မော်လမြိုင်က တောင်ဝိုင်းဘုရား
မော်လမြိုင် တက္ကသိုလ်လမ်းမကြီးကနေ ဆက်သွားရင် တောင်ဝိုင်းဘုရားကိုရောက်ပါတယ်။ တောင်ဝိုင်းဘုရားဆိုတာနဲ့ ဝင်္ကဘာကိုတွဲလျက် အမှတ်ရသွားခဲ့တယ်။ ငယ်ငယ်တုန်းက ဝင်္ကဘာထဲဝင်ပြီး ပြန်မထွက်နိုင်ဖြစ်ခဲ့တာလေးကို သတိရသွားတာနဲ့ ဝင်္ကဘာဆီကို ထပ်သွားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ဝင်ပတ်ချင်စိတ်မရှိလို့ မဝင်ခဲ့ပဲ ဘောင်ပေါ်တက်ပြီး သူငယ်ချင်းဝင်သွားတာကို ရပ်ကြည့်နေခဲ့ပါတယ်။
ဝင်္ကဘာဝင်ပြီးတော့ ရဟန္တာငါးရာတောင်ပေါ်ကို တက်ကြတယ်။ လှေကားထစ်တွေနဲ့ မက်စောက်တယ်။ ငယ်ငယ်ကလိုမဟုတ်ပဲ မောတတ်လာတာကို သတိထားမိလာတယ်။ ရဟန္တာပုံတော်တွေလမ်းတစ်လျှောက်မှာ တွေ့ရပြီး နဲနဲမြင့်တဲ့နေရာတွေမှာ လက်ဆော့ထားတာတွေက စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ အမြင့်ကိုရောက်သွားလေ မော်လမြိုင်ရှုခင်းတွေက ပိုပြတ်သားလာလေပဲ။ အတ္ထရံတံတားကိုလဲ လှမ်းမြင်ရတယ်။ ရွှေရောင်စေတီလေးတွေကိုလဲ မြင်ရတယ်။ မော်လမြိုင်လေဆိပ်ကိုလဲ အပေါ်စီးကနေ မြင်ရပါတယ်။
မော်လမြိုင်ခရီးစဉ်ကို နိဂုံးချုပ်ရလျှင်တော့ စေတီပုထိုးအလွန်များပြားတယ်။ သန့်ရှင်းသပ်ရပ်တယ်။ မွန်လူမျိုးတွေ ဘာသာတရား အလွန်ကိုင်းရှုင်းကြတယ်။ တောင်တွေတိုင်းမှာ ဘုရားတည်ထားကြတယ်။ ဘုရားတွေမှာ ဆူညံစွာ အလှူငွေကောက်ခံခြင်း မတွေ့ခဲ့ရဘူး။ ရာသီဥတု သာယာမျှတလို့ ဘုရားဖူးသွားရန် သင့်တော်တဲ့နေရာတစ်ခုဖြစ်ပါကြောင်း ….
16 comments
weiwei
January 17, 2012 at 10:31 pm
မော်လမြိုင်ခရီးစဉ် ပြီးဆုံးသွားပါပြီ …
ကော်နက်ရှင်မကောင်းတဲ့ကြားထဲက စိတ်ရှည်ရည်နဲ့အားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ် …
kai
January 18, 2012 at 12:17 am
ကျေးကျေးကမ္ဘာပါနော..။ ပြန်မရောက်တာ အနှစ်၄ဝကျော်နေပြီ…။ 😆
ဦးဦးပါလေရာ
January 17, 2012 at 11:31 pm
မြန်မာနိုင်ငံသားတွေထဲမှာတော့
မွန်လူမျိုးတွေက ဗုဒ္ဓဘာသာကို အစောဆုံးထိတွေ့ခွင့်လဲရ
စဉ်ဆက်မပြတ်ကိုးကွယ်ခွင့်လဲ ရခဲ့ပုံရပါတယ်။
ဘုရားတွေ အမြောက်အများ ပုံအမျိုးမျိုးနဲ့ တည်ကြတာကို ဒီဘက်ခေတ်မှာ လူတချို့က ဘဝင်မကျကြဘူး။ တကယ်တော့ အဲဒါရဲ့ အကျိုးက ခိုင်ခိုင်မာမာရှိပါတယ်။ အကျိုးများပါတယ်။ ကုသို်လ်ရတယ်ဆိုတာထက် ပိုပါတယ်။
ဒါထက် စကားမစပ်-
ဟိုဝင်္ကဘာကြီးထဲ ဝင်မိပြီး မထွက်တတ်ရင် ဘယ်လိုလုပ်ရမလဲပဲနော်။
လာကယ်ထုတ်မယ့်လူများ ရှိသလားမသိ..။
weiwei
January 17, 2012 at 11:45 pm
လမ်းမှားသွားရင် လမ်းပိုလျှောက်ရတယ် … လမ်းမမှားရင်တောင်မှ ပတ်နေတာနဲ့ တော်တော်လျှောက်ရပါတယ် … နောက်ဆုံး စိတ်မရှည်တော့ရင်တော့ ကျော်တက်လိုက်လို့ရတယ် … ခိုတက်လိုက်ပြီး အပေါ်ကနေ လျှောက်သွားလို့ရတယ် … 😛
Shwe Tike Soe
January 18, 2012 at 9:26 am
တကယ့်ကို အောက်တန်းစားတွေပဲ… ရဟန်းရုပ်တု ပေါ်မှာ လက်ကမြင်းထားကြတာ.. တကယ်စိတ်တိုဖို.ကောင်းတယ်… နပန်တွေချည်းပိတ်ရိုက်ရမယ်….. ဘုရားပေါ်မှာ အဲဒီလောက်လုပ်တာ အဆင်အတန်းမရှိဘူးနော်… ဘုရားလူကြီးတွေလဲ အဲဒါတွေကို သေသေချာချာ လုပ်သင့်တယ်..
