ငါးဇင်ရိုင်း(ရေချိုငါးပိ)
ကျမ၏အဘိုးအဘွားများလက်ထက်က၊ငါးပိလုပ်ငန်းဖြင့်
ရောင်းစားကာ စီးပွားရှာစားခဲ့ကြပါသည်။ အမေ့လက်ထက်တွင်မိသားစု စားသုံးရန်နှင့်ဆွေမျိုးမိတ် သင်္ဂဟအနည်းအတွက် ပိုမိုလုပ်ကာအနည်းအကျဉ်းမျှသာရောင်းချပေးပါသည်။ ထိုသူတို့ကအမေ့လက်ရာအား လွန်စွာနှစ်သက်ကြ ၍ဖြစ်ပေသည် ။
အမေလုပ်သောငါးမှာ ငါးဇင်ရိုင်းနှင့်သာ ရေချိုငါးပိပြုလုပ်ခြင်းဖြစ်ပေသည် ။
အမေသည်ငါးဇင်ရိုင်းငါးများအားဈေးမှရလာလျှင်။ အနည်းဆုံး (၅)ပိဿာမှ အချိန်(၁၀)ပိဿာအထိ။ ဝယ်ယူ၍ပြန်လာတတ်ပါသည် ။ အမေဈေးမှငါးရလာသည့် နေ ့ဆိုလျှင် ။ကျမတို ့မောင်နှမတွေ ။ လွန်စွာအလုပ်ရှုတ်သောနေ ့လည်းဖြစ်ပေသည် ။ ထိုငါးဇင်ရိုင်းများအား ဇကာကြမ်းကြီးများထဲ၌ထည့်ကာ ။ ကျမတို ့မှာငါးဇင်ရိုင်းငါးများထဲတွင်ရောညှပ်ကာ ပါလာတတ်သည့် ငါးကွင်းရှာ ၊ ငါးပူတင်း ၊ ငါးပျံများအားရွေးထုတ်ကာ ။ ဖယ်ရှားပစ်ကြရပါသည် ။ ငါးကွင်းရှာငါးနှင့် ငါးပူတင်းငါးက စား၍မကောင်း ။ ငပိဖြစ်သွားလျှင်လည်း အရသာက ခါးသက်သက် ။ စား၍လည်းမကောင်းအချိုဓတ်မရှိ ။ ငါးပူတင်းအသားက ။ သုံးနှစ်အထားမခံ ။ ငပိဖြစ်ကလည်း အရသာပျက်သည်။ ငါးပျံကလည်းထို ့အတူပင်ဟု အမေပြောပြပါသည် ။
့(ငါးပူတင်းကိုစားမိပါက၊အချို့ဆိုလျှင်မူးဝေကာအော့အန်တတ်သည်ဟု ။ ဗဟုသုတအဖြစ် ။ သိရှိထားရန်ပြောပြထားပါသည်)၊
ငါးပျံကအသားပျော့သဖြင့် ၎င်းငါးကရေရှည်တွင်အထားမခံ ။ လတ်တလောလောက်သာ ကောင်းသည်။ ငပိဖြစ်လာပါကအနံ ့ပျက်၍မကောင်း ငါးဇင်ရိုင်းငါးလောက် အသားမမာ ။ငါးဇင်ရိုင်းက အသားမာကျစ်ကာ ။ အချိုဓတ်ပြည့်ဝသည်။ နှစ်ရှည်အထားခံပြီး ။ ငါးပိအဖြစ်လုပ်လျှင် အကောင်းဆုံးဖြစ်သည်ဟု ရှင်းပြပါသည် ။ ထိုငါးဇင်ရိုင်းငါးများအား ရေဆေးသန့်ထားပြီးပါက ။ ၎င်းငါးများကို မောင်နှမများက တက်
ညီလက်ညီ ဖြင့် ။ ဓားကိုင်၍ ဗိုက်ဖောက်ကာ ။ အထဲကအူအညစ်အကြေးများသည်းခြေများကို ကုန်စင်အောင် ။ ပြုလုပ်ဖယ်ထုတ်ကာ။
ရေစင်စင်ဆေးပြီး ။ သန် ့ရှင်းပေးကြရပြန်ပါသည် ။
ပြီးလျှင်။ သန် ့စင်ထားသည့် ထိုငါးငဇင်ရိုင်းအား ။ နှီးဇကာကြီးများ(အပေါက်ကြဲကြဲ)တွင်ထဲ့ကာ။ ရေနိုင်နိုင်ဖြင့် အမေကိုယ်တိုင်
သန့်ရှင်းအောင်ထပ်မံ ဆေးကြောပါသည်။ ပြီးလျှင်ငါးများအား ။ ဆားများဖြင့်နယ်ကာ ။ ဖျာကြမ်းကြီးများတွင် ငါးများအားဖြန် ့ခင်း၍ နေလှမ်းပြပါသည် ။
ကျမတို ့ကလေးများက ယင်မနားစေရန် ။ ယပ်တောင်ကြီးများ နှင့်စောင့်ကာယပ်ခပ်ပေးရပြန်ပါသည် ။ နှစ်နေသုံးနေလှမ်းပြီး။ ငါးများမှထွက်သည့် သားငံရည်များ ။ စစ်လောက်သည်ထိ ။ ထားပြီး ။ ရပြီဟု ထင်ပါက ။
ထိုငါးများကိုအမေက ဖျာကြမ်းကြီးများထဲမှ ပြန်ရုပ်သိမ်းကာ ။ဇောက်သတ္တုဇလုံကြီးများတွင်ထဲ့ပါသည်။ ထဲ့ပြီးပြီးဆိုပါက ။ ကျမတို့မောင်နှမတွေအားလုံး အမေ့နားမှာ ။ အသင့်နေကြရပါသည် ။
ထိုအချိန်က ကျမတို့စိတ်အညစ်ရဆုံး အချိန်ဖြစ်ပါသည် ။ အမေကသင်ရင်းပြောရင်း ဆူရင်းနှင့်လုပ်ခိုင်းတတ်၍ဖြစ်ပါသည် ။
ကျမတို ့မှာ ကျည်ပွေ ့ကိုမနိုင့်တနိုင်ဖြင့်မ၍ ။ ထောင်းရကာ ။ လက်လည်းလွန်စွာညောင်း၍ဖြစ်ပါသည် ။ အမေကသစ်သားဆုံကြီးထဲ ငါးများထဲ့ပေးပါသည် ။ ထိုငါးများကို ကျမတို ့မောင်နှမများက ။ တစ်ယောက်တစ်လှည့်ကြစီ ဝိုင်းကူကာထောင်းပေးကြရပါသည်။ အမေက ဆားကိုချိန်ဆ၍ ။ အမြင်ကြည့်ပြီင်္း ။ လက်မှန်းနှင့် ဆကာထဲ့ပြသွားသည်ကို ။ ဂရုတစိုက်နှင့်ကြည့်ကာ မှတ်သားထားခိုင်းပါသည် ။ နောင်တွင်လုပ်စားလိုသည့်အခါ ။ အမြင်နှင့်အလေ့အကျင့်ရကာ ။ လုပ်တတ်အောင်ဟူ၍ ပါးစပ်ဖြင့်ပြောလည်းပြော ၊ ပြလည်းပြကာ အမြင်ဖြင့်သင်ပါသည် ။
