Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မလိမ်ချင်လို့ ပါ

မောင်ဆန်းFebruary 3, 20121min175447

မနေ့က အင်တာနက်မှာ မိုးသီးဇွန် မြန်မာနိုင်ငံကို ပြန်မှာလား ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးလေး တစ်ခု ဖတ်ရတယ် အင်တာဗျူးထဲမှာ ကိုမိုးသီးဇွန် က ဒီအကြောင်းလေး တွေ ထည့်ပြောထားတယ် –
{ နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။
သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။
နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ ကိုယ့်အလုပ် ကိုယ်ရှုပ်ဆိုတော့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စာရင်းကြီးကို ဘယ်သူကမှ ခေါင်းထဲမှာ မှတ်မထားနိုင်ဘူး။
နိုင်ငံသားတွေရဲ့ အချက်အလက်တွေသိထားလို့ နိုင်ငံတော်လုံခြုံရေးကို တကယ်မကာကွယ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ ကျနော်ဆိုရင် ကျနော်အဖေမှာ ညီမတယောက်၊ အကိုတယောက်ရှိတယ်။ ကျနော် အဖေက ဖျာပုံ ကပါ။ အဒေါ်နာမည်ကလွဲလို့ ဦးလေးနာမည်ကိုတောင် ကျနော် မမှတ်မိတော့ဘူး။ သူတို့သားသမီးတွေ ဘယ်နှစ်ယောက်လဲ ဘယ်သူတွေလဲ ကျနော် မသိတော့ဘူး။ ကျနော့် မိဘတွေအိမ်ဟာ ဖျက်သိမ်းတဲ့ထဲ ပါသွားတယ်။ ဒီအိမ်မှာ ကျနော် ကြီး ပြင်းခဲ့တယ်။ ကျနော်ပြန်သွားရင် အိမ်မရှိတော့ဘူး။ အဖျက်ခံရတဲ့နေရာက မြေကွက်လပ်ကြီး ဖြစ်နေတယ်။ တခါတလေ ကျနော် ဂူဂဲလ်ကနေ ကျနော်တို့အိမ် မြေကွက်လပ်ကြီးကို ကြည့်ဖြစ်ပါတယ်။
ကျနော့် အမေပဲ ရှိတော့တယ်။ အမေ့လိပ်စာကို ကျနော်မသိဘူး။ }
( အပြည့်အစုံ ဖတ်ချင်တဲ့ သူတွေ ဒီမှာ ကြည့်လို့ ရပါတယ် http://www.naytthit.net/?p=23730)

