“နှစ-်လေး-နှစ်-သုံး-နှစ် ဒီအတိုင်းဘဲဆော်ခဲ့ကြတယ်ဗျာ”

“နှစ-်လေး-နှစ်-သုံး-နှစ် ဒီအတိုင်းဘဲဆော်ခဲ့ကြတယ်ဗျာ”

 

ပြီးခဲ့တဲ့တစ်ရက်က ရွာထဲက လုလင်လေးက ဖုန်းဆက်လာပါတယ်။

သူမန်းလေးကိုရောက်နေတယ်တဲ့။

သူ့ကိုမေးကြည့်တော့ နေပြည်တော်က အပြန်မှာ မန်းလေးလာပြီးဓါတ်ပုံလာရို်က်တာလို့ပြောပါတယ်။

သူဆက်တော့ညနေလေးနာရီကျော်ကျော်လောက် ကွျဲဆည်ကန်ကားဝင်းတော့ရောက်ပြီဆိုပါတယ်။

နောက်သူတည်းအိမ်ရောက်တဲ့အချိန်ကျရင် ပြန်ဆက်မယ်လို့ပြောပါတယ်။

ခန့်မှန်းခြေ ညနေခြောက်နာရီလောက်မှတွေ့မယ်လို့ပြောပါတယ်။

အဲတော့ မန်းလေးက ရွာသားကြီးရွှေမင်းသားနဲ့ကိုစိန်သော့ကိုဖုန်းဆက်ရပါတယ်။

လုလင်မောင်လာပြီပေါ့။

ရွှေမင်းသားကတော့ စားသောက်ဆိုင်တစ်ခုမှာထမင်းစားရင်းစကားပြောဘို့ ချိန်းထားလိုက်ပါ။

သူလဲအလုပ်ကစ္စတစ်ခုဖြတ်ပြီးရင်လာခဲ့မယ်လို့ ပြောပါတယ်။

အဲဒါနဲ့ မင်းလုလင်က ဖုန်းဆက်လာချိန်မှာတော့  မြောက်ကျုံးဒေါင့်နားမှာတည်းတဲ့ လုလင်ကို ကျနော်က သွားခေါ်ပြီးရွှေမင်းသားနဲ့လှမ်းချိန်းလိုက်ပါတယ်။

သူရောကိုယ်ရော  ပြန်လို့သွားလို့လွယ်တဲ့ ရွှေဘဲမှာထမင်းသွားစားကြပါတယ်။

ထမင်းဆိုင်ရောက်မှ ကိုစိန်သော့ကိုလှမ်းချိတ်မယ်လုပ်တုန်းသူ့ဆီကဖုန်းဝင်လာပါတယ်။

သူမလာတော့ဘူး နောက်နေ့အစီအစဉ်တွေ ချိန်းထားပါလို့ပြောပါတယ်။

သူ့အလုပ်မပြီးသေးတော့ ထမင်းစားတဲ့ဆီကို လိုက်မလာတော့ပါဘူး။

ထမင်းစားရင်း အစီအစဉ်တွေဆွဲကြပါတယ်။

နက်ဖြန်…………………လုလင်က အမျုးိတွေသွားတွေ့မယ်။

သန်ဘက်ခါ အင်းဝ။

နောက်ရက် တောင်သမန်။

နောက်ရက်မန်းလေးတောင် ………..ပုသိမ်ကြီး ။

နောက်ရက်မင်းကွန်း………………..

နောက်ရက်နောက်ရက်……………….အားလုံးဓါတ်ပုံရိုက်ဘို့ဆိုတာထက်လွဲပြီးဘာမှထွက်မလာပါဘူး။

အဲတော့ လုလင်ကို  ကျနော်တို့က အလှည့်ကျလိုက်ပို့ဘို့အစီအစဉ်တွေဆွဲကြပါတယ်။

အချိန်ဇယားတွေဆွဲကြတော့ အင်းဝသွားမယ့်ရက်ကကျနော်ရောကိုစိန်သော့ပါမအားကြပါဘူး။

စနေနေ့ပါ။

တနင်္ဂနွေနေ့မှာတော့ ကိုသော့ကအားတော့ သူတောင်တမန်ကိုလိုက်မယ်။

ကျနာ်က သိပ်မသေချာ။

အဲဒါနဲ့ရွှေတိုက်စိုးကို လှမ်းပြီး သတင်းပေးပါတယ် ကိုစိန်သောနဲ့ဆက်သွယ်ပါလုလင်ရောက်နေတယ်ပေါ့။