ပြီးလျှင်ဆန်ဆေးရေ ဒုတိယရေကြည်အား ယူကာ ။ သတ္တုအိုးတခုထဲတွင်ထဲ့ထားပါသည် ။ အမေက ။ သူ၏လက်ခုပ်ဖြင့်ဆန်ဆေးရေအား ခပ်ယူပြီး ။ ကျမတို ့ထောင်းနေစဉ်တွင် ဆုံထဲသို ့။ လိုလျှင်လိုသလို အမြင်နှင့်ကြည့်ပြီးပက်ဖျန်းပြီး ထည့်ပေးပါသည်။
အနားမှာယူထားသည့် ။ ဒုတိယရေကြည်ဆန်ရေအား ။ အမေ့လက်ခုပ်ဖြင့် ခပ်ယူပြီး၊ ပက်ဖျန်းလျက်၊ ထဲ့ကာထဲ့ကာဖြင့် ၊ အမေပြုလုပ်နေသည်ကို
ကျမတို ့မောင်နှမတွေက အစအဆုံး မှတ်သားကြည့်ရှုရပါသည် ။ ထိုအချိန်များက ကျမစိတ်အညစ်ရဆုံးအချိန်ပင်ဖြစ်ပါတယ် ။ ကျည်ပွေ ့ကြီးက ကျမတို ့စတင် ထောင်းကာစမှာတော့ ။ ကျည်ပွေ ့ကြီးက လွန်စွာလေးသဖြင့် လက်မောင်းများ ညောင်းအောင့် အံသေကာ ၊ အလွန်ပင်ပန်းလှသည်ဟု စိတ်ထဲမှ ထင်မြင်မိပါသည် ။ နောက်ပိုင်းမှာတော ့ကျင့်သားရပြီး အလေ့အကျင့်ဖြစ်သွားလို ့လားမသိ၊ ကျည်ပွေ ့ကြီးက မလေးတော့ပါ ။ အားလုံးထောင်း၍ပြီးပါက အမေကိုယ်တိုင် ခမောက်ချုပ်သည့်ဝါးဖက်ရွက်ကြီးများအား ။ရေဆေးသန့်စင်ကာ။ လေသလပ်၍ အခြောက်ခံထားသည့် ခမောက်ချုပ်သည့် ဝါးဖက်ရွက်များကို ။ အနားတွင်ယူကာ ။ ထားထားပါသည်။
ပြီးလျှင်တော့ ဆေးကြောသန့်စင်ထားပြီး နေပူပြလှမ်းထားသည့်၊ စဉ့်အိုးကြီးငယ်များထဲသို ့။ ထောင်းထားပြီးသား ငါးဇင်ရိုင်းများအား ယောက်ဇွန်းကြီးဖြင့် ခပ်ယူ၍၊ စဉ့်အိုးကြီးငယ်များထဲသို ့ ထဲ့သိပ်ပါသည် ။
သစ်သား ကျည်ပွေ ့ရှည်ငယ် တစ်ချောင်းအားလက်ထဲတွင် ။ ကိုင်လျက် ထောင်းထားပြီးသား ငါးဇင်ရိုင်းများအား ထည့်စဉ် ဆွကာဆွကာဖြင့် ပြုလုပ်ရင်းဖြင့်သာ ဖိနှိပ်၍ထဲ့သွားပါတယ်။ စဉ့်အိုးထဲတွင် ထိုထောင်းထားသည့် ငါးဇင်ရိုင်းများ ပြည့်လာပါက ခမောက်လုပ်သည့် ။ ဝါးဖက်ရွက်ထူထူများအား ။ ယူကာ ထိုအရွက်များဖြင့် ထပ်မံ ဂုတ်နှိပ်၍ ။ လက်နှစ်ဖက်ဖြင့် အားစိုက်လျက်၊ ထပ်ကာထပ်ကာ ဖိနှိပ်မှုပြုလုပ်သွားပြီး ။ ကျစ်လစ်စွာဖိသိပ်ထည့်ပြီးမှ စိတ်တိုင်းကျပြီဆိုမှသာ ရပ်ပါသည် ။ ပြီးလျှင်တော့ အဝတ်သန် ့သန် ့အားရေဆွတ်၍ ။ အိုးနခမ်းဘေးများတွင် ပေသည်ဟုထင်ရသည့်နေရာများအား သန် ့ရှင်းအောင် သုတ်ပါသည် ။ ပြီးပြီဆိုပါမှ ပိတ်စအဖြူ(ပိတ်စိမ်းပါးစဖြူဖြူ) ၊လျှော်ဖွတ်ပြီးသားအား (အိုးနခမ်းဝဖုံးရန်လုံလောက်သည့်အနေတော်အား)၊ မှန်းဆ၍ဖြတ်ပြီး စဉ့်အိုးနခမ်းဝအားလုံအောင်ဖုံး ချလိုက်ပါတယ် ။ ပိတ်စိမ်းပါးဖြူဖြူအား အိုးနခမ်းဝပတ်ပတ်လည်တို့အထိရောက်အောင် ၊ လုံအောင်ဖုံးချပြီးမှ၊ နှီးကြိုးဖြင့်နှစ်ထပ်သုံးထပ်မျှ တင်းတင်းရင်းရင်းတုတ်နှောင်၍ ချည်ပြီးစီးကာ လက်စသပ်ပါတော့သည် ။
ပြီးလျှင်တော့ ထိုထည့်ထားသည့် ထောင်းထားပြီးသား ငါးဇင်ရိုင်းအိုးများအား၊ သူ ့အမှတ်အသားနှင့်သူဖြစ်အောင် ထုံးတို ့၍ သုတ်ပြီး မှတ်သားထားပါတယ် ။
မိသားစုများ စားသုံးဖို ့အတွက်ကိုတော့ ၊ သုံးနှစ်တင်းတင်းပြည့်ပြီဆိုမှသာဖော်စားပါသည် ။ သိပ်ထားသည့် နှစ်ကာလအတွင်း လောက်မတက်နိုင်စေရန် ။ သတိထားပြီး ရေထရက်များတွင်လည်း ငံပြာရည်ခပ်ယူသည့် အခါများ`၌ ။သတိပြု ကာ ။ မကြာခဏ ဆိုသလို ငါးဇင်ရိုင်း(ငပိအိုး)များကို၊ သန် ့ရှင်းပေးလေ့ ရှိပါတယ်။ တစ်နှစ်ပြည့်သည့် အချိန်မှစ၍ သဘာဝအလျှောက် ။ရေထရက်ရောက်တိုင်း ။ ငါးအသားမှ သားငံရည်များတက်လာတာကိုလည်း သိရှိရပါတယ် ။ ပထမဆုံးတက်လာသည့် သားငံရည်သည် ဆားပွင့်အဖတ်ကြီးများ အချပ်လိုက်ဖြစ်နေတတ်ပြီး ထိုသားငံရည်များ,ဆားအပွင့်ချပ်ကြီးများအားလည်း? ခပ်ထုတ်၍ ယူပြစ်ပြီး ထိုဆားသားငံရည်များအား၊ ငံပြာရည်အဖြစ်အမေက မီးဖြင့် ပြန်ချက်ပါသည် ။
ထိုငံပြာရည်ကို အမေကဟင်းချက်ရာ၌ ။ ထဲ့သုံးတတ်သော်လည်း သတိထားကာ ချက်သုံးပါသည် ။ လွန်စွာပင်အငံစူး၍ လိုလိုမယ်မယ်သုံးရန် အတွက်သာဆောင်ထားပါတယ်။ ဟင်းများချက်ရာ၌လည်း အသုံးပြုပါတယ် ။
