Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မီး

water-melonJanuary 19, 20121min56017

“ဂလောင် ဂလောင် အော် အူး”   မီးသတ်ကားဩအော ဆွဲသံကိုကြားလိုက်တယ်။ နာရီထကြည့် တော့၂နာရီခွဲရှိသေးတာ။ ဒါနဲ့ဝေးတယ်ထင်ပြီး ပြန်အိပ်မယ်ပေါ့ ဒါပေမဲ့အပြင်က အော်သံကြားလိုက်တယ် မီးတောက်ကြီးကို မြင်ရတယ်ဟေ့။ အိပ်ယာက ကုန်းထပြီး ထွက်ကြည့်တယ်။ ဘယ်မှာလောင်တာလဲ မေးတော့ မာလာကာခြံရပ်ကွက်တဲ့။ လူငယ်တို့ သဘာဝ စပ်စုချင်တာနဲ့ ဆိုင်ကယ်လေးနဲ့သွားကြည့်တာပေါ့။

၈၄လမ်းအတိုင်းမောင်းသွားပြီး ဘုရားကြီးနောက်ပေါက် ကျောက်ဆစ်တန်းလမ်းကြားလေးထဲ ရောက်တော့ မီးသတ်က ဦးလေးကြီးတစ်ယောက်က မဝင်ရဘူးပြောတော့ ဒီနားလေးလို့ပြောပြီး ဆိုင်ကယ်အမြန်မောင်းပြီး ဝင်လိုက်ရတယ်။ကြောက်လည်းကြောက်တယ် အရင်တစ်ခါ မီးလောင်တာ သွားကြည့်တုန်းက အရိုက်ခံရဘူးတယ်။မီးသတ်ကားလာနေတာကို ဘေးမကပ်ပေးလို့ဆိုပြီး။

ဒါနဲ့ အထဲလည်းရောက်ရော မှောင်မည်းနေတာဘဲ မီးဖြတ်ထားလို့ထင်တယ်။ မီးသတ်ကားတွေကလည်း အပြည့်ဘဲ။ ဆိုင်ကယ်ကလည်း ဆက်မောင်းလို့မရတာကြောင့် အသိအိမ်မှာ ထားခဲ့တယ်။ သူတို့ကိုလည်း အားပေးရတာပေါ့။မီးကို နိုင်နေပြီဆိုပြီး။

ဆိုင်ကယ်ထားပြီး ခြေလျင်သွားကြည့်တော့ မီးသတ်ရဲဘော်တွေကလည်း အလုပ်တွေရှုပ်နေ ရေပိုက်တပ်တဲ့ ရဲဘော်တွေက တပ်။ နောက်ဘက်ကို ဖြန်းအုန်း ဆိုတဲ့ အသံတွေရော၊မီးဘေးကြောင့် ပြေးလာတဲ့ လူတွေကိုကြည့်ပြီး သနားမိတယ်။ သွားရင်းသွာရင်း မီးလောင်တဲ့နေရာကိုရောက်သွားတယ်။ တစ်ချို့ရေပိုက်တွေက ပေါက်တောင်ပေါက်နေပြီ။ လိုအပ်တဲ့ ဘတ်ဂျက်ကြောင့်လား တွေးမိသေးတယ်။တိုက်ကိုလောင်နေတာ။တော်တော်ပြောင်ပြီ ဘာမှမကျန်လောက်တော့ဘူး။လူတွေကလည်း အပြည့် တစ်ချို့ဆို video ရိုက်တဲ့လူက ရှိသေးတာ။မီးသတ်ရေငုတ်ကအဲဒီရပ်ကွက်ထဲမှာရှိနေလို့ တော်သေးတယ်။ရေအားကောင်းကောင်းနဲ့ ငြိမ်းတော့

