“ရှေးရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်က …………………”
“ရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့က ဘုရားနဲ့အဆောက်အဥိ်”
အခုတစ်ခေါက်ရန်ကုန်ရောက်တော့ နေရာတော်တော်များများကိုရောက်ပါတယ်။
ဆူးလေ ဗဟိုတရားရုံး မြို့တော်ခန်းမ ဗိုလ်တစ်ထောင် ဆိုတာတွေကရှေးကတည်း
ကရှိခဲ့တဲ့အဆောက်အဥိတွေပါဘဲ။
ဒါပေမယ့် ရောက်ခဲတဲ့ ကျနော်အမြင်မှာ မြို့လည်ခေါင်က ရှိတဲ့ အဆောက်အဥိတွေထဲမှာ
ကျနော်မြင်ခဲ့ဘူးတဲ့ အဆောက်အဥိတွေ ဘုရားတွေက အခုထိ ပုံမပျက်ရှိနေသေးတာ ဝမ်းသာစရာ။
မန်းလေးဘူတာကြိးကတော့ ဝမ်းနည်းစရာပုံပြောင်းသွားပေမယ့်ရန်ကုန်ဘူတာကြိးကတော့
ရှေးမူမပျက်ရှိမြဲ ရှိဆဲ။
ကဲလက်ဆော့ထားတာလေးတွေ မျှဝေပေးလိုက်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(29-1-2012)
17 comments
အာချိတိုမိုတို လီဂျင်ဖရဲသီး
January 30, 2012 at 8:16 am
မနက်စောစောဆီးဆီးမှာ အရမ်းကျက်သရေရှိတာဘဲ လေးပေါက်
ဖူးမျှော်သွားပါတယ်။
အာချိတိုမိုတို လီဂျင်ဖရဲသီး
January 30, 2012 at 8:26 am
လေးပေါက် မြိုတော်ခန်းမဘေးက ပြင်နေတာက ဝန်ကြီးရုံးလား
htoosan
January 30, 2012 at 9:11 am
ဖရဲရေ.. အဲ့ဒါ အရင် က လူဝင်မှုကြီးကြပ်ရေး ရုံး ။ အဲ့ဒီမတိုင်ခင် ဟိုရှေးရှေးတုန်းကတော့ ရိုးလ်ကုန်တိုက်ဆိုလား ..အခုတော့ ကြားတာ ဟုတ်ချင်မှ ဟုတ်မယ်နော် Max Myanmar ကို လက်သိပ်ထိုးပေးထားတယ် လို့ ကြားတာဘဲ။ ငှါးရန် တင်ဒါလည်းမခေါ် ဘာသံမှ မကြားဘဲ ပြင်နေတာ ။ အသံမကြားလိုက်ဘဲ ပြင်နေတဲ့ အဖိုးတန် ရှေးဟောင်း အဆောက်အဦးတွေ ရှိသေးတယ် ။ ခရီးသွား ဝန်ကြီး ရုံးဟောင်း ၊ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း၊ဘာသံမှ မကြားလိုက်ဘဲ ပိုင်ရှင် အသစ် တွေ ဖြစ်ကုန်တယ် ..
ကိုပေါက်(မန္တလေး)
January 30, 2012 at 9:05 am
မဟုတ်ဘူးဗဟိုတရားရုံး
htoosan
January 30, 2012 at 9:25 am
ဗဟိုတရားရုံးမဟုတ်ဘူး ဦးပေါက်ရဲ့ ။ ဗဟိုတရားရုံးက မြို့တော်ခန်းမဘက်ကနေ ပြန်ရိုက်မှ မြင်ရမှာ။ ပန်းခြံနဲ့မျက်နှာခြင်းဆိုင် ၊ Church နဲ့ နိုင်ငံခြားဘဏ်ကြားထဲမှာ။
စိန်ပေါက်ပေါက်
January 30, 2012 at 11:24 am
အူးပေါက်ရေ
မီးသတ်အဆောက်အအုံက ပြိုကျတော့မယ်ထင်တယ်..
တော်တော် စောင်းနေပြီနော့
shweminnthar
January 30, 2012 at 1:52 pm
ကြည်ညိုဖူးမြော်..သာဓုခေါ်..
ရိုက်ချက်ကောင်းလှ..ဂွတ်လေစွပါတကား..