(၂ )နှစ်ခွဲကျော်လာပါက ၎င်းငါးဇင်ရိုင်းအိုးဝမှတက်လာသော ငါးအသားမှ ထွက်သည့် ငံပြာရည်ဆိုပါက ။လွန်စွာပင်အရောင်လှပြီး ပယင်းရာင်ဖြစ်နေကာ ကြည်လင်လှပပါသည် ။ အသုတ်စုံများတွင်(အချော) စားသုံးနိုင်ရန်အတွက် ၊ ထိုငံပြာရည်အား အမေက ပြန်ချက်ပါတယ် ။ (၃)နှစ်မှရရှိသည့် ထိုငံပြာရည်က အရသာက ချိုမြပြီး အရောင်လည်း လွန်စွာလှပလျက် မွှေးလဲလွန်စွာမှပင် မွှေးလှပါတယ် ။ ရေထရက်တိုင်းလျှင် သတိထားကာ သားငံရည်များအား အစဉ်တစိုက်ပင် ခပ်ထုတ်ပစ်လာခဲ့ရသဖြင့် ။ အငံဓတ်များလျှော့ပါးသွားပြီး ဖြစ်ပါတယ် ။ အမေကထိုငံပြာရည်ကို အလွန်ကိုပင် တန်ဘိုးထားပါတယ်။ ထိုငံပြာရည်ကိုသာ အဖေကစားသုံးပါတယ်။ လွန်စွာနှစ်သက်ပါတယ် ။ အဖေကငပိရည်ချိုအား လုံးဝမစားပါ ။ ထိုငံပြာရည်ကိုသာ စားသုံးပါတယ်။ အမေကလက်သုတ်လုပ်စားတိုင်း ထဲ့သုံးကာ ဟင်းထဲလည်းထဲ့ချက်ပါတယ်။ ဟင်းအရသာမှာ လွန်စွာကောင်းမွန်၍၊ အချိုမှုန့် အသုံးပြုရန်လုံးဝမလိုပါ။ ထိုငံပြာရည်နှင့်ချက်ပါကလည်း အချိုမှုန့်အားလုံးဝထဲ့သုံးခြင်းမရှိပါ ။ သုံးနှစ်ပြည့်အချိန်ရောက်ပါက အမေသည်ထိုငါးဇင်ရိုင်းရေချိုငါးပိ အိုးအားဖော်လျှင် ။ ကျမတို့မောင်နှမအားလုံးကို ခေါ်ယူ၍ပြပါသည် ။ အမေကကျမတို့ အပင်ပန်းခံရကျိုးနပ်မှုအား လက်တွေ ့ပြလို၍ဖြစ်ပါသည်။ ငါးဇင်ရိုင်းငါးပိမှာအရောင်ရဲမှည့်ကာနေပြီး အနံ့လည်းမွှေးလှပါတယ်။ ကျမတို့ကလွန်စွာနှစ်သက်သဖြင့်လည်း နေ့စဉ်အမျှစားသုံးကြပါသည် ။ အမေလုပ်သည့်ငပိအိုးကား သန့်သန့်ရှင်းရှင်းလုပ်ကိုင်ခဲ့သဖြင့် ယင်ကျေးအုများ တက်ရောက်မအုနိုင်ကာ လောက်များအားရှာရွေ ့၍မတွေ ့ရသလောက်ပဲ ဖြစ်ပါတယ်။ အမေက သူလုပ်ခဲ့သည့် ရေချိုငါးဇင်ရိုင်းငါးပိအားယူ၍ အမေ့ မိတ်ဆွေ ဆွေမျိုးဖြစ်သူတို ့အား ငါးဇင်ရိုင်း ရေချိုငါးပိအား ကျွေးရာ၊အမေ့ မိတ်ဆွေမှ၊ အမေပြုလုပ်သည့် ငါးဇင်ရိုင်းရေချို(ငါးပိ)အား၊ အာဟာရဓတ်လွန်စွာပင်ပေါ ကြွယ်ဝ၍ပြည့်စုံပါပေသည် မှတ်ချက်ပေးခဲ့ဘူးပါသည် ။ အမေ့ပြောပြခဲ့သဖြင့် ကျမတို့မောင်နှမတွေ ဗဟုသုတအဖြစ်သိရှိမှတ်သားခဲ့ရပါတယ် ။
(စာဖတ်သူတို့အားဗဟုသုတအဖြစ်ရေးသားဖော်ပြအပ်ပါသည်။)
33 comments
yaungchikha
January 18, 2012 at 12:09 pm
မမအေးရှင့်……. ရေချိုငါးပိလုပ်နည်းလေးရေးပြမှ သုံးနှစ်ကြာအောင်ထားရတယ်ဆိုတာ သိရပါတယ်၊ အဲ့လောက်အကြာကြီးထားရတယ်လို့ မထင်ခဲ့ဘူး၊ ရေချိုငါးပိကို ကျနော်အလွန်ကြိုက်ပါတယ်၊ လုပ်နည်းလေးကိုပါ တင်ပေးတော့ ဗဟုသုတရပါတယ်၊ ဟိုတစ်နေ့က မမအေးတင်တဲ့ လွမ်းရသော နွေဦးကာလလေးများဆိုတာလေးကိုဖတ်ပြီးတော့ ကွန်းမန့်ပေးချင်တာ ကွန်နက်ရှင် အခြေအနေ မကောင်းလို့ ဖတ်သွားပြီး ကွန်းမန့်မပေးဖြစ်ခဲ့ဘူး ဒီမှာပဲ ပေါင်းပေးလိုက်တော့မယ်နော်……..
စိန်ပေါက်ပေါက်
January 18, 2012 at 12:21 pm
အလို
အရာသာရှိရှိ.ငံပြာရည် ငပိ သန် ့သန် ့ရဖို ့ ၃နှစ်တောင် ပြုစုရသကိုး
တယ်မလွယ်ပါလား ဒေါ်အေးရဲ့
လုပ်ပုံလုပ်နည်းတော့ အကြမ်းဖျင်း သဘောပေါက်သွားပါတယ်
တစ်ချိန် ငပိကုမ္ပဏ္ဏီထောင်ဖြစ်ရင်…နိပ်ဟ..
သဂျီးတို ့အမေဒီကန်ကိုအိတ်စပို ့ ပို ့လို ့ရမယ်.
ညှင်း..ညှင်း.
windtalker
January 18, 2012 at 12:46 pm
ကျုပ်သိတဲ့ ငပိရည်ကျို အကြောင်းကတော့
အေးနေတဲ့ ငပိရည်ကျိုဆိုရင် စားမကောင်းဘူးတဲ့
ငပိရည်ကျို ဆိုရင် ၊ ကြက်သွန်ဖြူလေး ၃ ဥ လောက် ဓါးနဲ ့ရိုက်ထဲ့ ၊ ငရုတ်သီးမှုန် ့နဲနဲ ထည့် ပြီး မီးအပူပြန်ပေး ၊ မွှေလိုက်မှ ၊ ငပိရည်နံ ့လေး သင်းလာပြီး စားလို ့ကောင်း တယ်မြိန်တာတဲ့ ။
ပြောရင်းနဲ ့ကို စားချင်စိတ်ပေါက်လာပြီ
ထမင်းဆိုင်ကို ပြေးဘီဆြာ..
