ကိုယ်ရံတော်
ခြောက်သွေ့တဲ့ မြေမာအက်အက်ထဲက
နှင်းဆီပန်းပင်လေးပေါ်မှာ
ပန်းဖူးလေး တစ်ဖူး
ပွင့်အာထွက်လာပြီး
အောက်ခြေကိုစောင်းငဲ့ကြည့်ရင်းပြောလိုက်တယ်….။
“ အံမယ်…. ငါ့မှာ ကိုယ်ရံတော်တွေအပြည့်ပဲ” တဲ့…..။
အနားက kiss me ပန်းအိုးကလည်းအားကျမခံ
“အေး ငါ့မှာလည်း ကိုယ်ရံတော်တွေနဲ့” တဲ့……။
အဲဒိတော့
အနီးမှာရှိတဲ့ စပယ်ရုံ
အသာပြုံးရှာတယ်…။
သူပြောလိုက်တာကတော့
“ ဖြူစင်သန့်ရှင်းပြီး
မွှေးရနံ့ သင်းပျံ့နေသူတွေအတွက်
ကိုယ်ရံတော်ဆိုတာက အပိုတွေပါပဲ” တဲ့လေ………။
နေဝန်းနီ
21 comments
blackchaw
February 1, 2012 at 6:01 pm
ကိုနေရေ။
ဒီကဗျာလေးကတော့
ဘာသာပြန်ပြစရာမလိုပဲ
ချောကနဲ ဆိုလိုရင်းကို တန်းသိပါတယ်ဗျာ။
အကြိုက်တွေ့မိတယ်လို့ ပြောပါရစေ။
စိန်ပေါက်ပေါက်
February 1, 2012 at 6:06 pm
အူးနီရေ
ဒီကဗျာလေးက ရှည်ရှည်ဝေးဝေးမတွေးတတ်တဲ့သများတို ့အတွက် အတော်မိုက်တယ်လို ့ပဲ ပြေပါရစေချင့်
တိုတို တုတ်တုတ် နဲ ့ ရေလည်ထိပါကြောင်း..အူးနီရေ (ကဗျာအရေးအသားကိုပြောတာပါ)
water-melon
February 1, 2012 at 8:16 pm
စိန်ပေါက်ကလည်း
ရေလည်ထိအောင် ဘာလို့ရေနက်နက်ထဲသွားတာလဲ
တော်ကြာငါးကိုက်လို့ ကိုပေလို ငုတ်စိဘဲ ကျန်သွားလိမ့်မယ်။
ဖြူစင်သန့်ရှင်းပြီး
မွှေးရနံ့ သင်းပျံ့နေဖို့အတွက် အီလန်ရှိတယ်
စိန်ပေါက်ပေါက်
February 1, 2012 at 6:06 pm
အူးနီရေ
ဒီကဗျာလေးက ရှည်ရှည်ဝေးဝေးမတွေးတတ်တဲ့သများတို ့အတွက် အတော်မိုက်တယ်လို ့ပဲ ပြေပါရစေချင့်
တိုတို တုတ်တုတ် နဲ ့ ရေလည်ထိပါကြောင်း..အူးနီရေ (ကဗျာအရေးအသားကိုပြောတာပါ)
nature
February 1, 2012 at 6:26 pm
ကိုယ်ရံတော်ရှိလည်း အချိန်တန်တော့ ပန်းသဘာဝ အခူးခံရတာပါပဲ။ 🙂
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 1, 2012 at 7:01 pm
တိနေဒယ်
တိနေဒယ်
လူကြီးတွေ ဘာပြောဂျဒယ်ဆိုတာကို
………………. 🙂
(သတ်ပုံအသင်းမမြင်စေရ မိုက်ကယ်ဂျော်နီအောင်ပု၏ ဂါထာဖြင့် မန်းလိုက်သည်) … 😛
MaMa
February 1, 2012 at 8:07 pm
(သတ်ပုံအသင်းမမြင်စေရ မိုက်ကယ်ဂျော်နီအောင်ပု၏ ဂါထာဖြင့် မန်းလိုက်သည်)
ဥပဒေအထက်တွင် အဂ္ဂမဟာကြီးရှိနေပါလား။ 😆
ဖတ်ဖူးတဲ့ နေဝန်းနီရဲ့ ကဗျာတွေထဲမှာ ဒီကဗျာ အကြိုက်ဆုံးပဲ။
ဖြူစင်မှုနဲ့ဆိုရင် အကာအကွယ်မလိုဘူးဆိုတဲ့ မက်ဆေ့ချ်လေးကိုလည်း သဘောကျတယ်။ 🙂
htet way
February 1, 2012 at 7:59 pm
ဆရာနေးချားရေ
