အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၈)

ထုံးစံအတိုင်း ဒယာနက်ရှ်က မေးနေကျ မေးခွန်းကိုပဲ ထပ်မေးပြန်တယ်။

“ဒါနဲ့ ..ဒီတိုက်ပွဲမှာရော.. အဘ ဘာဆုတံဆိပ် ရခဲ့သေးလဲ”

အဘိုးကြီး ငြိမ်ကျသွားလိုက်တာ မေ့ကြောများ ထိသွားသလားမှတ်ရတယ်။ ခဏကြာတော့မှ ခါးသီးတဲ့လေသံ နဲ့ –

“ငါတော့ ဘာဆိုဘာမှ မရပါဘူးကွာ…တို့ အမှတ် ၃၅ ဆစ်တပ်ရင်းမှာ အမ်ဗွီစီ နှစ်ယောက်၊ ပီဗွီစီ နှစ်ယောက်ရတယ်..ငါ့အဖွဲ့က

သုံးယောက်က သိန ဆုတံဆိပ် အသီးသီးရကြတယ်..သူတို့အတွက် ကျဆုံးတဲ့ အထိမ်းအမှတ် အဆောက်အအုံကို ဂျော်ရီယန်

မှာ တည်ဆောက်ပေးခဲ့တယ်ကွာ..ငါကတော့..ဘာမှကို မရခဲ့တာ…အသိအမှတ်ပြုတဲ့ စာတိုလေးတစ်စောင်..စကားလေးတစ်ခွန်း

တောင် မရခဲ့တာ…ငါ့ရဲ့ ရဲဝင့်စွန့်စားမှုကို ဘယ်သူမှ အသိအမှတ်မပြုခဲ့ဘူး..ဘယ်သူမှလည်း မသိခဲ့ဘူး…”

သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောတယ်။

“ဒါပေမဲ့လို့  ဝမ်းနည်းစရာရယ်တော့ မရှိပါဘူးကွာ…အေမာဂျိုတီမှာ အမည်မသိတဲ့ အညတရ စစ်သားအလောင်းတွေကို

မီး သဂြုႋဟ်တာမြင်တော့ ကိုယ့်လိုလူတွေလည်း အများကြီး ရှိပါသေးလား ဆိုပြီး စိတ်ဖြေမိတာ။ ဒဿနအမြင်နဲ့ကြည့်ရင်

မထူးဆန်းပါဘူး..ဖြစ်တတ်တဲ့ သဘောတွေ..ဖြစ်ရိုးဖြစ်စဉ်တွေပါပဲကွာ…အူရဒူ ကဗျာတစ်ပုဒ်မှာ ဒီလိုဆိုထားတယ် မဟုတ်

လားကွ –ကြိုသူမရှိဘဲ လောကကြီးထဲ တို့ရောက်လာ..ပို့ဆောင်သူမရှိဘဲ ပြန်ထွက်ခွာ..အသက်ရှိစဉ်မှာ အကောင်းဆုံး

            လုပ်ဆောင်ပါ..ယခုလူတွေ မေ့လျော့တောင် နောက်မျိုးဆက်များ သိရှိအောင်..တို့များစွမ်းဆောင်ပါ.. တဲ့..”

သူကဗျာရွတ်တာ ဆုံးသွားတော့ အားလုံး ငြိမ်သွားကြပြန်တယ်။ ရုတ်တရက် မစ္စစ် ဒမ်းမဲလ် က –

“ ဆဲရာ ဂျဟန် ဆီ အက်ချာ..ဟိန္ဒူစတန် ဟမရာ…” လို့ မျိုးချစ်စိတ် လှုံ့ဆော်ပေးတဲ့ သီချင်းကို ကောက်ဆိုတော့ အားလုံးလိုက်ပြီး ဆိုကြ

တော့တာပဲ။ကျွန်တော်တို့ကလေးတွေလည်း ဘယ်လိုဖြစ်တယ်မသိဘူး…သီချင်းကိုလိုက်ဆိုရင်း ဘယ်လ်ဝမ့် ဆင်းဂ် ကြီးရှေ့မှာ ညီညီညာညာ တန်းစီ

