“ရွှပ်ကနဲ နေပြည်တော်”
“ရွှပ်ကနဲ နေပြည်တော်ဲ”
အလုပ်ကိစ္စပေါ်လာတာနဲ့ မနက် 7နာရီကားနဲ့နေပြည်တော်ကိုသွားဘို့စီစဉ်ရပါတယ်။
မနက်ခြောက်နာရီလောက် အိမ်ထွက် မုန့်စား။
ခြောက်ခွဲလောက် ကားဂိ်တ်ရောက်ပါတယ်။
အားနေတော့ ကျွဲဆည်ကန်ကားဝင်းထဲက ဈေးသည်လေးတွေကို
လိုက်ဓါတ်ပုံရိုက်တာပေါ့။
မနက်7နာရီအတိမှာကားထွက်ပါတယ်။
အခုခေတ်ခရီးသွားရတာ အမြန်လမ်းတွေပေါ်လာတော့ အတော်လေးအဆင်ပြေပါတယ်။
မြို့တွေထဲက နေဖြတ်မသွားတဲ့အတွက်အချိန်မကုန်ဘူး။
ဒါပေမယ့် ဒေသန္တရ ဗဟုသုုတတော့ မရတော့ဘူးပေါ့။
အမြန်လမ်းဆိုတာက ဘာမှ မရှိတဲ့လွင်တီးခေါင်ထဲမှာ ခရီးသွားရသလိုပါဘဲ။
အမြန်လမ်းက ကောင်းတော့ ကားဆရာမြန်မြန်မောင်းတာပေါ့။
ကျနော်တို့စီးတဲ့ကားကတော့ တစ်နာရီမိုင်ရှစ်ဆယ်ထက်ပိုမမောင်းရလို့စာကပ်ထားတဲ့
အတိုင်းမောင်းပါတယ်။
လမ်းခရီးကတော့ မြူတွေဆိုင်းနေလို့ ကြည့်ရတာအလွန်လှပါတယ်။
နောက် မိထ္တီလာမှာကားခဏနားပါတယ်။
နာရီဝက်နေတော့ ဆက်ထွက်။
11နာရီကျော်ကျော်လောက်နေပြည်တော်မြို့မဈေးရောက်ပါတယ်ဒ
ကားဂိတ်မှာဘဲ ညနေအတွက်အပြန်လက်မှတ်ဖြတ်တော့ ရှေ့ပိုင်းမရတော့ဘူးဆိုတာနဲ့
ခုံနံပါတ်လေးဆယ်ကိုဘဲယူလိုက်ရပါတယ်။
အချိန်ကတော့ ညနေခြောက်နာရီကားပါ။
(အဲဒီမှာတစ်ခုသိလိုက်ရတာက ကားတွေက အမြန်လမ်းကသွားရှိသလို
ပုံမှန်လမ်းကသွားတဲ့ကားလဲရှိတယ်ဆိုတာပါဘဲ။
အမြန်လမ်းကတော့ ခဏနဲ့ရောက်ပါတယ်။
ပုံမှန်လမ်းကတော့ နေရာတိုင်းရပ်တော့ ကြာပါတယ်။)
ကျနော်စီးလာတဲ့ကားဂိတ်က တောင်ကုန်းလေးပေါ်မှာ။
ဒီတောင်ကုန်းလေးပေါ်မှာစားသောက်ဆိုင်တွေလဲရှိပါတယ်။
အဲဒီတောင်ကုန်းပေါ်ကနေလှမ်းကြည့်လိုက်တော့ အောက်ဘက်မှာ
ခမ်းနားလှတဲ့ နေပြည်တော်မြို့မဈေး။
သူ့ရှေ့မှာတော့ကွက်လပ်က အကျယ်ကြီး။
အဲဒါနဲ့ဘဲမိတ်ဆွေတွေကိုရောက်ပြီဆိုတာလှမ်းဖုန်းနဲ့ဆက်သွယ်ရပါတယ်။
မြို့မဈေးထဲမှာရှိတဲ့ ကုန်သည်တွေနဲ့တွေ့စကားပြောပြီးတော့ ညနေနှစ်နာရီ။
အဲဒီနေ့လည်နှစ်နာရီကျော်ကျော်လောက်မှာ ဈေးရှေ့ကကွက်လပ်အကျယ်ကြီးထဲကို
ဆိုင်လေးတွေစခင်းနေတာကိုတွေ့ရပါတယ်။
အများဆုံးတွေ့ရတာကတော့ ဘိန်းမုန့်သည်တွေပါဘဲ။