မောင်ပေကို လှမ်းသတင်းပေးတော့ အခုရက်ပိုင်းသူမအားဘူးပြောတော့ ထပ်မဆက်သွယ်ဖြစ်ပါဘူး။

အဲတော့ စနေနေ့မှာတော့ရွှေမင်းသားနဲ့လုလင် နှစ်ယောက်ထဲ နေ့လည်ပိုင်းမှာ အင်းဝသွားကြပါတော့တယ်။

ဒါတောင်မနက်ပိုင်းမှာ လုလင်က ပုသိမ်ကြီးတို့ မင်းဂံတို့ ဘုတ်ရွာတို့ဖက်သွားရိုက်ပါသေးသတဲ့။

ကျနော်တောင်မရောက်ဘူးသေးတဲ့ဆင်ရွာကြီး(မန်းလေးတောင်အရှေ့မြောက်ဘက်) ထိရောက်ခဲ့ပါသတဲ့။

လူမတွေ့ပေမယ့် လုလင်ကိုတော့ ဖုန်းနဲ့အမြဲဆက်သွယ်နေပါတယ်။

အင်းဝကို ရွှေမင်းသားနဲ့နှစ်ယောက်သွားပြီးနောက်ရက်တနင်္ဂနွေမှာတော့ အလှည့်ကျတာက

တောင်သမန်အင်း။

အဲဒီနေ့မှာတော့ ကိုစိန်သော့က လုလင်ကို ခေါ် မနက်စောစောသွားနှင့်။

ရွှေမင်းသားနဲ့ကျနော်က နောက်မှလိုက်မယ်ဆိုပြီး အစီအစဉ်တွေကိုဖုန်းနဲ့ချိတ်ကြပါတယ်။

ကျနော်က အလုပ်မပိတ်တော့ မနက်ပိုင်းအလုပ်တွေစီစဉ် ။

အားလုံးပြီးတဲ့ ဆယ်နာရီကျော်တော့မှ လိုက်ရပါတယ်။

အဲဒီအချိန်ရွှေမင်းသားကလဲ ဖုန်းလှမ်းချိတ်တော့ စိန်နဲ့လုနှစ်ယောက်က တောင်သမန်အင်းအလယ်က

လှေငယ်ပေါ်မှာရောက်နေပါသတဲ့။

အဲတော့ နောက်မှလိုက်တဲ့ ရွှေနဲ့ပေါက်က ဦးပိန်တံတားပေါ်ကစောင့်မယ်ဆို၏

အကြောင်းကြားလိုက်ပါတယ်။

ကျနော်တို့အားလုံးရဲ့ ရည်ရွယ်ချက်က ကွန်ပစ်တာကို ရိုက်ချင်တာပါ။

စိန်နဲ့ရွှေက ရိုက်ဘူးတယ်။

လုနဲ့ပေါက်က မရိုက်ဘူးသေးပါဘူး။

အဲတော့ ရွှေနဲ့ပေါက်တို့က စောင့်ရင်းနဲ့ တံတားအောက်မှာလှေတစ်စင်းကွန်ပစ်တာကို

လိုက်ရိုက်နေကြပါတယ်။

ခဏနေတော့ စိန်လု တို့ ငှားထားတဲ့လှေက ကျနော်တို့နားရောက်လာပြီး ကွန်ပစ်ပြဘို့လုပ်ပါတယ်။

စိန်လုတို့က ပိုက်ပိုက်ပေးပြီးငှားထားတာပါတဲ့။

အဲဒါနဲ့လှေသမားကို ကွန်ပစ်ခိုင်းပြီး ရိုက်လိုက်ကြတာ သူတို့ကတော့ ကျွမ်းကျင်တော့

ပုံကောင်းတွေရ။

ကျနော်ကတော့မကျွမ်းကျင်တော့ သိပ်စိတ်တိုင်းကျတဲ့ လှတဲ့ပုံမရပါဘူး။

အားလုံးဓါတ်ပုံရိုက်ပြီးတော့ ဟိုတစ်ခါ ရွှေတိုက်စိုးနဲ့စားကြတဲ့ ရွှေကြက်ယက်က              ဒေါ်အေးကျင်မြန်မာ ဘူးဖေး ဆိုင်မှာထမင်းသွားစားကြပါတယ်။