ရပ်လိုက်ကြပြီး ညာလက်သီးကို ကျစ်ကျစ်ဆုပ်လို့ ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ စစ်သားအိုကြီးကို ဂုဏ်ပြုမိကြတယ်။

ဒါကျွန်တော်တို့ စစ်ပွဲ..။သူက ကျွန်တော်တို့ သူရဲကောင်းကြီး..။

ဘယ်လ်ဝမ့် ဆင်းဂ် ကြီးခမျာ စိတ်ထဲ မခံစားနိုင်အောင်ဖြစ်ပြီး ငိုချပါတော့တယ်။နောက်တော့..ဂျိုင်း ဟင်း( အိန္ဒိယသားဟေ့) လို့ အော်ပြီး တခါတည်း

အခန်းထဲက ထွက်သွားတော့တာ။သူထွက်သွားတော့ ကျွန်တော်တို့ အတွေးထဲမှာ မြက်ရိုင်းရှည်ကြီးတွေရဲ့ တရွှမ်းရွှမ်းမြည်သံ၊ ဗုံးတွေ အမြောက်ဆံ

တွေ ပေါက်ကွဲတဲ့ အသံတွေ..ကော်ဒိုက် ယမ်းနံ့တွေ သွေးညှီနံ့တွေ..အလောင်းတွေ…အဲဒါတွေ တုန်ခါပြီး ပဲ့တင်ထပ်ကျန်ခဲ့တော့တာပဲ..။

 

ခဏကြာတော့ မစ္စတာ ဝါဂဲလ် ရောက်လာပြီး –

“ကဲ..အားလုံး..ပြောစရာ သတင်းလေး တစ်ခုပါတယ်..မနက်ဖြန်ကို စစ်မှုထမ်းများ သက်သာချောင်ချိရေး ရန်ပုံငွေ အဖွဲ့ တို့ဆီလာ

လိမ့်မယ်..တို့ တိုင်းသူပြည်သားများအတွက် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို တို့ တိုင်းသူပြည်သား

များကလည်း တတ်နိုင်သလောက် ပြန်စောင့်ရှောက်ကြရမယ်လို့ ဝန်ကြီးချုပ်က လမ်းညွှန်ထားတယ်မဟုတ်လား..အဲဒီတော့ မနက်ဖြန်

ကျရင် သူတို့ အဖွဲ့ကို ကျုပ်တို့တတ်နိုင်သလောက် လှူဒါန်းကြရမှာပေါ့..နော..”

မစ္စတာ ရှိက်ခ် က –

“ဟုတ်ပါပြီဗျာ… ကျုပ်တို့ စစ်ပြန်ကြီးကိုရော ကျုပ်တို့ မကူညီသင့်ဘူးလားဗျ…”

အကုန်လုံး ထောက်ခံကြတယ်။

“အင်း..အင်း..မှန်ပါတယ်ဗျာ..ကျုပ်တို့ သူ့အတွက် အကောင်းဆုံးလုပ်ပေးနိုင်တာက ၁၉၇၁ စစ်ပွဲမှာ သူဘယ်လိုစွမ်းဆောင်ခဲ့တယ်ဆိုတာ

နိုင်ငံတော်က အသိအမှတ်ပြုအောင် လုပ်ပေးဖို့ပဲလို့ ထင်တယ်..အဲဒီတော့ မနက်ဖြန်လာမဲ့ အဖွဲ့က လူတွေကို ကျုပ်တို့ သူရဲကောင်းကြီး

အကြောင်း ပြောပြပြီး အကူအညီတောင်းကြည့်ကြတာပေါ့ဗျာ..ဟုတ်ပြီလား…”

ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားမိကြတယ်..။တကယ်ပဲ သူ့အတွက် ထိုက်တန်တဲ့ ဂုဏ်ပြုမှုတစ်ခု ရတော့မယ်လို့လေ။

 

**************************

 