နိုင်သွားတယ်။ဒါနဲ့ အိမ်ပြန်လာတာတယ်။ ချမ်းအေးတဲ့ မန်းလေးဆောင်းမှာ အနွေးထည်ဝတ်ထားတဲ့ ကျွန်တော်တောင် ချမ်းနေတာ။ မီးသတ်ဝတ်စုံပါးပါးလေးနဲ့ အားကြိုးမာန်တက် မီးငြိမ်းနေတဲ့ မီးသတ်ရဲဘော်တွေရော ဘယ်လောက်ချမ်းနေမလဲ။

အရင်တုန်းက အငြိမ့်တွေထဲမှာပြောကြတာက ဒီဘက်က ငွေပေးရင် ဟိုဘက်က ရေထွက်တယ်တဲ့။ မသိတုန်းကတော့ ကျွန်တော်လည်း ထင်နေတာ။နောက်မှ မဟုတ်မှန်းသိရတယ်။

ဒါနဲ့အတွေးအတွေးပေါင်းစုံတွေးရင်း…………..။

17 comments

  • Diamond Key

    January 19, 2012 at 10:19 am

    ဖရဲရေ၊ မန္တလေးကတော့ မီးအမြဲသတိထားနေရတဲ့ မြို့လေ။ ရှေ့သမိုင်းတွေကလည်း ရှိခဲတာဆိုတော။ မီးလောင်တာ သွားကြည့်ရင်တော့ သတိထားသွားနော် 😡
    ဆိုင်ကယ်ပါသွားတာတို့ကလည်း ရှိသေးတယ်။ 😀

    • water-melon

      January 19, 2012 at 12:06 pm

      ဟုတ် ကိုုစိန်သော့။ ကျွန်တော်ကတော့ နွေရာသီရောက်မှာကို တော်တော်ကြောက်နေတယ်။

  • ဖရဲမောင်ရေ ငါလဲနုးိတော့ နုးိတယ် ဒါပေမယ့် ချမ်းတော့ ထမကြည့်ဖြစ်ဘူး။
    မနက်ငါးနာရီလမ်းလျောက်တော့တောင် မီးသတ်ကားသံကြားနေရသေးတယ်နော်။
    မင်းသတင်းက လတ်ဆတ်တယ်။
    နောက်ခါသွားရင် ငါ့ကိုပါခေါ်နော်။

    • water-melon

      January 19, 2012 at 12:09 pm

      တကယ်နိုးရမှာလား လေးပေါက်။ တော်ကြာအေးလို့ မလိုက်တော့ဘူးလို့မပြောနဲ့နော်။

  • စိန်ပေါက်ပေါက်

    January 19, 2012 at 11:38 am

    အားပါ..
    အဲ့လာ…ရွာထဲက ဖိုတိုဂရပ်ဖာ မစ်ချတာပေါက်ကြီးကို ဝင်နှိုးပြီးသွား..
    ပြီးရော
    ဓာတ်ပုံလဲရ သတင်းလဲရ..

    ပြောတာပြောရတာ.
    မစ်ချတာပေါက်ကြီးကလဲ နိုးရက်နဲ ့ချမ်းလို ့ပြန်ကွေးနေသတဲ့…
    ဟီး..ဟီး..

  • nozomi

    January 19, 2012 at 11:43 am

    ညကလဲ ၉ နာရီ ခွဲလောက် ၊ မီးသတ်ကား ၅/၆ စီး လောက် သွားတဲ့ အသံတွေ ကြားလိုက်ရတယ်
    မင်္ဂလာဒုံ၊ ထောက်ကြံဘက်လောင်တယ် ကြားတယ် ၊ နေရတော့ အတိအကျ မသိဘူး မီးသတ်ကားသိပ်မများတော့ လောင်တာ နဲတယ် ထင်ပါတယ်

