Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရောက်ရာပေါက်ရာမြင်မြင်ရာက ပန်းစုံရောင်စုံ့ (အပိုင်းတစ်)

1 ပန်းကလေးဝါဝါ အချစ်နေကြာ
2 ပန်းနှစ်ပွင့်အလှယဉ်(ဒင်္ဂါးပန်းမျိုးစိတ်တဲ့ သူများပြောတာနော်)
3 ပန်းရင့်ရောင်သွေးနဲ့ ဒေစီ………………………………
4 ကြွေပန်း
5 ဈေးထဲမှာရောင်းဘို့ခင်းထားတဲ့သစ်ခွ

 

6 ဗင်ဒါ…………………………..
7 မြေဇူပန်း အနီ(မဉ္စူပန်း)
8 ဒေလီယာ နီနီ
9 ပန်းနဲ့ပိတုန်း ဝတ်ရည်သုံးသူ
10 အဝါရောင် ဒင်္ဂါးပန်းပါတဲ့
11 ဒေလီယာ ဝါ
12 တစ်ပွင့်ယဉ်ယဉ် ဝါရောင်ဆင်

 

13 နီလွင်လွင် ဒေလီယာ
15 ကြက်သွေးရောင်တစ်ထပ်ဒေလီယာ

“ပန်းလေးတွေအစုံအစုံ” တစ်

 

 

ကျနော်က ယောကျာ်လေးတန်မဲ့ ပန်းတွေကိုနှစ်သက်ပါတယ်။

အပင်ပေါ်မှာပွင့်နေတဲ့ပန်းလေးတွေကိုမြင်ရင်သဘောကျ။

ငယ်စဉ်ဘဝ မြေကြီးအလွန်ရှိတဲ့အိမ်မှာနေရတုန်းက ရသမျျနေရမှာ

ပန်းပင်လေးတွေစိုက်။

ပွင့်လာရင် သဘောကျ။

မွှေးနေတဲ့ပန်းရနံ့က လူစိတ်ကိုဘယ်လိုကြည်နူးစေမှန်းမသိ။
အခုတော့ တိုက်ခန်းနေလူတန်းစားဘဝမှာအပင်စိုက်ဘို့အခွင့်မသာ။

ရသမျှနေရာလေးမှာပန်းအိုးနဲ့စိုက်ပြန်တော့ နေမဝ ရေမဝတော့ အပင်လေးတွေမှာ

စိတ်ရှိတိုင်းမလန်း။

အဲတော့လဲ ပန်းပင်တွေ့တဲ့နေရာမှာလက်ဆော့လို့ဓါတ်ပုံရိုက်။

ဒီတစ်ခေါက်တောင်ကြီးဘက်ကိုသွားဖြစ်တော့ မာမီကမှာလိုက်ပါတယ်။

“ကိုပေါက် ဒီတစ်ခါ ပန်းတွေဓါတ်ပုံရိုက်ရင် နာမယ်မှတ်ခဲ့ပါ”တဲ့။

အဲတော့တောင်ကြီးရောက်တော့ကားပေါ်ကဆင်းဆင်းခြင်းမအိပ်တော့ဘဲလမ်းလျောက်ထွက်။

လမ်းနံဘေးမှ တွေ့တဲ့ပန်းလှလှမြင်ရင် ဓါတ်ပုံရိုက်။

လာသမျှလူကို “’ဒီပန်းလေးက ဘယ်လိုခေါ်ပါသလဲခင်ဗျာ”လို့မေး။

အမေးခံရသူကလဲ သေသေချာချာဖြေပေးနဲ့ အလုပ်ကို ဖြစ်လု့ိပါဘဲ။

အဲ အနီရောင်ပန်းအုံလိုက်ကြီးတွေ့လို့မေးမှ သိသူမရှိ။

ဆယ်နှစ်ရာသီပွင့်တယ် နာမည်က ပါးစပ်ဖျားတင်မေ့နေတယ်လို့ဆိုပြန်ပါတယ်။

နောက်ဆုံးတော့ ကိုပေါက်ပဟေဠိကိုမှန်အောင်ဖြေနိုင်သူပေါ်လာပါတယ်။

“  ဟင်းနုတ်သီးပန်း“လို့ခေါ်ပါသတဲ့။

 

 

ကိုပေါက်လမ်းသလားနေသည်။

(10-8-2012)

 

 

18 comments

    • Khaing Khaing

      August 16, 2012 at 12:11 pm

      အူးပေ ….. ကြော်ငြာဝင်တယ်ဆိုတာ ဟို၀ဝလှလှနဲ့လူကြီးကိုပြောတာလား …..