အဲဒီဈေးက အသိဆိုင်တစ်ဆိုင်မှာ ပါလာတဲ့ အနွေးထည်တို့ စောင်တို့
နဲ့တိုလီမိုလီအထုပ်တွေကိုထားခဲ့ပြီး၊
ဆိုင်ကယ် ကယ်ရီခေါ် သပြေကုန်းဈေးကိုထပ်သွားပါတယ်။
အဲဒီမှာ ကုန်သည်သုံးလေးယောက်နဲ့တွေ့ပြီး အချိန်ရတာနဲ့ ဘုရားကိုလိုက်ပို့ခိုင်းရပါတယ်။
နေပြည်တော်က လမ်းတွေက အကျယ်ကြီး။
နေရာတွေက လဲ တစ်နေရာနဲ့တစ်နေရာအဝေးကြီး။
လမ်းတွေကလဲ အတော်လေးကောင်းပါတယ်။
ဘုရားရောက်တော့ အဲဒီနားက လက်ဖက်ရည်ဆိုင်ထိုင်နေတုံးကျနော်လိုဘဲ
အလုပ်နဲ့လာရင်းဘုရားဖူးတဲ့ကလေးမလေးနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။
သူတို့က ကျနော်စီးတဲ့ဂိတ်ကို လှမ်းဆက်ပြီးကားလက်မှတ်မှာနေပါတယ်။
ကားဂိတ်ကိုဖုန်းဆက်တဲ့ကောင်မလေးက
ကားလက်မှတ်မရှိတော့ဘူးလို့သူနဲ့ပါလာတဲ့ကောင်မလေးကို ပြောတော့
ကောင်မလေးက ဒီနေ့ပြန်မှဖြစ်မှာနော်လို့ ပြောတာလဲကြားလိုက်ရပါရဲ့။
ဒါပေမယ့်သူတို့နဲ့ပါလာတဲ့ကားဆရာက စိတ်မပူပါနဲ့ လက်မှတ်ရအောင် သူစီစဉ်ပေးမယ်ပြောသံလဲကြားရပါတယ်။
ကျနော်ကတော့လက်မှတ်ဝယ်ပြီးသားဆိုတော့အေးဆေးပေါ့။
ကျနော်လိုက်ပို့တဲ့ကယ်ရီကောင်လေးကိုတောင်(လူဆိုတာ ကြိုတင်ပြင်ဆင်မူ့ရှိရတယ်)ဆိုပြီး
ဆရာလုပ်လိုက်ပါသေးတယ်။
လက်ဖက်ရည်ဆိုင်ကထွက်။
ဘုရားဖက်ကိုသွားမယ်လုပ်တော့ ကယ်ရီကောင်လေးက ဖိနပ်တွေကို
ဆိုင်ကယ်မှာထားခဲ့ဘို့ပြောပါတယ်။
ဘုရားမှာအပ်ရင် နှစ်ရာပါတဲ့။
ဘုရားပေါ်တက်ရင်လဲဘောင်းဘီတို စကပ်တိုနဲ့တက်လို့မရပါဘူးတဲ့။
ဘောင်းဘီအရှည်ဆိုရင်တော့ တက်လို့ရပါတယ်။
မြန်မာဝတ်စုံလဲဝတ်ရပါတယ်။
မပါလို့ ဘုရားကနေငှားဝတ်ရပါသတဲ့။
ငှားမယ်ဆိုရင်တော့ သူလဲ နှစ်ရာပါဘဲ။
နေပူကျဲတဲမှာဘဲ ဘုရားရင်ပြင်ပေါ်တက် လို့ဖူး။
ဓါ်တ်ပုံတွေရိုက်။
ဘုရားထဲမှာ စကျင်ကျောက်နဲ့ထုတားတဲ့အောင်ခြင်းရှစ်ပါးအပါအဝင်
ဘုရားနိပါတ်တော်တွေကို ဓါတ်ပုံရိုက်။
အောက်ကိုလှေခါးကဆင်း
ဆင်ဖြူတော်သွားကြည့် ဓါတ်ပုံတွေရိုက်။
သွားလေရာမှာ စောစောက လက်ဖက်ရည်ဆိုင်မှာတွေ့တဲ့ကလေးမှနှစ်ယောက်နဲ့ထပ်တွေ့
ရပြန်ပါတယ်။
ကျနော်တို့မြန်မာလူမျုးိတွေရဲ့ချစ်စရာကောင်းတဲ့ဓလေ့စရိုက်အတိုင်း
တွေ့တော့ အပြန်အလှန်ပြုံးပြကြတာပေါ့။
