My Opnion
” စာဆိုတာ ရေးတိုင်းလည်း မကောင်းဘူးကွ။ အရမ်းပေါသလိုဖြစ်နေမယ်။ တစ်ပတ်ကို တစ်ပုဒ်လောက်ပဲရေးရင် တော်လောက်ပြီ ”
တချို ့သူငယ်ချင်းတွေက စေတနာနဲ ့အကြံပေးတာဆိုတော့ ဟုတ်ကဲ့လို ့ပဲ ပြန်ဖြေမိပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဖီလင်လာတဲ့အချိန်မှာရေးတာဆိုတော့ နေ ့ဘက်လည်းရေးရင်ရေးမယ်၊ ညသန်းခေါင်ယံလည်း ရေးရင်ရေးမယ်။ အချိန်ဇယားနဲ ့လူစိတ်ဝင်စားအောင် လူအထင်ကြီးအောင်ရေးနေတာမှမဟုတ်တာ။ ကိုယ့်ခေါင်းထဲက အတွေးတွေ၊ ကိုယ့်ရဲ ့ရင်ခုန်သံတွေကို စာနဲ ့ဖွင့်ချတာဆိုတော့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရေးချင်တာရေးတယ်ဗျာ။ ဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်းနေ။
အပေါစားလွှတ်တော်အမတ်တွေဖြစ်မှာ စိုးရိမ်တယ်
နိုင်ငံခြားတိုင်းပြည်တွေက လွှတ်တော်အမတ်တွေကို သတိထားမိတယ်။ ကိုယ့်တိုင်းပြည်ထဲက လွွှတ်တော်အမတ်တွေနဲ ့ယှဉ်ကြည့်မိတယ်။ ဒီလိုပြောလို ့နိုင်ငံခြားကို အထင်ကြီးနေတယ်လို ့တော့မထင်နဲ ့။ လိုအပ်လို ့ပြောနေတာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့က ကိုယ့်ထက်အရမ်းသာနေလို ့ပဲ။ သူတို ့နဲ ့ယှဉ်ကြည့်တော့ တစ်ခုသတိထားမိတာရှိတယ်။ ဒါကတော့ လွွှတ်တော်အမတ်တွေရဲ ့အရည်အချင်းပဲဖြစ်တယ်။
ကျနော်တို ့တိုင်းပြည်ကလွွှတ်တော်အမတ်တွေကိုကြည့်ပါ။ တချို ့က ရန်ကုန်တက္ကသိုလ်က ဘွဲ ့ရတယ်။ တချို ့က ကျောင်းတစ်ပိုင်းတစနဲ ့။ အများစုက စစ်တက္ကသိုလ်ထွက်တွေပဲဖြစ်နေတယ်။ တချို ့ဆိုရင် ဆယ်တန်းတောင်မအောင်ဘူး။ မြန်မာနိုင်ငံက ရတဲ့ ဘွဲ ့ဆိုတာ ယနေ ့ကာလမှာ ဘာမှသုံးစားလို ့မရတဲ့ ဘွဲ ့ဗျာ။ ဒီလိုအရည်အချင်းမျိုးရှိတဲ့ လွှတ်တော်အမတ်တွေများနေရင်တော့ တိုင်းပြည်ဘာဖြစ်သွားနိုင်လဲဆိုတာကို တွေးကြည့်ယုံနဲ ့သိနိုင်တယ်။
ကြားဖြတ်ရွှေးကောက်ပွဲမှာ ဝင်မဲ့ လွှတ်တော်အမတ်အသစ်တွေကိုလည်း ကြည့်ပါအုံး။ ဥပမာ ကိုဇေယျာသော်၊ မဖြူဖြူသင်းစတဲ့ သူတွေဟာ ဘယ်လောက် ပညာတက်တယ်၊ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ ကျနော်တို ့မသိရဘူး။ သိရတာက ကိုဇေယျာသော်ထောင်ကလွတ်လာတယ်၊ ဟစ်ဟော့သီချင်းကို ပိုင်ပိုင်နိုင်နို်င်ဆိုနိုင်တယ်။ မဖြူဖြူသင်းက အေအိုင်ဒီအက်စ်ရောဂါသည်တွေကို စောင့်ရှောက်တယ်။ သူတို ့အရည်အချင်းက ဒါပဲလား။ ဒါလေးလုပ်ယုံနဲ ့ လူအများကို ဦးဆောင်မဲ့ လွှတ်တော်အမတ်ဖြစ်သင့်ပြီးလား။ ကျနော်တော့မထင်။ သူတို ့ထက်သာတဲ့ တက်တဲ့လူတွေကိုပဲ ကျနော်ရွေးချယ်ချင်တယ်။