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာနဲ့ အတူ နိုင်ငံခြား ဧည့်သည်တွေ အဝင်အထွက်များလာတယ် ပြီးခဲ့တဲ့ လက မိတ်ဆွေ ဂျပန်ဧည့်သည်တွေ စီးပွားရေး အခြေအနေတွေ လေ့လာဘို့ ရောက်လာတာနဲ့ လေဆိပ်မှာ သွားကြို လိုအပ်တာလေးတွေ စီစဉ်ပေး အပြန်လိုက်ပို့ပေး လုပ်ဖြစ်တယ် ကြိုတဲ့နေ့ က လေဆိပ်က ထွက်ထွက်ခြင်း မြန်မာနိုင်ငံကို အရင်တုန်းက ရောက်ဖူးတဲ့ တစ်ယောက်ပြောတာ အရင်လာတုန်းက လဝက ကောင်တာရှေ့ တစ်နာရီလောက်ကြာတယ် အခု ၁၅ မိနစ်လောက်ပဲ ကြာတယ် ကာစတမ် ကလဲ အရင်တုန်းက တွေ့သမျှအိတ်တွေအားလုံး ဖြဲရဲရှာတယ် အခု အဲဒီလို မရှာတော့ဘူး တော်တော်ကို ပြောင်းလာတာပဲတဲ့ ကျေနပ်တဲ့ အသံနဲ့ ပြောသလို ဒါပေမဲ့ လဝက မှာ စစ်တဲ့သူက စစ်နေတဲ့ အချိန် ဘေးမှာ ထိုင်စကားပြောနေတဲ့ ဝန်ထမ်းတွေရှိတယ် သူတို့ က ဘာလို့ ဝင်မစစ်ပေးတာလဲ အားလုံး အလုပ် လုပ်ရင် ဒီထက် ပို မြန်မှာပေါ့ လို့လဲ မကျေနပ်တာ ပါ ဆက်ပြောပြတယ် သူတို့ စီးလာတာ ဗီယက်နမ်လေကြောင်းလိုင်းမို့ လူနည်းတာ ပါသလို ပြုပြင်ပြောင်းလဲမှု တချို့ကြောင့် လဝက ကောင်တာတွေ ရှေ့မှာ အချိန်တွေ နည်းလာတာလဲ အမှန်မို့ ဧည့်သည်ရှေ့မှာ မျက်နှာပန်းလှတယ် ပြောရမယ်
သူတို့ မြန်မာပြည်မှာ ရှိနေတဲ့ ကာလ သွားလာနေထိုင်ရေး နဲ့ လုပ်ငန်းကိစ္စတွေ အဆင်ပြေတာမို့ သူတို့လဲ ကျေနပ် ကျေးဇူးတင်ကြောင်းလဲ တဖွဖွ ပြောပါတယ် ကျွန်တော်တွေ့ဘူးတဲ့ လူမျိုးထဲမတော့ ဂျပန်လူမျိုးက တစ်ဖက်သားကို ကြံဖန် ချီးကျူး တတ် ကျေးဇူးတင်တတ်တဲ့ လူမျိုးလို့ ထင်တာပဲ ကျေးဇူးတင်စရာများ တစ်ခုခု တွေ့လို့ကတော့ အသားကုန်ဖင်ကုန်းပြီး( ခါးကုန်းခေါင်းငြိမ့်တာကို ဆိုလိုတာပါနော) ကျေးဇူးတင်တော့တာပဲ အပြန်လေဆိပ်လိုက်ပို့တဲ့နေ့ကျမှ သူတို့ ရင်ထဲက တချို့စကားတွေ ထွက်လာတော့တယ် …
မြန်မာပြည်ကိုလာဘို့ ဗီဇာလျှောက်တာ တစ်လတိတိကြာတယ် သံရုံးကိုလဲ ကိုယ်တိုင်သွားလျှောက်ရတယ် ဖြည့်ရတာတွေလဲ အများကြီး သေသွားတဲ့ ငါ့အဖေအကြောင်းလဲ ဖြည့်ရတယ် ဓါတ်ပုံ တွေလဲ ကပ်ရတယ် ပတ်ဝန်းကျင်က တခြားနိုင်ငံတွေ သွားရင် အွန်းလိုင်းကလျှောက်လို့ရတယ် စောင့်ရ တစ်ရက်ပဲ ဖြည့်ရတာက အမည်၊ ပတ်စ်ပို့နံပတ် ၊ ဘယ်မှာတည်းမှာလဲ ဆိုတာလောက် ဖြည့်ရင် ရတယ် မင်းတို့ မြန်မာနိုင်ငံကတော့ ပတ်စ်ပို့မှာ လဲ စတစ်ကာကပ်ရသေးတယ် လို့ အဆင်မပြေတဲ့ကိစ္စ တွေ ပြောလာပါတယ် သူဖြည့်ရတဲ့ ဖောင်လေးကိုပြလို့ ကြည့်တော့ အမည်၊အဖအမည် ၊ မွေးသက္ကရာဇ် ၊ အလုပ်အကိုင် စတဲ့အချက်အလက် ၁၅ ခုလောက် ဖြည့်ရတဲ့ တစ်မျက်နှာစာ ဖောင်လေးပဲ ရှိပါတယ် ကျွန်တော်တို့အတွက် ကတော့ ဒီလောက်က ပျင်းတောင်ပျင်းသေးတယ် ဟေ့ လို့ ပြောရမဲ့ အခြေအနေပါ သူတို့အတွက် ကတော့ တော်တော်ကို များနေပြီ ထင်တာပါ သေသွားတဲ့ သူ့ အဖေအကြောင်းတောင် ဖြည့်ရတယ် ဆိုတာကို နှစ်ခါလောက် ထပ်ပြောပါတယ် သူတို့ ပြောတာတွေ အမှန်ဆိုပေမဲ့ ကိုယ့်နိုင်ငံအကြောင်း မကျေမနပ်ပြောလာတော့ ကိုယ့်ဘက်ကလဲ မင်းတို့နိုင်ငံရော ဘာထူးလဲ ငါ လာလည်တော့ ဖြည့်ရတာတွေ အများကြီး ဟိုဘက်ကလဲ ဖိတ်ရတယ် သူ့ရဲ့ ပိုင်ဆိုင်မှုထောက်ခံချက်လဲ ပြရတယ် ပတ်စ်ပို့ မှာ စတစ်ကာလဲ ကပ်တာပဲလို့ ပြောရင်း ငါတို့ နိုင်ငံလဲ လိုအပ်တာတွေ ပြောင်းနေပါပြီ မင်းတို့ နောက်အခေါက်တွေ လာရင် ဒီထက်အဆင်ပြေမှာပါလို့ ဒီရက်ထဲ ကိုယ့်အချင်းချင်း ပြောနေကျ စကားနဲ့ပဲ သူတို့ကို ပြောလိုက်ရတယ်

