Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လျှပ်စစ်မီးရောင်စုံ ရွှေတိဂုံ

weiweiFebruary 3, 20122min26412

မျက်ရှင်ဘုရား

ပန်းရောင်စုံလေးတွေ

မနေ့က ည ၈ နာရီကမှ ရိုက်ထားတဲ့ ဓါတ်ပုံများဖြစ်ပါတယ်။ ကိုဘလက်တင်ထားတဲ့ပုံတွေကြည့်ပြီး သွားချင်စိတ်ပေါ်လာတာနဲ့ ညဘက်ဘုရားသွားဖူးလိုက်တယ်။ ရောင်စုံမီးတွေနဲ့ အရမ်းသပ္ပါယ်နေတဲ့ ရွှေတံဂုံဘုရားကြီးကို ဖူးမျှော်ရတာ အရမ်းကြည်နူးဖို့ကောင်းပါတယ်။ ပန်းလေးတွေနဲ့ ရနံ့ကလဲ ထုံသင်းနေပါတယ်။ ညဘက်ဓါတ်ပုံရိုက်ရတာ သိပ်အဆင်မပြေလို့ ဓါတ်ပုံတွေက အပြင်မှာလောက် မလှဘူးဖြစ်နေတယ်။ မီးဆိုင်းတွေနဲ့ ပန်းပင်တွေက သာသနာ ၂၆၀ဝ အထိမ်းအမှတ်အမှီ တပ်ဆင်နေတုန်းမို့ ပွဲတော်အချိန်ရောက်ရင်တော့ အလွန်သပ္ပါယ်လှပနေမှာပါ … သွားရောက်ဖူးမျှော်ကြပါလို့ ….

12 comments

  • MaMa

    February 3, 2012 at 9:54 am

    ဝေဝေရေ-
    လက်တွေ့အကောင်အထည်ဖော်တာ မြန်လှချည်လား။
    ဒီအပတ် တနင်္ဂနွေမှ သွားဖို့ စိတ်ကူးထားတာ။
    သွားဖြစ်ပါ့မလားတောင် မသေချာသေးဘူး။
    ကိုပေါက်ရဲ့ အမြင်ဒေါင့် စောင်းစောင်းလေး ဆိုသလိုမျိုး …..
    တစ်ယောက်နဲ့တစ်ယောက် အမြင်ဒေါင့်ချင်း မတူကြတာမို့…..
    တစ်ယောက်တစ်မျိုးနဲ့ ရွှေတိဂုံစေတီကြီးရဲ့ အလှကို မှတ်တမ်းတင်ကြတာ…..
    အားကျလာပြီနော်။ 🙂

  • weiwei

    February 3, 2012 at 10:03 am

    ကိုဘလက်ကို ကျေးဇူးတင်တယ် …
    ရွှေတံဂုံဘုရားက မကြာခဏရောက်ဖြစ်ပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ဖူး … ဒီတစ်ခါမှ ကင်မရာယူသွားပြီး ရိုက်ဖြစ်သွားတယ် … ကင်မရာက တော်တော်ဟောင်းနေပြီဆိုတော့ ပုံတွေကို စိတ်တိုင်းမကျပေမယ့် အမှတ်တရပေါ့ ..

  • ဆူး

    February 3, 2012 at 10:06 am

    ဆူး လည်း ည ၈နာရီက ဘုရားရောက်တယ်။
    မိုးဖွားလေးတွေ ကျတာနဲ့ ဘုရားရင်ပြင်တော်ပေါ်က ကျောက်ပြားတွေ ချောတာနဲ့ ပြန်ဆင်းလာတယ်။
    မဝေ နဲ့ ဘုရားပေါ်မှာ တချိန်တည်း တူတူရှိနေတာတောင် မတွေ့ခဲ့ပြန်ဘူး။
    ဘုရားပေါ်မှာ ပန်းတွေ လှူဖို့ သွားမေးတော့ ကောင်တာပိတ်သွားပြီတဲ့.. နောက်နေ့ လာပါတဲ့..
    ၂၂ ရက် ဖေဖော်ဝါရီကနေ စပြီးတော့ ရရက်နေ့ မတ်လ အထိ ဘုရားပွဲ ကို ၁၅ရက်ကျင်းပပေးမှာနော်..
    ဘုရားပွဲရက်မှာ ဆိုင်ခန်းတွေ အတွက် ခေါ်နေတယ်။
    ပန်းတွေလည်း တော်တော် လှနေပြီ။ ပန်းတွေ မြင်ရတာ အလိုလိုကို ကြည့်ပြီး စိတ်ချမ်းသာမိတယ်။

    • weiwei

      February 3, 2012 at 10:19 am

      မနေ့ညက ဖိုးဖွဲလေးတွေကျလာတော့ ပြန်လာကြတယ် … အမသူငယ်ချင်းကတောင် ပြောသေးတယ် … မလုပ်စဖူးအလုပ်တွေလုပ်လို့ အချိန်အခါမဟုတ် မိုးတောင်ရွာလာတယ်တဲ့လေ … ညက ဘုရားမှာ အကြာကြီးနေဖြစ်ခဲ့တယ် …
      နေ့ခင်းဘက်တစ်ရက်လောက်သွားပြီး ပန်းသွားလှူရင်းနဲ့ ပန်းလေးတွေသွားကြည့်အုန်းမယ်… ညဘက်ဆိုတော့ ပန်းအလှမပေါ်ဘူး …

  • မမဝေဝေ ကတော့ ကိုဘလက်ချောကြီးနဲ ့အတူ ခပ်မြန်မြန်သွား ကုသိုလ်ယူလိုက်ပီပေါ့။
    အရမ်းစည်ကားနေမှာနော်။အချိန်ခါမဟုတ်မိုးရွာတယ်နော်။

