Dr.ဖေသက်ခင်ရဲ့ ဆိုင်းဘုတ်ထောင်နည်း…
ဧရာဝတီဘလောဒ့်မှ ရရှိပါသည်။အခုပဲဖတ်လိုက်ရလို့ ရွာသူားတွေကို ရှယ်လိုက်တာပါ။
ဒေါက်တာကြီးတို့ကတော့ ကမ္ဘာကျော်တော့မှာပဲ…ဒေါက်တာကြီးရဲ့ အမူမဲ့အမှတ်မဲ့က တိုင်းပြည်အပေါ်မှာ နည်းလေးတော့ အားနာသင့်ပါတယ်…ဒေါက်တာကြီးအတွက် စားပွဲခုံကျင်းနေတယ်ထင်ရင်လည်း ဆိုင်းဘုတ်ကိုခုံအောက်ပို့ထားလိုက်ပေါ့နော်…ဒါမှမဟုတ်လဲ အရင်လိုပဲ ချောင်ထိုးထားလိုက်ပေါ့နော်…
http;//www.irrawaddyblog.com/2012/01/dr.html မှရရှိပါသည်။
21 comments
Thel Nu Aye
January 25, 2012 at 8:51 am
ဟဲဟဲ——ဒို့မြန်မာတွေထောင်တက်မယ်ဆိုတဲ့အတိတ်နမိတ်ပေါ့နော်။ ပြတာပြတာ။
water-melon
January 25, 2012 at 9:35 am
လူတကာထက် တစ်မူထူးခြား
ပိုပိုရူးလား
စတိုင်လား မြန်မာလို့တင်ရမှာရှက်လိုု့လား ဂေါက်တာရေ 🙁
Phaung Phaung
January 25, 2012 at 9:46 am
အော်…မြန်မာကိုမသိကြမှာစိုးလို့ သူများထက်ထူးပြီး ဆိုင်းဘုတ်ထောင်တာနေမှာပေါ့ 😀
kyeemite
January 25, 2012 at 10:22 am
ထောင်တက်တာအကြောင်းမဟုတ်ဘူးဗျ..ဂျွမ်းထိုးမှာဘဲစိုးမိတာ..
မတူသောအတွေးပေါ့ဗျာ..ဟဲဟဲဟဲ။
etone
January 25, 2012 at 10:30 am
ဟဲဟဲ .. ကို ဇော်မင်းရေ .. အဲ့ဒါက … မာယာ .. မာယာ … ဖြစ်မလားပဲ … ။
နာမည်ကြီးချင်လို့ နဲ့ .. ထင်ပေါ်ချင်လို့ .. .. ပေါ်ပြူလာဖြစ်ချင်လို့ … မြင်သာချင်လို့ …. .
(ဟီး .. လျှောက်ကြောတာနော် .. စိတ်ဆိုးရဘူး … 😉 )
kokothandar
January 25, 2012 at 10:34 am
ထောင်တက်နေတာမဟုတ်ပါ ထောင်ဆင်းနေတာပါ။ တော်တော် အူကြောင်ကြောင်နိူင်ပါလား ဝန်မင်းရယ်
manawphyulay
January 25, 2012 at 10:56 am
မြန်မာက ထောင်တော့ ထောင်တယ် ဇောက်ထိုးကြီးဖြစ်နေလားမသိဘူးနော် ကြည့်ကြည့်ပါဦး။
တမူထူးခြား မြန်မာများဆိုသလိုပေါ့…. ပိုမြင်သာထင်သာရှိသွားတာပေါ့နော်။
zarlay
January 25, 2012 at 12:24 pm
ခေတ်သစ် ဆိုင်းဘုတ် ထောင်နည်းပေါ့နော်
windtalker
January 25, 2012 at 1:22 pm
သူ ့ခဗျာ လဲ ဒီရာထူးနဲ ့ဆိုတော့ ။
ပျော်ပါးမော်ကြွား ထောင်ထောင်..ထောင်ထောင် ဖြစ်ရရှာတာပေါ့ ။
ငါးဆယ်ပေးကြပါအေ ။
awra-cho
January 25, 2012 at 1:24 pm
မာကတ် တင်းဆင်းတာပါ ကွယ်။ အခုတောင် အ တော်လေး နံမယ် ကြီးသွားပြီမ ဟုတ်လား၊
မှော်ဆရာ
January 25, 2012 at 2:37 pm
ကြေးမုံကလဲဗျာ …
ဒီလောက် အမြင်မတော်ရင်လဲ နဲနဲတော့ photo ကို shop လိုက်ပါတော့လား ..
ခုတော့ တိုင်းသိ ပြည်သိ ဖြစ်နေပြီ ..
ဒေါက်တာကလဲ ဝန်ကြီးလုပ်နေပြီးတော့ အမှုမဲ့ အမှတ်မဲ့တော့ မနေသင့် မလုပ်သင့်ပါဘူး …
zaw min
January 25, 2012 at 2:45 pm
မှော်ဆရာရေ…ကြေးမုံကသိမယ့်ပုံတောင်မပေါ်ဘူး…ဒါကြောင့်သတင်းထဲဒီအတိုင်းထဲ့လိုက်တာပေါ့…
ကမ္ဘာပေါ်မှာမြန်မာဟေ့ဆိုပြီး…ဒေါက်တာကြီးက ဂြိုလ်တုလွှတ်မယ့်သဘောရှိတယ်…လူတွေပိုသိစေချင်တာပါမှာပေါ့နော်…
naywoonni
January 25, 2012 at 5:54 pm
ဆိုင်းဘုတ်က ဒီအတိုင်ချထားရင် မထင်ပေါ်မှာ စိုးလို့နေမှာပေါ့……..။ ဘာပဲဖြစ်ဖြစ် ခုတော့ သိသွားပြီလေ……. ” မြန်မာ” ဆိုတာကို……….
