အထက်စီးကနေကြည့် တဲ့ အခါ     တစ်နေ့ တစ် နေ့ လမ်း ပေါ်မှာ လူ တွေ ဆိုင် ကယ် တွေ ကား တွေ ရှုပ်ရှက်ခပ် ။   မျက် စေ့ တွေ နောက် နား တွေ တွေ နောက်။   အဲ တော့ ဒါ တွေ ကို လွတ် ကင်း အောင်   12ထပ်မြင့် တဲ့ တိုက် တစ် ခု ရဲ့ ခေါင် မိုး ပေါ် ကို တက် ခဲ့ ပါတယ်။   လွတ်လပ် ကျယ် ပြန့် […]


      “စွန့်ခွာခြင်းအဝါ တိုးထွက်စအနီ ရှင်သန်ဆဲအစိမ်း ”   ကျောက်တော်ကြီးဘုရားထဲကိုရောက်တော့ ဘုရားပုရဝုဏ်ထဲမှာလှည့်ပါတ်ကြည့်ရင်း အစိမ်းအဝါတွေရောနေတဲ့ ညောင်ပင်ကြီးကိုမြင်ရပါတယ်။ အနီးနားကို အသေအချာကပ်ကြည့်လိုက်တော့ ပုရစ်ဖူးချီနေတဲ့ ရွက်သစ်နီနီလေးတွေကိုတွေ့ရပါတယ်။ နေ့လည်ပိုင်းကျုံးနံဘေးရောက်ပြန်တော့လည်း ညောင်ပင်မှာရွက်သစ်နီကျင်ကျင်လေးတွေရော ဖူးစပြုနေတဲ့ ရွက်စိမ်းနုလေးတွေကိုမြင်ရပြန်ပါတယ်။ ကျနော်တို့လိုလူသားတွေက သာ အပြောင်းအလဲတွေနဲ့ အလုပ်ရှုပ်နေပေမယ့် သဘာဝတရားကြီးကတော့ ပုံမှန်လည်ပါတ်နေမြဲပါဘဲ။ အချိန်တန်ရင် ရွက်ဝါအဖြစ်ကြွေသွားမယ်။ ရွက်သစ်တွေပရစ်ဖူးတွေထွက်လာမယ်။ နောက်ရင့်ကျက်လာတော့ စိမ်းမယ်။ ပြီးရင် ရွက်ဝါအဖြစ်ဘဝပြောင်းမယ်။   ဒါပေမယ့် ရွက်သစ်နုတွေကနေ အစိမ်းဘဝကို မကူးပြောင်းမီ ဘယ်လောက်များ ကြွေလွင့်သွားပါသလဲ။ ရွက်စိမ်းဘဝကနေ ဘယ်လောက်များ အချိန်မတိုင်မီလွင့်ပါးသွားခဲ့ပါသလဲ။ သစ်ပင်တစ်ပင်လုံးက ရွက်စိမ်းတွေရွက်ဝါဘဝကိုအားလုံးပြောင်းကုန်သွားပါသလား။ လို့မေးခွန်းတွေမေးမိတော့ မင်းတို့လူသားတွေရော ငါတို့လိုဘဲလား လို့ ပြန်မေးတာခံလိုက်ရပါတယ်။ ကဲ ဘယ်လိုဖြေကြမလဲဗျာ။     ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး […]


  အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   အချစ်ဇာတ်လမ်းလေးတစ်ပုဒ်     ကျမတို့ညီအမနှစ်ယောက်ရှိတာ အစကတော့အေးဆေးပါဘဲ။ ညီမဝမ်းကွဲလေးတွေတော့ရှိသပေါ့။ တစ်ရက်တော့ အငယ်မ ကိုလာရစ်နေတဲ့သူှရှိလာတယ်။ အငယ်မကလဲ မဆွတ်ခင်က ညွှတ်ချင်ချင် ကျမကတော့ မကန့်ကွက်ပါဘူး ကိုယ့်သဘောကိုယ်ဆောင်။ အစကတော့အပေးအယူမျှမျှနဲ့ ပျော်လို့ရွှင်လို့။ နောက်အဆုံးမတော့ သူဘဲ ပွင့်ဦးကြွေလို့ကျန်ခဲ့ရတာ။ သိတော့လွန်ကုန်ပြိလေ။ ကျမကတော့အပူမရှာမိတော့  အရင်အတိုင်းပါဘဲတော်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 12-2-2013   […]