အပြန်မှာအချိန်ရသေးတော့ ရေပန်းဥယျာဉ်ဝင်လျှောက်ကြည့်ပေါ့။
ကယ်ရီကောင်လေးကတော့ ရေပန်းဥယျာဉ်က ညမှသာယာတယ်လို့ပြောပါတယ်။
ဟုတ်လဲဟုတ်လောက်ပါတယ် သူများတွေရိုက်ထားတဲ့ဓါတ်ပုံတွေကြည့်တော့
ညဆိုရင်ရောင်စုံမီးပန်းတွေနဲ့။
လှမှလှပါဘဲ။
လာသူတိုင်းကတော့ ဓါတ်ပုံရိုက်ကြတယ်နဲ့တူပါတယ်။
ဓါတ်ပုံဆရာတွေမှအများကြီးဘဲ။
ကျနော်ရေပန်းဥယျာဉ်ကထွက်တော့ ဘုရားမှာတွေ့တဲ့ကလေးမလေးတွေနဲ့ထပ်ဆုံပြန်ပါတယ်။
အဲတော့လဲ ပြုံးပြပေါ့။
ညနေငါးနာရီလောက်အရောက်မှတော့ တစထက်တစ အအေးဓါတ်လေးရလာပါတယ်။
ကယ်ရီကောင်လေးကတော့ ဆိုင်ကယ်မောင်းရင်း ကျနော်မေးသမျှကိုဖြေပါတယ်။
ငါးနာရီထိုးခါနီးတော့ အသိဆိုင်ကလည်းဘယ်ရောက်နေလဲလို့ဖုန်းဆက်ပါတယ်။
ပြန်လာပြီဆိုတာ သတင်းပေး။
ဈေးနားပြန်ရောက်တော့နေ့လည်တုံးက ကွက်လပ်အကျယ်ကြီးမှာနေရာလပ်
မရှိအောင်ဆိုင်တွေအပြည့်။
လာစားသောက်နေကြတဲ့လူတွေကလဲအပြည့်။
ဘေးနားက ကုန်စုံဆိုင်တွေမှာလဲဝယ်သူအပြည့်။
မြို့မဈေးရဲ့ အစည်ကားဆုံးအချိန်ဆိုတာသိရပါတယ်။
ဝန်ထမ်းမြို့တော်ဖြစ်တဲ့အတွက် ရုံးကအပြန်မှာ ဈေးဝယ်ကြ
စားကြသောက်ကြနဲ့စည်ကားနေတာပါ။
အဲဒါနဲ့ ဘဲ အသိဆိုင်မှာအပ်ထားတဲ့ပစ္စည်းတွေဝင်ယူ။
သူတို့ပေးလိုက်တဲ့ကုန်ဘိုးတွေယူ အိတ်တွေထဲ ထည်ူ့ပြီး
သူတို့ကိုနုတ်ဆက်လို့ ကားဂိတ်ကိုအပြေးအလွားသွား။
နီးလို့တော်ပါသေးရဲ့။
ဂိတ်ရောက်တော့ 6နာရီမတ်တင်းရောက်နေပါပြီ။
အထုပ်အပိုးတွေနဲ့ကားပေါ်ကို ကမန်းကတန်းတက်ရပါတယ်။
ကားပေါ်လဲရောက်ရော ဘုရားမှာတွေ့တဲ့ကလေးမလေးတွေက
ခုံနံပါတ် 5-6မှာထိုင်နေတာကို အံ့ဩစရာတွေ့ရပါတယ်။
ကျနော်တုံးက ရှေ့ခန်းမရ ကုန်ပြီပြော။
ကျနာ်နောက်မှမှာတဲ့သူကတော့ ရှေ့ခန်းမှ နေရာရ။
မြန်မာပြည်ဆိုတာ ဒါမျိုးဘဲ ဆိုတာအသိတရားရလိုက်ပါတယ်။
ကလေးမလေးတွေက ကျနော့်တွေ့တော့
“လေးလေးလဲ ဒီကားဘဲလား”လို့နုတ်ဆက်တော့ ပြုံးပြရပြန်ပါတယ်။
ကားကထွက်လာတဲ့အခါ နောက်ပိုင်းမှာလူမပြည့်ပါဘူး။
လမ်းမှာတက်မယ်ထင်တာ လမ်းမှာလဲလူတစ်ယောက်မှတက်မလာပါဘူး။
အဲတော့ ကျနော်ကလဲ မြန်မာပီပီရတဲ့အခွင့်အရေးကိုလက်လွတ်မခံပါဘူး။