အဲလို တွေ.တဲ့နေရာ စာရေးတာ ဘာအကျင့်လဲမသိဘူးဗျာ….
amatmin
January 18, 2012 at 9:27 am
အန်တီဝေရေ.
ရဟန္တာပုံတော် တခုစီတိုင်းမှာ နာမည်တွေပါတာလားဗျ..
လက်ဆော့ထားတာတွေ ကိုမြင်ရတာတော့ တကယ့်ကိုစိတ်ပျက်စရာကြီးနော်
ပါးစပ်က ဘုရား..လက်ကကားယား ဆိုတာဒါမျိူးတွေထင်တယ် 🙂
weiwei
January 18, 2012 at 9:37 am
လက်ဆော့ထားတာမြင်တော့ ကိုပေါက်ကို သတိရတာနဲ့ ဓါတ်ပုံရိုက်ယူခဲ့တာ … ရုပ်ထုတော်တော်များများမှာ လက်ဆော့ထားကြတာတွေ့ခဲ့ရတယ် …
အဲဒီလိုရေးတဲ့သူတွေက ကျောင်းသူ ကျောင်းသားတွေပဲဖြစ်မှာပါ … correction pen အဖြူနဲ့ရေးကြတာဆိုတော့ …
ကိုပေါက်(မန္တလေး)
January 18, 2012 at 9:37 am
မဝေရေ ရောက်ဘူးချင်တယ်။
လက်ဆေ့ာတဲ့သူများကတော့ နေရာတိုင်းမှာရှိတယ်နော်။
ကိုပေါက်(မန္တလေး)
January 18, 2012 at 9:58 am
ကျနော်ကိုယ်တိုင်က လက်ဆော့ တော့ သူများလက်ဆော့တာတွေကို မြင်မိသပေါ့ မဝေရယ်၊
စိန်ပေါက်ပေါက်
January 18, 2012 at 10:34 am
လက်ကမြင်းကျောထချက်ကတော့ ဘုန်းကြီး ကိုယ်လုံးတောင် အလွတ်မပေးပါလား..
တယ်ဆိုးကြတဲ့ ငပိန်း၊ဂေါက်သီး၊ကျပ်မပြည့် အဝှာတွေပါလား
သများက ဦးတော်လုပ်ဖို ့ဟာဂျီးကို
inz@ghi
January 18, 2012 at 10:44 am
အန်တီဝေဝေရေ့ ….
တောင်ဝိုင်းဘုရား ဝင်္ကပါ လမ်းက အရင်အတိုင်းပါပဲလား ….
ငယ်တုန်းကတော့ ကိုယ့်အရပ်ထက် လောက်ပဲ မြင့်တဲ့ တံတိုင်းလေးတွေ
ခုထိလည်း ထပ်မဖြည့် ထပ်မမြင့်ပေမယ့် ပြန်လယ်မွမ်းမံထားတာ သာဓုခေါ်စရာ…
ကျနော် အဲ့သည့်ဘက် ပြန် မရောက်တာ ၁၅နှစ်လောက်ရှိပြီထင့် ….
