ဓါတ်ပုံရိုက်ခြင်း အနုပညာ တွင် ဈာန်ဝင်စားကြည့် ခြင်း..

ムラカミJanuary 20, 20121min15811

သင်ဟာ တကယ်လို့များ ဓါတ်ပုံပညာ ကို ထဲထဲဝင်ဝင် လုပ်ကိုင်ပြီဆိုရင်ပေါ့ ….။

သင့် ကင်မရာ ကို သင် ကျင်လည်စွာ အသုံးချပြီး ဖိုးကပ်စ် ကို ပုံစံမျိုးစုံ ဖြတ်တောက် နိုင် ၊ ဆန်းသစ်တီထွင်မှု ရှိတဲ့ ရှုထောင့်တွေကို

ရိုက်ကူးနိုင်လာပြီ ဆိုရင် စစ်မှန်တဲ့ အလှတရား ရဲ့ ကဏ္ဍကို ရောက်ရှိလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်…။

 

 

ပြုမူလှုပ်ရှားမှု အပေါ်မှာ အပြည့်အဝ ဈာန်ဝင်စားပြီး အရာအားလုံး ပကတိ နတ္ထိ အနေအထားကို စဉ်းစားကြည့်ပါ။

တနည်းအားဖြင့်တော့ ဓါတ်ပုံပညာဟာ သမာဓိ တည်ဆောက်မှု တစ်မျိုးလို့ တင်စားနိုင်ပါတယ်…။ စိတ်နှလုံး နဲ့ ကင်မရာ

မှန်ပြောင်းရဲ့ ဖိုးကပ်စ် ၂ခုစလုံးဟာ ပုံရိပ်ပေါ်မှာပဲ တသမတ် ကျရောက်နေပြီး ထိုမှ လွဲ၍ ဘာဆိုဘာမှ မရှိတော့ဘူး(ဝါ)

ဂရု မမူတော့ဘူး ဆိုတဲ့ အနေအထားမျိုးပေါ့…။

 

တရားထိုင်ခြင်းဟာ self-realization နဲ့ consciousness ကို လေ့လာသင်ယူတဲ့ အပြုအမူတစ်ခု ဆိုရင် ဒါကို

ဓါတ်ပုံပညာမှာ ကူးယူ အသုံးချနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်. … စာရေးသူရဲ့ အမြင်အရတော့ ဒါဟာ ဓါတ်ပုံပညာ

ကျွမ်းကျင်မှုကို ပိုမို အရောင်တောက်ပ အောင် မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းလို့ မြင်မိပါတယ်။

တရားထိုင်တဲ့အခါမှာ အသက်ရှုသွင်း/ ထုတ် တစ်ခုတည်းကို ကို focus လုပ် မှတ်သားသလိုပဲ …ဓါတ်ပုံပညာမှာတော့

စွဲမြဲ စူးနှစ် ထားရမှာက ...ပုံရိပ်ဆိုပါတော့..

 

ပုံရိပ်ကို ဈာန်သွင်းပြီး နက်ရှိုင်း စွာ စူးစိုက် အာရုံပြုခြင်း ကို concentrated focus အဖြစ် လေ့ကျင့်ကြည့်နိုင်ပါတယ်…။

ဒါကို မြင်ကွင်း ဘောင်ခတ်တဲ့ နေရာမှာ ၊ perspective တွေ တိုးတက်ကောင်းမွန်ဖို့အတွက် သုံးကြည့် နိုင်ပါတယ်…။

 

 

လူအများစုဟာ ကမာ္ဘပတ်ပြီး အရာဝတ္ထုတွေကို စူးစမ်း ကြည့်ရှုကြပါတယ် …။ သို့သော် သူတို့ တကယ် မမြင်ကြပါ..။

အရာဝတ္ထုတွေကို တံဆိပ်ကပ်ခြင်း ၊ အမျိုးအစား ခွဲခြားခြင်းတို့ကိုပဲ တွင်တွင်ကြီး ပြုလုပ်တတ်ကြပြီး အရာအားလုံးဟာ

ဘယ်လို အလှတရား နဲ့ တည်ဆောက်ထားတယ်ဆိုတာကို မမြင်တတ်ကြပါဘူး…

  • အားလုံးကို ကြည့်ကြည့်တဲ့ အကျင့်ကိုကျင့်ပါ..

lotus position လို့ခေါ်တဲ့ တရားထိုင်တဲ့ ပုံစံ အကျအန နဲ့ ထိုင်ဖို့ မဆိုလိုပါဘူး …ရိုက်ချက်တချက် အတွက် မရိုက်မီ