တမျက်နှာလောက် ဖြည့်ရတာကို များတယ်လို့ ထင်တဲ့သူတွေ ကျွန်တော်တို့ ဖြည့်ရတာတွေသာ မြင်သွားရင် အဘား အဘား အော်သွားလောက်တယ် ကလေး ကျောင်းအပ်တာကို ကလေးနဲ့ ပတ်သက်တာတွေ အမည်၊မွေးသက္ကရာဇ် ဆိုတာတွေ ဖြည့်ရသလို မိဘတစ်ဦးချင်းဆီရဲ့ ကိုယ်ရေးအချက်အလက် တွေဖြစ်တဲ့ အလုပ်အကိုင် ရာထူး ဆိုတာတွေပါ ဖြည့်နေရတယ် မှတ်ပုံတင်များ လျှှောက်လို့ကတော့ မြန်မာတွေကိုယ်တိုင် အမလေး တ ရတဲ့ အခြေအနေ မိဘ အကြောင်း အသေးစိတ် ဖြည့် ရတယ် သူတို့ ရဲ့ ညီအကို မောင်နှမ အလုပ်အကိုင် နေရပ်လိပ်စာတွေ ဖြည့်ရတယ် အဘိုးအဘွား အမည်တွေ သူတို့ရဲ့ မွေးချင်းမောင်နှမတွေ အကြောင်းဖြည့်ရတယ် ကိုမိုးသီးဇွန် ပြောသလို ကိုယ့်ဦးလေး အမည်တောင် ခပ်မေ့မေ့ ဖြစ်နေတာ သူတို့ဖြည့်ခိုင်းတာတွေ ဘယ်မှတ်မိမလဲ ထုံးစံအတိုင်း မှတ်မိသလောက် ဖြီးဖျန်း ဖြည့်ကြရတာပေါ့ ၊ ပတ်စ်ပို့ လျှောက်တော့လဲ ဖြည့်လိုက်ရတဲ့ဖောင် ဆိုတာ နဲတာမဟုတ်ဘူး ဘယ်နိုင်ငံသွားမှာလဲ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စင်ကာပူဆို သွင်းရတဲ့ ပိုက်ဆံဈေးကြီးလို့ မလေး လို့ ဖြည့်ကြတယ် တက်ရောက်ခဲ့တဲ့ အတန်း၊ခုနှစ်၊ ကျောင်း ဆိုတာတွေ ဘယ်လိုလုပ် အတိအကျ မှတ်မိတော့ မလဲ ၊ ဘွဲ့ ရခဲ့တဲ့ ခုနှစ်ကနေ နောက်ပြန်တွက် ပြီး ဖြည့်ရတယ် တချို့ အရစ်မရှည်အောင် ၉ တန်းအောင်လောက် ဖြည့်ကြတယ် ဖြည့်ထားခဲ့ဘူးတဲ့ ဖောင်တွေ ပြန်တိုက်ကြည့်ရင် စာသင်ခဲ့တဲ့ နှစ်တွေ ဖောင် တစ်ခု နဲ့ တစ်ခုတောင် တူပါ့မလား မသိဘူး ၊ တစ်ခါက တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရတာလေး ကြုံဘူးတယ် ၂၀၀၈ က စင်ကာပူကို ခဏ သွားရင်း မြို့ထဲမှာ ပတ်စ်ပို့ ကျပျောက်သွားတယ် ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်တွေ ညစ် ၊ ညတွင်းချင်း ရဲစခန်းတစ်ခုမှာ တိုင်ချက်ဖွင့် နောက်တစ်နေ့ မြန်မာသံရုံးကို သွားတော့ ယာယီအသိအမှတ်ပြု လက်မှတ် ထုတ်ပေးဘို့ တစ်ခါ ဖောင်တွေ ဖြည့်ရပြန်ရော ဘာမှတ်တမ်းမှ မရှိပဲ မှတ်မိသလောက်ဖြည့်ရတော့ ရမ်းဖြီးတွေက အများစုပေါ့ ( ကံကောင်းလို့ ဘူတာရုံမှာ ကောက်ရတဲ့သူက ပြန်အပ်ထားတာကို သံရုံးကို အကြောင်းကြားထားပေးလို့ နောက်တစ်နေ့ကျ ပတ်စပို့လေး ပြန်ရလိုက်တယ် )….

ဖောင်တွေ ဖြည့်ရတိုင်း မမှန်မကန် ဖြည့်စွက်တာ မဟုတ်ပါဘူး ဆိုတဲ့ ခံဝန်ချက်ကပါသေး ဘယ်လိုမှ မှန်အောင် ဖြည့်လို့ မရတော့ မမှန်မကန်တွေကိုပဲ ခပ်တည်တည် ဖြည့်ကြရရော ကျွန်တော်စဉ်းစားကြည့်မိတယ် ဖြည့်ရတဲ့ အချက်အလက် ရာခိုင်နှုန်းပြည့် မှန်အောင် မဖြည့်နိုင်မှန်းသိရက်နဲ့ ၊ ချက်ချင်းလဲ မစိစစ်နိုင်ပဲနဲ့ (ပြသနာတက်ရင်တော့ ဒီအချက်တွေ ကိုင်လိုက်ချင် လိုက်မှာပေါ့ ) ဘာလို့ အချက်အလက်တွေ အများကြီး ဖြည့်ရတာလဲ သိသိကြီးနဲ့ ဘာလို့ အလိမ်ခံချင်ကျတာလဲ…

ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ခါတစ်လေ စုမိရင် ဘီယာဆိုင်သွားတာရှိတယ် ၊ ကာရာအိုကေရောက်ချင်ရောက်မယ် ၊ အနှိပ်ခန်းဘက် လှည့်ချင်လှည့်မယ် အဲဒီလို ထိုင်ပြီဆို အိမ်က မိန်းမတွေက ဖုံးဆက်ပြီး ဘယ်ရောက်နေလဲ ဆိုတာ လှမ်းချက်တာနဲ့ ကြုံရရင် တစ်ချို့သူငယ်ချင်းက ငါ ရုံးမှာ ဘယ်လို အလုပ်လုပ်နေရတာတို့ ဘယ်လူကြီးကို တွေ့ဘို့စောင့်နေရတာတို့ ကောင်းကောင်းလိမ်တော့တာပဲ ကျွန်တော့် အနေနဲ့ကတော့ ဖုံးဆက်လို့ ဖြစ်စေ အိမ်ပြန်ရောက်လို့ ဖြစ်စေ ဘယ်သူတွေနဲ့ ဘယ်သွားတယ်ဆိုတာကို အမှန်အတိုင်းပဲ ပြောတော့ သူငယ်ချင်းတွေက မင်း အဲဒီလို အမှန်အတိုင်းပြောတော့ ပြသာနာ မတက်ဘူးလားတဲ့ …အဲဒီတော့ ကျွန်တော့ အယူအဆကို ပြောပြတယ် ငါ့မှာ မိသားစု ရှိသလို မိတ်ဆွေတွေနဲ့ လူမှုရေးအရ ပေါင်းသင်းဆက်ဆံရေးဆိုတာလဲ ရှိတယ် ဒီလိုတွေ သွားတာ အိမ်ထောင်ရေးဖောက်ပြန်တာ မဟုတ်ဘူး လုပ်ဘို့ လိုအပ်လို့ လုပ်တာ မိသားစုကို ထိခိုက်အောင်လဲ မသွားဘူး မလုပ်ဘူး လုပ်သင့်သလောက်ကို လုပ်တာ၊ ငါ အမှန်အတိုင်း ပြောတယ် ဆိုတာလဲ ယုံတယ် ငါ ပြောတာကို လဲ သူက လက်ခံတဲ့ အတွက် ငါဘယ်တော့မှ မလိမ်ဘူး အမှန်အတိုင်းပြောတယ် အေး ငါပြောတာကို လက်မခံဘူး ပူညံပူညံလုပ်မယ် အတင်းချုပ်ချယ် လာမယ်ဆိုရင်တော့ ငါ အမှန်အတိုင်းမပြောတော့ပဲ လိမ်သင့် လိမ်ရတော့ မှာပေါ့ ၊ သူ အဲဒီလို အလိမ် ခံချင်မလား . လို့ ရှင်းပြမိတယ်….

ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေ အတွက် ဖောင်တွေ ၊အချက်အလက်တွေ အများကြီး ဖြည့်နေရတာ အတားအဆီး အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရတာ အတင်းချုပ်ချယ်တဲ့ ၊အမှန်ကို ရင်မဆိုင်ရဲတဲ့၊ အလိမ်ခံချင်တဲ့ မိန်းမနဲ့ တွေ့နေရသလိုပဲ ဘယ်လောက်အမှန်ပြောချင်ပြောချင် လက်မခံတော့ သူယုံအောင် လိမ် ရတော့ တာပေါ့ ၊ ကိုယ်လဲ လူဆိုးဖြစ် သူလဲ အလိမ်ခံရ တကယ်တော့ ဘယ်သူ့အတွက် မှ မကောင်းပါဘူး ၊ တာဝန်ရှိတဲ့ လူတွေ မှာလဲ တချိန်က ခေတ်အခါ အရ ဘာကြောင့် ရှည်ရှည်လျားလျားတွေ ဖြည့်ခို်င်းရတယ် အတားအဆီးတွေ များရတယ် ဆိုတဲ့ လုံလောက်တဲ့ အကြောင်းပြချက် ရှိချင်ရှိမှာပါ ၊ ဒါ ပေမဲ့ ဒီနေ့ခေတ် ပတ်ဝန်းကျင် နိုင်ငံတွေမှာ တောင် ကိုယ့်ပြည်သူတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံ လုပ်ငန်း ဆောင်တာတွေကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူ နဲ့ ဆောင်ရွက်လို့ ရနေရင် ကျွန်တော်တို့ နို်င်ငံမှာရော ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ နှစ်ဘက်လုံးကတော့ ရိုးရိုးသားသား ဆက်ဆံရမှာပေါ့ ၊သမာရိုးကျတွေးခေါ် စဉ်းစားပုံတွေ ၊ လုပ်နည်းလုပ်ဟန်တွေကတော့ ခွဲထွက်ရမှာပေါ့ …..
ကျွန်တော်တို့ တစ်ဦးကို တစ်ဦး ယုံယုံကြည်ကြည်နဲ့ ဆက်ဆံချင်ပါတယ် ၊ နှစ်ဦးနှစ်ဘက်လုံး အဆင်ပြေ စိတ်ချမ်းသာစေချင်ပါတယ် လုပ်ကိုင်ရတာ ရှင်းလင်းလွယ်ကူချင်ပါတယ် အဓိက ကတော့ လူကြီးမင်းတို့ အလိမ်ခံရတယ် ဆိုတာကို ကြိုက်မှာ မဟုတ်သလို ကျွန်တော်တို့ လဲ မလိမ်ချင်ပါဘူး ခင်ဗျာ …..

