တောင်ကုတ်မှာ မီးလောင်
ယနေ ့၃ဝ ရက်နေ ့တွင် တောင်ကုတ်မြို ့ဈေး မီးလောင်မှုဖြစ်ပေါ်ခဲ့သည်။မီးစတင်လောင်ကျွမ်းချိန်မှာ နေ ့လည် ၁း၄၅ ခန် ့ကဖြစ်သည်။စတင်လောင်ကျွမ်းသော ဆိုင်မှာ
အရက်ဆီ၊ဓာတ်ဆီ၊ဒီဇယ် ရောင်းချသော ဆိုင်ဖြစ်ပြီး၊ဓာတ်ဆီပုံးကို ချည်နှောင်ထားသော ပလတ်စတစ်ပုံးမှ ကြိုးစကို ဂက်စ်မီးခြစ်ဖြင့်မီးရှို ့ ဖြတ်တောက်ရာမှမီးစတင်
လောင်ကျွမ်းရခြင်းဖြစ်သည်။ဈေးဆိုင်ခန်းပေါင်း (၁၁)ခန်းလောင်ကျွမ်းပြာကျသွားပြီး ညနေ ၄း၃ဝ ခန် ့တွင် မီးငြိမ်းသွားခဲ့ပါသည်။
မီးစတင်လောင်ကျွမ်းခဲ့ချိန်က တောင်ကုတ်မီးသတ်မှ သံတွဲကိုအကူအညီလှမ်းတောင်းသဖြင့် သံတွဲမှ မီးသတ်ကားများ မိုင် ၄ဝ ခရီးကို အပြင်းလိုက်သွားသော်လည်း ရွှေလှေ
ရွာ(မိုင် ၁ရ မိုင်ခရီး) အရောက်တွင် မီးငြိမ်းသွားသဖြင့် ပြန်လာခဲ့ရသည်။
7 comments
ဖိုးဇီဝက
January 30, 2012 at 10:31 pm
သတင်းက စောစောနက တင်ပြီးသားကြီး ထင်တာပဲ ၊
ဒါပေမဲ့လေ သတင်း ၂ ပုဒ် ပေါင်းဖတ်ရတော့ ပိုပြီး ပြည့်စုံသွားပါတယ် ။
kyawkyaw11
January 31, 2012 at 11:03 am
နွေရာသီရောက်လာပြီဆိုတော့ဒို့ပြည်သူတွေ မီးကိုသတိထားကြပါ
ဖြစ်လာရင်တော့ ဒို့ဒေသတွေမှာ မီးငြိမ်းစရာတွေ ကားတွေ ခေတ်မှီပစ္စည်းတွေမရှိတော့
စည်းရုံးမှုကိုဘဲအားကိုးပြီးငြိမ်းသပ်ကြရပါတယ်
ဒါကြောင့်ဒို့ပြည်သူတွေ တစ်ဦးချင်း သန့်ရှင်း သပ်ရပ် သိုက်ဝန်းကြပါ
သတိရှိကြပါ၊ မပေါ့ဆကြပါနဲ့ တစ်ဦးတစ်ယာက်ရဲ့ပစ္စည်းဆုံးရှုးံတာဟာ ဒို့ပြည်သူတွေရဲ့ပစ္စည်းဆုံးရှုံးဒါပါဘဲ
ရွာသားများကျမ္မာပါစေ
စိန်ပေါက်ပေါက်
January 31, 2012 at 11:29 am
ဓာတ်ဆီပုံးကကြိုးကို မီးရှို ့ဖြတ်တယ်ဆိုတော့
စတုပစ်ပဲဗျာ
မသေတာကံကောင်း
အတိသဉ္ဇာ နာဂရ ချစ်သူ
January 31, 2012 at 11:52 am
ဟုတ်တယ်ဗျာ တော်တော်စိတ်ပျက်စရာကောင်းတာက ပို ့စ်တင်မလို ့လုပ်တိုင်းမှာ log out
ဖြစ်ဖြစ် နေလို ့သေချာ မကြည့်မိလို ့သူများတင်ထားတာ သတိမထားမိလို ့ပါဗျာ။နောက်ကျ
သွားလို ့တောင်းပန်ပါတယ်။
မီးသတိထားသင့်တာတော့ အားလုံးမှာတာဝန်ရှိတာပေါ့။အားလုံးမပေါ့ဆသင့်ကြပါဘူး။
zarlay
February 1, 2012 at 2:39 pm
အင်း ဒီလောက်ရှေ့က နေ မီးကြောင့် ပျက်စီးဆုံးရှုံးထားတာတွေကို ကြည့်ပြီး သတိမရှိကြသေးပါလားနော်
အတိသဉ္ဇာ နာဂရ ချစ်သူ
February 1, 2012 at 7:20 pm
မနေ ့ညကလဲ ထပ်ပြီး မီးလန် ့ပါသေးတယ်။တော်တော်လေးကို စက်သုံးဆီအရောင်းအဝယ်
တွေကို တင်းကျပ်ထားပါတယ်။
Gipsy
February 1, 2012 at 8:57 pm
ဟေ… ဟ …ဟ…
ဘယ်နေရာမှာ လဲ ….. မီးလန့်တာ ….
ကွိုင်ပဲ ….