၅-၁ဝမိနစ်လောက် စူးစိုက် ကြည့်ရှုလေ့လာစေချင်ပါတယ်..။နေရာအနေအထား ရှုထောင့်အတွက် အချိန်ကို

အသုံးချခြင်းပဲဖြစ်ပါတယ်။

 

  • ဘာမှ မတွေးပါနဲ့

 

ရိုးရှင်းစွာ လေ့လာပါ။ အလင်းဟာ အရာဝတ္ထုတွေကို ဘယ်လို ရိုက်ခတ်ပါသလဲ …အလင်းပိတ် ဝတ္ထုတွေနဲ့တွေ့တဲ့အခါ

ဘယ်လို ပုံစံအရိပ်တွေ ဖြစ်ပေါ်ပြီး အခြားအရာတွေကို ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို ပေါ့။

အလင်းရဲ့ အရည်အသွေးနဲ့ အလင်းမှာပါဝင်နေတဲ့ အရောင်တွေကို သိပါစေ။ အရာဝတ္ထု တွေရဲ့ သဘာဝ ကောက်ကြောင်း ၊

ပုံစံတွေနဲ့ အဆိုပါ အရာဝတ္ထုတွေက ရိုက်ကွင်းကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာကိုရောပေါ့.။

အခြားသော အာရုံများကိုလည်း အသုံးချပြီးလေ့လာပါ…။လေထဲက ရနံ့ကို ခံစားပါ ..။

လေညင်းနဲ့အတူပါလာမယ့် ..အသံတွေကို နားစဉ်ပါ..။

သင့်ကိုယ်သင် သင်ရိုက်မယ့် ရိုက်ကွင်းမှာ အပြည့်အဝ ပျော်ဝင်နေပါစေ ..။

အမှန်တကယ် ပျော်ဝင်နေဖို့ လိုပါတယ် ။ သင့်စိတ်ထဲကနေပြီး လက်ရှိအချိန်မှာ အရေးမပါတဲ့ အခြားတပါးသော

တနေရာရာကို ရောက်ရှိမနေပါစေနဲ့…။ ဒါဟာ သင်ရိုက်ကူးမယ့် နေရာ loacation ကို အကောင်းဆုံး နားလည် အသားကျ နိုင်မယ့်

နည်းလမ်း လို့ဆိုချင်ပါတယ်..။ မရိုက်ကူးခင်မှာတော့..လူတွေ ဓါတ်ပုံဆြာတွေဟာ ..subject(သို့) model အစရှိတဲ့ ပုံ၁ပုံရဲ့

အဓိက ပြချင်တဲ့ အပိုင်းတွေနဲ့ပါတ်သတ်ပြီး ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိတတ်ကြပါတယ် …။

location ကိုလည်း ထိုသို့ သိနေဖို့ လိုအပ်ပါတယ်..

သဘာဝတရားပဲဖြစ်စေ ..ဗိသုကာ လက်ရာတွေကို ရိုက်ရင်ပဲဖြစ်စေ သည်သဘောတရားဟာ အတူတူပါပဲ….။

 

  • ဘောင်ခတ်သည့်အခါ

ဘယ်တော့မှ မလေ့လာဘဲ ချက်ခြင်းဆိုသလို ကင်မလာထုတ်-ရိုက် မလုပ်မိပါစေနဲ့ .။ ဓါတ်ပုံဆြာ အတော်များများဟာ ရိုက်ကွင်းရိုက်ကွက်

သာပြီဆိုတာနဲ့ ကင်မလာထုတ်ပြီး တန်းရိုက်လေ့ရှိပါတယ်။ အများဆုံး စက္ကန့်ပိုင်းလောက်သာ ချောင်းကြည့်ပေါက် view finder ကနေ

မြင်ကွင်းကို အချိန်ပေး ကြည့်ရှုတတ်ကြပါတယ်…။

တကယ်တော့ ဓါတ်ပုံရိုက်ခြင်း အနုပညာမှာ နောက်ထပ် အလွန်ရေးကြီးတဲ့ အချိန်ယူခြင်း ဆိုတဲ့ အဆင့်တစ်ဆင့် ပါဝင်နေပါတယ် …။

သူတို့ဟာ ဒါကို skip လုပ်မိကြတာပါ..။

 

