မန်းဂေဇက်စုပေါင်းအလှူ သာဓုခေါ်လို့ ကုသိုလ်ယူ
မန်းဂေဇက်မှာ ပထမဆုံးတင်တဲ့ ပို့စ်ကို ကုသိုလ်ရေးလေးနဲ့ စတင်ဖြစ်တာ နှစ်ထပ်ကွမ်းပီတိဖြစ်ရပါတယ်ဗျာ..
မ etone ရဲ့ စုပေါင်းအလှူပို့စ်ကိုဖတ်ပီး ကိုယ်တတ်နိုင်သလောက်လေး လက်မနှေးရလေအောင် ကုသိုလ်ပါဝင်ချင်တာပေါ့။ ပို့စ်ထဲမှာ ရန်ကုန်၊ မန်းလေးက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊နာမည်တွေတော့ ပါပါရဲ့ ကိုယ်က နေပြည်တော်က ဖြစ်နေတယ်။ ဘဏ်ကပဲလွှဲတာပေါ့ဆိုတော့ တယောက်ယောက်မှတ်ပုံတင်သိမှ။ အင်း လှမ်းမေးရင်ကောင်းမလားနဲ့ သူကြီးတင်ထားတဲ့ လင့်က်ထဲမှာရှာဖတ်၊ မြန်မာ အရှေ့တိုင်းဘဏ်မှာ အကောင့်ဖွင့်ထားတယ်ဆိုတော့ အိုကေ စာရွက်လေးနဲ့ မှတ်ထားလိုက်တယ်။ ဒီဘဏ် နေပြည်တော်မှာရှိလား လိုက်မေးတော့ ရှိဘူးတဲ့ ခက်ပီ။
ရန်ကုန်က သူငယ်ချင်းတယောက်ပဲ အကူအညီတောင်းပီး သွားထည့်ခိုင်းရမလား..၊ ဘာလို့ ကမ္ဘောဇတို့ ရိုးမတို့လို မြို့တိုင်းနီးပါး ဘဏ်ခွဲရှိတဲ့ ဆီမှာ အကောင့်မဖွင့်တာပါလိမ့်ပေါ့..။ ဒါနဲ့ နေပြည်တော်လမ်းညွှန်လေး ပြေး လှန်ကြည်တော့ တော်မှတော်ပေသေး.. မြဝတီဘဏ်နဲ့ ချိတ်ထားတယ်တဲ့။ ရုံးတဖက်နဲ့ဆိုတော့ နှစ်ရက်လောက်နဲ့ ဘဏ်မရောက်ဖြစ်ဘူး။ နောက်ဆုံး ရှင်မရေ ဘဏ်သွားပေးပါအုံးလို့ မှတ်ထားတဲ့ စာရွက်လေးပေးပြီး ကုသိုလ်အရေးအတွက် မောင်တစ်ထမ်း မယ်တရွက်ပေါ့။ မောင်ကမေးတော့ သူ့ခမျာ အပြေး သွားပေး ရှာပါရဲ့.. ဘဏ်ရောက်တော့ပြောတယ် အကောင့်နာမည်လိုသေးတယ်တဲ့ဗျာ။ ကဲ ပေးလိုက်တဲ့ စာရွက်ပေါ်က မetone အမည်နဲ့ ဖုန်းနံပါတ်ကိုသာ ဆက်မေးလိုက်ပါတော့ကွယ်လို့ဖြစ်ပြီးသကာလ ဒေါက်တာအောင်ကျော်ကျော်ဦး အမည်ကိုသိရှိ၊ အလှူငွေလေးကို ဘဏ်ကလွှဲလို့ ကုသိုလ်ပါဝင်လိုက်ပါကြောင်း။
ရွာသူ ရွာသားအပေါင်း ဖတ်ရာအရပ်က သာဓုခေါ်ကြပါ.. အမျှ.. အမျှ.. အမျှ ယူတော်မူကြပါကုန်လော့…. ..။
7 comments
ရွာစားကျော်
January 28, 2012 at 6:41 pm
မetone က ငွေလွှဲပြီးရင် အကြောင်းကြားပေးပါဆိုလို့ ဒီပို့စ်လေးနဲ့ ပြောလိုက်ပါဘီ။ မြဝတီဘဏ်က ငွေပို့တဲ့လက်ခံဖြတ်ပိုင်းလေးကိုပါ စကင်ဖတ်ပီး ပုံအနေနဲ့ထည့်ချင်တာ ထည့်တတ်ဘူး ဖြစ်နေတယ်..
