in လုပ်။ ဝန်ထမ်းက လူကြီးမင်း လေယာဉ်ဆိုက်နေပြီ ထွက်တော့မယ် အမြန်သွားပါဆိုတော့ အို ဘယ့်နှယ် ဘာပြောကောင်းမလဲ…. သေတ္တာကြီးဆွဲလို့ ပြေးရပြန် ပြီပေါ့။
ကြက်ကြော်ထုပ်ကြီးက တစ်ဖက်၊ ကျောပိုးအိတ်ကြီးကလဲ အကြီးကြီး…. ဝတ်ထားတာက semi formal။ ဒီကြားထဲမှ ငွေမှင်ရောင်လက်ဆွဲသေတ္တာက ဘာ ထ ဖောက်တယ်မသိဘူး ဘီးလုံးတွေက တကြွီကြွီနဲ့အော်တာ အော်တာ….. ကြွက်မ အကောင်တစ်ထောင်လောက် ကလေးပြိုင်မွေးနေသလားအောက်မေ့ရတယ်။ အရမ်းလဲ ရှက်တာပဲ။ဒါနဲ့ အဲ့အိတ်ကြီးကိုပါ မ, သယ်။ တစ်ခါ… မနိုင်လို့ ပြန်ချ.. ဆွဲ……… ရှက်လို့ ပြန် မ, သယ်……..။
ဒီကြားထဲ immigration ဆိုတဲ့ ဂိတ်ပေါက်ကို ဘာကိစ္စ တာဝတံ ိသာမှာထားတယ်မသိဘူး။ အထုပ်တစ်ပုံနဲ့ တက်လိုက်ရတဲ့ escalator။ ဒီမှာ အချိန်က ၄နာရီခွဲပြီးနေပြီ။
အရေးထဲမှ အချိုရည်ကို အတွင်းထဲယူလို့မရဘူးဆိုလို့… ဒီ ကိုကာကိုလာခွက်ကြီးအကြီးကြီး(အေးစက်စက်ကြီး)ကို အဲ့နေရာတင် တထိုင်ထဲ သောက်ခဲ့ရတယ် Immigration မှာ။ အချိန်ကနောက်ကျပါတယ်ဆိုကာမှ သောက်ရေးကမပါဘူး။ (ကိုယ်ကလည်း လွှင့်မပစ်ရက်ပါဘူး နှမြောစရာ)
ကိုယ့်လေယာဉ်ရောက်နေပြီဆိုတော့ departure hall မှာထိုင်ပဲစောင့်ရမလား တန်းပဲသွားစီထားရမလားနဲ့ ယောက်ယတ်တွေခတ်။ ဗိုက်ကလဲ ဆာ……. နောက်ဆုံးတော့ ခုံတန်းလေးမှာထိုင်ပြီး သူခိုးကြည့်နဲ့ ဘေးဘီကိုကြည့်ရင်း ကြက်ကြော်လေး ဝါးတီးဖွင့်မယ်ပေါ့….. ဒီအချိန်မှာ.. ဟ…… လူတွေ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ထကြပြန်ရော။ လေယာဉ်ရောက်ပြီပေါ့။ ဒါနဲ့ စားလက်စ လေးတွေ အကုန်ပြန်သိမ်း…၊ အမှိုက်ပုံးထဲထည့်လိုက်ပေါ့……. ဘာတတ်နိုင်တော့မလဲ။
နောက်တော့ အဲ့ဒါက ကိုယ့်လေယာဉ်မဟုတ်ပြန်ဘူး။ ဒါနဲ့ ပြန်ထိုင်…….