လူမပါတဲ့ခုံပေါ်မှာ ကန့်လန့်ဖြတ်ပြီးအိပ်လိုက်လာပါတယ်။
ကားပေါ်အိပ်ရင်းအေးလာတော့ စောင်ခြုံရပါတယ်။
စောင်ခြုံမှ မနက်ကသွားကာနီး မဒမ်ပေါက်က စောင်ထည့်ပေး။
ကျနော်ကလေးလို့မသယ်ချင်ပြန်ချ။
သူကထပ်ထဲ့။
နောက်တော့ မယူချင်ဘဲယူလာရပါတယ်။
အခုမှ မဒမ်ပေါက်ဇွတ်ထည့်ပေးတဲ့စောင်လေးနဲ့ ဇိမ်ကျ။
အဲတော့မှာ မိန်းမစကား မပယ်ယှားသင့်ဘူးဆိုတဲ့အတွေးလေးရလာပါတယ်။
လမ်းမှာ နာရီဝက်လောက်ထမင်းစားနား။
ကားပြန်ထွက်ကတည်းက လူမပါတဲ့ကားပေါ်အိပ်လိုက်လာတာ
စပယ်ယာလာနိုးမှ မန်းလေးရောက်နေတယ်ဆိုတာသိလိုက်ရပါတယ်။
နာရီကြည့်တော့ ဆယ်တစ်နာရီမတ်တင်း။
မနက်က ကားလက်မှတ်ဖြတ်တုံးက ရှေ့ပိုင်းကုန်ပြီပြောတဲ့ လက်မှတ်ရောင်းကို
ကျေးဇူးတင်မိပါတယ်။
ရှေ့ပိုင်းကသာရရင် ကျနော်အခုလိုအိပ်လိုက်ရမှာမဟုတ်ဘူးလေ။
တစ်ခါတစ်လေ ဦးစားအပေးမခံရတာလဲ ခပ်ကောင်းကောင်းလို့တွေးမိပါတယ်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(1-2-2012)
22 comments
ကိုပေါက်(မန္တလေး)
February 1, 2012 at 2:16 pm
ကျနော်က ဟိုရောက်လိုက်ဒီရောက်လိုက်ဆိုတော့ လမ်းပေါ်ကလူလို့အထင်ခံရပါလေရော။
သူများတွေလဲသွားတော့ သွားကြမှာပါ ကျနော့်လိုလက်မဆော့ခဲ့ကြလို့ သွားတာလူမိသဘူးလို့
ထင်မိပါကြောင်း။
water-melon
February 1, 2012 at 2:23 pm
ကျွဲဆည်ကန်ကားဝင်းထဲက ဈေးသည်လေးတွေကို လိုက်ဓါတ်ပုံရိုက်တာပေါ့
ဘယ်လိုအက်တင်နဲ့အရိုက်ခံလဲ လေးပေါက် 😀
မိန်းမတွေကောင်းတယ်ဆိုတာ ဒါကြောင့်ကိုး
လေးပေါက်အိမ်သူသက်ထား သာ စောင်မထည့်ပေးရင်
လေးပေါက်ပုဆိုးကြီးခြုံပြီးကွေးနေမှာမြင်ရောင်သေး 😆
မြန်မာပြည်မှာ မရောက်ဘူးတဲ့နေရာတော်တော်များနေပြီ မောင်ဖရဲသီးရေ
နွယ်ပင်
February 1, 2012 at 2:27 pm
လေးပေါက်ရေ …
နေပြည်တော်ကို သွားတုန်းက ဆင်ဖြူတော်ဆိုတာလဲ သွားမကြည့်ခဲ့ရသလို
နေပြည်တော်က ဘယ်ဘုရားကိုမှလဲ သွားဖူးခွင့်မကြုံခဲ့ပါဘူး
အခုလေးပေါက် ပုံလေးတွေကြည့်ပြီးပဲ စိတ်ကိုဖြေလိုက်ပါတော့မယ် ……
စိန်ပေါက်ပေါက်
February 1, 2012 at 2:51 pm
ပြောနေကျတဲ့ နေပူတော်..
ဝမ်းဒေးတော့ ဒိုးဖြစ်ဦးမယ် မျှော်လင့်ပါတယ်.