ငယ်ငယ်က သွားခဲ့တာ ပြန်တွေးကြည့်တော့ မနေ့ တနေ့ ကလိုပါပဲလား…
အမှတ်မမှားဘူးဆိုရင် အဆိုပါ ဝင်င်္ကဘာလမ်း အလည်ခေါင်က အရပ်၄မျက်နှာလှည့်ထားတဲ့
ဘုရားလေးဆူ ဆိုတာ သည်ကမာ္ဘမှာ ပွင့်တော်မူပြီးသား ဘုရားလေးဆူ ကို ရည်ညွှန်းထုလုပ် ပူဇော်
ထားတာပါ .. ။ဝင်္ကဘာနဲ့ တူတဲ့ သံသရာ အရီးကို ဖြတ်သန်းပြီး ..လမ်းမှား ချောင်ပိတ် နောက်ပြန်လှည့်
ပြုပြင် ပြန် စ….နောက်ဆုံး ဘုရားရှေ့ ရောက် ……
အမှတ်တရ ပုံတွေအတွက် ..
ကျေးဇူးပါ အန်တီဝေဝေရေ…..
မျက်ရည်လည်သွားပြီ ….။
P.S အဲ့သည့်ဒေသက ဇရပ်ဆောင်တန်း ရှည်ရှည် မြင့်မြင့်ကြီးတွေ မြင်ဖူးချင်သေးတယ်ဗျာ…
weiwei
January 18, 2012 at 10:53 am
ဂီဂီပြောတာမှန်ပါတယ် … ဝင်္ကဘာနဲ့ တရားကျအောင် ရည်ရွယ်ထားခဲ့ပါတယ် …
ငယ်ငယ်တုန်းက လူကြီးတွေနဲ့သွားတုန်းက ကလေးပီပီ လမ်းမှားလိုက် ပြန်သွားလိုက်နဲ့ အလွန်ပျော်ခဲ့တာပေါ့ … ရိုးရိုးသားသား ပျော်ရွှင်ကြည်နူးခဲ့ပါတယ် …
အခုကျတော့ စိတ်ဓါတ်တွေက လူလည်ကျတတ်လာပြီလေ … လမ်းမမှားအောင် တစ်ခါထဲ စဉ်းစားပြီးမှ ဝင်ကြတော့တာပေါ့ …. အမြင့်တစ်နေရာကို တစ်ယောက်က တက်လိုက်ပြီး လမ်းတွေကို အပေါ်စီးကနေကြည့်လိုက်တယ် … ပြီးတော့ လမ်းညွှန်ပေးလိုက်တော့ တစ်ခါထဲနဲ့ လမ်းမှန်ကိုတန်းလို့ ….
ဒီလိုပါပဲ ဘဝခရီးလမ်းမှာ ကြိုမြင်နိုင်တဲ့သူတစ်ယောက်က လမ်းမှန်ကိုညွှန်ပေးရင် သူပြောတဲ့အတိုင်းလဲ လိုက်နာနိုင်ရင် လွယ်ကူသက်သာစွာနဲ့ အဆင်ပြေတာပေါ့နော် …
ဆူး
January 18, 2012 at 11:09 am
ဘုရားတွေမှာ လက်ဆော့တာတော့ မကောင်းဘူးလို့ မြင်တာပဲ..
မူလတန်းကတည်းက လက်ဆော့တဲ့ အကျင့်မဖြစ်အောင် ဦးနှောက်ထဲ ရိုက်သွင်းဖို့ သင့်နေပြီ။
windtalker
January 18, 2012 at 11:32 am
ညှန်းဝေ ရေ ၊ ဘုရားဂေါပက တွေ ကို များ ၊ ကော်ရက်ရှင်စာတွေ ကို ဖျက် ဖို ့ပြောခဲ့ဖို ့မေ့ခဲ့တယ် ထင်ပါရဲ ့
yaungchikha
January 18, 2012 at 11:55 am
လက်ဆော့ထားတဲ့ ရဟန္တာပုံတော်တွေကို ဆေးတွေပြန်သုတ်လိုက်ရင် ကောင်းမှာပဲနော်၊ အဲ့ဒီလက်ဆော့ထားတဲ့ စာတွေပျောက်သွားမယ်ထင်တယ်နော်၊ ဘုရားကျောင်းကန်တွေမှာ အဲ့ဒီလို လက်မဆော့ဖို့ အသိလေးတွေ ကိုယ်စီရှိကြရင်ကောင်းမှာပါပဲ…………..
kanjosan
January 18, 2012 at 1:08 pm
ဟုတ်ပါတယ်… ရဟန္တာပုံတော်တွေကို ပြန်ပြီး ဆေးသုတ်ပေးသင့်တယ်… လွန်လွန်းတယ်… ရေးသင့်မှန်းမသိ မရေးသင့်မှန်းမသိ ဗုဒ္ဓဘာသာဝင်တွေဆို သိဖို့ကောင်းတယ်…