ထမင်းစားပြးိတော့  ကဖေးချိုချိုလက်ဖက်ရည်ဆိုင်ဆက်ထိုင်ပြီးနောက်နေ့အစီအစဉ်ဆွေးနွေးတုံး

ဖရဲသီးလေး လိမ့်လာပါတယ်။

ရောက်တာရာရာစကားတွေပြောကြြပြီး နောက်နေ့အစီအစဉ်တွေရတော့ လမ်းခွဲကြပါတယ်။

လမ်းခွဲတော့ ရွှေစိန်လုတို့က တောင်မြို့အဝင်ကပ်ကျော်ဘုရားနားက ရှေးဘုရား

စန္ဒာမုနိကို သွားပြီး ဓါတ်ပုံရိုက်ဘို့ဆက်ထွက်ခွာကြပါတယ်။

ပေါက်နဲ့ ဖရဲကတော့ အတူတူပြန်လာကြပါတယ်။

နောက့်နေ့မနက်ကတော့ ဥပုဒ်နေ့ဆိုတော့ကျနော်အားပါတယ်။

အဲဒါနဲ့မနက်ငါးနာရီအိပ်ယာထ။

လုကို လှမ်းနှိုး ပြီး မန်းလေးတောင်တက်မယ်လှမ်းပြောထားပါတယ်။

သူနေတဲ့11လမ်းကိုသွားခေါ်။

15လမ်းက လက်ရွေးစဉ်မှာ မနက်စာစားပြီးထွက်လာတော့ ရောင်နီပျို့နေပါပြီ။

ဒါနဲ့ဘက်မနက်နေမင်းမှီအောင် ဆိုင်ကယ်အပြေးအလွားမောင်း။

ကျောက်တော်ကြီးမှာဆိုင်ကယ်အပ်လို့ တောင်ပေါ်ကို အပြေးအလွှားတက်ရပြန်ပါတယ်.။

နေမှီအောင် ဇောနဲ့ပြေးတက်ကြရတာ  ဓါတ်တော်တိုက်ရောက်တော့ ဟောဟဲလိုက်နေကြပါတယ်။

မောတာမှ မပြောပါနဲ့တော့။

ဒါပေမယ့် အပေါ်ရောက်လို့ ရူ့ခင်းတွေလဲမြင်ရရော မြူနှင်းတွေဆိုင်းနေတဲ့ အရှေ့ဘက်မြင်ကွင်းလဲတွေ့ရော နှစ်ယောက်သားစကားမပြောနိုင်ဘဲ တစ်ဖျပ်ဖျပ်ဆော်ကြရိုက်ကြပါတော့တယ်။

မနက်7း30မှာမှ တောင်ပေါ်ကပြန်ဆင်းပြီး လုကို ရွှေကျောင်းကြီးပို့ပြီးကျနော်လဲအိမ်ပြန်ခဲ့ပါတယ်။

(ခဏနေတော့ လုဆီက ဖုန်းလာပါတယ် ရွှေကျောင်းကြီးမှာဓါတ်ပုံရိုက်မရလို့.။

နောက်တော့လည်းပြေလည်သွားပါတယ်)

နေ့လည်တစ်ချက်ထိုးတော့ လုနဲ့ကျနော် 35လမ်း အောင်ပင်လယ်ထိပ်မှာချိန်းလိုက်ပါတယ်။

သူ့လို်က်ပို့တဲ့သူကို ပြန်ခိုင်းပြီး ဂေါက်ကွင်းသွားတဲ့လမ်းကနေ အောင်ပင်လယ်ကို သွားကြပါတယ်။