အရေးထဲမှ ဝတ်ထားတဲ့ ဘောင်းဘီက ကြပ်တယ်ဆိုပြီး လဲချင်ပြန်ရော…… အလွန်တရာလျှာရှည်တဲ့တီးကော့ခ်တစ်ကောင် တကြွိကြွိမြည်တဲ့ ဆွဲအိတ်ကြီးကို ဆွဲတစ်ခါ မ တလှည့်နဲ့ နီးစပ်ရာ အိမ်သာမှာ ဝင်လဲလိုက်သေးတယ်။ လျှာရှည်တာ လှချင်တာ ပြောပါတယ်။ (တော်တော်လေး ယားတယ်လို့ကို ဆိုချင်က ဆိုနိင်ပါတယ်)
ပြီးတော့ လေယာဉ်စီးဖို့ တန်းစီမယ်ပေါ့။ သတိရလိုက်တာက… လေယာဉ်ပေါ်မတက်ခင် ဖုန်းလေးတစ်ကောလောက်ခေါ်လိုက်ချင်သေး…….. ဟေဟေးးးးးးးးးး အိုက်တင်နဲ့ပေါ့။ ဟာဟ။
သိတယ်မှတ်လား………
“ဟယ်လို.. အမေလား… သားပါ.. လေယာဉ်ပေါ်တက်တော့မယ်.. လာကြိုနော့ ဘာညာပေါ့” ဖောရှောချင်တာပေါ့ဗျာ။
အဲ့မှာ ဇာတ်လမ်းက စတာပဲ
သွားပြီ……. ဖုန်း မရှိတော့ဘူး။ သေစမ်း………. ဘယ်မှာ ကျန်ခဲ့ပြီလဲ……. ဘောင်းဘီအိတ်မှာလဲမရှိ၊ ကျောပိုးအိတ်မှာလဲမရှိ။ ပြာ ပြီ။ KFC ဆိုင်မှာများ ကျန်သလား။ immigration မှာပဲ ကျန်သလား။ check in counter မှာပဲကျန်သလား။ ဘယ်လိုမှတွေးမရတော့ဘူး။ လေယာဉ်ကလဲ ထွက်တော့မယ် လူတွေတန်းစီနေပြီ။ အိတ်ကြီးကလဲ အော်တယ်……….. တကြွီကြွီနဲ့။ ချွေးတွေက ဇီးကင်းလောက် ပြိုက်ကနဲ ပြိုက်ကနဲ။
အဲ့မှာ တစ်ခုသတိရလိုက်တာက KFC ကျွတ်ကျွတ်အိတ်။ ဟုတ်တယ် အဲ့ဒီကျွတ်ကျွတ်အိတ်။ ဒီအိတ်ထဲကို ဖုန်းခဏထည့်မိတယ်။ ကမန်းကတမ်းနဲ့ ခုနက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာမှာ ပါသွားပြီပေါ့။
ဟ……. ဘာပြောကောင်းမလဲ ပရိတ်သတ်………..။ အမှို်က်ပုံးကြီးကို ဖွင့်…….။ ပယ်ပယ်နှယ်နှယ် မွှေတာ မွှေတာ…….. အထဲကဟာတွေ အပြင်ထုတ်……..။ ကိုယ့် ကျွတ်ကျွတ်အိတ်ကို အတင်းပြန်ဆွဲထုတ်..
လူတွေကလဲ ဝိုင်းကြည့်……….လို့။ လေယာဉ်ကလဲထွက်တော့မယ်။ အနားရှိတဲ့တစ်ယောက်ကို ကျွန်တော့်ဖုန်းကိုခေါ်ပေးပါဆိုပြီး အကူညီတောင်း….. အမှိုက်ပုံးအဝမှာ နားကို စွင့်ထားရသေးတယ်။ မကြားမှာစိုးလို့။
နောက်တော့ သတိရလိုက်တာက နောက် source တစ်ခုက ခုနကဝတ်တဲ့ ဘောင်းဘီ။ ဟုတ်မယ်………. ဟုတ်လိမ့်မယ်…… အဲ့ဘောင်းဘီထဲမှာနေမှာ။ ဒီတော့ အိမ်သာကိုတစ်ခါပြန်ပြေး…. အထုပ်ကိုဖွင့်မယ်ပေါ့။
အိမ်သာမှာမဖွင့်လို့လဲမရဘူး။ သိတဲ့အတိုင်း ကိုလူပျိုကာလသားက အထုပ်ထဲမှာ ပေါက်တတ်ကရ ဗြဲလျန်းတန်း အကုန်လျှောက်ထည့်လာတာ…။ ဖွင့်လိုက်တာနဲ့ အကုန် အိုးပန်းတူ ဒလဟော ဖြစ်ကုန်မှာ။ ဒါနဲ့ မြည်သံစွဲ သေတ္တာကြီးပြန်ဆွဲ။ အိမ်သာပြန်ပြေးဝင်။ အထုပ်ပြန်ဖြည်။ ဘောင်းဘီပြန်ထုတ်။
ဟူး………………………………… ကိုယ်တော်က အဲ့ဒီ့ ဘောင်းဘီအိတ်ထဲမှာ။ ဒီတော့မှ သက်ပြင်းကို အခါခါချနိုင်တော့တယ်
ဝရုန်းသုန်းခါးနဲ့ ……… ရုန်းရင်းဆန်ခတ် တစ်ယောက်တည်း လေဆိပ်မှာ ပတ်ပြေးနေခဲ့တာ……. လေယာဉ်ပေါ်ရောက်တဲ့အထိ ကျွန်တော် မောင်တီးကော့်တစ်ယောက် အမောလဲမပြေသလို အရှက်လဲမပြေနိုင်ခဲ့ပါဘူးခင်ဗျာ…………………..