ကျွန်တော်တို့ဆီရောက်လာတဲ့ လူက သုံးယောက်ဗျ။ရှည်ရှည်တစ်ယောက်၊ ပုပုတစ်ယောက်၊ ဝဝတစ်ယောက်။သူတို့ အကုန်လုံးကတော့ အရာရှိဟောင်းတွေပဲ။ရှည်ရှည်က ရေတပ်က၊ ပုပုက ကြည်းတပ်က၊ ဝဝက လေတပ်ကတဲ့။ ပုပုက မိန့်ခွန်းရှည်ကြီး မပြီးနိုင် မစီးနိုင် ချွေတော့တာပဲ။

သူပြောတာ အကျဉ်းချုပ်ရရင် ကျွန်တော်တို့တပ်မတော်သားများဟာ ထူးကဲကြီးမြတ်သော အလုပ်များကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း။ကျွန်တော်

တို့ တိုင်းပြည်ဟာ ထူးကဲကြီးမြတ်ကြောင်း။ ကျွန်တော်တို့ ဝန်ကြီးချုပ်ဟာ ထူးကဲကြီးမြတ်သူဖြစ်ကြောင်း။ကျွန်တော်တို့အားလုံးဟာလည်း ထူးကဲကြီး

မြတ်သူများဖြစ်ကြောင်း။ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လှူဒါန်းပေးကမ်းမှုဟာ ထူးကဲကြီးမြတ်သင့်ကြောင်း။ မိန့်ခွန်းပြီးတော့ အလှူခံတဲ့ ခြင်းကလေးတစ်

လုံးနဲ့ လိုက်အလှူခံပါတယ်။လူတွေက အဲဒီအထဲ ပိုက်ဆံထည့်ကြတာပေါ့။တစ်ချို့လည်း ငါးရူးပီးလောက်၊ တစ်ချို့လည်း ဆယ်ရူးပီး။တစ်ချို့က တစ်ရာ။

အမျိုးသမီးတစ်ဦးကတော့ သူ့ရွှေလက်ကောက်တွေ ထည့်လိုက်သဗျ။ ဆလင်းကျတော့ သူ့မယ်ပိုက်ဆံမရှိလို့ ရှိတဲ့ ပီကေလေးနှစ်ခု ခြင်းထဲ ထည့်လိုက်

တယ်။ဘယ်လ်ဝမ့် ဆင်းဂ် ကြီးတစ်ယောက်တော့ ရောက်မလာဘူး။ သူ တုပ်ကွေးမိနေလို့ လို့ပြောတာပဲ။

အလှူခံလို့ပြီးတော့ တောင်မေး မြောက်မေး လုပ်ကြတယ်။ ကြည်းတပ်က ပုပု ကို မစ္စတာ ကူလ်ကာနီက မေးတယ်။ပုပု က အငြိမ်းစား ဗိုလ်မှူး

ကြီးဟောင်းတဲ့ဗျ။

“စစ်ပွဲတစ်ခုခုမှာ ခင်ဗျားကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့ဘူးလား”

“အင်း..တိုက်ခဲ့တာပေါ့ဗျ..၆၅ နဲ့ ၇၁ စစ်ပွဲကြီးတွေဆို ကျွန်တော့်ကိုယ်တွေ့ပဲ..”

“အဲ..၇၁ စစ်ပွဲအတွင်းက ဘယ်မှာ တာဝန်ထမ်းဆောင်ရသလဲဗျ..”

“ချမ်းဘ် မှာ..အပြင်းထန်ဆုံးအကြီးကျယ်ဆုံး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့နေရာပေါ့..”

“ခင်ဗျား တပ်ရင်းက..”

“ကျုပ်က ယန္တရား တပ်က..တပ်ရင်းက ထူးကဲကြီးမြတ်လှတဲ့ ဆစ်ခ် တပ်ရင်းကြီးလေ..”

“အဲဒီစစ်ပွဲပြီးတော့ ဘာဆုတံဆိပ်တွေရခဲ့သေးလဲ…”

“အဲ..ကျုပ်..ဝီရ ချက္ကရ ဆုတံဆိပ်တစ်ခု ရခဲ့တယ်..အဲဒါ တကယ်ကို ထူးကဲကြီးမြတ်တဲ့ ဆုတံဆိပ်ဗျ..”