လမ်းရောက်မှ ရန်ကင်းတောင်လှိုဏ်ဂူကိုသွားချင်တယ်ဆိုတာနဲ့ ရေမြောင်းဘက်ကနေပါတ်ပြီး

ရန်ကင်းတောင်ကိုသွားကြပါတယ်။

ကားလမ်းကနေတက်တဲ့နေရာရောက်တော့ မှ ကွမ်းယာဆိုင်မှာ ဆိုင်ကယ်အပ်ပြီး ခြေလျင်တက်

ကြပါတယ်။

သယ်လာတဲ့ပစ္စည်းတွေ အနွေးထည်တွေကြောင့် ပူလိုက်တာမပြောပါနဲ့တော့။

အပေါ်ရောက်ရောက်ခြင်းငရံ့မင်းလိူဏ်ဂူထဲ မဆင်းနို်င်သေးဘဲရေသောက်လို့အမောဖြေရပါတယ်။

နောက်မှ လှိုဏ်ဂူထဲကိုဆင်းပြီး ဓါတ်ပုံတွေရိုက်ပြန်တော့ လောကကြီးကို ခဏတော့မေ့သွားသလိုပါဘဲ။

လေးနာရီကျော်တော့ မှတောင်ပေါ်ကပြန်ဆင်း။

ရန်ကင်းတောင်အောက်က ဆိုင်မှာ နွားနို့သောက် လုကိုအိမ်ပြန်ပို့ခဲ့ပါတယ်။၏

တစ်ရက်ထည်းတောင်နှစ်တောင်တက်လိုက်တာ အိမ်ပြန်ရောက်လို့ထို်င်လိုက်မှ ခြေထောက်တွေ

တောင့်ပြီး ညောင်းကိုက်နေတာကို ခံစားရပါတယ်။

ဒါပေမယ့် ပုံကောင်းတွေရတော့ ပျော်ပါတယ်။

 

 

နောက်နေ့ မနက်8နာရီလောက်ရောက်တော့ စိန်က ဖုန်းဆက်လာပါတယ်။

သူနဲ့လု မင်းကွန်းရောက်ပြီ။

ပေါက် လိုက်ခဲ့ဘို့လှမ်းခေါ်တာပါ။

အဲဒါနဲ့အလုပ်တွေစီစဉ် အလုပ်ကနေ မင်းကွန်းသွားခွင့်တောင်။

ခွင့်ပြုတယ်ဆိုမှ လုပ်စရာရှိတာလုပ်ပေးပြီး ပြေးရပါတယ်။

မရမ်းခြံမော်တော်ဆိပ်ရောက်တော့ဆယ်နာရီ ။ဒါနဲ့ထွက်တော့မယ့်မော်တော်ပေါ်အပြေးအလွှားတက်။

စိန်ဆီကိုလာပြီဆိုဖုန်းဆက်တော့ မင်္ဂလာသတင်းပေးပါတယ် မင်းကွန်းမှာ ဆင်တွေမြင်းတွေနဲ့လှည့်မယ့် အလှူရှိတယ်ဆိုတော့ အတော်လေးဝမ်းသာသွားပါတယ်။

မော်တော်လေးက တအိအိနဲ့ရွှေ့နေ။

စိတ်ကတော့ ရောက်ချင်ဇောများတော့ မော်တော်စက်သံနဲ့အပြိုင်တဒုတ်ဒုတ်။

မော်တော်က စစခြင်းတိနိဆိပ်ကမ်းမှာအရင်ရပ်ပါတယ်။

ငှားဘို့လာမဲဆွယ်တဲ့ ဆိုင်ကယ် ကယ်ရီတွေ လှည်းတွေကိုညင်သာစွာငြင်းပယ်ရပါတယ်။

တစ်ယာက်ကတော့ ဆိုင်ကယ်နဲ့လိုက်ခဲ့ လူအိုရုံဆိပ်ရောက်ဘို့ နာရီဝက်လောက်ကြာမယ်

ပြောပါတယ်။

တကယ်ရောက်တော့ အဲလောာက်မကြာပါဘူး။

မင်းကွန်းပုထိုးတော်တွေ ပျက်စီးယိုယွင်းနေတဲ့ခြင်္သေ့ကြီးတွေ မြသိန်းတန်စေတီတွေ

မြင်ရတာ လွမ်းစရာ ။

ကျနော်လဲကမ်းပေါ်ရောက် စိန်တို့လှမ်းခေါ်တော့ အလှူလှည့်လာလို့ရိုက်နေပြီဆိုတာသိရတော့

အလှူလှည့်တာရောက်လာမယ့် မင်းကွန်းပုထိုးတော်ကြီးရှေ့ကို အပြေးအလွှားသွားရပါတယ်။

ကျနော်ရောက်တော့ စိန်နဲ့လုတင်မကဘူး ဆင်နဲ့မြင်းနဲ့ဝင်းခင်းလှည့်လာတဲ့အလှူကိုမှတ်တမ်း