47 comments

  • ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေ အတွက် ဖောင်တွေ ၊အချက်အလက်တွေ အများကြီး
    ဖြည့်နေရတာ အတားအဆီး အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရတာ အတင်းချုပ်
    ချယ်တဲ့ ၊အမှန်ကို ရင်မဆိုင်ရဲတဲ့၊ အလိမ်ခံချင်တဲ့ မိန်းမနဲ့ တွေ့နေရသလိုပဲ ဘယ်
    လောက်အမှန်ပြောချင်ပြောချင် လက်မခံတော့ သူယုံအောင် လိမ် ရတော့ တာပေါ့ ၊
    ကိုယ်လဲ လူဆိုးဖြစ် သူလဲ အလိမ်ခံရ တကယ်တော့ ဘယ်သူ့အတွက် မှ မကောင်းပါဘူး
    _______________________________________________________________
    အဲဒါလေးကိုဖတ်ရတော့ ကျေးဇူးတင်ပါတယ်။တကယ့်ကို ယုတ်တိတန်တဲ့၊နေ ့စဉ်နီးပါးကြုံ
    နေတာလေးတွေပေါ့ဗျာ။

  • awra-cho

    February 3, 2012 at 11:08 am

    ဝန်ထမ်းတွေ မှာ ဖြည့်ရတဲ့ ပုံစံ တွေက ပိုတောင်များတယ်၊ တစ်ခါ ပြောင်းရင်တစ်ခါဖြည့်ရတာ၊ ကိုယ့်မိသားစု
    တင်မကဘူး မိန်းမ ဘက်က မောင်နှမ တွေ ယောက္မ တွေရဲ့ ညီကို မောင်နှမ တွေ အိမ်ထောင်ဖက်တွေ
    စုံနေတာပါပဲ၊ ကိုယ့်အကြောင်းဆို သူငယ်တန်း ကတည်းက တက်တဲ့ ကျောင်း ခုနှစ်၊ မြို့၊အဆင့် စုံနေတာပဲ၊
    ဘွဲ့ရတဲ့ အထိ ဖြည့်ရတာ ကျွန်တော်က ဝန်ထမ်းသားသမီး ခဏခဏ ပြောင်းနေရတော့ မမှတ်မိ ၊နောက်ဆုံး
    တစ်စုံကို အသေ ထားပြီး သိမ်းထားရတယ်၊ ကိုယ့်ဟာကို ပြန်ကုူးရေးရတာ တော့ မနှိပ်ဘူး၊ ဘာပဲပြောပြော
    မြန်မာတွေ စေ့စပ်တယ်၊တိကျတယ်လို့ ကြံဖန် ဂုဏ်ယူနိုင်တာပေါ့။

  • DEPARKO DEPARKO

    February 3, 2012 at 11:38 am

    မုသားမပါ လင်္ကာမချောတဲ့ အဓိကကတော့ ကိုယ့်လိပ်ပြာကိုယ်လုံ ဘို့ဘဲအရေးကြီးပါတယ်

  • blackchaw

    February 3, 2012 at 12:05 pm

    ဟေ့လူကြီး ကိုရင်နိုဇိုမိ။
    လေးလေးစားစား ဖတ်မှတ်သွားပါတယ်။
    ဒီနေ့ပဲတင်တဲ့ တီချာကြီး TTNU ပို့စ်လေးကလည်း
    ဒီအကြောင်းအရာလေးကို ပြောထားတာပါပဲ။
    ကိုရင်နိုဇိုမိ ဗားရှင်းနဲ့
    တီချာကြီး ဗားရှင်း နှစ်ပုဒ်စလုံးကို ဖတ်ပြီး
    အောက်က စာလေးကို ရေးမိပါတယ် ကိုနိုဇိုမိရေ။

    လင်္ကာမချောလည်း ရှိစေတော့
    လိမ်ညာမပြောတော့ပါဘူး ခင်ဗျာ။

  • စိန်ပေါက်ပေါက်

    February 3, 2012 at 12:13 pm

    အဲလောက် စေ့စပ်ပြီး ဟိုဖြည့်ဒီဖြည့် ဘိုးစင်ဘောင်ဆက် အမျိုးတွေအကုန် စုသိမ်းထားကြတာတောင်..
    အမှု တစ်ခုခုဖြစ်ပြီး အမှုမှန် မပေါ်တာတွေ အများကြီး..
    လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ..
    ပြောပြန်ရင်လဲ ဒေါ်စိန်ပေါက် လွန်ရာကျဦးမယ်..
    မပြောတာပဲအေးတယ်..(ဘာပေါရမှန်းမသိလို ့ မပေါတော့တာဘာ 😆 )

  • nozomi

    February 3, 2012 at 12:14 pm

    ကိုသန်းထွဋ်ဦး ကွန်မန့်လေးအတွက် ကျေးဇူးပါ ၊ လိမ်တာ မကြိုက်တဲ့သူ ဖြစ်မယ်ထင်တယ်

    awra-cho ဟုတ်ပါ့ ဗျာ ၊ အဲဒီလို ဖြည့်ရတဲ့ အကြောင်းတွေသာ ဆက်ပြောရရင် သူကြီးဆာဗာ ပြည့်သွားနိုင်တယ်