    • ဂန္ဓာရီ ဆြာအုပ်

      August 16, 2012 at 12:16 pm

      အဲဒါဘာပန်းလဲဗျ…ဟိ

  • ဂန္ဓာရီ ဆြာအုပ်

    August 16, 2012 at 12:22 pm

    ရောင်စုံဖြာ ဖူးပွင့်တဲ့ ကပေါက် ဥယဉ်တွင်းဝယ်
    ဖြူနီပြာ ပြိတ်တာလေးတွေ အဲလေ လိပ်ပြာလေးတွေ ဝဲလည် ဝဲလည်

  • surmi

    August 16, 2012 at 1:02 pm

    ပန်းကြိုက်သလို ပန်းကိုလဲလှအောင်ရိုုက်တတ်ပါပေ ့
    အဲဒီပန်းတွေတော်တော်များများ ဒီဘက်မှာမရှိဘူးထင်တယ်

  • P chogyi

    August 16, 2012 at 1:22 pm

    ကျွန်တော်ကတော့ ပန်းမကြိုက်ဘူး
    ဒါပေမဲ့ ဓာတ်ပုံတွေကြိုက်တယ်။

  • shwe kyi

    August 16, 2012 at 1:52 pm

    လေးပေါက်ရ နံပါတ် 7 ကပန်းလေးတွေကိုရွှေကြည်တို့နယ်ဘက်မှာ မယ်ဇူပန်း လေးနာရီပန်း အဲလိုခေါ်ကြတယ်။ အရောင်စုံပဲ။ အခုလိုမိုးရာသီဆိုရင်ဝေနေအောင်ပွင့်တယ်။ ရွှေကြည်တို့ငယ်ငယ်က ညနေဆို ပန်းအရောင်စုံတရစ်ဆီပန်းကန်ပြားထဲမှာ မောက်မောက်လေးဖြစ်အောင်စီပြီးဘုရားကပ်ကြတာ။
    10 အဝါရောင် ဒင်္ဂါးပန်း မျိုးမမြင်ဖူးသေးဘူး လှလိုက်တာ ရွှေကြည်တို့နယ်ဘက်မှာရွှေဒင်္ဂါးပန်းဆိုပြီးရှိတယ်။
    အရောင်လေးကရွှေအိုရောင်ဘက်သန်းတယ် သိပ်လှတာ။

  • mocho

    August 16, 2012 at 2:52 pm

    မန္တလေး ကသူငယ်ချင်း ပြောပြော နေတဲ့ မြေဇူပန်းဆို တာ အဲတာကိုး။ ပန်းတွေ တော် တော် များများ ရဲ့ နာမည် ကို မသိဘူး ရယ်။ ဒေလီ ယာ ကို လည်း ခုမှ နာမည်နဲ့ တွဲ မိတယ်။

  • etone

    August 16, 2012 at 3:34 pm

    လေးပေါက်ရေ ….
    သမီးကတော့ မိန်းမတန်မဲ့ … ပန်းပန်တာ ဝါသနာမပါသလို .. ပန်းပင်တွေအပြင်မှာ မြင်လျှင် ..သိပ်ပြီး … မခံစားတတ်သလိုပဲ ..။
    အခုလိုမြင်ရတော့ …. ပန်းတွေအကုန်လုံး ဓါတ်ပုံထဲမှာ လှနေသလိုပါပဲ ….. ။ ဓါတ်ပုံရိုက်တဲ့ လူရဲ့ စေတနာကြောင့်လည်း ပါမယ် … ဟီးဟီး :mrgreen:
    ပန်းလေးတွေရဲ့ အပင်အတိုင်းအလှကို အပြင်မှာ မခံစားတတ်ပေမယ့် ..သူများ ပန်းအိုး အလှထိုးထားလျှင်တော့ … လှည့်ပတ်ပြီး ကြည့်တတ်တယ် … ။ ပန်းအိုးထိုးရတာ ဝါသနာပါတာကြောင့် ၊ သူများ ပန်းလှလှပပထိုးထားလျှင် လိုက်ကြည့်အတုခိုးပြီး ပန်းအိုးလိုက်ထိုးပစ်တယ် … ။ 😀