တင်နေတဲ့ဓါတ်ပုံဆရာတွေအများကြီး။

အမြင့်တက်ရပ်သူ ဒူးထောက်နေသူ ဟိုပြေးဒီပြေးလုပ်နေသူ  မြေကြီးပေါ်မှာ လှဲအိပ်နေသူ

အမျိုးမျိုးအဖုံဖုံ ပုံကောင်းလေးတစ်ပုံရဘို့ ကြိုးပမ်းနေကြတာပါ။

ခေါင်းပေါ်မှာတော့ မွန်းတည့်ချိန် ဆောင်းနေမင်း ပြင်းချက်ကတော့ ရက်စက်တယ်ဘဲပြောရမှာပါ။

ဒါနဲ့ဘဲ တစ်ယောက်နဲ့တစ်ယောက်စကားမပြောအား ပုံရဘို့လိုက်ကြရပါတယ်။

ဆင်၊မြင်း၊လှည်းယဉ် ခြေလျင်အဖွဲ့အားလုံးပြီးမ စိန်လုပေါက်တို့လဲ ထမင်းစားဘို့သတိရကြပါတယ်။

ထမင်းစားဘို့သွားရင်းလမ်းမှာရှိတဲ့ ချီးကြီးသူများကို အပြေးအလွှားမှတ်တမ်းတင်ရပါတယ်။

မြသိန်းတန်နားက ဆိုင်လေးမှာထမင်းစား မယ်ဆိုမှ လုမျက်နှာစပ်ဖျဉ်းဖျဥ်းဖြစ်နေတယ်ဆိုလို့ကြည့်မှာ

လှဲအိပ်ပြီး ရိုက်တုံးက ဘာနဲ့ခြစ်မိမှန်းမသိတဲ့အရာသေးသေးလေး။

ထမင်းစားပြီးတော့ မြသိန်းတန်ဘုရားဘက်ကူူး။

တစ်ယောက်တစ်နေရာစီ ကွဲသွားပြီး ကိုယ်အကြိုက်ကိုယ်ဓါတ်ပုံရိုက်ကြ။

အဲဒါပြီးတော့ မြစ်ဆိပ်နံဘေးက ခြင်္သေ့ကြီးတွေရှိတဲ့ဆီကို အပြေးအလွားသွားကြ။

ပုံတွေရိုက်ကြ အားမရနိုင်အောင်နာရီကြည့်တော့ သုံးနာရီခွဲဆိုတာနဲ့ နောက်ဆုံးမော်တော် မီအောင်ပြေးရပြန်ပါတယ်။

မော်တော် မထွက်သေးခင် ကမ်းနံဘေးကဆိုင်မှာလက်ဖက်သုတ်နဲ့ကော်ဖီမြည်း။

လေးနာရီထိုး မော်တော်ထွက်ပါတယ်။

မော်တော်က လူအိုရုံဆိပ်ကခွာပြီး တိနိကမ်းမှာလူတင် ပြန်လဲထွက်လို့ရေလည်ခေါင်လဲရောက်

ရော စက်ပျက်ပါတော့တယ်။

စက်ပျက်လို့ရေလည်ခေါင်မှာမျောနေတော့ ခရီးသည်အားလုံး အပြန်နောက်ကျပြီဆိုပြီး

စိတ်တွေပျက်ကြရပါတယ်။

အဲဒါနဲ့ ဆွဲဘို့မော်တော်လွှတ်ဘို့ စိန်ရဲ့ဖုန်းနဲ့ ဆက်ရပါတယ။်

ကိုယ်ပြောတာ သူမကြား သူပြောတာကိုယ်မကြား လေးငါးခါဆက်မှ

မော်တော်တစ်စီးလွှတ်မယ်ဆိုတာသိရမှ စိတ်အေးရပါတယ်။

လေးနာရီခွဲလောက်မှာ မော်တော်အကူလာတော့ လူတွေပြောင်းရပြန်ပါတယ်။

(မော်တော်ပေါ်မှာ သမီးရီးစားအတွဲလေးတွေပါ ပါတယ်။

အပြန်နောက်ကျရင်တော့ ခက်ပြီလို့ လုလင်လေးက ပူပေးနေပါသေးတယ်။

သူကသာ ပူနေတာ ဟိုအတွဲတွေကတော့ အေးဆေး)