MaMa
January 25, 2012 at 8:39 pm
အဲလို ဘာလို့လုပ်ရသလဲဆိုတော့….
ဗေဒင်ဆရာက မှာလိုက်လို့ပါ။ 😛
အင်းးးးးးးးးးး ယတြာပဲဖြစ်မယ်ထင်ပါရဲ့။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 25, 2012 at 8:51 pm
…..လူဆိုတာ အမှားမကင်းနိုင်ကြဘူးလေဗျာ …..
ကိုရင်ရဲ့ ယတြာ လား
ဒါမှမဟုတ်
မြန်မာ ကို ကမ္ဘာက သိအောင်လို့
ဂီဂီရဲ့ မားကတ်တင်း နည်းနဲ့လား
သို့မဟုတ်
ကပေါက်ဖော်လို တော့ မဖြစ်နိုင်လောက်ပါဘူး
မတူတာတွေ လျှောက်ရေးသွားတယ်နော် …. 😛
Khin Latt
January 26, 2012 at 6:04 am
အဲဒါ သူကြီး ကြောင့်။
သူကလဲ ဂေဇက် ကို ဝင်ဖတ်ပြီး “မတူသော အမြင် တွေးပါ/ ရေးပါ” ဆိုတာတွေ တွေ့ပြီး “မတူသော အမြင် Position နဲ့ ဆိုင်းဘုတ်ကို ထောင်ထားတာ”။ 😉
ကြောင်ကြီး
January 26, 2012 at 9:04 am
မိန့်ခွန်းပြောသူ ဘယ်သူ ဘယ်နိုင်ငံကဆိုတာ ထင်ထင်ရှားရှား မြင်ရအောင် တမင်လုပ်တာ ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ထုံးစံကိုလိုက်လို့ အပြုအမူများ ကွဲပြားနိုင်ပါတယ်။ နိုင်ငံအမည်ကို သိပ်အရေးတယူ မလုပ်တဲ့ သဘောဖြစ်မှာပါ။ နိုင်ငံအတော်များများမှာ နိုင်ငံတော်အလံကို အားကစား ဝတ်စုံအဖြစ် ဝတ်ဆင်ခွင့်၊ မျက်နှာမှာ ဆေးရောင်စုံ ခြယ်သခွင့်များရှိပါတယ်။ အဲဒါကိုပဲ ဥပဒေပြဌာန်းပြီး အရေးယူတဲ့ နိုင်ငံများလည်း အများအပြားပါ။။။။
htoosan
January 26, 2012 at 9:18 am
ှဟုတ်တယ် ။ ဦးကြောင် ပြောသလို လို မိန့်ခွန်းပြောသူ အလှည့်မှာ အဲ့ဒီလိုထောင် ပြီး ပြောကြတာတွေ့ဘူးပါတယ် ။ ကိုယ်က ကိုယ်တိုင်ကိုယ်ကျ ဝင်မပါဘူးတော့ ဘာ အဓိပ္မါယ်လည်း မသေချာဘဲ ပြောမိတာဖြစ်မှာစိုးလို့ အရင် အစဖော်သူ စောင့်နေတာ .. 😀
myanmarcitizen
January 26, 2012 at 1:11 pm
ခုလေးပဲ ဖေသက်ခင်ကို မေးကြည့်ပြီးသွားပါပြီကွယ်။ သူအဲ့ဒီလို့ဒေါင်လိုက် ထားလိုက်ရတာဟာ သူညာဘက် လက်က ဝဲတွေကို video ရိုက်တဲ့အထဲမပါရလေအောင် ကွယ်လိုက်တာပါတဲ့ခင်ဗျာ။ video ရိုက်တာကလဲ ပုခုံးထမ်းပြီး အပေါ်စီးကနေရိုက်တော့ အကွယ်လေးပိုရသွားအောင်လို့ ဒေါင်လိုက်လေး ထားလိုက်တာပါတဲ့။
ဟုတ်မှာပါကျမ်းမာရေး ဝန်ကြီးလုပ်နေပြီး ဝဲပေါက်နေတယ်ဆိုတော့ ဘယ်ကောင်းမလဲနှော် :-)။ ဆေးရုံ ကဆေးတွေလိမ်းလဲမကောင်းလို့ ရွာကဆရာတော်ဆေးကို လှမ်းမှာထားတယ်ပြောတယ်။
Shwe Tike Soe
January 26, 2012 at 4:43 pm
အဲဒါပြောတာပေါ့ ယတြာ တွေဓာတ်တွေလုပ်နေတဲ့သူတွေကို ဒီမိုကရေစီလုပ်ခိုင်းလို.ကတော့ နတ်တွေသကြားတွေသာ စောင့်မကြည့်ရှူပါနဲ.ပဲပြီးသွားတော့မှာ…
ဒီလောက်ပညာတတ် ဖြစ်နေပြီ သများနိုင်ငံသွား ပြီး သူများထက်ထူး နဖူးအဆွယ်ပေါက် နေတော့ သွားရော….
kosharshi
January 26, 2012 at 7:29 pm
ပြန်ရောက်ရင် ဆေးရုံတွေကို လုပ်ရဦးမယ်တဲ့ဗျာ…