ဪ..မေ့လို ့
ငပိရည်ကျို ရဲ ့ လက်တွေ ့ကျတဲ့ မကောင်းချက် က အများကြီးစားရင် ဝက်ခြံတွေ ထွက်လာတာပါဘဲ
thit min
January 18, 2012 at 1:29 pm
ငပိရည်အိုး ကျိုတုန်းမှာ ဘေးနားက မီးတောက်လေးတွေ ထွက်နေတဲ့နေရာမှာ
တံစို့လေးထိုးပြီး ငါးလေး တကောင်လောက်၊ငရုပ်သီးစိမ်း ၃/၄ တောင့်လောက်တပြိုင်နက်ထဲကင်။
ကျို လို့ပြီးသွားတဲ့ ငါးပိရည်ကိုဇကာ၊ပိတ်ကျဲတခုခုနဲ့အရိုးမပါအောင် စစ်။
ပြီးရင် ခုနကငါးကိုအရိုးထွင်ပြီး ငရုပ်သီးမီးကင် ၃/၄ တောင့် ရယ် ကြက်သွန်ဖြူ နဲနဲ နဲ့ရောထောင်း။
အဲဒီဟာကို ခုနကစစ်ထားတဲ့ ငါးပိရည်ထဲထဲ့ သေသေချာချာ တီးစပွန်းလေးနဲ့မွှေ ၊ နောက်ဆုံးကျမှ ငရုပ်လှော်
မှုန့် ကို ငရုပ်သီး အညှာတွေ မပါအောင်ရွေးပြီး ဖြူးထဲ့ပြီး ခပ်သာသာလေး ပြန်မွှေ ။
ရေနွေးဆူဆူထဲ ကို ကန်စွမ်းရွက် အညွန့်လေးတွေထဲ့ (ဆူမှထဲ့တော့ စိမ်းစိမ်းလေးရတယ်)၊ခဏကြာရင်
(၁ ကနေ ၁ဝ အထိလောက်ဘဲနော်) မန်ကျည်းသီးမှည့် ကွမ်းသီးလုံးလောက် ပစ်ထဲ့။
ဟင်းကတော့ အကောင်းဆုံးက ငါးမြင်းသား ဆီပြန်။ ဒုတိယ အကောင်းဆုံးက ငါးခူစင်းကော၊ငါးကျည်း
ငါး ဟင်းတမျိုးမျိုးပေါ့(ချက်တာနော်)၊
ကျန်တာကတော့ ကြိုက်တာ ရပါတယ်။
ငံပြာရည်လေးရယ်၊ပုဇွန်ခြောက်တကောင်နှစ်ကောင်ရယ်၊ကြက်သွန်ဖြူ
၂ တက်လောက်ရယ် ရေနွေးတည်ပြီး ဆူရင် ဒန့်သလွန်ရွက်လေးခပ်လိုက်။ပြီးပြီ။
——ခုနက ငါးပိရည် ဖျော်ရယ်
——ကန်စွမ်းရွက် အချဉ်ပြုတ်ရယ်
——ငါးမြင်း ဆီပြန်ရယ်
——ဒန့်သလွန်ရွက်ဟင်းညိုရယ်။(သူက ငါးပိစားလို့ သွေးတိုးတာကိုထိန်းမယ်ပေါ့)
အအီလဲပြေ၊ အဆီနဲလို့ကျန်းမာရေးနဲ့ ညီညွတ်၊ တွတ်လို့လဲ ကောင်း။
ဟာ ဘယ်ဟော်တယ်မှ ကို မသွားလိုဘူးဗျို့။
စိန်ပေါက်ပေါက်
January 18, 2012 at 1:39 pm
ရဒလယ်
ကြိုက်တလို သရေကျအောင်ပေါ..ကြိုက်တလောက်ပေါ
သများ သမာဓိ မပျက်တော့ဘူး.
ခုလေးတင်
ရွာဦးကျောင်း ပဋ္ဌာန်းပွဲပြီးလို ့
ငါးသလောက်ပေါင်းရယ်၊သရက်ချဉ်ရယ်၊ငါးပိချက်ရယ်၊ငါးကြော်နှပ်ရယ် တို ့စရာပေါင်းစုံရယ်
ပုံကုလားဟင်းရယ် ရောသမမွှေပြီးတော့..
နှစ်ပုဂံ ကြိတ်ပြီး ထလာတ..
ညှင်း.ညှင်း..
သမာဓိအားကောင်းသွားဘီ
Moe Z
January 18, 2012 at 1:56 pm
ဖိနပ်လဲစီးခဲ့သေးလား ဘဘပေါက်
အဟောင်းထားပြီး အသစ်မ မခဲ့ဘူးလား 😀
windtalker
January 18, 2012 at 2:04 pm
ဟေ့ဟေ့
ငါ့ရောင် ငပေါက်ဖော် ကို အထင်မသေးနဲ ့
သူ က နေ ့တိုင်း
စားကောင်းသောက်ကောင်းတွေ
မှန်မှန်မှီဝဲ ရလို ့
အာနိုး လို ဘော်ဒီ မျိုးနဲ ့ဗျ
မယုံရင် သွားကြည့်
၃၂ချောင်းရှိပါ၏
စိန်ပေါက်ပေါက်
January 18, 2012 at 2:07 pm
လူဇိုး
စောစောစီးစီးတော့ သတိမပေးဘူး..
ခုတော့ ပွြဲုပီးသွားပြီ
နာသကွာ
😆
amatmin
January 18, 2012 at 2:06 pm
ငပိရည်ကျိုလို့ ထွက်လာတဲ့အနံ့ ကတော့ တအားမွှေးပဲနော်..
ဘာမှမရောသေးခင် ထမင်းပူလေးနဲ့ နယ်စားလိုက်ရင်..ဗဲရီးဂွတ်
ငဇင်ရိုင်း နဲ့ကျနော်ကတော့ သမိုင်းကြွေးရှိတယ်ဗျ..
ငယ်ငယ်က ဘိုကလေးမှာနေတော့ အင်းချောင်းတခုမှာ ဟင်းစားဝယ်ရင်း
တံတားပေါ်ကနေလှေပေါ်ခုန်ချလိုက်တာ ငဇင်ရိုင်းပေါ်တည့်တည့်ကျလို့ခြေထောက်မှာ စိုက်ဝင်သွားပြီး..
ငဇင်ရိုင်းကြီးဟက်တက်နဲ့ ကျန်းမာရေးဆေးခန်းပြေးရပါလေရော.
ဆူး အဆိပ်တက်တာနဲ့ဆို ၂ပတ်လောက်လမ်းလျှောက်မရခဲ့ဘူး 🙁
ငါးဟင်းတွေထဲမှာဆိုရင်တော့ ဥနဲ့ငဇင်ရိုင်းအကောင်ကြီးကြီးကို နံနံပင်အုပ်ပြီးတွယ်ရတာတော့ အကြိုက်ဆုံး..
hmee
January 18, 2012 at 2:50 pm
ငါးပိရည်ချိုချိုလေး တခွက် စားရဖို့ မလွယ်ပါလား။ ဒီမှာတော့ ထိုင်းဘက်က ဝင်တဲ့ ငါးပိရည်ကြို ပုလင်းလေးတွေရှိတယ်။ ကျွန်မတော့ ငါးခူပုံလေးနဲ့ ပုလင်း ဝယ်စားတယ်။ ဒါလည်း အင်မတန်စားချင်မှ ကမန်းကတန်း ကျိုစားရတယ်။ အကြာကြီး ကျနေအောင်ကျိုရင် ရဲရောက်လာမှာစိုးလို့။ 🙂 ရှားရှားပါးပါး စားရလို့လား မသိဘူး တခါကျိုစား တခါအရသာက နတ်သုဓါပဲ။ 🙂
amatmin
January 18, 2012 at 3:07 pm
အမ မှီပြောတဲ့ “အကြာကြီး ကျနေအောင်ကျိုရင် ရဲရောက်လာမှာစိုးလို့” ???..