အဲဒါနဲ့ဘဲ ခြောက်နာရီလောက် မရမ်းခြံဆိပ်ကမ်းရောက်မှ စိန်လုပေါက်တို့

လမ်းခွဲကြပါတယ်။

နောက်ရက်မှတော့ ရွှေနဲ့လုနဲ့တွဲ့ပြီး အင်းဝကိုထပ်သွားပါသေးတယ်။

ဒီခရီးစဉ်တစ်ခုလုံးအကြောင်းကို ပိုစ်တင်ဘို့ လူရွေးတော့ ကျနော်ကိုဘဲ

တာဝန်ပေးလိုက်ပါတယ်။

အဲတော့ လူလေးယောက် တစ်ယောက်သုံးပုံ ပေါင်းဆယ့်နှစ်ပုံတင်မယ်။

အမှတ်အသားမလုပ်ဘူး။

ဘယ်ပုံကို ဘယ်သူရိုက်တယ်ဆိုတာကို ပဟေဠိဖွက်မယ်။

ရွာထဲကလူတွေ ကဖတ်ပြီးဖြေမယ်။

မှန်အောင်ဖြေနိုင်သူကို ဆုပေးမယ်ဆိုပြီး သဘောတူခဲ့ကြပါတယ်။

ပုံတင်မယ့်ရက်ကိုရွှေးတော့ (5-2-2012)ကို ရွေးလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ အဲဒီနေ့က လွန်ခဲ့သော 29နှစ်က ကျနော်နဲ့ မဒမ်ပေါက်လက်ထပ်မင်္ဂလာ

ကျင်းပတဲ့ရက်ဖြစ်နေသလို လုလင်ရဲ့ (???????????????)နှစ်မြောက်မှန်းမသိတဲ့မွေးနေ့

ဖြစ်နေတာကြောင့် တိုက်ဆိုင်လွန်းလှတဲ့ ဒီရက်ကို မင်္ဂလာရက်အြဖြစ်သတ်မှတ်လို့ ပိုစ်တင်ပေး

လိုက်ပါတယ်။

ပိုစ်နာမယ်ကိုလဲ ကျနော်တို့ ဓါတ်ပုံရိုက်သွားခဲ့တဲ့လူအရေအတွက်ကိုခေါင်းစဉ်ပေးလိုက်ပါတယ်။

 

စိန် ရွှေ ပေါက် လု တို့ရဲ့လက်ဆော့ များ

(5-2-2012)

 

 

14 comments

  • ကဲ M လုလင်ရေ မင်းမွေးနေ့အမှတ်တရ ငါမင်္ဂလာဆောင်တဲ့ရက်အမှတ်တရအတွက်တင်ပေးလိုက်ပြိနော်

  • Mလုလင်

    February 5, 2012 at 10:47 am

    ကျေးဇူးပါဦးပေါက်ရေ။ ကျွန်တော်လဲ မအိတုံ ပိုစ့် မှာ ဆု တောင်းထားပေးတယ် ဗျ။ ဦးပေါက် မင်္ဂလာ ဆောင်ပြီး ၃ နှစ် တိတိမှာ ကျွန်တော့ကိုမွေးတာပါ။ အမှတ်တရ များကို ပေးစွမ်း သော မန်းလေး ခရီး စဉ်အတွက် ဦးပေါက်၊ ဦးစိန်သော့ နဲ့ အစ်ကို ရွှေမင်းသား တို့ ကျေးဇူးတင်ပါတယ် ဗျာ။

    • thit min

      February 5, 2012 at 11:02 am

      ဆိုတော့ ဆရာလေးအမ်လုလင်က ၂၉ ထဲက ၃ နှုတ်လို့ ဆိုလိုတာပေါ့လေ။
      အသက် ကို သိရမယ်ပေါ့။ ဟုတ်ကဲ့ပါ။
      “———-ဟတ်ပီး ဘတ်ဒေး ———–” ပါ။ 🙂
      ပျော်ရွှင်စွာဘဝကို အောင်မြင်မှုတွေ သိမ်းပိုက်ရင်း ဖြတ်သန်းနိုင်ပါစေဗျာ။
      ခင်မင်စွာ
      မောင်သစ်မင်း (^^)