တီးကော့ခ်
31 comments
စိန်ပေါက်ပေါက်
January 17, 2012 at 5:07 pm
ဟမငေး.
သများလဲ ဖတ်ရင်းဖတ်ရင်း ဖတ်ဖတ်ကိုမောသွားတာပဲ
လူကြီးတွေပြောတဲ ့ဖတ်ဖတ်မောတယ်ဆိုတာ ဒါကိုပြောတာထင်တယ်..
ဟောဟဲ..ဟောဟဲ
nozomi
January 17, 2012 at 5:16 pm
ဖတ်နေရင်းနဲ့
ရထား၊ကားနဲ့ မပြန်ပဲ လေယာဉ်ပဲစီးသွားမယ် ၊ လေဆိပ်တွေကသားသားနားနားဆိုတော့ တီးကော့ရော မိဘတွေပါ မြန်မာပြည်ထဲမှာ မဟုတ်တော့ဘူး နိုင်ငံခြားမှာနေကြတယ် ( kfc လဲ ဒီမှာ မရောင်းဘူး)
နိုင်ငံခြားဆိုတော့ ပတ်ဝန်းကျင် စင်ကာပူ၊မလေး၊ထိုင်းလို့ စဉ်းစားလိုက်ရင် မိဘဆီလေယာဉ်နဲ့သွားမှာမို့ စင်ကာပူမဖြစ်နိုင် (နောက် စင်ကာပူက check-in နဲ့ Imm ကလဲ တထပ်တည်း )
“ဒီကြားထဲ immigration ဆိုတဲ့ ဂိတ်ပေါက်ကို ဘာကိစ္စ တာဝတံ ိသာမှာထားတယ်မသိဘူး” KL ဆိုလဲ check -in ပြီးရင် Imm က အောက်ထပ်ကို ဆင်းသွားရတာ၊ KL တော့ မဖြစ်နိုင် ဘန်ကောက်လဲ လဝက ကိုသွားဘို့ အပေါ်ပြန်မတက်ရဘူးထင်တယ် (သိပ်တော့မမှတ်မိတော့ဘူး ) ဒါဆို အရှေ့ကျွန်းလား တောင်ကျွန်းလား အနောက်ဘက်မှာလား ?
