“ အဝေးကလူ အနီးကလူ ……………….အားလုုံးစုံသော ရွှေတိဂုံ”(အပိုင်းနှစ်)
အဲဒီနေ့က ရွှေတိဂုံဘုရားရောက်တော့ ရင်ပြင်တော်ပေါ်မှာ လူအပြည့်။
အဝေးကလူ အနီးကလူ
လေ့လာသူ ကြည်ညိုသူ
အေးချမ်းမူ့ရှာသူ အပျော်ရှာသူ
မှတ်တမ်းတင်သူ လက်ဆော့သူ
အလင်းဆီမီးထွန်းညှိသူ
ဘဝအမောတွေကို ဘုရားရိပ်မှာလာရောက်လို့ဖြေလျော့သူ
ရောက်တုန်းရောက်ခိုက် မြင်မြင်သမျှကို မလွတ်တမ်းမှတ်တမ်းတင်သူ
အစရှိတဲ့လူပေါင်းစုံ အမြင်ပေါင်းစုံ အကြောင်းပေါင်းစုံနဲ့သူတွေက
တိုင်ပင်ထားခြင်းမရှိဘဲ ဒီတစ်နေရာထဲမှာအလိုုလိုလာရောက်စုဝေးတာကတော့
အသေအချာ တွေးကြည့်ရင် ထူးခြားသော အဖြစ်အပျက်လို့ မှတ်ယူနိုင်ပါတယ်။
ဘာပြောပြော ကျနော်ကတော့ စိတ်တိုင်းကျတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။
မှတ်တမ်းတင်တဲ့နေ့ကတော့ (7-1-2012) ညနေ ငါးနာရီနဲ့ 7နာရီကြားမှာပါဘဲ။
ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့။
(19-1-2012)
Post Views: 262
8 comments
ကိုပေါက်(မန္တလေး)
January 19, 2012 at 8:53 am
ဒါကတော့ ရွှေတိဂုံညအမှတ်တရပါဘဲ။
7-1-2012နေ့ မောင်လုလင်နဲ့ကိုပေါက် ရိုက်ပွဲ့ထဲကပါ။
blackchaw
January 19, 2012 at 9:33 am
ပုံ ၄ က နည်းနည်းထူးဆန်းတယ်။
ရွှေတိဂုံဘုရားပေါ်က နိုင်ငံခြားသားစုံတွဲ
မီးပူဇော်နေတာလေး ကြိုက်တယ်ဗျာ။
ကိုပေါက်(မန္တလေး)
January 19, 2012 at 9:43 am
ကျနော် တစောင်းရိုက်ပြီးစမ်းကြည့်တာ။
ဆီမီးတန်းလေး ကွေ့နေအောင်ပေါ့။
စိန်ပေါက်ပေါက်
January 19, 2012 at 10:19 am
ညပိုင်း အတော် သပ္ပါယ်ပါကလား..
ဝမ်းဒေးတော့ အမှန်အကန် ဦးတော် သွားလုပ်ပါဦးမယ်
မစ်ချတာပေါက်ရေ..
တာဓုပါ..
ဦးတော်…
ကိုပေါက်(မန္တလေး)
January 19, 2012 at 11:28 am
ဦးတော်ဦးတော်နဲ့ ညတိုင်းအမူးဆော်နေတာခက်နေပြီ စိန်ပေါက်ပေါက်ရေ
windtalker
January 19, 2012 at 1:57 pm
နံပါတ်မှာ ကိုး
အနက်ကြောင်းကြီး ဗျိုး
ဟီဟိ
ဘိုးဘိုး ကို ဘယ်လို လုပ်လိုက်တာဒုန်း
ဇွဲမာန်(အင်းဝ)
January 19, 2012 at 3:41 pm
နာတို့လည်း ဦးတော်ပါနော်
အကိုပေါက်ရေ…….
လက်သံကပြင်းတယ်နော် နောက်လည်းခက်ပြင်းပြင်းလေး
ဒါမှပုံကောင်းတွေမြင်ရမှာ
အားပေးနေမယ် ကျေးဇူးလည်းတင်တယ်
ဦးတော်လည်းတင်နေတယ်….။
fatty
January 19, 2012 at 8:12 pm
အင်ဂယ်တွေကောင်းတယ်ဗျာ အဲတော့ ပရစင်တေးရှင်းကောင်းတော့တာပေါ့
ကြည့်ရတာအားရတယ်ဗျ။