  • etone

    January 19, 2012 at 11:54 am

    ဖရဲသီးလေးရေ … မီးလောင်တာက ကြောက်စရာအလွန်ကောင်းပါတယ် … ။ လူခိုးလျှင်မကုန် … မီးခိုးလျှင်ကုန်ဆိုတဲ့ စကားတွေကလည်း ရှိခဲ့ဖူးတော့…. မီးဆိုတာမျိုး .. မလောင်လျှင် သိပ်ကောင်းမှာပါပဲ … ။
    မီးလောင်မှုအများစုထဲ သဘာဝ ဘေးအန္တရာယ်ကြောင့် လောင်တဲ့ မီးဆိုတာ ဖြစ်ခဲပြီး … ပေါ့လျှော့မီးနဲ့ ဝါယာရှော့မီးတွေကအများဆုံးဖြစ်တတ်ကြတယ် … ။

    တကယ်ဆို လူတိုင်းမှာ တာဝန်ရှိပါတယ် …. ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် မီးသတိအမြဲရှိကြရမှာပါ … ။ မီးမလောင်အောင် ကြိုတင်ကာကွယ်ခြင်းသာလျှင် အထိရောက်ဆုံးနည်းလမ်းလို့ ထင်ပါတယ် … ။
    လူတွေ အကုန်အလုပ်သွားပြီး .. တံခါးတွေအလုံပိတ်သွားရမယ့် အိမ်မျိုးမှာလည်း …. မိန်းခလုတ်ချခဲ့သင့်ပါတယ် .. တချို့တချို့သော လူတွေက မိမိတို့ အတ္တသာ ရှေ့တန်းတင်ပြီး … အိမ်ပြန်လာလို့ ရေခဲသေတ္တာမအေးမှာစိုးတာက တမျိုး …အားသွင်းထားတဲ ့အင်ဗာတာ … အားမပြည့်မှာ စိုးတာတွေ.. အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် .. လက်လွတ်စပယ် မိန်းခလုတ်မချခဲ့ဘူး … ။ ရေခဲသေတ္တာမအေးတာ၊ အင်ဗာတာအားမရှိတာက အဆင်မပြေတာပဲရှိတယ် .. ဒီလောက်ဆုံးရှုံးနစ်နာမှုမရှိခဲ့ဘူး … ဝါယာရှေ့ကြောင့် မီးလောင်မှသာ …. (အနီးနားက) လူ့အသက်ပါ ဆုံးရှုံးနိုင်တဲ့ အဖြစ်မျိုးပါ … ။

    နောက်ပြီး.. ပေါ့ဆမီး .. ဒါလည်း ဆိုးတာပဲ … ဘုရားပူစော်တဲ့ ဖယောင်းတိုင်တွေကလည်း အရေးကြီးနေပြန်တယ် … ။ ဘုရားပူစော်ပြီး အေးဆေး မျက်စိမှိတ် ရှိခိုးနေတုန်း … မီးထလောင်တဲ့အဖြစ်တွေ …ကြားခဲ့ဖူးပါတယ် … ။

    လူတိုင်းကို အကြံပေးချင်တာတော့… မီးသတ်ဆေးဗူးလေးတွေ ဝယ်ထားသင့်ပါတယ် … လိုရမယ်ရ အသုံးပြုနိုင်အောင် အဖိုးခ သိပ်မများတဲ့ နှုန်းနဲ့ .. စံချိန်မှီတဲ့ မီးသတ်ဆေးဗူးလေးတွေ ဆောင်ထားသင့်ပါတယ် … ။ ဈေးနှုန်းက တော့ 5kg ကိုမှ နှစ်သောင်းခွဲနဲ့ သုံးသောင်းကြားလောက်ပဲ ရှိပါတယ် … ။

    • Thel Nu Aye

      January 19, 2012 at 1:20 pm

      အိမ်မှာတော့အပြင်သွားရင်မိန်းပါချသွားတယ်။ ခရီးသွားရင်တော့မီတာဘောက်စ်ကဖြူ့စ်ပါဖြုတ်သွားတယ်။ ကြောက်လွန်းလို့။