    “ကျနော်လက်ဆော့ခဲ့တဲ့ ညနေခင်းလေးတစ်ခု”     အောင်ပင်လယ်ရယ်တက်သိမ်းအင်းရယ်ကိုသွားခဲ့တဲ့ညနေခင်းလေးမှာ အလှပုံတွေကိုလည်းရိုက်ဖြစ်ပါတယ်။ အမှတ်တရလက်ဆော့ခဲ့တဲ့ပုံလေးတွေလဲ ပါ ပါတယ်။ အသွားတုံးကမြင်ခဲ့တဲ့ ဘဲအုပ်လေးတွေရိုက်မယ်လုပ်တော့ ငါးမျှားသူတွေက ကမ်းစပ်မှာအပြည့်။ အဲတော့ ရေထဲမှာရှိနေတဲ့အပင်လေးကိုမြင်တော့လက်ဆော့။ ရေထဲက အပင်ကြီးမြင်တော့လဲလက်ဆော့။ မြန်မာ့ပင်ကျရေ ဖြန့်ချီရေးဆိုင်ကလေးကိုသွားတဲ့လမ်းကိုလက်ဆော့။ ကျွဲတွေနဲ့အလုပ်လုပ်နေသူကိုမြင်တော့လဲလက်ဆော့၊ ငှက်ပျောရွက်ပေါ်နေရောင်ဖြာကျတော့လဲလက်ဆော့။ နောက်ဆုံးသူ့ဘာသာသူနားနေတဲ့ ပုစဉ်းကိုလဲလက်ဆော့။ ကောင်မလေးတွေရေထမ်းလာတာကိုလက်ဆော့။ ကျွဲတွေအစာစားနေတာကိုက်ဆော့။ လောကကြီးကိုနုတ်ဆက်တော့မယ်နေမင်းကြီးရဲ့အရောင်တွေကိုလက်ဆော့။ အတော်ကိုလက်ဆော့တဲ့ကိုပေါက်ပါကလားနော်………………….   ကိုပေါ်က်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (10-9-2012)    


    “ပန်းလေးတွေအစုံအစုံ” တစ်     ကျနော်က ယောကျာ်လေးတန်မဲ့ ပန်းတွေကိုနှစ်သက်ပါတယ်။ အပင်ပေါ်မှာပွင့်နေတဲ့ပန်းလေးတွေကိုမြင်ရင်သဘောကျ။ ငယ်စဉ်ဘဝ မြေကြီးအလွန်ရှိတဲ့အိမ်မှာနေရတုန်းက ရသမျျနေရမှာ ပန်းပင်လေးတွေစိုက်။ ပွင့်လာရင် သဘောကျ။ မွှေးနေတဲ့ပန်းရနံ့က လူစိတ်ကိုဘယ်လိုကြည်နူးစေမှန်းမသိ။ အခုတော့ တိုက်ခန်းနေလူတန်းစားဘဝမှာအပင်စိုက်ဘို့အခွင့်မသာ။ ရသမျှနေရာလေးမှာပန်းအိုးနဲ့စိုက်ပြန်တော့ နေမဝ ရေမဝတော့ အပင်လေးတွေမှာ စိတ်ရှိတိုင်းမလန်း။ အဲတော့လဲ ပန်းပင်တွေ့တဲ့နေရာမှာလက်ဆော့လို့ဓါတ်ပုံရိုက်။ ဒီတစ်ခေါက်တောင်ကြီးဘက်ကိုသွားဖြစ်တော့ မာမီကမှာလိုက်ပါတယ်။ “ကိုပေါက် ဒီတစ်ခါ ပန်းတွေဓါတ်ပုံရိုက်ရင် နာမယ်မှတ်ခဲ့ပါ”တဲ့။ အဲတော့တောင်ကြီးရောက်တော့ကားပေါ်ကဆင်းဆင်းခြင်းမအိပ်တော့ဘဲလမ်းလျောက်ထွက်။ လမ်းနံဘေးမှ တွေ့တဲ့ပန်းလှလှမြင်ရင် ဓါတ်ပုံရိုက်။ လာသမျှလူကို “’ဒီပန်းလေးက ဘယ်လိုခေါ်ပါသလဲခင်ဗျာ”လို့မေး။ အမေးခံရသူကလဲ သေသေချာချာဖြေပေးနဲ့ အလုပ်ကို ဖြစ်လု့ိပါဘဲ။ အဲ အနီရောင်ပန်းအုံလိုက်ကြီးတွေ့လို့မေးမှ သိသူမရှိ။ ဆယ်နှစ်ရာသီပွင့်တယ် နာမည်က ပါးစပ်ဖျားတင်မေ့နေတယ်လို့ဆိုပြန်ပါတယ်။ နောက်ဆုံးတော့ ကိုပေါက်ပဟေဠိကိုမှန်အောင်ဖြေနိုင်သူပေါ်လာပါတယ်။ “  ဟင်းနုတ်သီးပန်း“လို့ခေါ်ပါသတဲ့။   […]