  • မွန်မွန်

    August 16, 2012 at 3:50 pm

    သမီးရောပဲ..ပန်းလည်း စိတ်မဝင်စားဘူး…ပန်းတွေလည်း သိပ်မသိဘူး… အဲဒီလို မိန်းကလေးပီသတာ…:P
    ပန်းအိုးတောင် သေသေချာချာ ထိုးဖူးရဲ့လားမသိ… 🙂
    လေးပေါက်ပုံတွေ့မှ ဒေလီယာလေးတွေကိုတော့ ကြိုက်မိသား…

  • ဒီတစ်ခါ ပန်းတွေက ဆရာမကြီး TTNU က ပန်းတွေကို စာရင်းပြုစုနေတယ်ဆိုလို့လဲ
    အခါတိုင်းထက်ပိုရိုက်ဖြစ်တာပါ။
    လှတာမြင်တော့ စိတ်ချမ်းသာတာပေါ့နော်……………………

  • TTNU

    August 17, 2012 at 12:35 am

    ကိုပေါက်ရေ..
    ဟင်းနှုတ်သီးကဘယ်ဟာလဲ။ဒီထဲမပါဘူးမို့လား။
    အခွေထဲမှာကြည့်လိုက်မယ်။
    မာမီအတွက် ပန်းတွေပိုရိုက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ကိုပေါက်လည်းစိတ်ချမ်းမြေ့ပါစေ။

  • Shwe Ei

    August 17, 2012 at 12:49 pm

    ပန်းလေးတွေမြင်ရတာ စိတ်ထဲ အေးချမ်းလိုက်တာ လေးပေါက်ရေ။ ပန်းတွေတော်တော်များများက အမေ့မြို့(ကျမရဲ့မွေးရပ် မြေလတ်) မှာရော ၊ အဖေတို့ တောကအိမ်မှာပါ အလှစိုက်ထားလို့ မြင်ဖူးနေပါတယ်။ ရွာနောက်ဖက် ချောင်းတဖက်ကမ်းက နေကြာခင်းကြီးဆီ လေးပေါက်ကို ဒါ့ပုံလက်စွမ်းပြဖို့ အလည်ခေါ်ချင်လိုက်တာ 😀

  • နွယ်ပင်

    August 17, 2012 at 1:34 pm

    ပန်းလေးတွေကလှလိုက်တာ လေးပေါက်ရယ် …
    နွယ်ပင်က ပန်းပန်ရတာကို မကြိုက်ပင်မယ့် ပန်းလေးတွေ အပင်မှာပွင့်နေတာရယ်
    ပန်းအိုးအလှထိုးထားရယ်ကိုတော့ သိပ်ကြိုက်ပဲ ….

  • အရီးခင်လတ်

    August 17, 2012 at 4:51 pm

    ကိုပေါက်ကြီး
    နံပါတ် 7 မြေဇူပန်း အနီ(မဉ္စူပန်း) ကို အဖွားနယ်ဖက်မှာ လေးနာရီပန်းလို့ ခေါ်တယ်။
    ညနေစောင်း ဆို အပွင့်တွေက ပြန်ငုံသွားတယ်။
    ပန်းလေးတွေအားလုံးလှတယ်။
    နံပါတ် ၈ ဒေလီယာ နီနီ ကို အကြိုက်ဆုံးပါ။
    ချစ်စရာပန်းလေးတွေ အတွက် ကျေးဇူးပါဗျို့။ 🙂

