သံတွဲမြို ့NLD ရုံးဖွင့်ပွဲ
ဒီနေ ့ဇန်နဝါရီလ(၂၂)ရက်နေ ့မှာ သံတွဲမြို ့NLD ရုံးခန်းကို ဖွင့်ပွဲကျင်းပနိုင်ခဲ့ပါတယ်။အမာခံနိုင်ငံရေးစိတ်ပါဝင်စားသူများ အပြင် တခြားပါတီဝင်များလဲ
တက်ရောက်လာပါတယ်။ကြံ့ခိုင်ရေးပါတီက တော့လာရောက်ခြင်းမရှိပါဘူး။မနက် ၈ နာရီက နေစတင်ခဲ့ပြီး ၉ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ဖွင့်ပွဲမစတင်မှီ ပါတီရဲ ့ဖြတ်သန်းမှု အတွေ ့အကြုံများ၊လူငယ်များအတွက်မျှော်မှန်းချက်၊သံတွဲဒေသခံများ ပါဝင်မှု အားယခုထက်ပိုမိုလာဖို ့တိုက်တွန်းစကား အသီးသီး ပြော ကြားသွားပါတယ်။ပါတီဖွင့်ပွဲ
အမှတ်တရ ဓါတ်ပုံများကို တင်ပေးလိုက်ပါတယ်။
14 comments
စိန်ပေါက်ပေါက်
January 22, 2012 at 12:44 pm
ခုလို
အေးအေးဆေးဆေး အနှောင့်အယှက်ကင်းကင်း(အရင်ထက်ကင်းတယ်ဟုတ်) ဖွင့်ခွင့်ရတာပဲ
ကိုကိုသိန်းစိန်တို ့ထိပ်ပြောင်အဖွဲ ့ကို သများက ဂျားထဲက ကျေးဇူးတင်လှပါတယ်ချင့်
စကားမစပ်
နိုင်ငံအတွက် လှုပ်ရှားနေကြတဲ့ပါတီဝင်တို ့ရေ
ကြတ်ဖွတ်တို ့ ကလိန်ကကျစ် လုပ်တိုင်း နင်တို ့လိုက်လုပ်မယ်..မစဉ်းစားနဲ ့
ကြတ်ဖွတ်နဲ ့ ပြိုင်မမိုက်ကြနဲ ့
လူကြီးလူကောင်းပီပီ လှုပ်ရှားကြကွဲ ့
ညှင်း.ညှင်း.ညှင်း
phoekhwarchay
January 22, 2012 at 3:16 pm
ကျတ်ဖွတ်နဲ ့ပြိုင်မိုက်နေတာ ဘယ်ကောင်ဒွေတုန်း။
ကျတ်ဖွတ်တွေ မလာတာ၊လာတာ ဘာဆိုင်သတုန်း၊ဒီကောင်တွေ မလာတော့
ဖွင့်ပွဲ သန် ့တာအမှန်မလား။ကျနော်တို ့ကမ်းခြေက မသိလိုက်ဘူးဗျ။လာချင်နွှဲချင်နေတာ
ဗျာ လက်လွတ်သွားတယ်။စည်ကားနေတယ်မဟုတ်လား။
Zippo
January 22, 2012 at 6:00 pm
ကောင်းပါ၏ ။ သို့သော် ပါတီကို ဖျက်မဲ့ အာဏာရူး တွေ မပါလာအောင် ဂရုစိုက်ဖို့ လိုသဗျ ။
သိတဲ့အတိုင်းပဲပေါ့လေ ။ မျက်နှာရူး အာဏာရူး တွေကို သတိထားကြစေလိုပါကြောင်း ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 22, 2012 at 7:07 pm
ဟုတ်ပါတယ်။သံတွဲမြို ့ပေါ်မှာ ကမျက်နှာရူးဓာတ်ပေါက်တွေကများပါသနဲ ့ဗျာ။မပူပင်ပါနဲ ့ဗျာ
ပါတီအပေါ်မှာ သစ္စာစောင့်သိတဲ့၊တိုင်းပြည်နဲ ့လူမျိုးအတွက် တကယ်အလုပ်လုပ်မယ့် သူများ
ကိုသာရွေးမယ်လို ့ကြားရပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ ဒီနေ ့ရုံးပြန်ဖွင့်ပွဲမှာ
ဗုဒ္ဓဘာသာဝင် တွေလာရောက်ကြတာ အင်မတန်နည်းနေတယ်ဗျာ။သံတွဲမှာက ဒီကိစ္စကို
တော်တော်လေးဖြေရှင်းရလိမ့်ဦးမယ်ဗျာ။တော်တော်အမြင်ကျဉ်းမြောင်းကြသေးပါလား။
Foreign Resident
January 23, 2012 at 6:31 am
” စိတ်မကောင်းစရာတစ်ခုကတော့ ဒီနေ ့ရုံးပြန်ဖွင့်ပွဲမှာ
ဗုဒ္ဓဘာသာဝင် တွေလာရောက်ကြတာ အင်မတန်နည်းနေတယ်ဗျာ “
အတိသဉ္ဇာ နာဂရ ချစ်သူ
January 23, 2012 at 11:08 am
ကိုFRကြီးရေ……
ဒီနေရာမှာ ဒီအကြောင်းအရာကိုနားလည်အောင်ရှင်းပြရရင်
မလွယ်သေးဘူးထင်ပါတယ်။သံတွဲရုံးရဲ ့အခြေစိုက်အိမ်ဟာ ဒေသခံ
မွတ်စလင်မ်တစ်ဦးရဲ ့အိမ်၊နောက်ပြီတော့ ပါတီရဲ ့အမာခံ၊နှစ်ပေါင်း(၂၀)