“အင်း..အင်း..ဒါနဲ့ အဲဒီ ထူးကဲကြီးမြတ်တဲ့ ဆုတံဆိပ် ကို ဘယ်လိုကြောင့်ရခဲ့တာလဲ..”

“မန္ဒိယာလ တံတားတိုက်ပွဲမှာ ကျုပ်တို့ အမှတ် ၃၅ ဆစ်တပ်ရင်းရဲ့ ထူးကဲကြီးမြတ်တဲ့ စွန့်စားတိုက်ခိုက်မှုကြောင့်ပေါ့ဗျ..”

“ဪ..ဪ..သိပ်ကို ထူးကဲကြီးမြတ်တဲ့လူကြီး..ဂုဏ်ပြုဆုတံဆိပ်ကျတော့ သူပဲယူ..ကျန်တဲ့လူတွေကျတော့ မရကြ

ဘူး..ခင်ဗျားတို့ကို ကူညီမဲ့သူတစ်ယောက်သာမရှိရင်..အဲဒီတံတား ဘယ့်နှယ်လုပ်ပြီး ခင်ဗျားတို့ ပြန်သိမ်းနိုင်မှာတုန်း..

ဝေးသေးပါရဲ့..”

“အယ်..ဘယ်လိုဗျ..ခင်ဗျား ဘယ်သူ့ကို ပြောတာတုန်း..နားမလည်ဘူး..”

“ကျုပ်ပြောတာ ကျုပ်တို့ရဲ့ စစ်ပြန်ကြီးကိုညွှန်းတာပဲ..၁၉၇၁ စစ်ဖြစ်တော့ ချမ်းဘ်နယ်ဘက်မယ် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ကျုပ်တို့

သူရဲကောင်းဗျ..ခမျာမှာ ခြေထောက်တစ်ဖက်သာဆုံးတယ်..ဘာဆုတံဆိပ်မှ မရရှာဘူး..ပရမ် ဝီရ ချက္ကရ တောင်ပေးသင့်တာဗျ..

ခု..ကြည့်..ခမျာမှာ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ပေမယ်လို့ မျက်ရည်နဲ့ ကြေကွဲမှုကလွဲလို့ ဘာမှ မရရှာခဲ့ဘူး…ဒီမယ်..

ဗိုလ်မှူးကြီးရဲ့…ကျုပ်တို့က အရပ်သားဆိုတော့ စစ်တပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ နားမလည်ပါဘူး..ဒါပေမယ်လို့..အရမ်းကို

မတရားတဲ့ ကိစ္စက ဖြစ်နေတော့…ဗိုလ်မှူးကြီးအနေနဲ့ ဘာများကူညီ စောင်မ ပေးနိုင်မလဲဆိုတာလေး..အင်း..ရဲရင့်တဲ့ တပ်မတော်

သားများကို ဂုဏ်ပြုတယ်ဆိုတာ နောက်ကျရိုးမရှိဘူး ထင်ပါရဲ့နော်..”

မစ္စတာ ကူလ်ကာနီ ပြောတာကို ဗိုလ်မှူးကြီး ပုပုက စိတ်ဝင်တစားနားထောင်တယ်။ပြီးတော့ –

“ကိုင်း..အဲဒီ ထူးကဲကြီးမြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်မှာတုန်းဗျ..”

“ကျုပ်တို့ တန်းလျားဆောင်မှာပဲ ရှိပါရဲ့ဗျာ..”

“အိုး..တစ်ကယ်လားဗျ…ထူးကဲလှပါတယ်ဗျာ..ကျုပ်သူ့ကို ဂါရဝ ပြုချင်ပါရဲ့..”

