သင်္ခါရ ရဲ့ ပြယုဂ်တစ်ခု

“သင်္ခါရဲ့ပြယုဂ်တစ်ခု”
သင်္ခါရဆိုတဲ့အတိုင်းမတည်မြဲခြင်းဖော်ဆောင်မှုတွေနဲ့ဘဝရဲ့စာမျက်နှာတွေမှာရေးဆွဲကြရ၏။
ထိုသို့ရေးဆွဲကြသူများထဲမှာကျွန်ုပ်တို့မိသားစုလေးပါဝင်ခဲ့သည်။
တနေ့မှာတော့နေလုံးကြီးရဲ့မတည်မြဲခြင်းဖော်ဆောင်မှုညနေလေးတစ်ခုမှာအဖေက”သားရေ…..
မြေအိုးတွေပြင်ဟေ့ အဖေထန်းလှီးသွားတော့မယ်ကွ” လို့ပြောသည်။
ကျွန်တော့်တို့မိသားစုလည်းအဖေပြောလိုက်တဲ့တခဏမှာ အမေက အဖေအတွက်ရေးဗူးထည့်သည်၊
အမကထမင်းချိုင့်ထည့်၊ ညီလေးကမြေအိုးတွေကိုကြိုးလိုက်တပ်၊
ကျွန်တော်ကကြိုးတပ်ပြီးသားမြေအိုးထဲကိုထုံးရေလိုက်ထည့်ကာမိသားစုလေးပျော်ရွှင်ခဲ့သည်။
သင်္ခါရရဲ့ပြယုဂ်ဆိုသည့်အတိုင်းယနေ့ဖြစ်ပေါ်သမျှသည်နောက်နေ့ရဲ့သင်္ခါရရဲ့ပြယုဂ်ဖြစ်ခဲ့သည်။
ရက်တွေ,လတွေ,နှစ်တွေပြောင်းလည်းပြီးကျွန်တော်တို့မောင်နှမတစ်တွေကိုယ့်အိမ်ကိုယ့်မယားကိုယ့်
သားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်တနယ်တကျေးမှာနေခဲ့ကြသည်။
အချိန်ရဲ့ကုန်ဆုံးမှုကဘယ်လိုမှသတိမထားမိသောကြောင့်
ကိုယ့်မိသားစုရဲ့ဘဝရှေ့ရေးကိုဦးစားပေးပြီး
သာယာတဲ့အိမ်ထောင်မှုအောက်မှာမေ့မျှောမိကြရင်း
ငယ်ငယ်ကကျင်လည်ခဲ့တဲ့မိဘရှိရာနယ်မြေလေးကိုမေ့လျှောနေခဲ့သည်။
လူဆိုတာခလုပ်ထိမှ အမိတ ဆိုသလိုအရင်ကသာယာလှပါတယ်ဆိုတဲ့ကျွန်ုပ်တို့ရဲ့အိမ်ထောင်ရေး
ကံကြမ္မာရဲ့တိုက်စားမှုကြောင့်ယိန်းယိုင်လာခဲ့သည်၊အဆင်မပြေမှုတွေများလာခဲ့သည်။
ကိုယ်ရဲ့အိမ်ထောင်မှုအဆင်မပြေမှုတွေများလာတော့မှ..ဪ………..အဖေနဲ့အမေရှိရာကိုယ့်ရွာ
ကလေးတောင်မရောက်တာအတော်ကြာပါကကော…..အဖေနဲ့အမေဆီကိုသွားအုံးမှဆိုပြီးမရောက်
ဖြစ်တာကြာပြီဖြစ်တဲ့နယ်မြေဟောင်းလေးဆီကိုထွက်လာခဲ့လည်။
မိဘရဲ့နွေးထွေးတဲ့မေတ္တာတွေအရောင်မပျယ်သေးတာကြောင့်”မိဘအိမ်”လေးရဲ့အရိပ်အာဝါသဟာ
အေးမြနေဆဲပါပဲ။
အဖေနဲ့အမေဟာကျွန်ုပ်တို့ရဲ့မိသားစုလေးပြန်လာတာကြောင့်ပျော်ရွှင်ခြင်းပီတိတွေခံစားနေလိုက်ကြတာ
ဘယ်အရာနဲ့မှလဲနိုင်မည်မထင်။
ဪ………မိဘ..မိဘ..မေတ္တာကြီးမားလှပါလား…။
မေတ္တာတွေဘယ်လောက်ပဲကြီးမားပါစေ၊အချစ်တွေဘယ်လောက်ပဲချစ်နေပါစေ
မတည်မြဲခြင်းဆိုတဲ့”သင်္ခါရ”ကတော့အမြဲထာဝစဉ်ပြောင်းလဲနေခဲ့သည်။
ခုလည်းမိသားစုစုံစုံလင်လင်ပျော်ရွှင်နေဆဲအချိန်လေးမှာ
နေလုံးကြီးရဲ့”သင်္ခါရ ပြယုဂ်”တစ်ခုကကျရောက်လာခဲ့သည်။
သဘောသွားခြင်းတူချင်တူနေပါလိမ့်မည်၊ဖြစ်တည်မှုကမတူတော့ပေ။
ငယ်ငယ်ကအဖေပြောခဲ့သလို၊ခုလည်းပြောလာခဲ့သည်။ ဒါပေမဲ့..ခုအဖေပြောလိုက်တာက….
“ရှင်မရေ…….ငါထန်းလှီးသွားတော့မယ်” တဲ့……….။
ငယ်ငယ်ကလို..”သားရေ…အဖေထန်းလှီးသွားတော့မယ်ကွ”လို့ပြောလိုက်ပါတော့လား။
မရတော့ဘူးလေး….အဖေ့သားက သားနဲ့မယားနဲ့ဖြစ်နေပြီကိုး။
ဒါတင်ဘဲလားဆိုတော့ လုပ်ဆောင်ချက်တွေကကွဲပြားလိုက်ပါဘိ။
ကျွန်တော်ရယ်၊ကျွန်တော့်ညီလေးရယ်အစား၊ကျွန်တော့်သားနှစ်ယောက်ကနေရာယူခဲ့ပြီ။
အမနေရာအစားကျွန်တော့်ဇနီးကနေရာယူခဲ့ပြီ..။
ဘယ်လောက်ပဲချမ်းသာနေပါစေ၊ ပျော်ရွှင်နေပါစေ ဂုဏ်တွေကြီးမားပါစေ
“သင်္ခါရရဲ့ပြယုဂ်”နေ့စဉ်နဲ့အမျှပြကွက်ဆန်းတွေဖြင်းလည်းကောင်း၊ရိုးရိုးအနေဖြင့်တဖုံ၊
အမျိုးမျိုးပြသနေတာကိုကျွန်ုပ်တို့တတွေသိကြမယ်ဆိုရင်………………………………။ ။
                                                                                                                                                                              ဇွဲမာန်(အင်းဝ)