ကိုမင်းကိုနို်င်တို ့အဖွဲ ့ကိုလည်းကြည့်ပါအုံး။ ပညာက တပိုင်းတစ်စနဲ ့ထောင်ထဲမှာ နှစ်ပေါင်းနှစ်ဆယ်လောက်နေကြရတော့ သူတို ့တက်ကျွမ်းတဲ့အရာက ထောင်ထဲက အခြေအနေပဲ ဖြစ်မယ်လို ့တော့ ကျနော်တွေးမိနေတယ်။ ထောင်ထဲမှာ ဘာများလေ့လာလိုက်စားစရာရှိလဲ။ သိတ်ပြီးများများစားမရှိပါဘူး။ ဂျာနယ်လေးဖတ်ရယုံလောက်ပဲ။ ဒါတောင် ပုံမှန်ဖြစ်ချင်မှ ဖြစ်မယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့လူတွေကို ကျနော်တို ့တိုင်းပြည်တိုးတက်အောင်လုပ်ပေးနိုင်ဖို ့ဆိုတာကို သံသယဖြစ်မိနေတယ်။ ကိုဇာဂနာ ဘန်ကောက်ရောက်တော့ ရှော့ဖြစ်သွားတယ်လို ့ပြောတယ်။ ဒါတောင်သူက ဘန်ကောက်လောက်ပဲရောက်ဘူးလို ့။ တခြားနိုင်ငံတွေသာ ရောက်ဘူးရင် ပိုလို ့တောင် ရှော့ဖြစ်အုံးမယ်။ ဆိုတော့ ဒါနဲ ့ပက်သက်ပြီး ဒီနေရာမှာ မေးခွန်းတစ်ခုရှိတယ်။ လုပ်တက်ပါ့မလား ဆိုတဲ့မေးခွန်းပဲ။ ဘာ့ကြောင့် ဒီမေးခွန်းကို မေးရလဲဆိုတော့ ယနေ ့ခေတ်ကာလက အနစ်နာခံတာတို ့၊ စွန် ့လွှတ်တာတို ့ထက် အရေးကြီးတာက Capacity လို ့ခေါ်တဲ့ အရာဖြစ်သလို Skills ဆိုတဲ့အရာလည်း ရှိဖို ့လိုပါတယ်။ ဒါ့ကြောင့် လွှတ်တော်အမတ်ရွေးတဲ့အခါမှာ သေချာ သတိထားပြီး ရွေးချယ်ဖို ့တော့လိုတယ်။
ကျနော့်အမြင်ကတော့ ကိုမင်းကိုနိုင်နဲ ့ကိုမိုးသီးနှစ်ဦးကို ယှဉ်ပြီးရွေးပါဆိုရင် ကိုမိုးသီးဇွန်ကိုပဲရွေးပါ့မယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုမိုးသီးဇွန်က အမေရိကန်ကနေ မာစတာဘွဲ ့ရတယ်။ နိုင်ငံတကာ အတွေ ့အကြုံများများရှိတယ်။ သူ ့မှာရှိတဲ့ အရည်အချင်းတွေက ကိုမင်းကိုနိုင်ထက်သာတယ်လို ့တော့ ထင်တယ်။ ဒါ့ကြောင့် သူ ့ကိုပဲ ကျနော်လွှတ်တော်အမတ်အဖြစ် ရွေးချယ်မယ်။ ကိုမင်းကိုနိုင်တို ့ စွန် ့လွှတ်တာ၊ တိုင်းပြည်အပေါ်ထားတဲ့သဘောထားတွေကောင်းတာကို ကျနော်လေးစားတယ်။ အသိအမှတ်ပြုတယ်။ သို ့သော် သူတို ့ကို ဝန်ကြီးရာထူးတော့ ပေးလို ့မရပါဘူး။ ထောင်ထဲအနေများတော့ ထောင်မှူးလောက်နဲ ့ပဲသင့်တော်ပါတယ်။ ဒီလိုလူမျိုးတွေ နိုင်ငံရေးလောကမှာ အများကြီးပါ။ သူတို ့အနေနဲ ့ဖြစ်သင့်တာက သူတို ့ကပ်ပစတီနဲ ့စကေးကို မြှင့်တင့်ဖို ့လိုအပ်နေပြီ။