အနံ့ ကြောင့်ပတ်ဝန်းကျင်မခံနိုင်လို့.. ဂလိုကြောင့်လားဗျ..
hmee
January 18, 2012 at 6:59 pm
ဂငယ်တွေက ငါးပိ၊ ငံပြာရည် ကြောက်တယ်လေ။ သိတဲ့အတိုင်း ငါးပိရည်ကျိုရင် အနံက လှိုင်နေတာကိုး။ အရပ်က မခံနိုင်တော့ ရဲကိုတိုင်တော့တာပေါ့။ ကိုယ်က ကြိုက်လို့ မွှေးတယ်ထင်ပေမဲ့ သူတို့ကတော့ ထင်မှာပဲ အပုတ်တွေ စားတယ်လို့လေ။ 🙂
ဆူး
January 18, 2012 at 2:52 pm
အန်တီအေး ပြောမှ ငပိ လုပ်နည်းက အဲလောက် အဆင့်များမှန်း သိပါတော့တယ်။
စေတနာ ပါပါ နဲ့ လုပ်မှ တကယ် အရသာ ကောင်းတာပါ။
အန်တီအေး ရဲ့ အမေ လုပ်တဲ့ ငပိက တကယ်စားကောင်းမှာပါ။
စကားမစပ် အခုတလော လာနေတဲ့ ကိုရီးယားကားက ရိုးရာ ပန်းအရက် (ရုပ်ရှင်နာမည်မေ့ နေလို့.. ) ချက်နည်း အကြောင်း ရိုက်ထားတာ သွားမြင်မိတယ်။
လက်ရှိ လုပ်သေးလား.. မလုပ်တော့ဘူးလား..
လူ တော်တော်များများက လုပ်ငန်း ရဲ့ လျို့ဝှက်ချက်ကို ထိန်ချန် ထားတတ်လို့ မေးကြည့်တာပါ။
အမေက ပြောဖူးတယ် နှစ်ပေါက်တဲ့ ငပိကောင် က မာ နေတာပဲတဲ့..
အခု ဈေးမှာ ရောင်းတဲ့ ငပိတွေက ပျော့စိစိနဲ့ မကောင်းဘူးတဲ့..
ငပိကောင် ကို သဘာဝ အတိုင်း အဆွေးခံထားရင် နှစ်ပေါက်မှ စားကောင်းတာကို ဒီခေတ်လူတွေက ငပိကောင်တွေကို ဓါတ်မြေဩဇာ ပက်ပြီး ခဏလေးနဲ့ ဆွေးသွားအောက် လုပ်ပြီး လာရောင်းတာမို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောဖူးတယ်။
အခုလို ငပိ ကို ၃နှစ် သိုလှောင်ထားမှ ရမယ် ဆိုတော့.. လွန်ခဲ့တဲ့ ၃နှစ်က ထားခဲ့သလောက်သာ ရောင်းရမှာမို့.. များများ မထုတ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပြီး လူတွေ စေတနာ နည်းပြီး မဟုတ်တာ လုပ်ကြတာနဲ့ တူတယ်နော်။
လောကကြီးမှာ စေတနာ ရှေ့ထားပြီး ရောင်းဝယ် ဖောက်ကားသူများ ပေါများပါစေ..
စေတနာ ထားသူများလည်း ကြီးပွား တိုးတက်ကြပါစေ လို့ မေတ္တာပို့လိုက်ပါတယ်။
နွယ်ပင်
January 18, 2012 at 3:26 pm
ငပိရည်ကျိုကောင်းကောင်းလေး တစ်ခွက်စားရဖို့က တကယ်မလွယ်တာပဲ
ငပိရည်ကို ထမင်းပူပူလေးမှာပဲပြုတ်နဲ့ နယ်ပြီးစားရရင်တော့ ရှယ်ပဲ 🙂
ဂျက်ကီချီးပေ
January 18, 2012 at 4:52 pm
ဒီလိုလား
ငဇင်ရိုင်းငပိရည်ချိုကို ငဇင်ရိုင်းနဲ့ လုပ်ရတယ်ဆိုတာ ခုမှသိတယ်
ဟိုတုန်းကသိသလောက်ကတော့
ငံပြာရည်ဆိုတာ ငံပြာရည်ပုလင်းထဲက လာတယ်ဆိုတာလေးလောက်ပါဘဲ
တော်သေးတယ် ငံပြာရည်ဆိုတာ ငါးငပိအိုးထဲကလာဒယ်ဘာလား
ဒါပေမယ့်
ကျုပ်က NASA အေဂျင်စီ အုတ်တံတိုင်းကို ထုံးသုတ်တဲ့မန်နေဂျာဆိုတော့
ဒီအကြောင်းတွေ ဝေဖန်မပေးနိုင်တာ
ကျီးကျယ်စွာ ခွင့်လွှတ်ပါနော
Thel Nu Aye
January 18, 2012 at 6:19 pm
ပထမတော့လုပ်စားကြည့်မလို့ပဲ။ ၃ နှစ်ဆိုတော့လွယ်မှမလွယ်ပဲ။ တောင်းပဲစားတော့မယ်။ လုပ်ပြီးတဲ့လူရှိရင်နဲနဲလောက်။ aye.kk ဆီမှာတော့ရှိမှာပဲ။ နဲနဲလောက်။ အပေါ်ကဟင်းချက်နည်းတွေကောင်းလို့စားချင်စိတ်တွေထွက်။
aye.kk
January 18, 2012 at 10:00 pm
yaungchikha,
သုံးနှစ်ငပိကောင်အမြီးထောင်တဲ့(တာချီလိတ်ကသူတွေပြောတာ)..
မောင်လေးရေ..အားပေးကာဝင်ဖတ်သွားလို့ဝမ်းသာမိပါတယ်..။
စိန်ပေါက်ပေါက်ရေ..
အရင်းအနှီးကသုံးနှစ်ကြီးများတောင်..
ကုမ္ပဏီထောင်ရင်ကိုက်ပါ့မလား…..ဟင်။
ကိုဝင်းတော့ကာ..
အမေကသူ့သားကိုဝက်ခြံထွက်မှာစိုးလို့ပေးမစားဘူး..။
moe z,
ပြောမှသတိရတယ်ဖိနပ်အကြောင်းလေးစာတပုဒ်ဖွဲ ့ဦးမယ်
၊အားပေးပါဦး………..နော်။
အမတ်မင်း..
ထဲ့ပြောမလို့သတိမေ့သွားတာ၊အမေကငဇင်ရိုင်းငါးအဆူးက
အရမ်းကိုအဆိပ်ပြင်းလို့သတိထားခိုင်းတယ်..။
့hmee,ရေ..
အမေ့အမျိုးတစ်ယောက်ကနိုင်ငံခြားမှာရှိတဲ့သူ့သားစားဖို့ပို့ချင်တယ်..
အနံ့သတ်လို့ရရင်ကောင်းမယ်ပြောတော့၊အမေကငါတို့ကအေ..
အနံ့မွှေးဘို့(၃)နှစ်ကြီးများတောင်စိတ်ရှည်လက်ရှည်စောင့်စားခဲ့ရတာ..
ဒီနိုင်ငံခြားသားတွေကကောင်းမှန်း
ကန်းမှန်းဘာမှနားမလည်တဲ့ဟာတွေပါအေတဲ့..။
အမေပြောလိုက်တော့ကျမတို့ဝိုင်းပြီးရယ်မိကြတယ်..
နင်တို့ရောဘာသိလို့ရယ်တာလဲပေါ့..အမေပြောတာကိုကျမတို့ကမှတ်ကရော..
ဆိုပြီးဖြစ်သွားကြရတယ်။
ဆူးရေ..
အန်တီငယ်ငယ်က(အလယ်တန်း)ကျောင်းသူဘဝပေါ့နော်..
ကျိုက်ထီးဘုရားဖူးသွားတဲ့အောင်လံမြို ့ကကားမှောက်တော့လူအယောက်
(၃၀)လောက်ဒဏ်ရာရသွားတာ..ပေါ့နော်၊အပြင်ဒဏ်ရာရတဲ့သူတွေကို
ထမင်းကျွေးဘို့ထုတ်တော့၊လတ်တလောဆိုတော့ဝယ်ထားတာကအရံသင့်မရှိဘူး..