  • blackchaw

    February 3, 2012 at 11:54 am

    သာဓု၊ သာဓု၊ သာဓုပါဗျာ။
    ကျွန်တော့်ပို့စ်ကို ဖတ်ရလို့ ဘုရားသွားတယ်ဆိုတော့
    ကျွန်တော်လည်း ကုသိုလ်ရတာပေါ့။

  • antimoe

    February 3, 2012 at 3:05 pm

    လွန်ခဲ့တဲ့ တစ်လလောက်က ဂျပန်က ဧည့်သည်တွေနဲ့ ညဖက် ဖူးဖြစ်သေးတယ်။
    မီးတွေ စတပ်နေပြီ။
    ကြည်ညိုကောင်းနေတုန်း ဗြုန်းဆို ဂျပန်မမ စကားကြောင့် ဦးဏှောက်စားသွားတယ်။

    ဘုရားနဲ့မတူပဲ……
    Tokyo Disneyland နဲ့တူတယ်တဲ့။

    ပုဂံဘုရားဟောင်းတွေကို ဖြစ်သလို ပြန်ပြင်ထားတဲ့ ကန်ထရိုက်လက်ရာကြောင့် အလှလျော့နေတဲ့ ပုဂံမြေကို
    မဆီမဆိုင် ပြေးမြင်ယောင်မိပါတယ်။
    ဆိုတော့ကာ…………
    မြန်မာ့မျက်စိနဲ့မြင်လေ့ရှိတဲ့ အလှတရား။
    နဂို ပကတိ အလှတရား။
    ……..အလှတရား။

    အလှတရားရဲ့ စံ…..ဆိုတာကို…..
    ဘယ်လို သတ်မှတ်ကြပါမလဲ။
    အားလုံး ဆွေးနွေးကြရင် ကောင်းမယ်။

  • MaMa

    February 3, 2012 at 3:30 pm

    အန်တီမိုး (ရေးထားတဲ့အတိုင်း ပြောလိုက်တာ ကိုယ့်ထက်တောင် ငယ်နေမလားတော့ မသိဘူး 😛 ) ကို ထောက်ခံတာကို + ပေးလို့ မရတာနဲ့ မန့်လိုက်တာ။
    (ဘာဖြစ်လို့ + ပေးလို့ မရတာလဲ မသိဘူး)
    သဂျီးရေ- ကော်မန့်ဖောင်းပွတာ သည်းခံ သည်းခံ။ 😀

  • Rose Minn

    February 3, 2012 at 4:31 pm

    ရောက်ခဲ့ပြီးပြီ အန်တီဝေ ရေ ထပ်မြင်ရလို့ကျေးဇူးပဲ။ မီးရောင်စုံနဲ့ မြတ်စွာ ဘုရားကို ဖူးမြင်ရတာက ကြည်နူးခြင်း အရသာ။ ပီတိဖြစ်ခြင်း အရသာ။ ကိုယ်တိုင်သွားဖူးရင်တော့ ပိုလို့ကြည်နူးရမယ်။ Rose အတွက်ကတော့ ညဘက်အောင်မြေမှာထိုင်ပြီး ဘုရားကို မျှော်ပြီးထိုင် ကြည်ငြို ရတာ ဘာနဲ့မှ မတူတဲ့ခံစားချက်လေးပါ။

  • လင်းဝေ

    February 3, 2012 at 5:09 pm

    သာဓုပါ ဘုရားအစ်မ ဒူဝေဝေရေ။
    အောက်က ဒေါ်မိုးပြောသလို ဒစ္စနေလန်းနဲ့တူသလိုဆိုတာလည်း ဟုတ်တာပဲ…. ခက်ပြီ။
    ဒေါ်မိုးရေ ( ကျုပ်ကတော့ ဦးရွှေရိုးမဟုတ်ပါဘူး) တပေါင်းပွဲတော်အတွက် တတ်သမျှလေးတွေ ဆင်ကြတာပါလို့ သာ ပြန်ရှင်းပြလိုက်ပါဗျာ။
    ကျနော်တို့ဆီများ အခန့် ဘယ်လိုဆင်ရမယ်ဆိုတာ မသိကြဘူးဗျ။ ဂေါပက ကလည်း အတည်အခန့် အလွန်မှ လေးနက်သော နှစ်ပေါင်းထောင်ချီ နေရာကြီးကို ဒီလို ကလက်တာတွေ မဆင်သင့်ဘူးဗျ။
    ကိုယ်ကတော့ ဟိုမှာ ရောကော ပေါသော ပစ္စည်းမှန်းမသိလို့ ကောက်ပြီး အလှဆင်မိတာပေါ့ဗျာ။
    တောသားတွေ ကိုယို့ကားယား လုပ်မိတာပေါ့။

  • windtalker

    February 3, 2012 at 9:59 pm

    ဒီလို ပုံစံမျိုးနဲ ့တစ်ခါမှ မဖူးခဲ့ဖူးဘူး ဗျာ ။ အားရစွာဖူးမြှော်ပြီး ဆုတောင်းသွားပါတယ် ဗျို ့

  • manawphyulay

    February 4, 2012 at 10:21 am

    မမဝေရေ… ရွှေတိဂုံဘုရားကို ညဘက်ဖူးရတာ အရမ်းအေးချမ်းတယ်နော်။ တကယ်လည်းကျေးဇူးတင်ပါတယ်။ ခုတော့ တစ်နေရာထဲနဲ့ အကုန်ဖူးမြော်ရတယ်။

Leave a Reply