အရမ်းသနားသလို ဖြစ်နေလားလို ့ပါ
ဦးခင်ညွန် ့နဲ ့ပက်သက်ပြီး သနားတဲ့သူက သနားတယ်။ သူ ့ကို လူသတ်သမားလို ့ပြောတဲ့လူက ပြောတယ်။ ဒီအချိန်မှာ အများစုက သူ ့ကိုကြည့်ပြီး သနားနေကြတယ်လို ့ထင်မိတယ်။ အရင်တုန်းက ခပ်မာမာ ခပ်တင်းတင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဟာ ပန်းရောင်းပြီး ထမင်းစားရတဲ့အခြေအနေဖြစ်သွားတာကိုကြည့်ပြီး လူတွေသနားတာတော့ မဆန်းပါဘူး။
တကယ်တန်းတော့ သနားစရာ မလိုပါဘူး။ သူ ့ဘဝနဲ ့သူပါ။ သူ ့အကုသိုလ်ကြောင့် သူခံရတာပဲ။ သူဟာ လူတွေသတ်တယ်။ သူဟာ တရားခံတဦးဖြစ်တယ်။ တိုင်းပြည်အပေါ်ကို အခုမှ စေတနာရှိသယောင်သူပြောနေတယ်။
အရင်တုန်းက ဘာ့ကြောင့် ဒီစကားတွေမပြောခဲ့လဲ။
သူ ့ဟာသူ ပန်းပဲရောင်းရောင်း၊ ထန်းသီးပဲရောင်းရောင်း သနားစရာလုံးဝကိုမလိုဘူး။ သူ ့ကြောင့်ဘဝပျက်သွားတဲ့လူတွေ နည်းတာမဟုတ်ဘူး။ မိသားစုတွေ ပြိုကွဲခဲ့တယ်။ အပြစ်မဲ့တဲ့လူတွေ သေခဲ့ရတယ်။ တစ်သက်လုံး လူစဉ်မမှီတော့တဲ့အခြေအနေဖြစ်တဲ့သူတွေလည်း ရှိတယ်။ ဦးခင်ညွန် ့ကမှ တိုက်နဲ ့တာနဲ ့ ဇိမ်ရှိရှိနေနိုင်သေးတယ်။ ဒါကို သနားစရာလိုလို ့လား။ မကင်းရာ မကင်းကြောင်းတွေကလွဲလို ့ ခံရတဲ့သူတွေက သနားမယ်လို ့တော့မထင်ဘူး။ ကျနော်တော့ ဦးခင်ညွန် ့ကို ခွင့်မလွှတ်ဘူး။ ကိုဇာဂနာ ဂတုံးကြီးတစ်ယောက်ပဲ ခွင့်လွှတ်ပေါ့ဗျာ။ ယနေ ့အချိန်အထိ သူမှားတယ်လို ့တခါမှ မပြောခဲ့ဘူး။ ဖြစ်နိုင်ရင် ဦးသန်းရွှေ၊ ဦးမောင်အေးနဲ ့အခြားဗိုလ်ချုပ်တွေကို ဦးခင်ညွန် ့လိုဖြစ်စေချင်တယ်။ တကယ်ခံရမှ လူတွေက နောင်တရကြတယ်။ မီဒီယာတွေကို သတိထားပါ။ လှည့်စားတာခံရမယ်။
11 comments
စိန်ပေါက်ပေါက်
January 22, 2012 at 11:44 am
အမတ်လုပ်ဖို ့က စေတနာကော.ပညာကော.အနစ်နာကော တော်တော်များများ ပြည့်စုံနေရင်ပိုကောင်းတာပေါ့ဂျာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရင် ဝင်ရွေးကြပေါ့..
