“နံနက်ခင်း မြူများကြားက………………..ရန်ကုန်”









10 ပြာလွင်သောကောင်းကင်အောက်မှာ အမြင်ဒေါင့်စောင်းစောင်းလေးပေါ့

“နံနက်ခင်းမြူများကြားကရန်ကုန်…………………”
လွတ်လပ်ရေးနေ့မနက် ငါးနာရီကျော်ကျော်လောက်မှာကျနော်တည်းမယ့်အိမ်ကိုရောက်ပါတယ်။
အဲတော့ ပြန်လဲမအိပ်ချင်တာနဲ့ ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့တာပေါ.။
အဲတာနဲ့ စွယ်တော်ဘက်သွားမယ်ဆိုပြီး ကမ္ဘာအေးကုန်းကျော်ပေါ်တက်လာခဲ့ပါတယ်။
ကုန်းကျော်ပေါ်ရောက်တော့ စွယ်တော်ကို ရိုက်နေရင်းအရှေ့ဖက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ
ကွင်းပြင်ထဲက နေရေငွေ့တွေထနေတာတွေရပါတယ်။
အဲဒါနဲ့တံတားပေါ်က ဆင်း ရပ်ကွက်လမ်းကျဥ်းကျဥ်းလေးတွေကို ဖြတ်ပြီးသွားလို်က်ပါတယ်။
အဲဒီကနေ အရှေ့ဖက်ကိုရောက်လို့ တော်တော်လေးသွားမိတဲ့အခါမှာ
လမ်းမကျယ်ပေါ်ကိုရောက်သွားပါတယ်။
တော်တော်လေးသွားလိုက်တော့ ခြံကျယ်ကြီးတစ်ခုထဲမှာအုန်းပင်တွေတန်းစီနေတာတွေ့ရပါတယ်။
ဆက်သွားလိုက်တော့ လမ်းအနောက်ဘက်က ဝင်းကျယ်ကြီးထဲမှာ ကျနော်လိုချင်တဲ့ရေငွေတွေထနေတာကိုမြင်ရပါတယ်။
လမ်းကလှမ်းကြည့်ရင် အရှည်ကြီးပါဘဲ။
အဲဒါနဲ့လမ်းဖြတ်သွားတဲ့လူတစ်ယောက်ကို မေးကြည့်တဲ့အခါ တည့်တည်လိုက်သွား
အကွေ့လေးရောက်ရင် အနောက်ဖက်ကိုချိုး အဲဒါဆိုရင် လမ်းမကြီးပေါ်ပြန်ရောက်မယ်လို့ပြောပါတယ်။
သူပြောတဲ့အတိုင်းဆက်သွားတဲ့အခါမတော့ လမ်းဘေးဝဲယာမှာ ရေငွေ့တွေထနေတဲ့ ကွင်းပြင်ကျယ်
စိမ်းစိုတဲ့ ကန်စွန်းခင်း ဖြူလွှတဲ့ဗျိုင်းတွေ၊ ကြည်လင်တဲ့ချောင်းကလေးတွေ တွေ့ရပါတယ်။
ပြာလွင်တဲ့ကောင်းကင်ကလဲ တပြန့်တပြော။
ဟိုမြောက်ဘက်အဝေးမှတော့ စွယ်တော်စေတီကိုဝိုးတဝါး။
ဒါပေမယ့် နေမြင့်သွားတော့ ခဏလေးနဲ့နှင်းကွဲသွားပါတယ်။
အဲတော့ စိမ်းစိုအေးမြတဲ့အပင်လေးတွေကို လက်ဆော့လို့ပြန်ခဲ့ပါတယ်။
နောက်နေ့ စောစောလာမယ်လို့ဆုံးဖြတ်ပြီးတော့ပေါ့။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(21-1-12)
9 comments
စိန်ပေါက်ပေါက်
January 27, 2012 at 11:18 am
ဂန္ဓမာ လမ်းဘက် လားမသိဘူး
မြင်ဖူးသလိုလိုတော့ရှိသား..
ကိုပေါက်(မန္တလေး)
January 27, 2012 at 1:44 pm
ဟုတ်တယ်လေ အဲတာ ကတောင်ဒဂုံဘက်ကို ချိုးသွားတဲ့လမ်းကပုံတွေပါ။
အဲဒီနားမှာဂေါက်ကွင်းလဲရှိတယ်။
Diamond Key
January 27, 2012 at 5:00 pm
ကိုပေါက်တို့ လက်သွက်ချက်ကတော့ ရိုက်ကွင်းရှာရင် မနက်စောစော မလင်းတလင်းမှာ ခလုပ်တိုက် လဲကျတုန်းတောင် ပုံနံပါတ် ၁ဝ လေးရလိုက်သေးတယ်
ကိုပေါက်(မန္တလေး)
January 27, 2012 at 5:57 pm
တစ်ခါတစ်လေ ဒီလို လဲကျ ပြုကျတာကနေ ပုံကောင်းလေးတွေရဘူးတယ်လေ။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 27, 2012 at 6:22 pm
ဟုတ်ပီ ဒါဆိုရင်
ကင်မရာတစ်လုံးနဲ့
ရှော့ပင်းစင်တာတွေပတ်ရမယ်
ပုံကောင်းတွေ ထွက်လာနိုင်တယ်
(သင်ဇာဝင့်ကျော်၊ အွန်ဆိုင်း တို့လောက်တော့ သနားတယ်ဆိုတဲ့ ပုံတွေရမယ်ထင်တယ် … ခဏ ခဏ ချော်လဲအောင်လုပ်ရမယ်) … 😛
ကိုပေါက်(မန္တလေး)
January 27, 2012 at 9:54 pm
ကိုယ့်လူအဲဒီအထဲမှာ တစ်ခါသွားဓါတ်ပုံရို်က်မိတာ မနည်းတောင်းပန်ယူရတယ်။
ခိုးရိုက်ရင်တော့ မသိဘူး။
water-melon
January 27, 2012 at 10:03 pm
ခိုးရိုက်ရင်လူသိတယ် ပေါ်တင်ရိုက်ပြီး
ထွက်ပြေးရအောင် လေးပေါက်
အားတဲ့နေ့ shopping ထွက်ရအောင်
😀
ပုံတွေကြိုက်တယ် လေးပေါက်
ကိုပေါက်(မန္တလေး)
January 27, 2012 at 10:43 pm
မင်းနဲ့ငါ သွားမယ်လေ မင်းက ကာပေး ငါကရိုက်မယ်
ကောင်းမှကောင်း…………………
pooch
January 28, 2012 at 12:51 am
လေးပေါက် ကောင်းကင်ကြီးကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်လာတယ်ပေါ့။
ပန်းချီဆရာများကတော့ ဆေးစက်ကျရာ အရုပ်ထင် တဲ့
လေးပေါက်ကတော့ ခလုတ်နှိပ်ရာ အရုပ်ထင် ပဲ …