ကိုပေါက်(မန္တလေး)
January 30, 2012 at 1:54 pm
ကိုထူးဆန်းရေ
ဟုတ်တယ် ကျနော်အမှတ်မှားပြီးပြောမိတာပါဗျာ။
ကော်မင်းက အပေါ်အောက်ဆိုတော့ ငြင်းသလိုဖြစ်သွားတာပါ။
cobra
January 30, 2012 at 2:28 pm
အကိုရယ်..
မြို့တော်ခန်းမကိုမရိုက်ပါနဲ ့
သူ့ကိုကြည့်ရတာစိတ်မချမ်းသာလို့ပါ
အရောင်အသွေးကရပ်ကွက်ထဲက ကန်ထရိုက်တိုက်တွေနဲ့တူနေတယ်
အရင်အရောင်ကဆွဲဆောင်မှုရှိသေးတယ်
ကိုပေါက်(မန္တလေး)
January 30, 2012 at 2:53 pm
ညီလေး ကော်ဘရာရေ
အမှတ်တရဆိုတော့ မလှပေမယ့် ပြမိပါတယ်ကွယ်။
အခုခေတ်ကြီးကနေ့မြင်ညပျောက်
မပျောက်ရင်လဲ ပိုင်ရှင်ပြောင်းသွားတတ်လွန်းလို့ပါကွာ။
naywoonni
January 30, 2012 at 8:26 pm
အဲဒါကြောင့် ကိုပေါက်က ကြုံတုန်းမှတ်တမ်းတင်ထားတယ်ပေါ့လေ….။ တတ်လည်းတတ်နိုင်တဲ့ သူကြီး ….။ အဲဒါကြောင့် မဒမ်ပေါက်က …………..ဟီးပြောရော့ဝူး………..။
windtalker
January 30, 2012 at 6:57 pm
ပိုင်ရှင် မရှိသေးတဲ့ အပျိုဂျီးတွေ
ပိုင်ရှင် ရှာပေးလိုက်ချင်ပါတယ်….
အဲဒီလို ဆိုပစ်လိုက်ချင်တာကလား
ဟီဟိ
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 30, 2012 at 8:07 pm
ဗိုလ်တထောင်က
အပျိုဆောင်မှာ
အစ်ကိုမောင်က
ငိုမယောင်ယောင် ……
အတိတ်ကိုငေး
အနာဂတ်ကိုတွေးလို့
ပစ္စုပန်မှာဆွေးနေတဲ့
မင်းကောင်
(လေးပေါက်ပုံတွေကို အားပေးနေပါတယ်ဗျ)
MaMa
January 30, 2012 at 8:13 pm
ကိုပေါက်လက်ရာတွေ တွေ့တော့မှပဲ ရန်ကုန်ရဲ့ အလှအပတွေကို မြင်မိတော့တယ်။
နီးလွန်းတော့ မှုန်ဆိုသလို နေ့တိုင်း မြင်တွေ့ဖြတ်သန်းနေရတော့ သတိမထားမိဘူး။
မန္တလေးသား ခံစားပြတဲ့ ရန်ကုန်ရဲ့အလှပေ့ါ။ 🙂
Thel Nu Aye
January 30, 2012 at 8:34 pm
ဟိုက်ကုတ်ကပထမတော့ဟိုတယ်လုပ်မလို့ပဲ။ အခုတော့ရှေးဟောင်းပြတိုက်လုပ်မလို့ တင်ဒါခေါ်နေသံကြားတယ်။ ဝန်ကြီးများရုံးနဲ့တူတူပေါ့။
captainamerica
January 30, 2012 at 10:16 pm
ကိုပေါက်ရေနေ.တိုင်းမြင်နေကြအရာတွေကိုတောင်လှအောင်ရိုက်နိုင်တယ်။လေးစားတယ်ဗျာ
ကိုပေါက်(မန္တလေး)
January 30, 2012 at 10:33 pm
captainamericaရေ
မြင်နေကျသူက မထူးဆန်းပေမယ့် မြင်နေမကျသူက လှတာကို လှတယ်လို့မြင်မိသပေါ့။
ဒီတော့လဲ လက်ဆော့ ။
ကိုချော မန်းလေးတက္ကသိုလ်ပုံတင်သွားသလိုပေါ့ ။
အပြန်အလှန်လေ။