တစ်ချိန် မဖြစ် တစ်ချိန်တော့ ဖြစ်လာမှာပဲ
ဒါပေမဲ့
လေထဲက လုပ်နေလို ့တော့ မနိပ်ဘူးဗျ
လက်တွေ ့..လုပ်မှရတာ…
မောင်ခင်ညွန် ့သနားစရာ မဟုတ်ပါ
အခု သူ ့အိမ်တော်မှာ ရွှေကွပ်ပြီး နှပ်နေပြီ..
သနားချင် ကိုယ့်ကိုယ်ကို အရင် သနားကြ
နော့..
ဒလောက်ပဲ
ကျန်တာသိတော့ဘူး
ဝှစ်…ဝှစ်..ဝှစ်..
Wai Phyoe
January 22, 2012 at 12:08 pm
ပာုတ်တယ်ဗျ အလွန်ကောင်းတဲ့ ပို့စ်လေးတစ်ခုပါ အပေါ်မှာရေးထားသလိုပဲ ကိုမင်းကိုနိင်တို့ဆိုတာ နိင်ငံ
အတွက်ပေးဆပ်ခဲ့တဲ့လူတွေပါ အလွန်လေးစားပါတယ် ဒါပေမဲ့ ပေးဆပ်တာတစ်ခုထဲကြည့်ပြီး အားကိုးလို့မရပါဘူး ။ဒီမိုကရေစီနိင်ငံစစ်ရင် ခေါင်းဆောင်အစွဲမထားရပါဘူး။ Skill ကိုုလူတွေမေ့နေတာကို
သတိပေးလိုက်တယ့်ပို့စ်လေးပါ။ ကျွန်တော်တောင်မေ့နေတယ်။
phoekhwarchay
January 22, 2012 at 3:11 pm
ဟေ့လူ ဟိုလူဒီလူ ဝေဖန်မနေနဲ ့ ကိုယ့်အကြောင်းကိုတွေး အရင်ဝေဖန်ကြည့်။မကျေနပ်ရင် ဖင်ခံကွာ။နားလည်လား။
chityimhtoo
January 22, 2012 at 4:34 pm
စောက်ရူး။အရည်အချင်းရှိရင်မြန်မာပြည်ပြန်လာပြီးတိုးတက်အောင်လုပ်။မင်းတို့ပြည်ပနိုင်ငံရေးသမားတွေ
နိုင်ငံတစ်ကာကိုတောင်းစားနေတဲ့ သူတောင်းစားတွေ။မင်းတို့ လာပြီးတိုးတက်အောင်လုပ်လို့ ငါတို့နိုင်
ငံတိုးတက်ရင် မင်းတို့ကို ဘုရားစင်ပေါ်တင်ပြီး နေ့တိုင်းပူဇော်နေမယ်။မြန်မာပြည်ပြန်လာရင် မီးပျက်
ပြီးထမင်းငတ်မှာကြောက်တဲ့ ကောင်တွေ…..