အဲဒါနဲ့ ဘယ်လ်ဝမ့် ဆင်းဂ် ကြီး အခန်းကို လိုက်ပြကြတယ်။ ဗိုလ်မှူးကြီး အခန်းထဲဝင်သွားတာကို ကျွန်တော်တို့လှမ်းကြည့်ရင်း ဘာဖြစ်မလဲ သိချင်လွန်း

လို့ ယောင်ပေပေ နဲ့စောင့်နေမိကြတယ်။

အော်ကြီးဟစ်ကျယ်နဲ့ ငြင်းခုန်သံတွေ ကြားရပါရော..။ဝုန်း..ဒိုင်း ဆိုတဲ့ အသံတွေပါထွက်လာတယ်။ဆယ်မိနစ်လောက်ကြာတော့ ဗိုလ်မှူးကြီး

အပြင်ကို သုတ်ခနဲ ထွက်လာတယ်။မျက်နှာကတော့ အတော် ဒေါဖောင်းလာတဲ့ပုံဗျ..။ ကျွန်တော်တို့လည်း အူကြောင်ကြောင်နဲ့ကြည့်နေတုန်း သူက

ဒေါသတကြီးနဲ့ ပြောပါတော့တယ်..။

“ဒီလူလားဗျ..ခင်ဗျားတို့ ပီဗွီစီ ရသင့်တယ်ဆိုတာ..စောက်ကျိုးနည်း..ကျုပ်တစ်သက် တွေ့ဖူးသမျှ အထူးကဲဆုံး..အကြီးမြတ်ဆုံး

ကလိမ်ကကျစ် ပုဂ္ဂိုလ်ပဲ..ဒီငနာကို ခုချက်ချင်း လည်ပင်း လိမ်ချိုးပစ်လိုက်ချင်တာ..”

ဒေါသထွက်နေတာတောင် ဒီ ထူးကဲကြီးမြတ်တယ်ဆိုတဲ့ အသုံးအနှုန်းကို မချဘူး။သူကတော့ အင်္ဂလိပ်လို ညှပ်ညှပ်ပြောတာ။ Great! Greatest! ဆိုတာ

မျိုး။

သူအဲဒီလို ပေါက်ကွဲတော့ မစ္စစ်ဒမ်းမဲလ် က တင်းသွားတယ်။

“အောင်မာ..ရှင်က ကျွန်မတို့ ဟီးရိုး ကို ဒီလိုပြောဝံ့သလား” ဆိုပြီး ထဖြဲတယ်။

ဗိုလ်မှူးကြီးက ဒေါသထွက်နေတဲ့ကြားက စပ်ဖြီးဖြီးမျက်နှာ လုပ်ပြပြီးတော့ –

“အမယ်..အမယ်..သူက..သူရဲကောင်းကြီး..ဟီးရိုးကြီး ..ဟုတ်လား..အောင်မလေး..တကယ့်ဟာသ..တကယ့် အထူးကဲ အကြီးမြတ်

ဆုံးဟာသ..ကမာ္ဘပေါ်မှာ ဒီလောက်ရီရတာ မကြားဖူးသေးဘူး..ဟေးဟေး..”

မျက်နှာကို ချက်ချင်းပြင်လိုက်တယ်။ဒေါသ မျက်နှာ။လေသံကလည်း တင်းသွားတယ်။

“အေး..အဲဒီငနာက တကယ့် စစ်ပြေး..စောက်ကျိုးနည်း ပြေးတာမှ ချမ်းဘ် နယ်မြေဘက်မှာ ပြဿနာ အရိပ်အယောင်လေး မြင်

ပြီဆိုတာနဲ့ စပြေးတဲ့ကောင်..ကျုပ်ပြောပြမယ်..ဒီအကောင်က ကျုပ်တို့ ဆစ်ခ် တပ်ရင်းရဲ့ စုန်းပြူးတစ်ကောင်ပဲ..စစ်ပြေးမှုနဲ့

ထောင်ထဲ ဆယ့်လေးနှစ်လောက် ထည့်ထားလို့ရတယ်..သိလား..ကံဆိုးတာက စစ်ပြေးအမှုတွေကို လွန်ခဲ့တဲ့ ငါးနှစ်လောက်

ကပဲ ပိတ်ပစ်လို့ပေါ့ကွာ..နို့မို့ဆိုလို့ကတော့..ခုချက်ချင်းတောင် သတင်းပို့ပြီး ဒင်းကို ဖမ်းခိုင်းဦးမှာ..”