အမေကငါးဇင်ရိုင်းငပိအကောင်ခပ်ကြီးကြီးမာမာတောင့်တွေရွေးထုတ်ပြီးနှုတ်နှုတ်စင်းကာ
ငရုတ်သီးခြောက်ကိုတောင့်တောင့်စင်းပြီးအမေကကြော်ပြီးထဲ့ပေးလို့
ယူသွားကျွေးတော့ကျေးဇူးတင်လိုက်ကြတာ..
ကျမကဟင်းမကောင်းလို့ဆိုပြီးစိတ်မကောင်းဖြစ်မိတာပေါ့နော်..
သူတို့ကအဲလိုပြောတော့အန်တီကဝမ်းသာဝမ်းနည်းဖြစ်မိခဲ့တာလေး သတိပြန်ရသွားတယ်..။
နွယ်ရေ..
ထမင်းပူပူငပိရေပူပူလေးဆမ်းပြီးစားတဲ့အရသာကိုအန်တီအရမ်းကြိုက်တာပါ..။
ဂျက်ကီရေ..
စားဘူးအောင်ကျွေးချင်လိုက်တာ..။
သဲနုရေ..
တာချီလိတ်မှာရောက်နေလို့၊ကျိုက်ထိုရောက်မှကျွေးပါရစေ..။
ကိုသစ်ရေ..
(၃)နှစ်ပြည့်ရင်ပြန်လာခဲ့ပါလား၊ကိုသစ်ပေးတဲ့နည်းလေးတွေနဲ့
ကျမရေချိုုငပိလေးနဲ့ဆိုအရမ်းစားကောင်းမှာပါ။
ဂျက်ကီချီးပေ
January 18, 2012 at 10:11 pm
ခုလိုစေတနာထားတာ ကျေးဇူးဗလပွပါဗျာ
( တစ်နှစ်ပြည့်ပြီးသည့် အချိန်မှစ၍ သဘာဝအလျှောက် ရေထရက်ရောက်တိုင်းလျှင်ကား ငါးသားငံရည်အရေများတက်လာ ( တတ် ) ပါသည် )
ဆိုတဲ့နေရာလေးမှာ ရေထရက်မှာ ငံပျာရည်တွေ တက်လာတာ
ကျုပ်လည်းကိုယ်တိုင်မကြုံဘူးပေမယ့် ကြားဘူးပါတယ်
ဘယ်လိုသဘောရှိလဲတော့သိဘူးဗျ
လူတွေ ယုံတောင်ယုံကြပါ့မလားနော
ဒါ့ကြောင့် ဒီအကြောင်းကို NASA အဖွဲ့ကြီး သိပုံမရသေးတဲ့အတွက်
အခြေနေပေးရင် တင်ပြဘို့ စိတ်ကူးထားပါတယ်
thit min
January 18, 2012 at 10:15 pm
အမလေးဗျာ သုံးနှစ် သုံးမိုး မက အောင် စောင့်စားကာ —ဘာဆိုလား။
ကျနော် မြန်မာပြည်ကနောက်သုံးနှစ်ကြာမှ ပြန်လာရမှာလား အစ်မရယ်။
ခုကိုတော်တော်ကြာနေပါပြီခင်ဗျာ။
ငါးပိရည်က ကျနော့အဖွားလည်းကိုယ်တိုင်လုပ်တာဗျ။
ငံပြာရည်လည်း ချ တယ်ပေါ့နော်။
အဖွားက ငါးပိကောင်လည်းအလုပ်ကောင်း။
ချဉ်ပါတ်လည်းအစိမ်ကောင်း။
ဆောင်းတွင်းဆိုအဖွားငါးပိကောင်လေးနဲ့ ထမင်းကြမ်းစားရတာ ရွှေပါဘဲအစ်မရယ်။
အဖွားဖျော်တဲ့ ငါးပိရည်မျိုး ကျနော် ဘယ်မှာမှ မတွေ့ဖူးသေးဘူး။
ငါးပိရည်ကပြစ်ပြစ်နှစ်နှစ်နဲ့တဇွန်းဆိုတဇွန်း ဟွန်း လွမ်းတာဗျာ။
ဒီမှာလည်း မမှီပြောတဲ့ ပုလင်းတွေဘဲ စားနေရတာပေါ့။
ကျနော်တို့ အိမ်တွေကတော့ လုံပါတယ်။ကြိုလို့ရတယ်။ကိုယ်ဟာကိုယ်ဘဲ ခေါင်းကိုက်တာ။
ရဲတော့ မလာပါဘူး။ မျှစ်ချဉ်ချက်ထားတုန်း ဂျပန်သူငယ်ချင်းလာတုန်းကတော့ မင်းအိမ်က ဂက်စ်အိုး
ပေါက်နေတယ်ထင်တဲ့။
KoNyeinChan
January 19, 2012 at 9:02 am
ဒီရွာထဲမှာ အလျင်က မမှီ တစ်ယောက်ဒါမျိုးတွေရေးဘူးတယ်.. အခုလည်း မအေးတစ်ယောက်ပေါ်လာပြန်ရော.. အားပေးပါတယ်ဗျာ.. ဗဟုသုတလည်းရတယ် လုပ်ပုံလုပ်နည်းတွေလည်းသိရတယ်..
ငါးပြေမ ငါးပိလည်းစားကောင်းတယ်၊ ငါးရံ ့ငါးပိလည်းစားကောင်းတယ်
KL က ဆိုင်တွေထဲမှုာ မဟာနန်းဆိုင်က ငါးပိရည်ကပိုစားကောင်းတယ်.. ပျစ်ပျစ်နှစ်နှစ်ဘဲ..
etone
January 19, 2012 at 11:44 am
ငါးပိအကြောင်းပြောလျှင် သားရေတွေတောင်ကျလာတယ် …. ငပိကောင်းကောင်း မစားဖြစ်တာ အတော်ကြာပြီ … ဝယ်စားတဲ့ဟာတွေထဲ ကျိုလိုက်လျှင် …တစ်ခါတစ်လေပါလာတဲ့ လောက်တွေမြင်လို့ … မစားဖြစ်ခဲ့တာ … ။
ဘောလယ်ဘက်က ရပ်ဆွေရပ်မျိုး( ဘယ်လိုတော်လဲတော့မသိ .. တခါမှ မမြင်ဖူး ) ဆိုသူတွေ ရန်ကုန်လာလျှင်တော့ ဘောလယ် ငပိစားရတယ် … အဲ့ဒီအခါမျိုးမှပဲ စိတ်သန့်သန့်နဲ့ စားနိုင်တော့တယ် … ။
ငါးပိရေကို ကျိုလျှင် သတ္တုအိုးတွေထက် … မြေအိုးသုံးတာ ပိုကောင်းတယ်လို့ … အဖွားက ပြောဖူးတယ် … မြေအိုးထဲငပိထည့်ပြီး … စနွင်းနည်းနည်းထည့်…အဖုံးမအုပ်ပဲ ခပ်ပြင်းပြင်း ကျိုလိုက်လို့ …ထွက်လာတဲ့ စူးစူးရှရှအရသာက ဗိုက်ဆာလောက်တဲ့ အစွမ်းရှိတယ် … ။
ငါးပိရေကို ကျိုပြီး ငရုပ်သီးစိမ်းကိုရေနွေးဖျော ၊ ခပ်ညက်ညက်လေးထောင်းထည့် ၊ ကြက်သွန်ဖြူအစိမ်းကိုလည်း ရေဆေးပြီး ညက်ညက်ထောင်းထည့် …. ငရုပ်သီးအခြောက်လှမ်းပြီးသားလေး သုံးလေးတောင့်လောက် ဒီတိုင်းပစ်ထည့်ပြီးမွှေလိုက်လျှင် … ရှာလည်သွားမယ့် ငပိရည်တခွက်ဖြစ်လာတော့တာပဲ …. ပြောရင်းနဲ့ …… သားရေတောင်ကျလာပြီ … ရှလွတ်ရှလွတ် .. ။
အစ်မရေ… မရှင်းတဲ့ တစ်နေရာလေးမေးချင်ပါတယ် … ။ နေလှမ်းထားတဲ့ ငါးကို ထောင်းတဲ့အခါ… ဆန်ဆေးရေကြည်လေးပါ ထည့်ထောင်းတာလား … စိုစိစိဖြစ်နေအောင်ထင်တယ်နော် .. ဟုတ်လား … ။
ငါးပိတအိုးရဖို့ အချိန်သုံးနှစ်လောက်လိုမယ်လို့ ထင်တောင်မထင်ထားဘူး .. တကယ့်ကို ဗဟုသုတလည်းရ .. ရသလည်းရတဲ့ ပို့စ်လေးပါပဲ .. ။ 🙂
aye.kk
January 19, 2012 at 2:17 pm
ကိုဂျက်ကီရေ..ထူးဆန်းလို့အမေ့ကိုမေးဘူးပါတယ်..