ခင်ဗျားက ပြောလိုက်ရင်တော့ ခိုက်စရာ ကြိုက်စရာချည်းပဲ
ဆရာနေဝန်းနီ ကဗျာ ကို ကြိုက်ပါတယ် အမြဲ အားပေးနေပါတယ်။
windtalker
February 1, 2012 at 8:08 pm
ကျွန်တော် ထင်မိတာကတော့ ၊ ဒီကဗျာကိုရေးပုံထောက်ရင်
ဘိုနီ ့မှာ ရင်ခုန်စရာ မီးငယ်လေး တစ်ယောက်နဲ ့တွေ ့နေပြီ ထင်ပ ။
မှန်သည် မှားသည် ထိုနှစ်လီ ၊ မောင်ပေ ခန် ့မှန်းမည် ။
thit min
February 1, 2012 at 8:34 pm
အကိုရေ
နဲနဲ နောက်မယ်ဗျာ။စိတ်မဆိုးပါနဲ့။
ကဗျာမှာ
“ ဖြူစင်သန့်ရှင်းပြီး
မွှေးရနံ့ သင်းပျံ့နေသူတွေအတွက်
ကိုယ်ရံတော်ဆိုတာက အပိုတွေပါပဲ” တဲ့လေ………။
ဆိုတော့
ကိုယ်ရံတော် ရှိသူတွေ(လိုသူတွေ) ဆိုတာ မဲပေ ညစ်ပါတ် နံစော် နေတဲ့ လူမျိုးတွေလို့ ဆိုပါသလား။
နေဝန်းနီ
February 1, 2012 at 9:26 pm
အဲဒါတော့ သူတို့ ကိုယ်တိုင်မှ သေချာတိကျ သိကြတော့ မယ်……… ဘာမှအလုပ်မရှိလို့ ပန်းပင်လေးသုံးပင် ကိုသေချာထိုင်ကြည့်ရင်းနဲ့ စိတ်ကူးလေးရလာတာ ……။ ဆင့်ပွား အဓိပ္ပါယ် တွေ ဖွင့်ဆိုရင်း ရေးဖြစ်သွားတာပါ….။ ဒီမှာက ဘာမှမလုပ်ပဲ ထိုင်နေရတဲ့ အချိန်တွေက များတယ် ကိုသစ်မင်းရေ့…..။ ဘာလုပ်ရမှန်းလည်းမသိ ဘာမှလည်းမလုပ်တတ်နဲ့ သံသရာလည်နေတာ….။ ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့လည်း ချစ်ကောင်းသီချင်းလို “အများကြီးပဲ အများကြီး ကိုယ်လိုလူတွေ အများကြီး ” ဆိုတာမျိုး
surmi
February 1, 2012 at 11:37 pm
တစ်ရံတစ်ခါ၊တွေးမိပါ၏
ဘာရယ်မဟုတ်ဘူး
ကေသာဦးမှာ
ပန်းပွင်.လေးပဲဖြစ်ချင်ခဲ. ။။။။
တစ်ရံတစ်ခါ ၊စိတ်ကူးပါ၏
သူ.အိပ်ယာထက်
သူအိပ်စက်သည်.
ခေါင်းအုံးလေးသာဖြစ်ချင်ခဲ. ။။။။
တစ်ရံတစ်ခါ ၊ဆုတောင်းပါ၏
သူသွားလေရာ
အမြဲပါသည်.
ရင်မှာပိုက်ထွေး
လွယ်အိပ်လေးလိုဖြစ်ချင်ခဲ. ။။။။။
ကိုနေဝန်းရေ –ရှုပ်တယ်လို.တော.မထင်နဲ.နော် —-ကိုနေရဲ.စာကိုဖတ်ပြီး
အသက် ၂ဝ လောက်ပြန်ငယ်သွားလို.ပါ ။။။။။
Khin Latt
February 2, 2012 at 4:55 am
အဲဒီ ကိုယ်ရံတော် ဆူး တွေ က သူတို့ ရဲ့ အလှ ကိုဖျက် နေတာ လို့ တွေးမိရင်တော့ မာန်တက်နိုင်ပါတော့ မလားဘဲ။
ကဗျာလေးက လှတယ် ကိုနေဝန်းနီရေ။
(ရွာ့ ဆည်းလည်း ဆူး ကို ညွန်းတာ လုံးဝ *၁၀ဝ မဟုတ်ပါကြောင်း) 😉
koyinmaung
February 2, 2012 at 5:54 am
ကိုနေဝန်းနီရဲ့ကဗျာလေးကတော့
တိုတိုတုတ်တုတ်နဲ့မြင်သာလွန်းပါပေ
ပန်းပင်လေးတွေကိုကြည့်မိပြီး
လက်တန်းစပ်တဲ့ကဗျာလေးကို……
ဂုဏ်ယူပါတယ်ဗျာ……..