ကျွန်တော်တို့လည်း ပါးစပ်အဟောင်းသားကို ဖြစ်လို့..။

“ဘယ်လို..ဘယ်နှယ်တုန်းဗျ..ဗိုလ်မှူးကြီးရဲ့…ဟို..ချမ်းဘ် နယ်ဘက် တိုက်ပွဲတွေ အကြောင်းများ သူက ခရေစေ့တွင်းကျပြောပြတာ

ဟာကွက်မရှိအောင်ပါပဲလား..တိုက်ပွဲအတွင်းမှာ ခြေတစ်ချောင်းတောင် ဆုံးခဲ့တာချည်း..”

“အမယ်..အဲဒါ လိမ်တာ..လုံးဝ အမှန်အကန်လိမ်တာ..ကျုပ်ပြောပြမယ်..အတော်လေးတော့ သနားဖို့ကောင်းလောက်အောင်

နုံတယ် လို့ပြောရမယ်..ဒီလိုဗျ..”

ဗိုလ်မှူးကြီးက ခါးပတ်တွေ ဘာတွေ ဟိုလှည့် ဒီလှည့်နဲ့ ညှိလိုက်သေးတယ်။

“စစ်ဖြစ်လာတဲ့အချိန်မယ် ဘယ်လ်ဝမ့် ဆင်းဂ် က စိတ် ကယောက်ကယက် ဖြစ်နေတာ..ဘာဖြစ်လို့လဲဆိုတော့ ပသန်ကော့

မှာနေတဲ့ သူ့ဇနီးက သူတို့ သားဦးလေး မွေးပြီးရုံရှိသေးတာလေ..ဒီတော့ သူ့မိသားစုနဲ့ သူအတူရှိနေချင်တဲ့စိတ်က အသည်း

အသန် ဖြစ်နေမှာပေါ့..အဲဒီလိုဖြစ်နေတဲ့အချိန် ဂျော်ရီယန်မှာ ပြဿနာ အရိပ်အယောင်လေး ပြလည်း ပြရော ပိုဆိုးလာ

တော့တာပဲ..ဖြစ်ချင်ရာဖြစ် စွတ်စက်ပြီး လုပ်ချင်တဲ့စိတ်ကြောင့် ပါကစ္စတန်ဘက်က လက်နက်ကြီးတွေနဲ့ အကြီးအကျယ်

လည်း ဆော်ရော တစ်ခါတည်း တပ်ကို ထားပြီး ပြေးတော့တာပဲ..စစ်ပွဲက ထွက်ပြေးလာလို့ သူက လွတ်မယ်ထင်မှာပေါ့..

သူလည်း သူ့ မိသားစုရှိတဲ့ ပသန်ကော့က အိမ်ကိုရောက်ပြီး..ဘာကြာလဲ နှစ်ရက်လောက်မှာ ပါကစ္စတန်လေတပ်က ဗုံး

ကြဲ..စက်သေနတ်နဲ့ဆွဲတော့တာပဲ..ပသန်ကော့ လေဆိပ်ကိုလေ..ကျုပ်တို့လေယာဉ်တွေ တစ်စီးမှ မထိပေမဲ့လို့ ပေါင်ချိန်

ထောင်ဂဏန်းရှိတဲ့ ဗုံးကြီးတွေက လေဆိပ်နားရှိတဲ့ အိမ်တွေဝန်းကျင်မှာ ကျကွဲကုန်တယ်..အင်း..ဘယ်လ်ဝမ့် အိမ်ကလည်း

အဲဒီမှာပဲဆိုတော့…သူ့ မိန်းမနဲ့ လသားလောက်ရှိဦးမဲ့ သူ့ကလေးကတော့ တစ်ခါတည်း အစပျောက်သွားပြီး သူကတော့

ဗုံးစမှန်လို့ ခြေတစ်ချောင်း ပြတ်သွားရှာတယ်လေ..”