  “ဒါကို ဘယ်ခေါင်းစဉ်အောက်ထည့်မလဲ?????????????????????”     ကျနော်တို့နိုင်ငံမှာ အရက်ဘီယာ စီးကရက်ကြော်ငြာတွေကိုအားမပေးပါဘူး။ “ဘီယာဟာအရက်တော့ မဟုတ်ပါ”လို့ကိုနေအောင်ကြီးကြော်ငြာတုံးကတော့ အားလဲပေး ဆဲလဲဆဲပေါ့။ နောက်တော့ တီဗွီမှာ ဂျာနယ်မှာ မဂ္ဂဇင်းမှာအရက်ဘီယာမပြောနဲ့ အဖျော်ယမကာဆိုတဲ့စကားလုံးတောင် မသုံးရတော့တဲ့အထိ တင်းကျပ်ခဲ့ပါတယ်။ နောက်တော့ သူတို့ အမှတ်တံဆိပ်တွေကို ရေသန့်ပုံပြောင်းလို့တွေ့လာရပြန်ပါတယ်။ အစိမ်းရောင် ထမီရင်လျှားနဲ့မိန်းမချောလေးပုံကို ဘီယာကြော်ငြာမှာတွေ့လာရပြန်ပါတယ်။ ချစ်စရာကောင်းပါ၏။ ကျနော်အခုရက် တောင်ပိုင်းရှမ်းပြည်ဘက်ခရီးသွားဖြစ်ပါတယ်။ ခရီးလမ်းခုလတ် ထမင်းစားနားကြတော့ ဆိုင်နံရံမှာကပ်ထားတဲ့အရက်ကြော်ငြာတွေကို တွေ့ရပါတယ်။ အတော်ကိုပြောင်မြောက်စွာဖော်ထားပါတယ်. ဒါပေမယ့်ဒီကြော်ငြာကို မြိုပေါ်မှာမတွေ့ဘူးသေးပါဘူး။ အခုလိုတိုးတက်တဲ့ခေတ်မှာ နိုင်ငံခြားကလူက မြန်မာပြည်လာပြီး စီးပွားရေးလုပ်တော့ သူတို့နဲ့ဆက်စပ်တဲ့သီအိုရီတွေ ပါ မြန်မာပြည်ရောက်လာပါတယ်။ အဲတော့ မားကက်တင်းနဲ့ပါတ်သက်တဲ့သီအိုရီတွေ ကျနော်တို့ မကြားမသိဘူးခဲ့တာတွေ့သိလာရပါတယ်။ အရင်ကမြန်မာကြော်ငြာဆိုရင် လုံလုံခြုံခြုံ ။ အခုဒီပုံလေးမြင်တော့ အောင်ငါတို့လဲ လွတ်လပ်ပဟဲ့လို့တွေးမိပါတယ်။ ဒီပုံတွေမြင်ရင် မားကက်တင်းသီအိုရီတွေထဲမှာ […]


