ပဉ္စမအကြိမ်မြောက်ရွှေအမြုတေစာပေဆုပေးပွဲကျင်းပ

klnJune 1, 20101min350

ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ အခမ်းအနားကို မေလ ၂၈ရက်နေ့ ညဦးပိုင်း ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆုပေးပွဲတွင် ကဗျာဆုကို ၂၀၁ဝပြည့်နှစ် ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်ပါရှိခဲ့သော “နွေဦးကို… နွေဦးနဲ့… နွေဦးမှာ …နွေဦးသာ” ကဗျာဖြင့် ကဗျာဆရာမောင်လင်းရိပ်ကလည်းကောင်း၊ ဝတ္ထုတိုဆုကို ၂၀၀၉ခုနှစ် ရွှေအမြုတေမဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “ကြာတောမှဗေဒါ” ဝတ္ထုတိုဖြင့် ဆရာမလဲ့ဝင်းကြည်(ချို)ကလည်းကောင်း၊ ရသစာတမ်းဆုကို ၂၀၁ဝပြည့်နှစ်ဖေဖော်ဝါရီလထုတ်စတိုင် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ကျွန်တော်နှင့်အလှူခံများ” ရသစာတမ်းဖြင့် ဆရာနောင်ကျော်ကလည်းကောင်း၊ မျိုးဆက်သစ်စာပေဆုကို ၂၀၀၉ခုနှစ်အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ဆန်သူခိုး”ဝတ္ထုတိုဖြင့် ဆရာမငွေကြယ်စင်ကလည်းကောင်း၊ ဆောင်းပါးဆုကို ၂၀၀၉ခုနှစ် နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “ပုံနှိပ်ကြေးရုပ်များ” ဆောင်းပါးဖြင့် ဆရာငြိမ်းသစ်ကလည်းကောင်း၊ ဝတ္ထုရှည်ဆုကို ၂၀၁ဝပြည့်နှစ် ဧပြီလထုတ်ရွှေအမြုတေ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်းတစ်ခဏအတွင်း၌” ဝတ္ထုရှည်တွင် ဆရာသင်းရီက လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြောင်းသိရသည်။