Moe Z
February 2, 2012 at 9:57 am
ပန်းတွေမှာ ချွန်မြတဲ့ဆူးတွေရှိတယ်
တပ်မက်သူတွေအတွက် ပွင့်ဖို့မဟုတ်
မဟာပထဝီကို မြေဆီအဖြစ်အားဖြည့်ဖို့
((ဆူးပါတဲ့ပန်းတွေက အဲဒီလိုကြေငြာထားတယ်)) 🙂
ကြောင်ကြီး
February 2, 2012 at 11:36 am
ခွေးကြီးကပြောတယ်
ငါ့သခင်က ကြီးကြီးမာစတာ..
အနားမှာရှိတဲ့ နွားကြီးကလည်း
သူနေတဲ့ခြံ အကျယ်ကြီး..
တိရစာ္ဆန်ရုံက ကျားကြီးကတော့
ပိုက်ဆံပေးမှ သူ့ကိုကြည့်ခွင့်ရသတဲ့..
ဆင်ဖြူကြီးကလည်း အားကျမခံ
တော်ဝင်နန်းထိုက် သတ္တဝါဆိုပဲ..
ဒီတော့ ကြက်တူရွေးကလည်း
ရွေလှောင်အိမ်နဲ့ပါဆိုတယ်..
ကြောင်ကြီးခမျာမှာတော့
ငါးကြော်မျက်နှာ တရွာထင်
အနံ့ရရာ သွားလာနေရင်း
သခင်မရှိ အကြင်မရှိ
မြင်သူမရှိ ဆင်သူမရှိ
ရွာရိုးကိုးပေါက်လျောက်ခါနေတဲ့
ဘုန်းကြောင်တကောင်ထဲ..။
ba gyi
February 2, 2012 at 1:13 pm
သဘာဝအနှစ်အရသာကလေးပေးလို့၊အလွန်ကောင်းပါသဗျား ဆရာနေဝန်းနီရေ။
ဒါပေမည့်ချွင်းချက်အနေနဲ့
ကျုပ်တို့ဗိုလ်ချုပ်ခဗျာ
ပညာရှိသတိဖြစ်ခဲဆိုသလို
ကိုယ်ရံတော်နဲခဲ့ပြီး၊မိမိရိုးသားဖြူစင်မှုအပေါ် ယုံကြည်လွန်းခဲ့လို့ ယုတ်မာသူတွေရဲ့လက်ထဲ ၊ကျွေကျခဲ့ရရှာပါတယ်။ဘာရယ်ဟုတ်ပါဘူး၊ လောကသဘာဝကလေးပြောတာပါဗျာ။
ကဗျာကလေးကချစ်စရာကောင်းပါတယ်။လေးစားပါတယ်။
kyeemite
February 2, 2012 at 2:24 pm
ကဗျာလေးကိုကြိုက်တယ်ဗျာ…
ပန်းဆိုတာက ပွင့်ပီးအလိုလိုကြွေ ကျသွားရင် အဓိပါယ်မဲ့သွားမှာပေါ့…
မြတ်နိုးသူ တယုတယခူးယူပန်ဆင် တန်ဘိုးထားသူ ရှိမှသာ…သူပွင့်ရတာအဓိပါယ်ရှိမှာပါ…
ကိုကြောင်ကြီးဆိုကြည့်…ခူးမဲ့သူမရှိတဲ့ပန်းလိုဖြစ်နေတာ..
နွယ်ပင်
February 2, 2012 at 2:28 pm
ကိုနေဝန်းနီရဲ့ ကဗျာလေးကို ဝင်ရောက်ခံစားရင်း
ဦးကြောင်ရဲ့ ကဗျာကလည်း အတော်မိုက်ကြောင်း ဝင်ရောက်
ထောက်ခံသွားပါတယ် …. 😆
Harumoto
February 2, 2012 at 4:40 pm
ပျိုနှင်းဆီလည်း
သင်းမွှေးပျံ့ပျံ့ ဖြူဖြူလွလွ နှင့်
ရောင်စုံဖြာဖြာ ထည်ထည်ဝါလို့
ဆူးတံစို့ လည်း ပါသတဲ့။
ဆူးနှင့်ဝေဝေ စောင့်ရှောက်နေသော
ကိုယ်ရံတော်များ ဝင့်ဝင့်ကြွားမို့
မာနထောင်လွှား ထင်မမှားနှင့်။
ပန်းစပယ်လို ဖြူစင်သန့်ရှင်း
ရနံ့သင်းပြီး အေးဆာယာလည်းရှိပါ၏။
သူ့ထက်ပိုသာ ဆိုစရာကား
ထူးခြားမရှိ ပန်းဖြစ်၏သို့
ထိုက်သင့်ချိန်မှာ ကြွေမည်သာ။
နေဝန်းနီ
February 5, 2012 at 10:39 pm
တူရို့ က နာကျော်ပီး ပန်းကြွေ တဲ့ အကြောင်းလာကျော နေဒယ်..။ နောက်ထပ် တောင် မရေးရဲတော့ဘူး ဟွန့်…………။