      • Mလုလင်

        February 5, 2012 at 11:06 am

        ကျေးဇူးပါ ဦး သစ်မင်း ရေ။

  • MaMa

    February 5, 2012 at 10:52 am

    ဒီစာကို ဖတ်ပြီးမှ သဲလွန်စကိုယူပြီး ဟိုဖက်ပိုစ့်မှာ မန့်ရမှာ။ မှားသွားတယ်။ 😀

  • pooch

    February 5, 2012 at 11:06 am

    ဖြေတာ နည်းနည်းလွဲသွားပြီ ထင်တာပဲ ဟုတ်တယ် မမပြောသလို ဒါဖတ်ပြီးမှ ဖြေရမှာ ဟီး :mrgreen:

    တော်သေးတာပေါ့ လေးပေါက် ပိန်ပိန်လေးများသာဆို မန္တလေး တဝိုက်ရှိသမျှတောင်တွေ တနေ့ထဲ အပြီးတက်ရိုက်နေမလား မသိဘူး။ 😀

  • Diamond Key

    February 5, 2012 at 11:21 am

    မင်္ဂလာ သက်တမ်း ၂၉ နှစ်ရှင် ကိုပေါက်ကြီးသည် မင်္ဂလာ သက်တမ်း ၁၀ဝ ပို့စ်ကို ဆက်တင်နိုင်ပါစေကြောင်း ဦးလေးပေါက် မင်္ဂလာ ဆောင်ပြီး ၃ နှစ် တိတိမှာ ကျွန်တော့ကိုမွေးတာပါဆိုတဲ့ တူကလေးလည်း မွေးနေ့ပေါင်း နောင်နှစ်တစ်ရာ ဆက်လက်ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…………………………. :mrgreen:

    • windtalker

      February 5, 2012 at 7:02 pm

      ကိုစိန်သော့ နဲ ့သဘောအတူတူ ဖြစ်ပါကြောင်း
      ရယ်ပါလေ

  • Lawkamin

    February 5, 2012 at 11:28 am

    ကျွန်တော့်ကို မသိနိုင်ပေမယ့် ကျွန်တော်က သိနေပါတဲ့ ကိုM-လုလင်နဲ့ ကိုပေါက်တို့ ခင်ဗျာ၊
    မင်္ဂလာ သက်တမ်း နဲ့ မွေးနေ့ပေါင်း နောင်နှစ်တစ်ရာ ဆက်လက်ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ပို့စ်များကိုလည်း အားပေးဖတ်ရှုလျှက်ပါ။ ကျွန်တော်က ရွာထဲမှာ ရောက်တာ ကြာပြီ ဖြစ်ပေမယ့် ဘယ်တုန်းကမှ ဝင်ရေးခြင်း ဝင်မန့်ခြင်း မရှိဖူးသေးပါ။
    မကြာခင်မှာတော့ ပို့စ်လေးတွေ တင်နိုင်ဖို့ ကြိုးစားနေပါတယ်။

  • Lawkamin ရေ
    ကိုယ့်အတွေ့အကြုံလေးတွေ အမြင်လေးတွေကိုထပ်မံပြောပြသူတစ်ယောက်တိုးလာတာကို
    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါ၏။

  • babe charley

    May 19, 2012 at 11:06 pm

    ကျွန်တော်တော့် အတယ်ပြောပြော ဘာမှနားမလည်ဘူး

    • Mလုလင်

      May 20, 2012 at 1:06 am

      babe charlay ရေ … အောက်က link ကို .. ကြည့်လိုက်ပါနော့ … အဲ့ဒီ ပိုစ့် နဲ့ ပေါင်းမှ နားလည်နိုင်မှာ မို့ပါ။
      http://myanmargazette.net/96568/travel/local-guides..

  • Mလုလင်

    May 20, 2012 at 12:25 am

    ဒီ ပိုစ့်ကတော့ အမှတ်တရ ပဲဗျာ … ဓာတ်ပုံတွေပြန်ကြည့်တိုင်း .. သွေးက ပူကနဲ ဖြစ်ရတယ်။ ပျော်စရာ ခရီးအတွက် ကျေးဇူးပါ … ဦးပေါက်၊ ဦးစိန်သော့ နဲ့ ကိုရွေမင်းသား ရေ့ ….။

Leave a Reply