    ကိုဒီပါကို ပြောတာလဲ ဟုတ်တာပဲဗျ

    ကိုချော မနေ့က မန့်တာလေး ဖတ်ပြီး ညက အိပ်မက်တောင် မက်တယ် ဗျို့ ၊ တကယ်တော့ ဘယ်သူမှ မလိမ်ချင်ကြပါဘူး တီချယ် ကြီး ပြောတဲ့အချက်တွေလိုပဲ အခြေအနေအရ ရောင်စုံမုသားလေးတွေ ဖြစ်လာရတာပေါ့ ၊ ဘာပဲဖြစ်ဖြစ် မေတ္တာရပ်ခံချင်တာက မဒမ်ချောကိုတော့ အမှန်အတိုင်း ဝန်ခံလိုက်ပါဗျာ ၊ သူလဲ လိမ်တာ ကြိုက်မှာ မဟုတ်ပါဘူး

  • ကောင်းမြတ်သူ

    February 3, 2012 at 12:27 pm

    လုပ်ငန်းလိုင်စင်လုပ်လည်း ဖြည့်ရတဲ့ဖောင်တွေကမနည်းဘူးဗျ။ ထောက်ခံစာ၊ ကိုယ်လုပ်ငန်းမှာသုံးမယ့်ပစ္စည်းစာရင်း၊ အရောင်းအဝယ်စာချုပ်၊ ကျမ်းကြိမ်ဆိုလွှာ၊ အခွန်ပြေစာ၊ ကျန်တာတွေရှိသေးတယ်. ဖိုင်တွဲအနီးမှာမရှိလို့အကုန်မရေးဖြစ်တာ. (၂)ခု(၃)လောက်ကိုကျန်သေးတာ.
    ကျွန်တော်လုပ်တဲ့လုပ်ငန်းက လုပ်ငန်းလိုင်စင်မလုပ်ဘဲလုပ်နေတဲ့သူတွေများတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ဖြစ်လာရင် ပြသနာမဖြစ်ချင်တော့ လုပ်ထားလိုက်မယ်ဆိုပြီးလုပ်လိုက်တယ်။ လုပ်တော့နယ်မှာတင် မပြီးဘူး။ တိုင်းတင်ရမယ်၊ ဗဟိုတင်ရမယ်ဆိုတော့ လုပ်လက်စနဲ့ ကိုယ်တိုင်ပဲလိုက်လုပ်လိုက်တယ်။ တိုင်းလဲ ရောက်ရော ဘယ်စာရွက်မပါဘူး၊ ညာစာရွက်မပါဘူးဆိုတော့ နယ်ပြန်ဖို့ကလည်းဝေးတော့ အဲဒိတိုင်းရုံးစိုက်ရာမြို့မှာပဲ လိုတဲ့ထောက်ခံစာတွေ၊ ကျမ်းကြိမ်လွှာတွေလုပ်ရတာပေါ့။ ကိုယ်ဖာသာကိုယ် ဆိုင်တဆိုင်မှာ လိုအပ်တဲ့စာသားတွေထည့်ရိုက်ခိုင်းရတာပေါ့။ ရိုက်ပြီးတော့ သက်ဆိုင်ရာနေရာတွေမှာ တံဆိပ်တုံးထု၊ လက်မှတ်ထိုး၊ အသပြာထိုးစတာတွေလုပ်ပြီး ရုံးပြန်ပြီးသွားပြတယ်။ ပြည့်စုံတယ်ဆိုယူထားလိုက်တယ်။ (၃)ရက်လောက်ကြာသွားတယ်။ ပြီးသွားရော။ ကျွန်တော်အလုပ် လုပ်တဲ့နေရာက တစ်နေရာ၊ ထောက်ခံစာယူတာတစ်နေရာ အကုန်ဆင်ပြေသွားတယ်။ အံ့ရောဗျာ၊ အဲဒိစာရွက်တွေကို ဘယ်လိုစိစစ်ပြီး၊ ဘာတွေလုပ်ကြလဲဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူး။ လိုလို့တောင်းတယ်လည်းဆိုသေး၊ စာရွက်တစ်ရွက်ပေါ်စာဖြစ်ဖို့ ၄၀၀-၅၀ဝလောက်ပေးမှရတာ။ အဲတာမျိုးကဆယ်စောင်လောက်ရှိတယ်။ သူတို့ဆီကဖောင်တွေက ၄၀၀ဝဖိုး-၅၀၀ဝဖိုးလောက်ဝယ်ရသေး။ အပိုငွေကုန်ရတာတွေအရမ်းများတယ်။ ပြင်သင့်တဲ့စနစ်တစ်ခုပါပဲ၊ ဥပဒေနဲ့ညီလားမညီလား၊ ပြင်လို့ရလား၊ မရလားတော့ကျွန်တော်မသိပါ။ ဆက်သွယ်ရေးအင်/ချုပ်များကို မေးမြန်စုံကြည့်ကြပါကုန်………….