 

“အင်း…ဒါ..ဒါပေမဲ့ ဒီစစ်ပွဲအကြောင်း အသေးစိတ်ကို ဘယ်နှယ်လုပ်ပြီး သူပြောပြနိုင်ရတာလဲဗျ..”

ဗိုလ်မှူးကြီးက မျက်နှာ တစ်ချက်မဲ့လိုက်ပြီး –

“အာ..ဒီလူ ခင်ဗျားတို့ကို ဘာတွေရွှီးထားလဲတော့ ကျုပ်လည်း မသိဘူး…ဒါပေမဲ့..အဲဒီစစ်ပြီးတာပဲ နှစ်ဆယ့်ခြောက်နှစ်လောက်

ရှိပြီဆိုတော့ ..စစ်ပွဲအကြောင်း စာအုပ်စာတန်းတွေ ရှာဖွေ ဖတ်ထားပြီး ဖြီးလို့ရတာပဲလေ..မဟုတ်ဘူးလား..ဒီငနဲက ဒီနှစ်တွေ

အတွင်း..လက်သမားအလုပ်ကလေးလုပ်ရင်း အသာဝပ် နေပြီးတော့ သူ့ရဲ့ ဖြီးလုံးတွေနဲ့ ခင်ဗျားတို့ ရင်တဖိုဖိုဖြစ်နေတာကို အ

ရသာခံနေမှာပေါ့..သူနဲ့တွေ့လိုက်ရတာ စိတ်တောင် တော်တော်ပျက်သွားတယ်..ကိုင်း..ဒီနေ့ကတော့ ထူးကဲတဲ့နေ့မဟုတ်

တော့ဘူး..သွားပြီဗျာ..ဂွတ်ဘိုင်…ဂွတ်ဘိုင်..”

ဗိုလ်မှူးကြီးလည်း ခေါင်းကလေး တစ်ချက်ဆတ်လို့ ကျွန်တော်တို့ တန်းလျားဆောင်ကနေထွက်သွားပါတော့တယ်။ကျန်တဲ့ ရှည်ရှည်နဲ့ဝဝ

လည်း သူ့ဘေးမှာ ခြံရံလို့ပေါ့။ ကျွန်တော်တို့လည်း ဗုံးခိုကျင်းထဲ ပြန်ဝင်ကြတယ်။ ဟုတ်ပ..ကနေ့ဟာ ကျွန်တော်တို့အတွက်လည်း ထူးမြတ်တဲ့နေ့မ

ဟုတ်ပါလားဗျ..။ဘယ်လ်ဝမ် ဆင်းဂ်ကြီး ဘာများလုပ်နေမလဲလို့ ကျွန်တော်တို့ တွေးနေမိတယ်။ အဲဒီညနေက သူပေါ်မလာဘူး။

 

************************

One comment

  • windtalker

    January 25, 2012 at 7:38 pm

    ဘုရားရေ ၊ ဒီပုံစံ အတိုင်းဆို “ ဘယ်လ်ဝမ် ဆင်းဂ်ကြီး ” က ပုံပြောကောင်းတဲ့ တို ့ကိုကိုပါ ဘဲ ။ စကားမစပ် သည်ကဗျာလေးကိုတော့ ခံစားရတယ်ဗျာ ။
    “ ကြိုသူမရှိဘဲ လောကကြီးထဲ တို့ရောက်လာ..ပို့ဆောင်သူမရှိဘဲ ပြန်ထွက်ခွာ..အသက်ရှိစဉ်မှာ အကောင်းဆုံး……လုပ်ဆောင်ပါ..ယခုလူတွေ မေ့လျော့တောင် နောက်မျိုးဆက်များ သိရှိအောင်..တို့များစွမ်းဆောင်ပါ. ”
    ကျန်တာတွေ ကို အဆင်ပြေသလို မြန်မြန်လေး ဆက်ပြန်ပေးပါဦးဗျို ့

Leave a Reply