အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၅၉) ရူးပီး ငါးသိန်း

နောက်နေ့မနက်ကျတော့ ဘယ်လ်ဝမ့် ဆင်းဂ် ကြီးကို သူ့အခန်းထဲမှာ အားလုံးတွေ့ကြရပါတယ်။ နို့ ကရားလေး နဲ့ သတင်းစာကတော့ တံခါးဝက ဖိနပ်ချွတ်မှာ ဒီအတိုင်းလေး။ အခန်းနံရံ မှာ သူ့ချိုင်းထောက်လေး နှစ်ဘက်ကို သေသေသပ်သပ်လေး ထောင်ထားလို့။တစ်လုံးတည်း

သော သစ်သားကုတင်ကိုတော့ အခန်းထောင့်ကို ရွှေ့ထားတယ်။ အိပ်ယာဘေးက စားပွဲခုံလေးပေါ်မှာ လက်ဘက်ရည်ကြမ်းခွက်ကလေးတစ်လုံး။

လက်ဘက်ခြောက် ဖတ် ကလေးတွေတောင် ခွက်ထဲမှာ ရှိနေသေးတာ။အခန်းအလယ်တည့်တည့်မှာတော့ ထိုင်ခုံကလေးတစ်လုံးက လဲ နေရှာတယ်။

ထိုင်ခုံရဲ့ အထက်မှာကျတော့ လေထဲမှာ မသိမသာလေး လှုပ်ယမ်းနေတဲ့ ဘယ်လ်ဝမ့်ကြီးရဲ့ ခြေထောက်နှစ်ချောင်း။ မျက်နှာကျက် ပန်ကာကနေ

တွဲလောင်းကျလာတဲ့ ပန်းရောင်အဝတ်စတစ်စက သူ့လည်ပင်းမှာ ချည်လို့ဗျ။ သူအမြဲဝတ်လေ့ရှိတဲ့ သံလွင်စိမ်းရောင် စစ်ယူနီဖောင်းကို  နောက်

ဆုံးအချိန်ထိ ဝတ်ထားရှာတယ်။သူ့ခေါင်းကတော့ ရင်ဘတ်ပေါ်ငိုက်စိုက်ကျလို့။သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ မသိမသာလေး လှုပ်ယမ်းမှုကြောင့်

မျက်နှာကျက်ပန်ကာက တကျွိကျွိမြည်သံကို ခပ်သဲ့သဲ့ကြားနေရတယ်။

ထုံးစံအတိုင်း မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲကားရောက်လာပါပြီ။ ရဲသားတွေလည်း ကားပေါ်က အပြေးအလွှား ဆင်းလာကြတယ်။ပြီးတော့

အဘိုးကြီးရဲ့ ပစ္စည်းတွေကို မွှေနောက်ရှာဖွေကြတယ်။ပြီးတော့ သူတို့အချင်းချင်း တီးတိုးပြောလိုက်၊ ခြေဟန်လက်ဟန်နဲ့ ပြောလိုက် လုပ်ကြတာပဲ။

ဘေးနားလာစပ်စုတဲ့ လူတွေကို ခပ်မာမာနဲ့ မေးခွန်းတွေက ထုတ်သေးတာ။ဓာတ်ပုံဆရာကလည်း တဖျတ်ဖျတ်နဲ့ ရိုက်လို့။လူနာတင်ကားနဲ့ ဂျူတီ

ကုဒ်အဖြူရောင်ဝတ်ထားတဲ့ ဆရာဝန်တစ်ယောက်ရောက်လာတယ်။လူတွေကတော့ ဘယ်လ်ဝမ့်ကြီး အခန်းနားမယ် အုံလို့၊ ခဲလို့။

နောက်တော့ အဘိုးကြီးအလောင်းကို လူနာတင်စင်ပေါ်မှာ အဝတ်ဖြူလေးလွှမ်းလို့ တွန်းယူသွားကြတော့တယ်။ကျွန်တော်တို့ တန်းလျားနေ

တဲ့လူတွေကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရပ်ကြည့်နေကြတယ်။ ပူတူး၊ ဒယာနက်ရှ်၊ ဆလင်း နဲ့ ကျွန်တော်တို့လည်း လူကြီးတွေနောက်က ချောင်း

ကြည့်နေကြတာပေါ့။

အဝတ်ဖြူလွှမ်းထားတဲ့ အလောင်းကို စိုက်ကြည့်မိရင်း ကြောက်ရွံ့ ကြေကွဲမှု၊ အပြစ်ရှိသလိုခံစားမှုဟာ ကျွန်တော်တို့ရဲ့ ထုံတုန်တုန်ဖြစ်နေတဲ့

စိတ်ထဲကို တဖြည်းဖြည်းချင်း စိမ့်ဝင်လွှမ်းခြုံလာပါတော့တယ်။ဒီထဲမှာမှ ဒါတို့တိုက်ပွဲပဲ ဆိုပြီး ဘယ်လ်ဝမ်ကြီးအတွက် ကြိုးစားပေးခဲ့ကြသူများလည်း အဘိုးကြီး ပြောနေကြစကားကို ကြားယောင်လာမိကြတယ်။ စစ်ဆိုတာ အသက်တွေရင်းပြီးလုပ်ရတဲ့ တကယ့်ကိစ္စကြီး ဆိုတာလေ။

 

**********************

 

စမီတာ့ မျက်နှာက လေးနက် တင်းမာနေတယ်။ ကျွန်တော်က –

“စစ်ဖြစ်တော့ ခင်ဗျား ဘယ်မှာတုန်း”

“ဒီမှာပေါ့..ဟောဒီ မွမ်ဘိုင်း မှာပဲပေါ့..”