တကယ်ဖြစ်သင့် သည်က viewfinder ကနေ ဘောင်ခတ်ထားတဲ့ အတွင်းက အရာရာတိုင်း ကို အသေအချာ မြင်အောင် ကြည့်ပါ..။

သည်အပြုအမူဟာ …မကြာခန ဆိုသလို ပိုကောင်းမွန်တဲ့ ရိုက်ချက် အိုင်ဒီယာ ကောင်းတွေ ပေးနိုင်လို့ပါပဲ …ချက်ခြင်း

ခလုပ်နှိပ်ပြီး ရိုက်ချပစ်လိုက်တာကတော့ သိပ်လွယ်လွန်းသပေါ့…။

 

  • နေ့စဉ်နှင့်အမျှ လေ့လာ သင်ယူပါ…

တစုံတရာကို သာ စူးစိုက်လေ့လာမှုလိုမျိုး ..ဓါတ်ပုံပညာမှာ စူးစိုက် လေ့လာပြီး ရိုက်မယ်ဆိုရင် တစုံတခုသော အရာကိုတော့

နေ့စဉ်နှင့်အမျှ စွဲမြု လုပ်ကိုင်သွားဖို့ လိုပါတယ်..။ ပန်းခြံထဲ လမ်းလျောက်ရင်း …. အလင်းရောင်နည်းနေတဲ့ လမ်းကလေးက

ဖြတ်သွားရင်း  …..အလှတရား တစုံတရာ ကို ဖြတ်ဖြတ်သွားနေမိတယ်..ဆိုတာမျိုး သိထားပေးပါ…။

ဘယ်သွားမယ် ဘယ်တော့သွားမယ်  ဘာလုပ်မယ် ဘာပြောမယ် ဆိုတာတွေ တွေးမနေဘဲ ဘာတွေ့တယ် ဆိုတာကို သေချာစွာ

လေ့လာကြည့်ပါ…။

တခု သတိပေးလိုတာကတော့ သည်လို လေ့လာမယ်ဆိုရင် ရုတ်တရက် ကင်မလာ ဆွဲပြီး ရိုက်ချင်စိတ်ပေါက်လောက်တဲ့ အလှမျိုး

မကြာခန တွေ့တွေ့ လာရမယ် လို့ ဆိုချင်ပါတယ်…။ (ဘယ်သွားသွား ကင်မရာ ယူသွားပါ…)

သင့်မျက်လုံးတွေကို တကယ်ဖွင့်ထားမယ် ဆိုရင် …အရာရာတိုင်းဟာ ..”ဓါတ်ပုံစားတယ်” ပေါ့ဗျာ…။

 

 

 

 

ရည်ညွှန်း ကိုးကား

Zen and the Art of Photography

11 comments

  • စိန်ပေါက်ပေါက်

    January 20, 2012 at 3:47 pm

    ဟုတ်ကဲ့ခင်ည
    ကျနာ်တို ့လို ဝါသနာရှင်တွေအတွက် အများကြီး အထောက်အကူပြုပါတယ် အကို
    စကားမစပ်
    သများကို ကင်မလာ ခဏ ငှားပါရားဟင်

  • Diamond Key

    January 20, 2012 at 4:04 pm

    မျှော်နေတဲ့ ဒါ့ပုံပညာလေးတွေ ခုမှ ပေါ်လာတယ် 😀
    အတော်ကို မှတ်သားစရာပါ။ တကယ်ပါ…..နော် တို့လို ခုမြင်၊ခုကြိုက် သမားတွေ သင်ခန်းစာယူရတာပေါ့ဗျာ။ လုပ်ပါအုံးဗျာ….. နော်တို့ သတိလွတ်နေတဲ့ ပညာလေးတွေကို။
    —————————————————————————
    နောက်ဆိုရင်စစ်မှန်တဲ့ အလှတရား တွေ ဘယ်လို အလှတရားတွေ နဲ့ တည်ဆောက်ထားတယ်ဆိုတာကို မှန်ဘီလူးထဲကနေ အချိန်ကြာကြာနဲ့ အပြည့်အဝ ဈာန်ဝင်စားပြီး အေးအေးဆေးဆေး သမာဓိ တည်ဆောက်ပြီးမှ ရိုက်တော့မယ်။ လေထဲက ရနံ့ကိုပါ ခံစားမယ် (တောင်သမန်အင်းလို ဒါ့ပုံတွေ ရိုက်တဲ့ အခါမပါ… :mrgreen: ) ချစ်လို့ နောက်ထှာ ချိူတ်ချိုးနဲ့ :mrgreen:

  • ဂျက်ကီချီးပေ

    January 20, 2012 at 4:06 pm

    အမှန်မှာဆို
    ဓာတ်ရိုက်ဓာတ်ဆင် သမားတွေဟာ လူသေကောင်ကို သနပ်ခါးလိမ်းရေချိုးလုပ်ပေးတဲ့
    မသာ အလှပြင်သူတွေနဲ့ တူပါတယ်
    တစ်နည်း လောကကိုလှည့်စားသူတွေ
    တစ်နည်း လူသားတို့ရဲ့ အမြင်ကို လှည့်စားသူ လူညာများသာဖြစ်ပါ၏ဟု
    ကျွန်ုပ် ဂျက်ကီချီးပေး မှပြတ်ပြတ်သားသားဝေဖန်ပါသည်။
    ဥပမာ
    ဖေါ်ပြပါ ဓာတ်ရုပ်နှစ်ပုံ စလုံးကိုရှု့ပါလော
    အကယ်စင်စစ် အပြင်လောကတွင် အဆိုပါပုံနှစ်ပုံ၏ မူရင်းအခြေနေသည်
    ဤတွင်ယ္ခု ကျွန်ုပ်တို့မြင်တွေ့ရသော အလင်းအမှောင် အရောင်းအဆင်းများ မဟုတ်မည်မှာ
    မလွဲပင်တည်း။
    ဤဂါး အနီးငယ်မျှသာ ချိန်ဆပြခြင်းဖြစ်ပေ၏။
    ဆိုလိုသည်မှာ သဘာဝအမြင်ကို ဓာတ်ရိုက်ဓာတ်ဆင် စက်များဖြင့် မသမာမှု့ပြုကာ
    လောက သဘာဝကို လိမ်ညာခြင်းပင်လျှင်။
    အခြားဥပမာတစ်ခုကိုပေးပါအံ့
    အချို့သော လူရုပ်ပုံ များတွင် ဓာတ်ပုံပရိုဂရမ်များဖြင့် ချယ်သကြကုန်ပြီး ( အထူးသဖြင့် မျက်ခွက် )
    ( ဤ တွင် မျက်နှာ နှင့် မျက်ခွက် ၏ ခြားနားခြင်းကို ပညာရှင်များ ရှင်းလင်းစေလိုပါသှ် ( စကားချပ် ) )
    အဆိုပါ ချယ်သပြီးအပ်သော မိမိတို့၏ မျက်နှာ/မျက်ခွက် များကို ကြည့်ကာ ကြည့်ကာဖြင့်
    သောက်လေလေငတ်မပြေ ရေကျက်အိုးထဲ ဆေးသကြားထဲ့ပြီးရေသောက်သည့်နှယ်
    ဖြစ်ကုန်ထသော
    အကြင် ဓာတ်ပုံ ကြိုက်နှစ်သက်သူတို့ကိုလီး သူရူးများဟု ခေါ်ဆိုလိုက်ရပါတော့သတည်း။
    ပုံ
    အင်တာနေရှင်နယ် အပြည်ပြည်ဆိုင်ရာ စိတ္တဗေဒပညာရှင်
    ဂျက်ကီချီးပေ

    • windtalker

      January 20, 2012 at 7:30 pm

      ဘာ
      “ အကြင် ဓာတ်ပုံ ကြိုက်နှစ်သက်သူတို့ကိုလီး သူရူးများဟု ခေါ်ဆိုလိုက်ရပါတော့သတည်း။ ”
      ဟုတ်လား
      သဂျီးရေ
      ဟောဒီမှာ “ x ီး ” တဲ့ ဗျို ့

    • မှော်ဆရာ

      January 20, 2012 at 9:04 pm

      အပုတ်ကောင် ရုပ်ဆောင်နေတာဆိုတော့ .
      အင်းးးးးးးးးးးးးးးးးးးးးးး
      ကိုပုရေ …. အပုတ်ကောင်တော့ အပုတ်ကောင်ဗျ ..
      ဒါပေမယ့် တချို့အပုတ်ကောင်လေးတွေကျ တရားရချင်စရာလေးတွေနော် …
      အော် … အနိတ်စ အနိတ်စ
      အနိတ်လေးတွေ လာလာ စနေတယ် .. သမာဓိ ပျက်ချင်လာပြီနော် …
      ပေးစမ်း ငါ့ဆေးကြိမ်လုံး …..