“အရေးထဲမှ အချိုရည်ကို အတွင်းထဲယူလို့မရဘူးဆိုလို့…” ….ခရီးသွားတာ ဟိုးအရင်က အကြောင်းမဟုတ်ဘူး ၊ ဒီ နှစ်ပိုင်းထဲမှာ သွားတာ
အမျိုးမျိုးစဉ်းစားလိုက်လို့ရော တီးကော့အကြောင်းပါ စဉ်းစားရင်း ခေါင်းမူးသွားပါကြောင်း
KoNyeinChan
January 17, 2012 at 8:19 pm
ကို nozomi ရေ.. အထက်ပါဖြစ်စဉ်က မလေးရှားမှာပါ.. မလေးမှာ KLIA နဲ ့ LCCT ဆိုတဲ့ International Airport ကြီး နှစ်ခုရှိပါတယ်.. အလျင်တခါ ခင်ဗျားတင်တဲ့ပို ့စ်က KLIA မှာပါ
nozomi
January 18, 2012 at 9:44 am
ကိုငြိမ်းချမ်း အခုလို ရှင်းပြတာ ကျေးဇူးပါ ခင်ဗျာ
စာဖတ်ရင်းနဲ့ LCCT ကို စိတ်ထဲကြားဖူးသလိုလို ရှိသားပေါ့နော ၊ ဒါပေမဲ့သေချာ မမှတ်မိလိုက်ဘူး
ပထမဆုံး မလေး ရောက်တော့ KLIA မှာ ဖုံးကဒ်ဝယ်၊ပိုက်ဆံကဒ်ကို ခြစ်တော့ မြန်မာပြည်ကတောသား အခြစ်လွန်သွားတာ ဂဏန်းတွေ ဖတ်လို့မရတော့ဘူး ၊ အဲဒီကိစ္စအတွက် LCCT မှာ ရှိတဲ့ ဖုံးဆိုင်ကို သွားကွန်ပလိမ်းလုပ်ရတာ အခုမှ ပြန်ပေါ်လာတယ်
teekock
January 18, 2012 at 11:42 am
မလေးရှား LCCT လေဆိပ်ကနေ စင်္ကာပူကို သွားခဲ့တဲ့အတွေ့အကြုံလေးပါ။ KLIA လေဆိပ်ကို သွားစဉ်းစားလိုက်မိတယ်ထင်တယ်။
အဲနီးဝေး… အားပေးလို့ ကျေးဇူးအများကြီးပါ။
koyinmaung
January 17, 2012 at 6:04 pm
ဖစ်မှဖစ်ရလေ တီးကော့ခ်ရယ်
သူ့အမောကကိုယ့်ကိုပါကူးသွားတော့တယ် ……………
Thel Nu Aye
January 17, 2012 at 6:20 pm
်အောင်မယ်လေး။ ကိုရီးယားကားကြည့်နေရသလိုပါပဲ။ ဇာတ်ကိုနာလိုက်တဲ့အမျိုး။ မျက်ရည်တောင်ထွက်တော့မလို့။
koyinmaung
January 17, 2012 at 6:33 pm
စပ်စလူး ပျားတုပ်တာမဟုတ်ဘူးဟေ့
ပိတုန်းတုပ်သွားတာ….ဟ
ရွှေဘိုသား
January 17, 2012 at 6:46 pm
ဖြစ်မှဖြစ်ရလေ တီးကော့ခ်ရယ်
တစ်ခါတစ်ခါကျတော့လည်း ထင်မထားတာတွေ ဖြစ်ဖြစ်လာတတ်တယ် ကျနော်လည်း ကြုံဖူးတယ်
MAUNG
January 17, 2012 at 7:29 pm
နိုး စပ်စလူး ကိုနတ်ပူး သွားတာ 😀
ကောင်းမြတ်သူ
January 17, 2012 at 7:44 pm
ambulance မြန်မြန်လွှတ်ပေးကြပါဂျာ……. စာဖတ်ရင်းမောလာလို့………. အမဟေးလုပ်ကြပါအုံး မောရာလို့…မောရာလို့။
windtalker
January 17, 2012 at 7:44 pm
ကျွန်တော် လေယာဉ်ပထမဆုံး စီးတဲ့အခါတုန်းကတော့ ၊ ရှားရှားပါးပါး လက်ဆောင်ရထားတဲ့ ၊ ဟာလီဒစ်ဗဆန် ဆိုင်ကယ်ပုံနဲ ့ဇစ်ပိုလေး ကို check in counter အလှူပေးခဲ့ရတယ်ဗျာ
small cat
January 17, 2012 at 9:56 pm