သူက ခပ်သွက်သွက်ပြန်ဖြေပြီး စကားစလွှဲလိုက်ပါတယ်။

“ကဲ..နောက်မေးခွန်းလေး ကြည့်ကြဦးစို့..နော..”

 

************************

 

ပရမ်ကူးမားက ဆုံလည်ကုလားထိုင်ကို ကျွန်တော်ဘက်လှည့်လိုက်တယ်။ နောက် ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး..

“ကိုင်း ..မစ္စတာသောမတ်စ်..ရေ..ခင်ဗျားကတော့ မေးခွန်း ခုနစ်ခုကို မှန်မှန်ကန်ကန်ကြီးဖြေဆိုပြီးခဲ့လို့ ခုဆို ရူးပီး နှစ်

သိန်းကြီးများတောင် ရနေပြီ..အခုတစ်ခါ..မေးခွန်း နံပါတ်ရှစ်ကို ခင်ဗျား ဖြေနိုင်မလားဆိုတာ အားလုံး တွေ့မြင်ကြရ

ပါတော့မယ်…မေးခွန်းနံပါတ်ရှစ်ကို မှန်အောင်ဖြေနိုင်ရင် ရူးပီး ငါးသိန်း….ကဲ…အဆင်သင့်ပဲနော်…”

“ဟုတ်ကဲ့..အဆင်သင့်ပါပဲ..”

“အိုခေ..မေးခွန်း နံပါတ်ရှစ်က ..အိနိ္ဒယ တပ်မတော်က ပေးတဲ့ သူရသတိ္တ ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်က..နားလည်တယ်နော်..

ထပ်ပြောမယ်.. အိနိ္ဒယ တပ်မတော်က ပေးတဲ့ သူရသတိ္တ ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်က (က) မဟာဝီရ ချက္ကရ (ခ) ပရမ်ဝီရ

ချက္ကရ (ဂ)သောယုရ ချက္ကရ (ဃ)အသောက ချက္ကရ.. ဖြစ်ပါတယ်တဲ့..”

ထုံးစံအတိုင်း သဲထိတ်ရင်ဖို တီးလုံးက စလာပြီး အချိန်ကိုက်ဗုံး နာရီသံကလည်း တဖြည်းဖြည်းနဲ့ ကျယ်လာတယ်။ ပရိသတ် ထဲမှာ တီးတိုးပြောနေ

သံတွေ ကြားလာရတယ်။သူတို့ပုံစံက ဪ..သနားစရာ စားပွဲထိုးငနာလေး ဒီတစ်ချီတော့ သွားပြီ ဆိုတဲ့ အနေအထား..။ဂွတ်ဘိုင် ကောင်လေး

ဘာညာလုပ်ဖို့တောင် ပြင်ထားပြီးပုံပဲ။

“(ခ) ပရမ်ဝီရ ချက္ကရ..”

ပရမ်ကူးမား မျက်ခုံးပင့်တယ်။

“ဟ..အဖြေတကယ် သိလို့လား..ရမ်းမဖြေနဲ့နော်..”

“ကျွန်တော် အဖြေကို သိပါတယ်..”

“ဒါဆို တစ်ရာ ရာခိုင်နှုန်း လုံးဝသေချာပြီပေါ့..”

“ဟုတ်ကဲ့..”

ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ပြပါတယ်။

“ဟုတ်ကဲ့..လုံးဝ တစ်ရာ ရာခိုင်နှုန်း မှန်ပါတယ်ခင်ဗျာ..”

ပရိသတ်ကလည်း ဝေါခနဲ ဩဘာပေးလိုက်ကြတာများ..။လက်ခုပ်တီးသူတီး..လက်ခေါက်မှုတ်သူမှုတ်..ဘရာဗို..ဘာညာနဲ့

အော်သူကအော်..။ပရိသတ်အကုန်လုံး ပျော်ရွှင်သွားကြတယ်ထင်ပါ့။ ကျွန်တော်လည်း ပြုံးမိတယ်။အဲ..ပရမ်ကူးမားကတော့

မပြုံးဘူးဗျ။

စမီတာကတော့ ခေါင်းလေး တညိတ်ညိတ်နဲ့။

One comment

  • windtalker

    January 26, 2012 at 7:57 pm

    အသက်ပေးပြီး ပုံပြောသွားတဲ့ အဘိုးကြီး ကျေးဇူးတွေပေါ့နော…. ။ မစ်စတာသောမတ်စ် မင်းပိုင်သကွာ ။

Leave a Reply