ကန်တော်ကြီးပတ်လမ်းမှာ ညည သူရဲခြောက်

introJune 1, 20101min1791

သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ ့မှာ ဗုံးပေါက်ပီးကတည်းက….လူတော်ေ

တာ်များများ
ပြောနေကြတယ် …. ကန်တော်ကြီးပတ်လမ်းမှာ…..ဖြတ်သွားဖြတ်လာကားတွေကို …မကျွတ်
မလွတ်သေးတဲ့ … သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ….ဒါပေမယ့်
မဖြစ်နိုင်ဘူး
လို့ စိတ်ထဲက ထင်ထားပေမယ့် …တကယ်လက်တွေ ့ကြုံခဲ့ရတဲ့သူတွေကတော့
…အခုလိုပြောပြကြတယ်။

တာမွေမြို ့နယ်က…ညဘက်တက္ကစီမောင်းသမားတစ်ယောက်…….

ကျုပ်..ဆယ်နာရီခွဲလောက်….တာမွေကနေ…မြို ့ထဲကစားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတွေကို
ကြိုပို့လုပ်ဖို့
…ကန်တော်ကြီးပတ်လမ်းအတိုင်း….မောင်းလာခဲ့တယ်ဗျ…အဲဒီနေ့မှထူးထူးဆန်းဆန်း
အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော… ကားက ရှေ ့မှာရော
နောက်မှာရောတစ်စီးမှမရှိအောင်
ကို ပြတ်နေတယ် … ဒီအချိန်မှာ ….သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က
အမျိုးသမီးတစ်ယောက်
ပြေးထွက်လာပီး …ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက
ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။
ကျွန်တော်လည်း ရပ်ပေးလိုက်တယ်… သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့
ဟာ …ဒါဆိုလိုက်တော့ဘူး….ကျွန်တော်က
ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ်
သူက လိုက်ပို့ပေးပါ အစ်ကို ရယ် ….သမီးတို့ချမ်းနေပြီလို့ ပြောပါတယ်
..ဘယ်လောက်ပေးရမလဲလို့လဲ
မေးလာတယ် ….ကျွန်တော်လည်း … ကြိုရမှာစောနေသေးတယ်ဆိုပြီး
မြန်မြန်လိုက်ပို့လိုက်မယ်လေ
ဆိုပြီး ကဲ …၂၅၀ဝ ပဲပေး ဆိုပြီး..ကားပေါ်ပေးတတ်ခိုင်းလိုက်တယ် ..အဲဒီမှာ
အမှောင်အရိပ်ထဲက
သူသူငယ်ချင်းသုံးယောက်ကို လှမ်းခေါ်လိုက်တော့ …အမှောင်ထဲက နောက်ထပ်သုံးယောက်ထပ်
ထွက်လာခဲ့ပါတယ် ….လေးယောက်လုံး ..ကားနောက်ခန်းမှာချည်စုထိုင်လိုက်ကြတယ် ….
ကျွန်တော် လည်း ….ရှေ ့ကားဘီလေးငါး ဆယ်လိမ့်လောက်ဆို
…လမ်းဖြတ်တစ်ခုရှိတယ်လေ …အဲဒီကနေ
တောင်ဥက္ကလာဘက်ကို ကွေ ့ဖို့ …ဒဲ့လာတဲ့ကားကိုစောင့်ရင်း….အသံမကြားလို့
ဘက်မှန်ထဲကနေကြည့်
လိုက်တော့ လေးယောက်လုံး မရှိတော့ပါဘူး …ကျွန်တော်လည်း
ကားအတင်းမောင်းပြီး….မင်္ဂလာဈေးနားက
ညဘက်ဖွင့်တဲ့လမ်းဘေးလဘက်ရည်ဆိုင်လေး ရှေ ့မှာရပ်လိုက်တယ်
….အဲဒီကားပေါ်ကို ပြန်မတတ်ရဲတော့ဘူး
ဒါကြောင့် ..ကျွန်တော်ယောက်ဖကို လှမ်းခေါ်ပြီး ကားကိုမောင်းခိုင်းပြီး
ကျွန်တော် အိမ်ပြန်လာခဲ့ရတယ်
ယောက်ဖကိုပြောပြတော့လဲ …မယုံဘူးတဲ့ …ဒါပေမယ့်သူက
ယုံသလိုခေါင်းညိတ်ပြီး ကားကိုယူသွားပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရလို့ မယုံလည်း မတတ်နိုင်ဘူး ..လဘက်ရည်ဆိုင်မှာ
လဘက်ရည်မှာပြီး…လက်ဖက်ရည်ခွက်ကို
ထိုင်ကြည့်နေမိရင်း ….စောစော ကအဖြစ်ကို ပြန်စဉ်းစားလိုက် တာ
တစ်နာရီလောက်ဘယ်လိုကြာသွားမှန်းတောင်
မသိလိုက်ပါဘူး ဗျာ တဲ့ …

ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ ့အစ်ကို

ဘဲဘဲ ရေ …ငါတော့ တစ်သက်မှာတစ်ခါမှကိုမကြုံစဖူး ကြုံရတာပါတဲ့ ..ငါ မြို
့ထဲက အပြန် ကန်တော်ပက်လမ်းက
ဗုံးကွဲတဲ့နေရာကနေ ဖြတ်ပြီးပြန်လာတော့ …ငါ ဂျစ်ကား က
အမိုးဖွင့်ထားတယ်လေ…. ဘက်မှန်ထဲ မှာ ရိပ်ကနဲတွေ့လို့
မှန်ထဲကို ကြည့်လိုက်တော့ … ကောင်မလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်
..ငါဂျစ်ကားနောက်က ခုံမှာ
ထိုင်နေတယ် ကွာ …. လမ်းမီးကြောင့် ငါသေချာ ရှင်းရှင်းလင်းလင်းကို
မြင်လိုက်ရတာ …. ငါလည်း ဘယ်ရမလဲ
နောက်ကို ဇက်ကနဲ လှည့်ကြည့်လိုက်တာ ပေါ့
…..လှည့်ကြည့်လိုက်တဲ့အချိန်မှာ …..မီးခိုးလိုလိုဘာလိုလို
တွေ…ကားနောက်ကို
လိမ့်ဆင်းသွားတာတွေ ့လိုက်ရတယ် …. ငါလည်းချက်ချင်းပဲ ရှေ
့ပြန်လှည့်လိုက်တော့ …ဆေးလိပ်ကွမ်းယာဗမ်းနဲ့ …ကောင်မလေးတစ်ယောက် က
ကားရှေ ့ကဖြတ်ပြေးပါလေရေလား ….သေပြီဆရာ …ငါချက်ချင်း ကားကို
ညာဘက်ဆွဲလှည့်လိုက်တာ …. ကား ဘီးနှစ်ဖက်
ပလက်ဖောင်းပေတတ်သွားပါလေရောကွာ… ငါလည်း ကလေးဘာဖြစ်လဲ
ဆိုပြီးလှည့်ကြည့်တော့ အဲဒီ ကွမ်းယာဆေးလိပ်ရောင်းတဲ့ကလေးမ မရှိတော့ဝူး
ငါလည်း …ဘေးဘောင်နဲ့ခေါင်းနဲ့စောင့်တာ
မျက်ခုံးကွဲသွားတယ်တဲ့ ……

ကဲမသေကောင်းမပျောက်ကောင်း …. ပရလောကသားတွေ ဒီလောက်ကြည်စားရလား
မယုံလို့လည်းမရဘူး ….ဘာပဲဖြစ်ဖြစ်ဂရုစိုက်သင့်တယ်…အခန့်မသင့်ရင်အသက်အန္တာရယ်ပါ
ရှိလာနိုင်တယ် …. မေတ္တာညွှန်ရက်ကွက်ထဲက ဘုန်းတော်ကြီးတစ်ပါးကတော့
…ဖြစ်နိုင်ပါတယ်တဲ့
ဒါတွေက အစိမ်းသေတွေဆိုတော့ …. မကျွတ်မလွှတ်နိုင်သေးလို့
…အကူအညီတောင်းတဲ့သဘောတွေပါ
ဒါကို ဆွေးမျိုးသားချင်းတွေ…..ဒါမှမဟုတ် သက်ဆိုင်ရာကပဲဖြစ်ဖြစ်
ကုသိုလ်အမျှအတမ်းတွေပေးပြီး
နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြီးမောင်းထုတ်သင့်တယ်တဲ့
…ဒါမျိုးတွေကမဖြစ်သင့်ဘူးလေ …မြို ့လည်ခေါင်မှာ
ဆိုတော့ ပိုဆိုးပါတယ် ….မဖြစ်သင့်ပါဘူးလို့ မှတ်ချက်စကားပေးသွားပါတယ် ။

One comment

  • kai

    June 1, 2010 at 9:43 pm

    (ကောင်မလေးက ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။
    အမှောင်ထဲက နောက်ထပ်သုံးယောက်ထပ် ထွက်လာခဲ့ပါတယ် … )ဆိုတော့ကာ..
    အသက်ငယ်ငယ်..မိန်းကလေး ၄ယောက်လို့ မှတ်ရမလိုဖြစ်ပါတယ်..။
    ဒါမှမဟုတ်….ခပ်ငယ်ငယ် လူငယ်၄ယောက်ပေါ့။

    X2o ဗုံးပေါက်တာမှာ..လူငယ် ဘယ်နှယောက်များသေလို့လဲ..။
    မိန်းကလေးငယ်တွေရော ပါသွားလို့လား…။
    ဒါမှမဟုတ်…သေတဲ့သူတွေများ..ပရလောကမှာ…အိမ်ထောင်တွေဘာတွေကျ…ကလေးတွေဘာတွေရ…လူဦးရေတွေများ..တိုးပွားကုန်ပလား..
    လား..လား..လား…

Leave a Reply