  • kyeemite

    February 3, 2012 at 2:00 pm

    (ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ခါတစ်လေ စုမိရင် ဘီယာဆိုင်သွားတာရှိတယ် ၊ ကာရာအိုကေရောက်ချင်ရောက်မယ် ၊ အနှိပ်ခန်းဘက် လှည့်ချင်လှည့်မယ် အဲဒီလို ထိုင်ပြီဆို အိမ်က မိန်းမတွေက ဖုံးဆက်ပြီး ဘယ်ရောက်နေလဲ ဆိုတာ လှမ်းချက်တာနဲ့ ကြုံရရင် တစ်ချို့သူငယ်ချင်းက ငါ ရုံးမှာ ဘယ်လို အလုပ်လုပ်နေရတာတို့ ဘယ်လူကြီးကို တွေ့ဘို့စောင့်နေရတာတို့ ကောင်းကောင်းလိမ်တော့တာပဲ ကျွန်တော့် အနေနဲ့ကတော့ ဖုံးဆက်လို့ ဖြစ်စေ အိမ်ပြန်ရောက်လို့ ဖြစ်စေ ဘယ်သူတွေနဲ့ ဘယ်သွားတယ်ဆိုတာကို အမှန်အတိုင်းပဲ ပြောတော့ သူငယ်ချင်းတွေက မင်း အဲဒီလို အမှန်အတိုင်းပြောတော့ ပြသာနာ မတက်ဘူးလားတဲ့ …အဲဒီတော့ ကျွန်တော့ အယူအဆကို ပြောပြတယ် ငါ့မှာ မိသားစု ရှိသလို မိတ်ဆွေတွေနဲ့ လူမှုရေးအရ ပေါင်းသင်းဆက်ဆံရေးဆိုတာလဲ ရှိတယ် ဒီလိုတွေ သွားတာ အိမ်ထောင်ရေးဖောက်ပြန်တာ မဟုတ်ဘူး လုပ်ဘို့ လိုအပ်လို့ လုပ်တာ မိသားစုကို ထိခိုက်အောင်လဲ မသွားဘူး မလုပ်ဘူး လုပ်သင့်သလောက်ကို လုပ်တာ၊ ငါ အမှန်အတိုင်း ပြောတယ် ဆိုတာလဲ ယုံတယ် ငါ ပြောတာကို လဲ သူက လက်ခံတဲ့ အတွက် ငါဘယ်တော့မှ မလိမ်ဘူး အမှန်အတိုင်းပြောတယ် အေး ငါပြောတာကို လက်မခံဘူး ပူညံပူညံလုပ်မယ် အတင်းချုပ်ချယ် လာမယ်ဆိုရင်တော့ ငါ အမှန်အတိုင်းမပြောတော့ပဲ လိမ်သင့် လိမ်ရတော့ မှာပေါ့ ၊ သူ အဲဒီလို အလိမ် ခံချင်မလား . လို့ ရှင်းပြမိတယ်…)…ဒါကကိုရင်နိုဇိုမိ သဘောထားပါ….
    ကြိုက်တယ်ဗျာ..ကျုပ်လဲအတူတူဘဲ..အမှန်အတိုင်းပြောတာဘဲ…သားသမီးတွေကိုလဲအမှန်အတိုင်း
    ပြောတတ်အောင်ဘဲ ထရိန်းထားတယ်…ပွင့်လင်းမြင်သာသောဆက်ဆံရေးပေါ့ဗျာ…
    လေ့ကျင့်ပေးရင်ရပါတယ်…..သင့်ခရုဖေါ်ရွာပို့စ်….ဘက်စ်ရီဂတ်..ကြိုက်မီး

  • Harumoto

    February 3, 2012 at 2:14 pm

    မလိမ်ဘူးဆိုလဲ အလိမ်ခံရပေါင်းများတော့ အကျင့်ပါပြီး အလိမ်ခံချင်နေတာဗျ။
    အခုချိန်ထိ လူကြီးတွေ လုပ်ငန်းဆိုင်ရာ လှည့်လည် စစ်ဆေးရင်းအလိမ်ခံနေကြတာ
    အားလုံးအသိပါဗျာ။
    အကောင်ငယ်စဉ်က လာစစ်တဲ့ အကောင်ကြီးကိုလိမ်…
    အကောင်ကြီးဖြစ်လာတော့ အကောင်ငယ်တွေ လိမ်တာကို သိသိကြီးနဲ့ခံ..
    သဲပုံတွေကို ထုံးဖြူးပြီး နေလှမ်းဆားပုံလို့ လိမ်ပြသလို
    မြက်ရိုင်းပင်တွေကိုလဲ စပါးလင် စိုက်ခင်းလို့ လိမ်ပြတာခံကြရတယ်…
    ဒီလို လိမ်နေကြတာ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ရတာ…
    စာရင်းလိမ်နည်းတွေကလဲ ဒုနဲ့ဒေး…
    လိမ်နေကြတာ မလိမ်တဲ့သူတွေက လူလိမ် တွေတောင် ပြန်ဖြစ်သွားတာတွေ အများကြီး
    အလိမ်ခံရမှာစိုးတဲ့နေရာက ဟာသလေး ပြောရအုံးမယ်…
    ပင်စင်စားတွေ ပင်စင်လစာတိုးပေးတော့ လူကိုယ်တိုင် သွားလုပ်ရပ်တယ်
    ပင်စင်ဦးစီးဌာနက လူကိုယ်တိုင်လာတဲ့ ပင်စင်စားတွေကို
    သက်ရှိ ထင်ရှားရှိနေသေးကြောင်း ရပ်ကွက် ထောက်ခံစာ ယူလာပါတဲ့ ဗျား…..။