အတိသဉ္ဇာ နာဂရ ချစ်သူ
January 22, 2012 at 7:20 pm
ကိုဘုန်းကျော်ပြောသလိုဘဲကြည့်ပါအုံး““ ကျနော်တို ့တိုင်းပြည်ကလွွှတ်တော်အမတ်တွေကိုကြည့်ပါ။
တချို ့က ရန်ကုန်တက္ကသိုလ်က ဘွဲ ့ရတယ်။ တချို ့က ကျောင်းတစ်ပိုင်းတစနဲ ့။ အများစုက
စစ်တက္ကသိုလ်ထွက်တွေပဲဖြစ်နေတယ်။ တချို ့ဆိုရင် ဆယ်တန်းတောင်မအောင်ဘူး။ မြန်မာနိုင်ငံက
ရတဲ့ ဘွဲ ့ဆိုတာ ယနေ ့ကာလမှာ ဘာမှသုံးစားလို ့မရတဲ့ ဘွဲ ့ဗျာ။ ဒီလိုအရည်အချင်းမျိုးရှိတဲ့ လွှတ်တော်
အမတ်တွေများနေရင်တော့ တိုင်းပြည်ဘာဖြစ်သွားနိုင်လဲဆိုတာကို တွေးကြည့်ယုံနဲ ့သိနိုင်တယ်။””
ဒီအချက်ကိုတော့ အနည်းအကျဉ်းထောက်ခံပါတယ်။သို ့သော် တချို ့အမတ်တွေဆိုရင် တကယ်ကို စာတတ်၊
ပေတတ်နဲ ့တိုင်းပြည်အတွက် ရသလောက်ကို လွှတ်တော်ထဲဝင်ပြီးကြိုးစားပြင်ကြမယ် ဆိုပြီးဝင်လုပ်ကြတာ။
ရ၏၊မရ၏ ကတော့ ခင်များတို ့ကျနော်တို ့ကိုယ်တွေ ့ပါဘဲ။
နောက်တစ်ခု ကခင်များကိုပြောလိုက်မယ်…
၈၈ မျိုးဆက်တွေဟာ လူထုရဲ ့ခေါင်းဆောင်ကောင်းတွေဖြစ်တယ်၊တိုင်းပြည်သူ၊ပြည်သားတွေရဲ ့ကိုယ်စား
ရှေ ့ကနေ ဒုက္ခတွေကိုခါးစီးခံနေသူတွေဖြစ်တယ်။သူတို ့ဟာပေးဆပ်နေတာ။ပျော်လို ့ထောင်တယ်ဝင်နေတာ
မဟုတ်ဘူး။ခင်များကိုယ်တိုင် သတ္တိမရှိလို ့ပြည်ပထွက်ပြေးသွားတာပေါ့။ပြည်တွင်းမှာ လာနေကြည့်ပါ၊ဒါမှမဟုတ်
ရင် ထောင်ထဲမှာ တရက်လောက် နေကြည့်ပါလား။ပျော်တယ်ဆို တစ်လ၊တစ်နှစ်နေသွားကြည့်ပါ။
ကိုဘုန်းကျော်ရေ—ကိုမင်းကိုနိုင်တို ့ကိုကိုကြီးတို ့ကိုမေးကြည့်ပါ။သူတို ့ကို ဝန်ကြီးတွေ၊အမတ်တွေ လုပ်ချင်ပါ
သလားလို ့။မလုပ်ချင်ဘူးဖြေမှာပါ။ဘာလို ့လဲ ဆိုတော့ ကျောင်းသားတွေရဲ ့ခံယူချက်က ဘယ်သူတက်လာလာ
ပြည်သူ ့အစိုးရ(ဒီမိုကရေစီ မဟုတ်ရင်)ဆော်မှာ သူတို ့တာဝန်ပါဘဲ။သိပ်ပြီး မကြောင်ပါနဲ ့။ကိုဘုန်းကျော်တို ့လို
စစ်ခွေးတွေရဲ ့သားသမီးတွေလို အာဏာရူးတွေချည်းမသတ်မှတ်ပါနဲ ့ဗျာ။
blacktiger
January 23, 2012 at 9:37 am
လွှတ်တော်အမတ်တွေရဲ့အရည်အချင်းနဲ့ပတ်သက်လို့ပြောတာကိုတော့လက်ခံပါတယ်။တိုင်းကျိုးပြည်ပြုလုပ်မယ့်လုထုကိုယ်စားလှယ်တွေအနေနဲ့အရည်အချင်းပြည့်မီနေမှ ပြည်သူအားထားလို့ရမှာပေါ့။ဒါပေ
မယ့်ကိုမင်းကိုနိုင်တို့မဖြူဖြူသင်းတို့ကိုအပေါ်ယံအမြင်လောက်နဲ့အရည်အချင်းရှိမှာမဟုတ်လောက်ဘူးဆိုတာမျိုးကိုတော့ကန့်ကွက်ပါတယ်။သူတို့ရဲ့နုနယ်ပျိုမြစ်တဲ့အချိန်တွေကိုသူတို့ယုံကြည်ရာအလုပ်တွေလုပ်ကိုင်ရင်းထောင်ထဲမှာ၊လူမှုရေးလုပ်ငန်းတွေမှာ မြုပ်နှံပြီးကုန်ဆုံးစေခဲ့တာပါပညာသင်ဖို့(အသိအမှတ်ပြုဘွဲ့တစ်ခုခုရရှိနိုင်ဖို့)အချိ်န်မရခဲ့ပါဘူး..ဒါပေမယ့်သူတို့ဖြတ်သန်းလာတဲ့လမ်းကြောင်းကိုကြည့်ရင် အခက်အခဲပေါင်းများစွာ ကျော်ဖြတ်လာခဲ့ရတယ်ဆိုတာသံသယဖြစ်စရာမလိုပါဘူးဒီအခက်အခဲတွေကို
ဘယ်လိုစိတ်ဓါတ်တွေဘယ်လိုယုံကြည်မှုတွေဘယ်လိုအရည်အသွေးတွေနဲ့ကျော်ဖြတ်လာခဲ့ကြမလဲ?