မောစရာအကြောင်းကို ဖတ်တဲ့သူ ဖတ်ဖတ်မောအောင်ရေးတတ်တယ်၊
နိုင်ဂျံဂါးမှာ ဖုန်းဆက်မှာမို့တော်သေး၊
ုမြန်မာပြည်ကို လှမ်းဆက်ရင် လူကြီးမင်းနဲ့ပဲတွေ့တွေ့နေရလို့ ပိုပြီးအမောစို့သွားနိုင်ရဲ့။
Thel Nu Aye
January 17, 2012 at 10:24 pm
ဟဲလိုကြားရလား။ကြားရလား။ ဟုတ်ကဲ့ကြားရလားဆိုတာကလွဲလို့မကြားရဘူး။ နေရာနဲနဲရွေ့။ ကြားပြီ။ကြားပြီ။ မကြားရတော့ဘူး။ အဲဒီမှာလေယာဉ်လဲလွတ်ရောပဲ။
small cat
January 18, 2012 at 9:25 am
သဲနုအေးရေ အဲသလို မကောင်းကြောင်းတွေပြောတာ မကြိုက်ဖူးထင်တယ်၊ ကိုပေကော ကျနော်ကောနီနေပြီ၊ တော်ကြာဆို သဲနုအေးလဲ နီတော့မယ်၊
Thel Nu Aye
January 18, 2012 at 2:37 pm
အိုးမှန်တာပြောချမ်းသာပရစေ။ သိန်းထီ ၁၅၀ဝ ဆုပေါက်ပရစေ။ းD
ရဲရဲတောက်ဒို့ဗမာတွေပေါ့နော်။ း)
နွယ်ပင်
January 18, 2012 at 9:59 am
ရေးလဲရေးတက်ပ တီးကော့ခ်ရယ် ဖတ်တဲ့သူတောင် အမောတွေကူးသွားသလား
မှတ်ရတယ် 🙂
Novy
January 18, 2012 at 10:02 am
တီးကော့ ရဲ့ ရေးတက်ပါပေ့
စာဖတ်ရင်း မောလာလိုက်တာ ပြီးမှပဲ တီးကော့ရဲ့ ပျားတုပ်နေတဲ့ပုံကို
မြင်ယောင်ပြီး ရီချင်လာတော့တယ်
weiwei
January 18, 2012 at 10:02 am
ကျွန်မလဲ တရုတ်ပြည်တွင်းမှာ ပထမဆုံးအကြိမ် တစ်ယောက်ထဲ ပြည်တွင်းခရီးစဉ်လေယာဉ်စီးတုန်းက ပျားတုတ်သလိုဖြစ်ခဲ့ဖူးပါတယ် …. ကံကောင်းလို့ လက်မှတ်မဆုံးခဲ့တာ … လေဆိပ်အကျယ်ကြီးထဲမှာ တောင်ပြေးလိုက် မြောက်ပြေးလိုက် အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ….
teekock
January 18, 2012 at 11:46 am
ကိုယ်က အထုပ်တစ်ပုံပါသေးတယ်။ အဲ့ဒါကစလို့ ခရီးသွားရင် ဘာမှမသယ်တော့ဘူး။
MaMa
January 18, 2012 at 10:31 am
လက်စွမ်းထက်သူတစ်ဦး ပေါ်လာပြန်ပါပြီကောဟု မှတ်ယူမိပါကြောင်း… 🙂
teekock
January 18, 2012 at 11:47 am
အသိအမှတ်ပြုတာ ကျေးဇူးတင်ပါတယ် MaMa
awra-cho
January 18, 2012 at 10:51 am
မျက်စိ ထဲ တော့ ရာဇာနေဝင်း လျှောက်ပြေး နေတာ မြင်မိတယ်၊ ဆံပင် လေးသပ်ကာသပ်ကာပေါ့၊
Shwe Tike Soe
January 18, 2012 at 10:54 am
အော်ကိုတီးကောဒ် ရယ် ကိုယ်ဟာကို မပြေးဘူး ဖတ်တဲ့သူပါ သူနဲ.အတူတူ စပ်စလူးပျားတုပ်ဖြစ်ရတယ်.. ခေါင်းစဉ်လေးလှတယ်.. ဇာတ်လမ်းရိုက်ပါလား.. ဟဟဟဟ 😛
နောက်တစ်ခါဆို ဘောင်းဘီမလဲနဲ.ပေါ့.. ဖုန်းကိုလဲ လည်ပင်းမှာဆွဲထားလိုက် ဟောဟဲဟောဟဲဟောဟဲ.. မောတာ 😀
kyeemite
January 18, 2012 at 1:08 pm
စာအရေးအသားကောင်းတယ်ဗျာ..