အပျော်ခရီးပဲသွားချင်တယ်..အလုပ်ကိစ္စနဲ ့တော့ ဘယ်မှမဒိုးချင်ဘူး..ဗျာ
လုပ်စားရမှာပျင်းဒယ်..
အိုး.
အိုင်အမ်ငပျင်း..ဟင်း..ဟင်း..
amatmin
February 1, 2012 at 2:54 pm
အချိန် ၅နာရီလောက်သာရပေလို့ပဲ..နေပြည်တော် ရဲ့နေ့လည်ခင်းကြီးမှာ
ပုံလေးတွေ ကိုရိုက်လာတဲ့ကိုပေါက်အတော် ပင်ပန်းမှာဖြစ်ကြောင်း စာနာရင်း ကျေးကျေးဗျ..
ဒါနဲ့ ပြုံးပြတဲ့ စိုင်လေးတွေပုံ ကိုဝှက်သွားတယ်ပေါ့. လူဆိုး 🙂
ု့
zarlay
February 1, 2012 at 3:53 pm
တော်တော်လေးကို စုံစုံလင်လင်ရေးထားတာပဲ points တွေတော့ အများကြီးရတော့မှာပဲ
ဆူး
February 1, 2012 at 5:16 pm
တယ်စုံပါလား.. ကိုပေါက် တယောက် ခြေထောက်မှာ ဘီးတပ်ထားသလိုပဲ ဝှစ် ကနဲ ဆို ရောက်သွားပြီ။
ခရီးထွက်တာတွေ အားကျလိုက်တာ..
blackchaw
February 1, 2012 at 5:55 pm
ဆင်ဖြူတော် အပေါက်လေးကို တွေ့ ခဲ့လားကိုပေါက်ရေ။
ဓါတ်ပုံတွေထဲမှာ ဆင်ဖြူတော်အပေါက်လေး မတွေ့ဘူးနော်။
ကိုပေါက်(မန္တလေး)
February 1, 2012 at 6:08 pm
ပါတယ်ဗျ အစွန်ဆုံးဆင်မကြီးနဲ့ကွယ်နေတာ ပြန်ရှာပြီး တင်ပေးပါမယ်။
အလင်းရိပ်ကျနေတော့ ပုံက စိတ်တိုင်းကျမရခဲ့ဘူးရယ်။
koyinmaung
February 1, 2012 at 6:40 pm
ဆရာပေါက်ရဲ့နေပြည်တော်ပုံရိပ်များကို
အားပေးသွားပါတယ်……
ကိုပေါက်(မန္တလေး)
February 1, 2012 at 6:56 pm
ကိုရင်မောင်ရယ်အသာလုပ်ပါ။
ဆရာပေါက်မလုပ်ပါနဲ့။
ကိုပေါက်ဘဲလုပ်ပါ။
ကျနော်က ဈေးသည်ကြီးပါဗျာ။
နေဝန်းနီ
February 1, 2012 at 8:08 pm
သူရို့ကျတော့လည်း ချွတ်ကနဲ ချွတ်ကနဲ သများတို့ပဲ ဖင်ကျောက်ချထားမိရက်သားဖစ်နေတယ်……..။
windtalker
February 1, 2012 at 8:28 pm
မိန်းမ စကား မပယ်ရှား
မိန်းမ “ ှိ ိုး ” သွားမကျိုး တဲ့
ကြားဖူးတာများ ပြောပါတယ်
အဲဒါက စကားအဖြစ်တွေပါနော
တစ်ကယ်တမ်းကြ
တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ ့ပေါင်းကြတဲ့
လင် နဲ ့မယား ဘဲ
သူ ့အလို ကိုယ့်အလို
တန်းသိပြီးသားပါနော
mandalarthu
February 1, 2012 at 8:49 pm
ဦးပေါက်နဲ ့အတွေးတူနေပြီ။ဟိုတလောက နေပြည်တော်ရောက်တုန်း ဓာတ်ပုံတွေရိုက်လာတာ တင်မလို ့
ဒါပေမယ ့်ဦးပေါက်လောက် နေရာမစုံဘူး။ဘုရားနဲ ့ရေပန်းဥယျာဉ်၊လမ်းမပေါ်က ကြာပန်းကအစ ရို်က်လာခဲ ့တာ တူနေတာ။ဆင်ဖြူတော်ရောပေါ ့။……တိုက်ဆိုင်တယ်နော်……
အပြန်ကျတော ့မြို ့မဈေးတန်းထဲမှာတောင် မုန် ့စားခဲ ့သေးတယ်။အရမ်းစည်တယ်နော်။
အခုလို ဦးပေါက် ရဲ ့ပြည ့်ပြည ့်စုံစုံ တင်လိုက်တာကို ဖတ်ရလို ့……အထူးကျေးဇူးပါနော်။
Khin Latt
February 1, 2012 at 9:23 pm
မပြောတော့ဘူး –
သွားပြန်ပြီ။ ရွှပ်ကနဲ ….