တော်ရုံစိတ်ဓါတ်မျိုးနဲ့မဟုတ်တာတော့သေချာပါတယ်..ဒီစိတ်ဓါတ်တွေဒီလိုအရည်အချင်းတွေနဲ့လူတွေကသူတို့တွေရဲ့capacitybuildingနဲ့ပတ်သက်ပြီးမလုပ်ပဲမနေပါဘူး…စာသင်ခန်းထဲမှာဟုတ်ချင်မှဟုတ်မယ် အေးအေးဆေးဆေးသင်ရချင်မှသင်ရမယ်ဒါပေမယ့်သူတို့သင်ယူနေမှာပါ သေချာပါတယ်သူတို့လေ့လာသင်ယူနေကြမှာပါ ..ကျွန်တော့်အမြင်ကတော့ skill တွေ capacity တွေကလုပ်ယူလို့ရပါတယ် တိုင်းပြည်
အတွက်လူတွေအတွက်ကိုယ်ကျိုးစွန့်ရဲတဲ့စိတ်တွေ စေတနာတွေက လုပ်ဖို့မလွယ်လှပါဘူး သူတို့မှာဒါ
တွေကရှိပြီးသားပါ (ခပ်သောသောလေးပြောရရင် သူတို့လည်းခေသူတွေမှမဟုတ်ဘဲဗျာ နော့် ကိုဘုန်းကျော်ရယ်)…mandalay gazette ကိုပုံမှန်ဖတ်ဖြစ်ပါတယ်ကိုဘုန်းကျော်ရဲ့ post တွေလည်းဖတ်ပါ
တယ် ဒီတစ်ခါတော့ agree to disagree နော်………
ကောင်းမြတ်သူ
January 23, 2012 at 10:18 am
လက်ရှိမြန်မာနို်င်ငံရဲ့အခြေအနေမှာ ပညာတတ်အတ္တသမားတွေထက်စာရင် ပညာမတတ်ပရဟိတသမားတွေပဲဦးဆောင်ခဲ့လို့ ကောင်းတဲ့(အများလက်ခံတဲ့)အခြေအနေဘက်ကိုယိမ်းသွား ခဲ့တယ်ခင်ဗျ…ကျွန်တော်သိတာကတော့ အခုလက်ရှိအခြေအနေကို မြဲမြဲထိန်းသိမ်းထားနို်င်မဲ့လူတွေလက်ထဲ ကိုရောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားဖို့ပဲ။ အဲဒိအချိန်မှာပဲ ပညာရေးအတွက် ပြောင်းလဲမှုတွေလုပ်ပေးဖို့လိုအပ်တယ်။ နောင်တစ်ချိန်မှာ ပညာလဲတတ် အတ္တကင်းတဲ့လူ့အဖွဲ့အစည်းဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့အဓိကပဲ။
Reign
January 23, 2012 at 11:18 am
There are a lot of non-graduates in the history who outperformed normal graduates,
President Abraham Lincoln is not a graduate but an ambitious self learner
Bill Gates , who changed the computer world and IBM, is a drop-out from Harvard,
U Thant of Burma, who served as UNSG, is not a graduate
General Aung San is also not a graduate and Lula, who was the president of Brazil from 2003 to 2010, who made Brazil one of the most promising developing countries is not a graduate.