ဆားကပင်လယ်နေလှမ်းဆားကိုသုံးထားတာ..
အိုးထဲပထမဆုံးခပ်တဲ့အချိန်ကဆားဆိုလည်းအပြားလိုက်ကြီးတက်လာတာ..
ကမ္ဘာ့ဆွဲအားကြောင့်ဖြစ်နိုင်တယ်လို့ဆိုပြီးအဖေကသုံးသပ်တယ်..
အမေကငါးကရေထဲကလာတာဆိုတော့ဒီရေအတက်အကျနဲ့ဆိုင်လို့ဖြစ်မှာပေါ့တဲ့..
ခပ်လွယ်လွယ်ဖြေခဲ့ကြပေမယ့်..ဘာကြောင့်ဆိုတာယနေ့ထိစဉ်းစားမရပါ ။
ကိုသစ်………………………..မျှစ်ချင်တွေသိပ်မစားနဲ့နော်၊
အမြန်သာပြန်ခဲ့ပါ၊ပညာရှင်တွေလိုအပ်နေပါပြီ…………..။
အိတုံရေ…………..
ပထမဆန်ဆေးတဲ့အရေကဖွဲခွံစတွေ၊ဖုံမှုန့်တွေပါနိုင်တာမို့မယူဘူးပေါ့နော်..
ဒုတိယဆန်ဆေးရေထဲမှာအာဟာရဓတ်ပြည့်ဝစွာပါဝင်နေတဲ့အပြင်သူ့ကိုသုံးနှစ်အထိထား
နိုင်ရင်ငါးအညှီနံ့လည်းပျောက်ကာမွှေးစေပါတယ်လို့အမေပြောပြခဲ့ပါတယ်..။
(ဆန်ဆေးရေကငါးပိရဲ ့လျှို ့ဝှက်ချက်လေးပါဘဲ)
eainsoemay
January 19, 2012 at 2:34 pm
စာဖတ်ရတာနဲ့တင် စားချင်စိတ်ဝင်လာပြီအမရေ
၂ယောက်ထဲမို့ တစ်ယောက်က မစားတာနဲ့ မကျိုဖြစ်ဘူး
အမေအိ်မ် အမျိုးတွေအိမ်ရောက်မှဘဲစားဖြစ်တယ်
အမစာတွေ အမြဲ ဖတ်ဖြစ်တယ်
အားပေးနေတယ်နော်
သူများတွေလို ရေးတတ်ချင်လိုက်တာ
aye.kk
July 13, 2012 at 8:01 am
eainsoemay,…..
ကျေးဇူးနော်။
ငါးပိကအာဟာရဓတ်ပေါကြွယ်ဝပြီးပြည့်စုံလှပါတယ်…။
အန်တီတို ့မောင်နှမတွေဆိုငါးပိစားပြီးကြီးလာကြလို ့လားမသိဘူး။
မောင်နှမအားလုံးထွားထွားကြိုင်းကြိုင်းတွေချည်းဘဲ။
မောင်နှမတွေရဲ ့အရပ်အမြင့်တွေကလည်း၅ပေ၃လက်မဆိုတာကအပုဆုံးဘဲ။
အန်တီအစ်မဆို၅ပေရလက်မရှိတယ်။အရပ်တွေလည်းမြင့်ပြီးလွင့်နေတာပဲ။
အန်တီကငါးပိမပါရင်ထမင်းမစားတတ်ဘူး…
ငါးပိကြိုက်လို ့လားတော့မသိဘူးငယ်ငယ်ကတော့
ဝပြီးလုံးနေလို ့မဘုတ်ဆုံဆိုပြီးကျောင်းမှာနာမည်ရထားတာ။။
ဦးဦးပါလေရာ
July 13, 2012 at 8:25 am
ဒီငါးပိလုပ်နည်းဟာ
ရှားရှားပါးပါး တောင်ငူ ပျဉ်းမနားဘက်လောက်မှာပဲ ကြားဖူးတော့တဲ့ (ကွယ်ပျောက်သွားတော့မယ့်)လုပ်နည်းလို့ ထင်ပါတယ်။
ဒီနည်းနဲ့ ငါးစင်ရိုင်းငါးပိလုပ်ရောင်းရင် တပိဿာ နှစ်သောင်းထက်လျှော့ပြီးမရောင်းနိုင်လောက်ဘူး။ ငါးစင်ရိုင်းကိုက တပိဿာခြောက်ထောင်ဈေးလောက်ရှိတာလေ..။
အဲဒီဈေးနဲ့တော့ ဝယ်စားမယ့်လူလဲရှိမှာမဟုတ်ဘူး..။
ကိုယ်တိုင်လုပ်စားသူတွေ မရှိတော့တဲ့တနေ့ ကွယ်ပျောက်သွားမှာပါ..။
ပြီးတော့ ဒီလိုဆန်ဆန် ငါးကို အချဉ်ဖေါက် (ferment ) တဲ့သဘောကို တရုတ်နဲ့ ကိုရီးယား ရှေးဟောင်း အစားအစာလုပ်နည်းတွေမှာ တွေ့ရတယ်။
ယဉ်ကျေးမှု့ ဆိုတာ ကျုပ်တို့ထင်တာထက် ပျံ့ပျံ့နှံ့နှံ့ ရှိခဲ့ပုံရတယ်…။
အရင်က ဒီပိုစ့်တက်သွားတာကို သတိမထားလိုက်မိဘူး…
ပြန်တူးတဲ့လူရှိလို့ တော်သေးရဲ့…
aye.kk
July 13, 2012 at 9:05 am
ဦးဦးပါလေရာ..
ကွန်မန်းအတွက်ကျေးဇူးတင်မိပါတယ်။
ကျမအနေနဲ ့ထပ်မံပြောပြချင်နေမိတာကတော့…
ငယ်ငယ်ထဲကနေကြီးကောင်ဝင်လာတဲ့အရွယ်အထိ..