ပို့စ်မှာလည်း ကော်ပီ။ပေ့စ် ဖြစ်သွားတယ်..
ခုမှ စတင်တာမို့ ကူညီပေးကြပါအုံး..
MaMa
January 28, 2012 at 7:29 pm
စစတင်ချင်းပိုစ့်တွေမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။
နောက်တင်ရင်းနဲ့ လွယ်လာပါလိမ့်မယ်။
ပိုစ့်ရေးရင် သတိထားဖို့က…..
ပိုစ့်ကိုရေးပြီးရင် publish မလုပ်ခင် preview အရင်လုပ်ပြီး ဖတ်ကြည့်ဖို့ အကြံပေးချင်တယ်။
အဲဒီမှာ ဖတ်ကြည့်ပြီး ပြင်သင့်တာ ပြင်ပြီးမှ တင်လိုက်ရင် အမှားနည်းနိုင်ပါတယ်။
အထူးသဖြင့်- category, tag, allow comments အဲဒီ ၃ ခုကို ကြည့်ဖြစ်ရင်ပဲ တော်တော်အဆင်ပြေသွားလိမ့်မယ်။
ရွာစားကျော်
January 28, 2012 at 8:09 pm
ကျေးဇူးပါ မမ ရေ
preview လုပ်ကြည့်သေးတယ်ဗျ
ဘာမှ ပေါ်မလာလို့ ဒီအတိုင်းတင်လိုက်တာ
padonmar
January 29, 2012 at 1:15 am
scan ဖတ်ပြီးပုံတင်ရင် jpeg နဲ့မှရပါတယ်။
ပုံထည့်ချင်တဲ့နေရာမှာ
insert image နှိပ်ရင် box တစ်ခုပေါ်လာပါမယ်၊ အဲဒီမှာ browse နဲ့ ကိုယ်ထည့်ချင်တဲ့ပုံကိုရွေး၊ upload လုပ် ၊caption မှာပြောချင်တဲ့စာရိုက် ၊ size က ကြိုက်တာရွေး ၊ပြီးရင် insert into post လုပ်၊
တင်ပြီးသားpost မှာပြန်ထည့်ချင်ရင် edit the post နဲ့ပြန်ထည့်လို့ရပါတယ်။
တတ်သလောက် မှတ်သလောက် ဆရာလုပ်ကြည့်တာ။:D
ရွာစားကျော်
January 29, 2012 at 8:27 pm
တင်ပြီးသားပို့စ်ကို ပြန်ပီး edit မလုပ်တတ်လို့ပါ
သူကြီးရေ ကူပါအုံး စီနီယာတွေ ကူကြပါအုံး
ကျနော့်ပို့စ်လေး ပိုလေးနက်သွားအောင်လို့
ဘဏ်ချလံလေး စကန်လုပ်ပီး jpeg နဲ့ထည့်တာပဲ
မီဒီယာထဲတော့ ရောက်ပါရဲ့ ပို့စ်ထဲ ပါမလာလို့ပါ ywarthrkyaw နာမည်နဲ့ပါ
ကော်ပီပေ့စ် ဖြစ်သွားတာရော နှမြောလိုက်တာ
လင့်ခ်လေးတွေဖြစ်ဖြစ် ပေးကြပါနော
MaMa
January 29, 2012 at 8:52 pm
ရွာစားကျော်ရေ-
သဂျီးက ရွာသူားတွေကို အဆင့်နည်းနည်း ခွဲထားလို့ ရေးကာစမှာ ပိုစ့်ကို edit လုပ်လို့ မရပါဘူး။
အဲဒါကြောင့် ဓာတ်ပုံထပ်တင်ချင်ရင် နောက်ပိုစ့်တစ်ခုတင်လိုက်မှ ရမယ်ထင်ပါတယ်။
ကော်ပီပေ့စ် ဖြစ်သွားတာကိုလည်း ပိုစ့်ကို publish မလုပ်ခင်ကတည်းက category, tag, allow comments အဲဒီ ၃ ခုကို ကြည့်တဲ့အကျင့်ကို လုပ်ရပါတယ်။
ရွာစားကျော်
January 29, 2012 at 8:58 pm
အော်.. ဒီလိုလား
ဒါဆို တို့ဒဂျီးလည်း မျက်နှာကြီးရာ ဟင်းဖက်ပါတာပေါ့