အားပေးနေပါမယ်..
yaungchikha
January 18, 2012 at 1:28 pm
ကိုတီးကောဒ်ရေ့ ………. ခရီးသွားရင် ဖြစ်တတ်တဲ့အကြောင်းလေးရေးပြတာ ဖတ်လို့ကောင်းတယ်……..
ကျနော်ကတော့ လေဆိပ်မှာ မှတ်ပုံတင် ဘယ်နားထည့်မိမှန်းမသိလို့ လဝက ကိုမှတ်ပုံတင်ပြဖို့အလုပ် ဟိုရှာဒီရှာ ဗျာများခဲ့ရတယ်……….
thuyazaw21451
January 18, 2012 at 3:06 pm
ဖတ်ရတာ ဖတ်ဖတ်ကိုမောရော………အရေးအသားအလွန်အလွန်ကောင်းမွန်ပါကြောင်း တက်ဖို့အလားအလာရှိကြောင်း (ဆေးရုံမဟုတ်ပါ) လောလောဆယ် ရေတစ်ခွက်လောက်ပေးပါ……
etone
January 18, 2012 at 4:39 pm
စာကလည်း အရေးကောင်းလိုက်တာ … ဖတ်တဲ့ လူပါ … သူ့လို လိုက်ပြေးနေရသလားမှတ်တယ် … ။
ဒီကြားထဲမှ ငွေမှင်ရောင်လက်ဆွဲသေတ္တာက ဘာ ထ ဖောက်တယ်မသိဘူး ဘီးလုံးတွေက တကြွီကြွီနဲ့အော်တာ အော်တာ….. ကြွက်မ အကောင်တစ်ထောင်လောက် ကလေးပြိုင်မွေးနေသလားအောက်မေ့ရတယ်။ အရမ်းလဲ ရှက်တာပဲ။ဒါနဲ့ အဲ့အိတ်ကြီးကိုပါ မ, သယ်။ တစ်ခါ… မနိုင်လို့ ပြန်ချ.. ဆွဲ……… ရှက်လို့ ပြန် မ, သယ်……..။ ဆိုတာ ဖတ်ပြီး ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပဲ …… ။
ဒါနဲ့ … အမှိုက်ပုန်းနှိုက်ထားတဲ့ လက် .. ပြန်ဆေးဖို့ရော သတိရရဲ့လား … ။
Rose Minn
January 18, 2012 at 4:44 pm
တော်တော်ရေးတက်ပါပေတယ်။ အရေးသားက ကောင်းလွန်းတော့ ပြေးမြင်မိတယ်။ တော်တော်ရီရတယ်နော်။ သနားလဲသနားမိတယ်။ ကို်ယ်ချင်းစာမိပါတယ်။ အတွေ့ကြုံတွေမျှဝေတာကျေးဇူးပါ။ သူများနိုင်ငံမှာ ဘယ်လိုနေရမယ်။ အော်! ငါတစ်ယောက်ထဲသွားရင်လဲ ဘယ်လိုသွားသင့်တယ်ဆိုတာ ပညာရသွားပါကြောင်း။
Phaung Phaung
January 18, 2012 at 5:40 pm
တီးကော့်စ်က ဟာသဉာဏ် တော်တော်ရွှင်တာပဲ … ရီလိုက်ရတာအသံတောင်ထွက်တယ်… action တွေကို မျက်စိထဲပြေးမြင်အောင်ရေးနိုင်တာ တော်တာပဲ… ချီးကျူးပါတယ်…အားပေးနေပါတယ်
teekock
January 18, 2012 at 9:28 pm
အားပေးပါကုန်သော ညီအကိုမောင်နှမများအားလုံးအား ကျေးဇူးတင်ပါသည်ခညား…