  • zaw min

    January 20, 2012 at 6:24 pm

    ဂီရေ…ညီတို့ဒါပုံတွေကိုကြည့်ပြီးတော့ ကင်မရာမကိုင်ချုင်တော့ပါဘူးကွယ်…ဒါပေမယ့် ဝါသနာကတားမရပါ…အသက်ကြီးလာလေပိုပြီး ချောင်းချင်လာလေပဲ…ပြန်လာရင်လိပ်စာလေးပေးပါလားကွယ်..သင်တန်းလာတက်ချင်လို့….

  • mandalarthu

    January 20, 2012 at 9:31 pm

    ကိုသက်ပြင်း ေ၇
    ကျွန်မကတော ့ဓာတ်ပုံကို ငယ်ငယ်က ရိုက်တဲ ့ဝါသနာပါလို ့ရူခင်းပုံကောင်းကောင်းတွေ ့ရင် ကိုယ် ့ပုံရော
    ရိုက်လာရာကနေ အခုတော့…….
    ကင်မရာဝယ်ပြီးကတည်းက ရူခင်းကောင်းကောင်းတွေ ့ရင် လူမပါဘဲ သူ့ချည်းခံစားပြီးရိုက်တတ်လာတယ်။
    ဘယ်လို အလင်းအမှောင်၊အရောင်အသွေး နဲ ့ ပုံကောင်းထွက်လာအောင် ချိန်ဆရိုက်တဲ ့နည်းတွေ တဖြည်းဖြည်းရိုက်ရင်းရိုက်ရင်းနဲ ့နဲနဲပါးပါးသိလာရပါတယ်။ ဒါပေမယ် ့ကျွန်မကတော ့သဘာဝ အလှတရားတွေကို နည်းပညာတွေနဲ ့ပြုပြင်ထားတာထက် ပို နှစ်သက်မြတ်နိုးတယ်။ ဒါပေမယ် ့ ဈာန်ဝင်စားပြီးမရိုက်တတ်သေးပါဘူး။ Professional အဆင် ့လောက်ထိလည်း မမျှော်မှန်းထားတာမို ့
    ဖိုးကပ်စ် ကို ပုံစံမျိုးစုံ ဖြတ်တောက် နိုင် ၊ ဆန်းသစ်တီထွင်မှု ရှိတဲ့ ရှုထောင့်တွေကို ကိုယ်တိုင်
    ရိုက်ကူးနိုင်လာတတ်ဖို ့ဘဲ မျှော်လင် ့ပါတယ်။
    ဟုတ်ပါတယ် …ကိုသက်ပြင်းေ၇…ခုတော ့ဘယ်သွားသွား ကင်မရာဆောင်ထားပြီး လမ်းမှာတွေ ့တဲ ့သဘာဝအလှတရားတွေကိုနေ ့စဉ်သတိပြု ခံစားမိပြီး
    မလွတ်တမ်းရိုက်ချင်စိတ်တွေပေါက်နေလို ့……..ခက်နေတယ်။
    ိကိုသက်ပြင်းရဲ ့တန်ဖိုးရှိတဲ ့ဓာတ်ပုံပညာရဲ ့နက်နဲမှုတွေကို မျှဝေတဲ ့အတွက် အထူးကိုကျေးဇူးတင်ပါတယ်နော်။နောက် လဲ ဆက်လက်မျှဝေပါဦးနော်။

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 11:29 pm

    ဝါသနာတော့ပါသား ဒါပေမဲ့ ကင်မရာမရှိသေးဘူးဗျ…။

  • MaMa

    January 21, 2012 at 7:02 am

    သွားလေရာ ကင်မရာယူသွားတာတော့ အကျင့်ဖြစ်နေပြီ။
    ဒါပေသိ နေရာတိုင်းမရိုက်ရဲဘူး။
    ဈာန်ဝင်စားပြီး ရိုက်ဖို့ဆိုတာကတော့ စိတ်သာရှိပြီး မလိုက်နိုင်။ 🙁

  • water-melon

    January 21, 2012 at 10:35 pm

    ကင်မရာဝယ်ဖို့ သူဂျီး မုန့်ဖိုး ထုတ်ပေးပါလားဟင်
    နဂါးနှစ်ရောက်တော့မယ် ဟီး အန်ပေါင်းပေးကြပါ
    ကင်မရာဝယ်ချင်လို့ပါဆို

  • Shan Gyi

    May 10, 2012 at 1:26 pm

    မိုက်တယ်ကွာ ရှယ်ပဲ အရမ်းအကျိုးရှိတယ်ဗျို ့

Leave a Reply