  • naywoonni

    January 19, 2012 at 12:30 pm

    ဒါ့ပုံလည်းမပဘူး ဖရဲရယ်……….။

  • water-melon

    January 19, 2012 at 12:35 pm

    ပုံက မရိုက်ခံဘူး ကိုနေဝန်းနီ
    ကင်မရာ မဝယ်နိုင်သေးလို့ပါ 😆
    ဝယ်နိုင်အောင် ကြိုးစားနေပါကြောင်း :redface:

  • water-melon

    January 19, 2012 at 12:37 pm

    မှားသွားလို့ မရိုက်ခံတာမဟုတ်ဘူး မရိုက်ခဲ့တာပါ။

  • windtalker

    January 19, 2012 at 1:43 pm

    ဖြဲသီး
    အဲဒီ မီး က အိမ်၃ဝ ပါသွားတယ် ဆို
    အမှတ် ၁ဝ ကားလိုင်းနားတဲ့
    ဟုတ်သလား
    ထပ်သတင်းရေးပါဦး

    • water-melon

      January 19, 2012 at 3:17 pm

      ကျွန်တော် သွားမေးပေးပါ့မယ်
      မေးရမှာခပ်လန့်လန့်

  • ဇွဲမာန်(အင်းဝ)

    January 19, 2012 at 2:54 pm

    ကျွန်တော်ကတော့မီး.. မီး လို့ပြောတော့ကြားပါတယ် ဒါပေမဲ့ ဟိုက ပြာဖြစ်နေပြီ အဲလောက်တောင်
    ဝီရိယရှိတာ…။

  • မမအိတုံ အကြံဉာဏ်ပေးထားပါ၏။အိမ်တိုင်းမှာတော့ ဆောင်ထားသင့်ပါတယ်။
    ကိုဖရဲကိုရော မမအိတုံကိုပါ ကျေးဇူးပါဗျ။

    လူတိုင်းကို အကြံပေးချင်တာတော့… မီးသတ်ဆေးဗူးလေးတွေ ဝယ်ထားသင့်ပါတယ် … လိုရမယ်ရ အသုံးပြုနိုင်အောင် အဖိုးခ သိပ်မများတဲ့ နှုန်းနဲ့ .. စံချိန်မှီတဲ့ မီးသတ်ဆေးဗူးလေးတွေ ဆောင်ထားသင့်ပါတယ် … ။ ဈေးနှုန်းက တော့ 5kg ကိုမှ နှစ်သောင်းခွဲနဲ့ သုံးသောင်းကြားလောက်ပဲ ရှိပါတယ် … ။

  • naung

    January 20, 2012 at 9:59 am

    “တစ်ချို့ရေပိုက်တွေက ပေါက်တောင်ပေါက်နေပြီ။ လိုအပ်တဲ့ ဘတ်ဂျက်ကြောင့်လား တွေးမိသေးတယ်။”

    မီးလောင်တဲ့အခါမှာ ရေပိုက်တွေက အပေါက်သေးသေးလေးတွေ ပေါက်နေတဲ့ အတွက် ရေပိုက်သွယ်ရာလမ်းကြောင်းထဲမှာ ရှိတဲ့ မီးကြွင်းမီးကျန်တွေကို ငြိမ်းပြီးသားဖြစ်စေတယ်လို့ ကြားဖူးပါတယ်။

  • kyeemite

    January 20, 2012 at 4:12 pm

    ရန်သူငါးပါးထဲမှာ
    အင်မတန်ဆိုးဝါးလှတာ
    မညှာတာဘယ်သူ့မှမထောက်တာ
    သူခိုးဓါးပြထက်ဆိုးတဲ့ ရန်သူပါ
    လူတိုင်းလူတိုင်းမီးသတိပြုပါဗျာ…
    မီးသတ်ချုပ် ကြီးမိုက်

Leave a Reply