10 ပြာလွင်သောကောင်းကင်အောက်မှာ အမြင်ဒေါင့်စောင်းစောင်းလေးပေါ့ “နံနက်ခင်းမြူများကြားကရန်ကုန်…………………”   လွတ်လပ်ရေးနေ့မနက် ငါးနာရီကျော်ကျော်လောက်မှာကျနော်တည်းမယ့်အိမ်ကိုရောက်ပါတယ်။ အဲတော့ ပြန်လဲမအိပ်ချင်တာနဲ့ ထုံးစံအတိုင်းလမ်းလျှောက်ထွက်ခဲ့တာပေါ.။ အဲတာနဲ့ စွယ်တော်ဘက်သွားမယ်ဆိုပြီး ကမ္ဘာအေးကုန်းကျော်ပေါ်တက်လာခဲ့ပါတယ်။ ကုန်းကျော်ပေါ်ရောက်တော့ စွယ်တော်ကို ရိုက်နေရင်းအရှေ့ဖက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာ ကွင်းပြင်ထဲက နေရေငွေ့တွေထနေတာတွေရပါတယ်။ အဲဒါနဲ့တံတားပေါ်က ဆင်း ရပ်ကွက်လမ်းကျဥ်းကျဥ်းလေးတွေကို ဖြတ်ပြီးသွားလို်က်ပါတယ်။ အဲဒီကနေ အရှေ့ဖက်ကိုရောက်လို့ တော်တော်လေးသွားမိတဲ့အခါမှာ လမ်းမကျယ်ပေါ်ကိုရောက်သွားပါတယ်။ တော်တော်လေးသွားလိုက်တော့ ခြံကျယ်ကြီးတစ်ခုထဲမှာအုန်းပင်တွေတန်းစီနေတာတွေ့ရပါတယ်။ ဆက်သွားလိုက်တော့ လမ်းအနောက်ဘက်က ဝင်းကျယ်ကြီးထဲမှာ ကျနော်လိုချင်တဲ့ရေငွေတွေထနေတာကိုမြင်ရပါတယ်။ လမ်းကလှမ်းကြည့်ရင် အရှည်ကြီးပါဘဲ။ အဲဒါနဲ့လမ်းဖြတ်သွားတဲ့လူတစ်ယောက်ကို မေးကြည့်တဲ့အခါ တည့်တည်လိုက်သွား အကွေ့လေးရောက်ရင် အနောက်ဖက်ကိုချိုး အဲဒါဆိုရင် လမ်းမကြီးပေါ်ပြန်ရောက်မယ်လို့ပြောပါတယ်။ သူပြောတဲ့အတိုင်းဆက်သွားတဲ့အခါမတော့ လမ်းဘေးဝဲယာမှာ ရေငွေ့တွေထနေတဲ့ ကွင်းပြင်ကျယ် စိမ်းစိုတဲ့ ကန်စွန်းခင်း ဖြူလွှတဲ့ဗျိုင်းတွေ၊ ကြည်လင်တဲ့ချောင်းကလေးတွေ တွေ့ရပါတယ်။ ပြာလွင်တဲ့ကောင်းကင်ကလဲ တပြန့်တပြော။ ဟိုမြောက်ဘက်အဝေးမှတော့ စွယ်တော်စေတီကိုဝိုးတဝါး။ ဒါပေမယ့် […]


“ကိုပေါက်လမ်းသလားနေသည် အပိုင်း(19)” ( ဖောင်တော်ဦးဘုရား) ကျနော်တို့အင်းထဲရောက်တဲ့အချိန်က မနက်ဆယ်နာရီကျော်ကျော်လောက်။ နေကတော့ နည်းနည်းပူပါတယ်။ ထီးကတော့ တစ်လက်ထဲပါတော့ မဒမ်ပေါက်ကို ဦးစားပေးလိုက်ပါတယ်။ ကျနော်ကတော့ နေပူတာတောင် သတိမထားနို်င်လောက်အောင် မြင်ကွင်းတွေက ဆွဲဆောင်နိုင်လွန်းပါတယ်။ အမြဲမြင်နေကျ မွန်းကျပ်ပိတ်လှောင်နေတဲ့ မြို့ပြကနေ ပြာလွင်သောကောင်းကင်ကျယ်၊ အေးမြလတ်ဆတ်သောလေတွေနဲ့သာ ထုံမွှမ်းထားတဲ့ရေပြင်ကျယ်၊ မြင်တွေ့လေရာမှာစိမ်းမြတဲ့ သဘာဝပေါက်ပင်တွေ ကိုင်းတောတွေသစ်ပင်တွေကြောင့် လူက ပိုလန်းဆန်းလာတာကတော့ အမှန်ပါဘဲ။ စိတ်မအားလူမအားနားမအား မျက်စေ့မနားဘဝကနေ အေးချမ်းသာယာတဲ့ နေရာထဲကို ခဏလောက်ပစ်ချခံရတဲ့ယာယီဘဝလေးကတော့ ကျေနပ်စရာအပြည့်လို့ထင်မိပါရဲ့။ ဖောင်တော်ဦးဘုရားကို လှမ်းမြင်နေရပေမယ့် လှေတွေဆိုက်ထားတဲ့နေရာမှာ ဝင်မကပ်ဘဲ ကျနော်တို့လှေကလေးက ကွေ့ကောက်ပြီး ဘုရားကိုပတ်လို့ ဝင်သွားပါတယ်။ ကျနော်တို့ရောက်တဲ့နေကတော့ အင်းလေးဖောင်တော်ဦးက ဆင်းတုတော်လေးဆူ အပူဇော်ခံဘို့အတွက် ဒေသစာရီမကြွ ခင်တစ်ရက်အလိုမှာရောက်တာပါ။ ဒါကြောင့်လဲအဲဒီနေ့မှာကျနော်တို့လို သာမန်ဘုရားဖူးတင်မကဘဲ ဆင်းတုတော်သယ်ယူဘို့အတွက်ဆွေးနွေးကြမယ့် အခြားရွာကလူတွေလဲ ရောက်နေတာကို သိရပါတယ်။ […]