ကျော်ဒုက္ခခံလာခဲ့သူတွေဖြစ်တဲ့ ဦးထွန်းကြိုင်တို ့၊ဦးတင်မောင်တို ့ဟာ
အစ္စလာမ်တွေဖြစ်တယ်။ဒါကြောင့် သံတွဲမြို ့မှာNLD ကို ကုလားပါတီဆိုပြိီး
မနာလိုကြဘူးဗျာ။နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေကလဲ အနစ်နာခံလုပ်မယ့်
သူတစ်ယောက်မှမပေါ်သေးဘူး။ဒါတွေပြောရင် နည်းနည်းတော့ ကသိကအောင့်
ဖြစ်သွားမယ်ထင်လို ့မပြောချင်တာပါ။
အာရက္ခ မြေသား
January 22, 2012 at 10:18 pm
ဝမ်းမြောက်ပါတယ် ကိုယ့်ညီကိုတို ့ရေ။
ရေရှည်မှာ အောင်မြင်ပါစေ၊
Gipsy
January 22, 2012 at 10:55 pm
ကျုပ်တို့တွေရဲ့ လက်ရှိဘဝ အခြေအနေ ထက် ထူးခြားကောင်းမွန်လာမယ်ဆိုရင်
ဖြစ်လာသမျှ အားလုံးကို လက်ကမ်းကြိုဆိုလျှက်ပါ….။
(လက်ရှိဘဝ ဆိုသည်မှာ သာပေါင်းညာစားများ ၊ သာကူးများ ၊ အထက်ဖါးအောက်ဖိများ
စတဲ့ အကျင့်ပျက် လူယုတ်မာ တို့ရဲ့ ကလိမ်ကကျစ်အုပ်ချုပ်မှုအောက်သို့ရောက်ရှိနေခြင်း
ကို ဆိုလိုပါသည်)
အတိသဉ္ဇာ နာဂရ ချစ်သူ
January 22, 2012 at 11:11 pm
လက်ရှိမှာ အကိုတို ့၊ကျွန်တော်တို ့မြို ့မှာ တကယ်ကို သာကူးတွေပေါတယ်ပြောရမယ်ဗျ။လူဆိုတဲ့အမျိုးကလဲ
အခွင့်အရေးလေးတော့ မက်မောကြတယ်ပေါ့။ဒါပေမယ့် သံတွဲမြို့သူားတွေကပိုဆိုးနေသလားလို ့ပါ။ခုဘဲကြည့်
ပါအုံးနော်။
kyawkyaw11
January 23, 2012 at 9:22 pm
နိုင်ငံရေးကိစ္စမှာ ဘာသာရေးတွေကို မရောထွေးစေချင်ပါဘူး
ဘယ်သူဘဲလုပ်လုပ် အဓိက က ပန်းတိုင်ကိုရောက်ဖို့ပါ
စေတနာ မှန်မှန်နဲ့ လုပ်ကြဖို့ပဲလိုပါတယ်
ဂျိတ္တောသားငထွား
Ka Yin Lay
January 23, 2012 at 9:51 pm
ဟုတ်ပါတယ် ၊ ရောရောထွေးထွေးမလုပ်သင့်ပါ ၊ ပို၍ ရှုပ်ကုန်သွားနိုင်တယ် ၊
ဘယ်သူတွေပဲလုပ်လုပ် အကောင်းဖက် ဦးတည်ပေး နိုင်ကြပါစေ ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 24, 2012 at 8:55 am
ကျေးဇူးတင်ပါတယ်ဗျာ။ဘာသာရေးကိစ္စတွေ မရောထွေးပါဘူး။ကျနော်ကိုယ်တိုင်ရဲ ့အမြင်ဘဲဖြစ်ပါတယ်။
ကျနော်ဟာ NLD ပါတီဝင်မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေအပေါ်
ယုံကြည်လေးစားသူဖြစ်ပါတယ်။ပြောလိုတာက အပြင်ကလူတစ်ယောက်ရဲ ့အမြင်ကိုမြင်ပေးစေလိုတာပါ။
တစ်ခုဆိုရင် ကုလားပါတီဆိုပြီးလက်ညှိးထိုးတတ်တဲ ့သံတွဲသားတွေ ခေတ်သစ်မှာ အမြင်သစ်လေးထားစေ
ချင်လို ့ပါဗျား။
tatpu tatpu
February 19, 2012 at 12:47 pm
NLD ကိုထောက်ခံပေမယ့် ကုလားတော့ လက်မခံနိုင်ဘူး
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 19, 2012 at 2:03 pm
ဟေ့လူ ကုလားဆိုပြီးမဲ မနေပါနဲ ့။ကုလားလဲလူ၊ဗမာလဲလူပါဘဲ။အမြင်ရှင်းစမ်းပါဗျ။
သံတွဲမြို ့ပေါ်ကNLD ရုံးကို ၁၉၈၉ ကနေဒီနေ ့ထိမပျောက်မပျက်မြင်နေရတာ ဗုဒ္ဓ
ဘာသာဝင်တွေကြောင့်မဟုတ်ဘူး၊မွတ်စ်လင်မ်တွေကြောင့်ပါဘဲ။ဗုဒ္ဓဘာသာဝင်အချို ့
လောက်ဘဲ အမာခံသစ္စာရှိကြတာ။ကျနော်တို ့ရှက်တတ်ရင် လဲသေဖို ့ဘဲကောင်းတယ်။