They are just an example and there are many more real life examples. But what really matters is the resolution/determination of each and every leader, their wisdom( not only university education) , vision, sincerity and open-mindedness. If we made a comparison between Min Ko Naing and Mo Thee Zon, it wouldn’t be fair just merely to compare their degrees, the ability to become a political leader or qualifications for the leadership demands much more …
Reign
January 23, 2012 at 11:36 am
for myself, though I have some confidence in myself, I don’t want to criticize both MKN and MTZ becoz I don’t have sufficient knowledge of both. Making a blind comment prematurely without knowing in-depth about any person would be like shooting into the dark….
Khin Latt
January 23, 2012 at 3:47 pm
Dear Reign,
I couldn’t agree more with your opinions stated in your comment.
That’s absolutely fair enough.
Thanks.
moelayy
January 26, 2012 at 8:48 pm
သဘောတူ တစ်ဝက် မတူ တစ်ဝက် ပဲ။ တိုင်းပြည်ကို ဦးဆောင်မဲ့သူဟာ ပညာတတ်၊ လူတော်ဖြစ်သင့်တာ အင်မတန် သဘာဝကျ ပါတယ်။ အစ္စရေး နိူင်ငံထူထောင်တော့ ရှေ့ တန်းကနေ လုပ်ကိုင်ခဲ့ကြသူတွေ နေရာမရဘူးလို့ ဖတ်ဖူးပါတယ်။ နိုင်ငံရေး နဲ့ ဥပဒေ ကို လေ့လာထားကြသူတွေကို နိုင်ငံကို အဓိကထား နေရာပေးကြတယ်တဲ့။ ဒါပေမဲ့ အဲဒီ လေ့လာလိုက်စား ထားတဲ့သူတွေဆိုတာ ဟားဗတ် တို့ အောက်စဖို့ တို့ကနေ ဘွဲ့ရထားတဲ့ သူတွေမဟုတ်ပါဘူး(ပါရင်လဲပါမယ်ပေါ့)။ ကိုမင်းကိုနိုင် က ထောင်ထဲမှာ ဂျာနယ် လောက်နဲ့ အချိန်တွေဖြုန်းခဲ့မယ်လို့ ကျနော်ကတော့ လုံးဝ ထင်မထားပါဘူး။ သူက ရဲရဲတောက် ခံယူချက်နဲ့ ဘဝ ကို စတေးပြီး မြန်မာ ပြည်သူတွေအတွက် လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချထားပြီး တိုက်ပွဲဝင်နေတဲ့သူပါ။ ကျနော်အသေအချာပြောရဲတာက သူ့ဓါး(ပြည်သူတွေအတွက်ဓါး) ကို သူ အမြဲ သွေးနေမဲ့ သူပါ။ သူ့ အရည်အချင်း အမှန်ကိုသိချင် သူပြောတာဆိုတာတွေ သူ့လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။ နိုင်ငံခြားမှာ မာစတာ ရတာ တစ်ခုထဲနဲ့ တော့ ခေါင်းဆောင် မဖြစ်ထိုက်သေးပါဘူး။ အရည်အသွေး အစစ်အမှန် ဆိုတာ လုပ်ပိုင်ခွင့် မရှိသလောက် ဖြစ်နေတဲ့ အခြေအနေ မျိုးမှာတောင် ဖြစ်အောင်လုပ်နိုင်တဲ့အရာကိုမှ အရည်အသွေး အစစ်လို့ ထင်ပါတယ်။ မဖြူဖြူသင်း ရဲ့လုပ်ဆောင်ချက်တွေ စစ်မှန်တဲ့အရည်အချင်း တွေပါ။ အန်တီစုတောင် နေအိမ်အကျယ်ချုပ်ကလွတ်လာတော့ မဖြူဖြူသင်း ရဲ့ လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်သွားရောက်လေ့လာပြီး ချီးမြောက်ခဲ့တာ အလကား မဟုတ်ပါဘူး။ လူတတ်လုပ်ပြီးတော့ ဝင်ဆွေးနွေးတာ မဟုတ်ပါဘူး ကိုယ်ပိုင် အမြင်လေးကို ဝင်ပြီးတင်ပြတာပါ။