4 comments

  • htoosan

    January 18, 2012 at 9:14 am

    “ဘယ်လောက်ပဲချမ်းသာနေပါစေ၊ ပျော်ရွှင်နေပါစေ ဂုဏ်တွေကြီးမားပါစေ
    “သင်္ခါရရဲ့ပြယုဂ်”နေ့စဉ်နဲ့အမျှပြကွက်ဆန်းတွေဖြင်းလည်းကောင်း၊ရိုးရိုးအနေဖြင့်တဖုံ၊
    အမျိုးမျိုးပြသနေတာကိုကျွန်ုပ်တို့တတွေသိကြမယ်ဆိုရင်”…….

    စာရေးသူနှင့် ထပ်တူ သိကြ စေချင်ပါ၏။

  • စိန်ပေါက်ပေါက်

    January 18, 2012 at 10:19 am

    ဘဝသံသယာ
    ရှည်လျားထွေပြား..မနေမနား..ဘာဆိုလားပဲ မေ့တွားလို ့
    အဲဒီ သချင်းလိုပါပဲလားဗျာ

  • windtalker

    January 18, 2012 at 11:26 am

    “ ဖြစ်ချင်တာတွေလဲ မဖြစ်ရတာ… မဖြစ်ချင်တာတွေလဲ ဖြစ်ရတာ ”
    အဲဒါကတော့ ဆရာကြီးဦးသုခ ရဲ ့ဘဝသံသရာ သီချင်းစာသား သိသလောက်

  • ချစ်ရအောင်

    January 19, 2012 at 1:36 am

    အော် စာဖတ်နေရင် အားအင်တွေတောင် ချီနည့်လာတယ်ဗျာ
    သင်္ခါရ ရဲ့ပြယုဂ်တခုကို သံဝေဂ ကျိုတင်ရသွားပါပြီ ….
    ကျေးဇူး ပါ …. . ။

Leave a Reply