  • aye.kk

    August 17, 2012 at 6:46 pm

    ကိုပေါက်ရေ..။
    ပန်းတွေမြင်တော့၊ပန်းနဲ ့ပတ်သက်တဲ့ခံစားမှုတွေပြောပြချင်မိတယ်။
    အဖေကပန်းတွေကိုအရမ်းချစ်တော့။
    ပန်းတွေကိုမျိုးစုံအောင်စိုက်ထားတာ။
    ငယ်ငယ်ကနေကြီးပျင်းလာတဲ့အရွယ်ထိကျောင်းသွားရင်..
    ဆရာမအတွက်၊သူငယ်ချင်းများအတွက်အိမ်မှာပွင့်တဲ့ပန်းမျိုးစုံကို..
    တစ်နေ ့တစ်မျိုးမရိုးရအောင်ခူးသွားပေးတာ။
    အဖေသိအောင်တစ်မျိုးမသိအောင်တစ်မျိုးနဲ ့ယူသွားရတယ်။
    အင်္ဂလိတ်မရမ်းပန်းသီးကအဖေကအပင်မှာပဲအလှထားတာ။(အရောင်ကနို ့နှစ်နဲ ့ပန်းဆီသွေးရောင်)
    ဆရာမကသူ ့ဆံထုံးမှာတွဲလွဲလေးပန်းချင်တယ်ပြောတော့အဖေ့ကိုခွင့်တောင်းပြီးခူးသွားပေးရတယ်။
    သူငယ်ချင်းကလိုချင်ရင်တော့၊အဖေ့ကိုမပြောရဲဘူး။အဖေမသိအောင်ခူးပေးရတယ်။
    ဒေလီယာကပွင့်တော့မယ်ဆိုရိုးတံကိုင်းကနေဖက်ကိုလှည့်သွားတယ်။
    နံနက်ခင်းနေခြည်လာတဲ့ချိန်ဆိုပန်းကပွင့်တော့တာပါဘဲ။
    ဒေလီယာတွေပွင့်ရင်ကျောင်းမသွားခင်ပန်းခြံထဲမှာပန်းပွင့်တာကိုကြည့်ပြီးမှသွားခဲ့တယ်။
    လေးနာရီပန်း(မြဉ္ဖူပန်း)က၊ကျောင်းဆင်းချိန်ပြန်လာပြီဆိုရင်လွယ်အိတ်ကိုမချနိုင်ခဲ့ဘူး။
    ညနေလေးနာရီထိုးတဲ့အချိန်တိတိမှာပွင့်တတ်တော့၊ပွင့်တဲ့အထိထိုင်ကြည့်နေတတ်တာပါ။
    ဘယ်လောက်ပဲကြည့်ကြည့်၊ကြည့်လို ့မဝနိုင်ခဲ့ဘူး။အဖေကတွေ ့ရင်ကြည့်ရတာ
    မရိုးသွားဘူးလားလို ့မေးတတ်လေ့ရှိခဲ့တယ်။ပန်းတွေပွင့်လာတာကိုကြည့်ရင်းရင်ထဲမှာကြည်နှူးရတာ။
    ဘယ်အရာနဲ ့မှမတူသလိုပါဘဲ။ကျမကအရမ်းသဘောကျနှစ်သက်တဲ့အကြောင်းအဖေ့ကိုပြောတဲ့အခါ။
    အဖေကကျမကိုစကားတခွန်းပြောတယ်။ငါ့သ္မီးကငါ့လိုအေသွေးပိုင်ရှင်တူနေ
    တာမို ့စိတ်ခံစားမှုနုလွယ်တဲ့သူပါဘဲတဲ့။ဆူတော့မဆူဘူး။
    သူငယ်ချင်းကတော့အော်တိုထဲမှာရေးပေးခဲ့ဘူးတယ်။
    ပန်း….
    လှသောပန်းတို ့မည်သည်…။
    မခူးချင်သူဘယ်မှာရှိအံ့နည်းတဲ့…။
    ထို ့ကြောင့်လှသောပန်းတို ့မည်သည်အကြွေမြန်၏တဲ့လေ..။။

  • aye.kk

    August 17, 2012 at 6:57 pm

    လေးနာရီပန်းကပွင့်ပြီးသိတ်မကြာလှဘူး၊ခဏလေးပဲခံတာ။
    ငါးနာရီလောက်ဆိုပြန်ငုံသွားပြီ။ပန်းထဲမှာတော့အရမ်းကိုနွမ်းမြန်လွယ်တဲ့ပန်းပါဘဲ။။

Leave a Reply