ငါးပိကိုအမေနဲ ့အတူတူကိုယ်တိုင်ပါဝင်ကူပြီးလုပ်ခဲ့ရပါတယ်…။
ငါးပိလုပ်ပြီးရင်အနံ ့စွဲမှာကြောက်လို ့ရေချိုးပြီးရေစိမ်ရတာ(၃)နာရီလောက်။
ပြီးရင်လက်မှာအညှီနံ ့စွဲနေမှာကြောက်လို ့
ဆန်အိုးထဲလက်တွေထဲ့ပြီးအနံ ့ပျောက်အောင်လုပ်ရသေးတယ်။
ငါးပိထောင်းနေစဉ်ဆန်ဆေးရေ(ဒုတိယ)ရေကိုခပ်ထည့်ပေးတာကိုအမေကိုယ်တိုင်ပြုလုပ်ပါတယ်။
နှစ်နှစ်တင်းတင်းမပြည့်ခင်တော့ငါးဇင်ရိုင်းငါးကိုငါးငပိကောင်အနေနဲ ့ဖော်ယူစားပါတယ်။
ငါးပိကိုတော့သုံးနှစ်တင်းတင်းပြည့်မှဖော်ယူစားတော့အကောင်တွေကနပ်ပြီးပျော့ပြီးမွေးနေပါတယ်။
မြေအိုးထဲထည့်ပြီးကြိုရင်ဆူလာလို ့ချရင်အိုးထဲမှာငါးအရိုးလေးတွေကြေပြီးကျန်နေခဲ့ပါတယ်။
ဒီနည်းကတော့ကျမတို ့မိဘတွေ၊အဖိုးဖွားလက်ထက်ယ္ခင်တချိန်(စစ်ပြီးစခေတ်)
မှာအောက်မြန်မာပြည်မွန်ပြည်နယ်
ကျိုက်ထိုမြို ့မှာ(အဲဒီတုံးကတော့ကျိုက်ထိုမှာပင်လယ်အဝရှိနေသေးတဲ့အချိန်ပါ)
အကြီးကျယ်ဆုံး၊အတွင်ကျယ်ဆုံးအဖြစ်ငါးငပိလုပ်ငန်းကို(ဖော်ပြပါနည်းအတိုင်း)လုပ်ကိုင်ပြီး
စီးပွားအဖြစ်ရာင်းစားခဲ့ကြခြင်းဖြစ်တယ်ဆိုတာလေးကိုပါဘဲ။။
surmi
July 13, 2012 at 10:50 am
အစ်မရေ
ကျွန်တော်မသိခဲ ့တာအမှန်ပါ ကျေးဇူးနော်
စီးပွားဖြစ်လုပ်တဲ ့သူတွေက ဒီလိုမလုပ်ခဲ ့ကြဘူးလေ
ကျွန်တော်တို ့လုပ်တဲ ့နည်းနဲ ့ အတူတူပါပဲ
ကျွန်တော်တို ့ကငါးပေါင်းစုံသုံးပြီး အချိန်ကာလတိုတာပဲရှိတာပါ
ဒီပို ့စ်တင်စဉ်က ကျွန်တော် ရွာထဲကခဏအပြင်ရောက်နေလို ့ပါ
တချို ့ကဆန်ဆေးရည်နေရာမှာ ထမင်းရည်လေးထည် ့တတ်ကြတယ်
မြန်မြန်အချဉ်ပေါက်စေလိုတဲ ့သဘောလို ့ထင်တာပဲ
aye.kk
July 13, 2012 at 4:26 pm
ကိုဆာမိရေ…
ကိုဆာမိပြောပြတာလေးလည်းဗဟုသုတရပါတယ်။
ကျမတို ့လုပ်ခဲ့တဲ့ငါးဇင်ရိုင်းငါးငပိလုပ်နည်းမှာ
ဆန်ဆေးရေအသုံးပြုတဲ့အကြောင်းရင်းလေးပြောပြချင်ပါတယ်။
ဆန်ဆေးရေထဲမှာအာဟာရဓတ်ပါရှိနေတဲ့အပြင်
အနံ ့အရသာကိုမွှေးစေတဲ့ဂုဏ်သတ္တိရှိတယ်တဲ့။
ဆန်ဆေးရေအစား၊ထမင်းရည်ကောထဲ့သုံးလို ့မရဘူးလားလို ့
အမေ့ကိုငယ်ငယ်ကစပ်စုပြီးမေးခဲ့ဘူးပါတယ်။
ထမင်းရည်ထည့်ရင်တော့အချဉ်ပေါက်ပြီးပစ်လိုက်ရတော့မှာပေါ့တဲ့။
အမေလုပ်တဲ့ငါးဇင်ရိုင်းငပိလုပ်နည်းကတော့..
ထမင်းရည်ထဲ့သုံးလို ့မရဘူးဆိုတာကိုနားလည်ထားခဲ့မိပါတယ်။
ကြောင်လေး
July 13, 2012 at 11:49 am
ငံပြာရည် စီးကျရေ ရဖို့ကိုဂုံနီအိတ်ထောင့်လေးထောင့်ကိုလေးတိုင်စင်နဲ့ နှင်းထဲမှာစိုက်ထား၊ အထဲကိုတစ်လလောက်သက်တမ်းရှိတဲ့ငါးပိကိုထည့် အပေါ်ကပိတ်စိမ်းပါးနဲ့လုံအောင်အုပ်၊နှင်းခံထားပြီးအောက်ကကျတဲ့အရေကိုစဉ့်အိုးနဲ့နေ့နေ့ညညခံထားတာတော့တွေ့ဖူးသား……..
ခုခေတ်မှာ ငံပြာရည်ကိုဒီလာက်စောင့်စရာမလိုတော့ပါဘူး၊ ဆားနဲ့ အချိုမှုန့်ကို အချိုးကျရောကျိုပြီးအရောင်လေးနဲနဲ့ထည့်၊ပြီတော့မှ အမှန်အကန်အနံ့လေးမွှေးနေတဲ့ငံပြာရေနဲ့ သားစိုးလုပ်လိုက်ရင် ဘယ်လောက်လိုချင်သလဲ ချက်ခြင်း………..
သိတဲ့သူတွေကတော့အဲသလိုပြောကြတာပဲ ။ တစ်ခါကအဒေါ်တစ်ယောက်အလှူမှာမုန့်ဟင်းခါးကျွေးချင်လို့ ငံပြာရေ စီးကျရေ စစ်စစ်လေးမှာပေးပါပြောတော့ တောကိုလှမ်းမှာတာ တစ်ဂါလံပြည့်အောင် မရပါဘူးဗျာ။
ကြောင်ကြီး
July 14, 2012 at 9:50 am
“””””သဘာဝအလျှောက် ရေထရက်ရောက်တိုင်းလျှင်ကား ငါးသားငံရည်အရေများတက်လာတတ်ပါသည်”””””””
ရေထရက်မိုလို့ ဟုတ်နိုင်ဖူး..မိုးနတ်မင်း အနံ့ရလို့ အတွင်းအားနဲ့ ငံပြာရည်လှမ်းယူတာနေမှာ..။
aye.kk
January 15, 2013 at 4:49 pm
သုံးနှစ်ခံအောင်။ရေချိုငါးဖြစ်တဲ့ငါးဇင်ရိုင်းငါးများနဲ ့
ငါးပိသိပ်ပြီးထည့်ထားတဲ့အိုးက..။ရေထရက်တွေရောက်တိုင်းမှာ။
ပုံမှန်ငံပြာရည်တွေတက်လာတာကတော့ အမှန်ပါဘဲကွယ်။
အန်တီမိသားစုတွေက၊ရေချိုငါးဇင်ရိုင်းငါး
ကိုငါးပိသိပ်ပြီး။ကိုယ်တိုင်လုပ်စားကြပြီး။ကြီးပြင်းလာခဲ့ကြတဲ့မိသားစုတွေပါလို ့ပြောပြလိုက်ပါရစေ။။
Novy
January 15, 2013 at 4:19 pm
အိမ်ကရင်မလေးကရေချိုငပိလုပ်ပေးမယ်ဆိုလို့
မမအေးရဲ့ ရေချိုငပိလုပ်နည်းလေးကို
ပြန်လည်ရှာဖွေတူးဆွသွားပါတယ်ရှင်
aye.kk
January 15, 2013 at 4:51 pm
ဝမ်းသာမိပါတယ်။
အပင်ပန်းခံလုပ်စားနိုင်ရင်။
ကောင်းကောင်းစားရတာပါဘဲကွယ်။။