ဒါပေသည့် ပုံလေးတွေကြည့်ပြီး ကျွန်မ လဲ မင်းနေပြည် ကို ရောက်ဘူးပြီမို့ သင်းခရုပါ။
ဒါနဲ့ -” အောင်မြင်သော ယောကျင်္ား ရဲ့ နောက်မှာ ထက်မြက်သော မိန်းမ တစ်ယောက် ရှိ၏” တဲ့။
ဆိုတော့ကာ ….. 😉
ကိုပေါက်(မန္တလေး)
February 1, 2012 at 10:17 pm
မန္တလာသူရေ
မုန့်ဈေးတန်းမှာ မုန့်မစားခဲ့ရဘူးဗျ။
ညနေခြောက်နာရီကားဆိုတော့ အလုပ်ပြိးတာနဲ့ကားပေါ်တန်းတက်ခဲ့ရတာ။
ပုံတွေကရိုက်တာ တူမှာပေါ့ လှတာခြင်းတူတာကိုး။
တင်စရာကျန်သေးတယ်ဗျ။
ဘုရားမှာရှိတဲ့ ကျောက်ဖြူမှာထွင်းထားတဲ့ နိပါတ်တော် တွေအကုန်ရိုက်လာသေးတယ်။
mandalarthu
February 2, 2012 at 2:34 pm
ဦးပေါက်ရေ …ဘုရားထဲ က ကျောက်ဖြူမှာထွင်းထားတာတွေ တင်ပါဦးနော်။ကျွန်မတော ့ လက်ရာမြောက်လွန်းလို ့သိပ်သဘောကျပေမယ် ့ (၂)ပုံ ဘဲ ရိုက်လာခဲ ့တယ်။ အကုန်ရိုက်ချင်ပေမယ် ဘုရား့ခန်းမကကျယ်တော ့အချိန်မရလို ့ပါ။
ဦးပေါက်ရေ ..တင်စရာလေးတွေ ဆက်တင်ပေးပါဦးနော…
နေပြည်တော် အလွမ်းပြေလေးပေါ ့။
pooch
February 1, 2012 at 10:34 pm
လေးပေါက်တို့ကတော့ လက်သွက်ကလည်း သွက်တယ်။ လူကလည်း အပင်ပန်းခံနိုင်တယ်။ အနော်ဆို နေ့ချင်းပြန်ဆို ပင်ပန်းတတ်လို့ ဘာမှ သိပ်အာရုံမလာဘူး။ ပုံတွေကလည်း ပိုကြည်ပိုလှလာတယ်။
ဒါနဲ့ ပြုံးပဲ ပြုံးပြပြီး ပုံလေးဘာလေး ခွင့်တောင်းရိုက်လာတာ မဟုတ်ဖူး။
ကိုပေါက်(မန္တလေး)
February 1, 2012 at 10:45 pm
ဘယ်နေလိမ့်မလဲ ပြုံးတော်မူလေးကို သူမသိအောင်လို့ရိုက်လာတာပေါ့။
ဒါပေမယ့် သူများတွေသိအောင်ပြလို့ရဘူးလေ။
ကြည့်ချင်တဲ့သူမန်းလေးလာရင် ပြမယ်။
Shwe Tike Soe
February 2, 2012 at 3:02 pm
ဒါဆို ကျွန်တော် ညကျ လက်ဖက်ရည်ဆိုင်ကစောင့်နေမယ်လေးပေါက် ပြနော်. ဟိဟိ
ရွာစားကျော်
February 2, 2012 at 4:55 pm
ရွှပ်ကနဲ နေပြည်တော်မို့သာပဲ လေးပေါက်ရေ
တစ်ပတ်လောက်များနေသွားရင်
ဂူဂဲအက်တောင် ထိုင်ငိုသွားမယ်
အားပေးသွားပါတယ် လေးပေါက်
ကိုပေါက်(မန္တလေး)
February 2, 2012 at 6:12 pm
Shwe Tike Soeရေ
ကြည့်ချင်ရင်တော့ လက်တော့ ခြေတော့ အကုန်ယူခဲ့နော်