  • MaMa

    February 3, 2012 at 2:38 pm

    (လူကြီးမင်းတို့ အလိမ်ခံရတယ် ဆိုတာကို ကြိုက်မှာ မဟုတ်သလို ကျွန်တော်တို့ လဲ မလိမ်ချင်ပါဘူး ခင်ဗျာ)
    နောက်ဆုံးပိတ် ဇာတ်သိမ်းလိုက်တဲ့ စကားလုံးလေးက အနှစ်ချုပ်ပေးထားတာ ကောင်းလိုက်တာ။
    မတွေ့ချင်တဲ့လူကို မအားလို့ပါ ဆိုတာမျိုး
    မချေးငှားချင်တဲ့လူကို ငွေမရှိပါ ဆိုတာမျိုး
    ဈေးပိုရချင်လို့ မကိုက်ပါဘူး ဆိုတာမျိုး
    မျိုး မျိုး မျိုး …………
    မုသားပေါင်းစုံ မပြောမိအောင် ကြိုးစားနေပါတယ်။ 🙁

  • pooch

    February 3, 2012 at 4:33 pm

    ဒီလိုကိစ္စတွေမှာ မြန်လည်း မြန်၊ မှန်လည်း မှန်တဲ့ စနစ်ကလေးတွေနဲ့ အားလုံးသောသူတွေ အဆင်ပြေချောမွေ့စေဖို့ သူများနိုင်ငံများနဲ့ တန်းတူ လုပ်နိုင်လာမယ်ဆိုရင် …..
    ကျမတို့မျှော်နေတဲ့ စနစ်ကောင်းတခု ရဲ့ အစကို ရောက်လာမယ်လို့ ထင်မိပါတယ်…

    ကိုနိုဇိုမိရေ ပျောက်ချက်သားကောင်းနေတာ နော်။

    • nozomi

      February 3, 2012 at 4:43 pm

      ကွန်နက်ရှင်ကနှေး
      အလုပ်ကများမို့ ရွာ ပြေးလေး ဖြစ်နေရတာပါ
      အချိန်တန်တော့လဲ မဝင်ပဲ မနေနိုင်လို့ အချိန်ရတုန်းလေး ပြန်ဝင်လာတာပါ
      အားပေးတာ ကျေးဇူးပါ pooch ရေ
      pooch ရဲ့ စေတနာပါ အတွေးကောင်းတဲ့ ပို့စ် လေးတွေလဲ စောင့်ဖတ်နေမယ်နော

  • nozomi

    February 3, 2012 at 4:39 pm

    ကိုဖော်ပေါက် ၊ ကိုကောင်းမြတ်သူ၊ ကိုကြီးမိုက်၊ ကိုဟာရူမိုတို ၊ မမ တို့ ဝင်ရောက်အားပေးတဲ့အတွက် ကျေးဇူးပါ

    ငှက်တစ်ကောက်ကို ပစ်ချဘို့အတွက် တိုက်ရိုက်ထိမဲ့ ခဲ တစ်လုံးပဲ လိုတာပါ
    ရမ်းပစ်လို့ မထိတာ ၊ ချော်သွားတာ ၊ ထိချက်မကောင်းတာတွေ ရှိချင်ရှိနိုင်ပေမဲ့ တကယ့်ထိချက်ကောင်းသွားရင် တစ်ချက်ထဲနဲ့ ကိစ္စပြီးနိုင်ပါတယ်

    ကျွန်တော်တို့ဆီမှာ ပြင်ဆင်စရာတွေအများကြီးပါ ၊ မသိလို့မပြင်တာ ၊ သိသိနဲ့ မပြင်တာ ၊ အချိန်မရသေးလို့ မပြင်တာ ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရွာထဲက ပို့စ် တစ်ခုက ထိချက်မှန်တဲ့ ခဲတစ်လုံး ဖြစ်သွားရင် ပြင်ဆင်မှုတွေ မြန်ဆန်သွက်လက်သွားနိုင်တာပေါ့ ၊ မထိသေးရင်တော့လဲ ဆက်ပစ် နေရဦးမှာပေါ့

  • မတတ်နိုင်ဘူးဗျာ အမှန်အတိုင်းပြောရရင်
    မလိမ်လို့ ပိုပြဿနာကြိးမယ် ရှုပ်ထွေးသွားမယ်ဆိုရင်တော့ လိမ်မိမယ်ထင်တာဘဲ။
    ဒါကို မှန်ကန်သောအတွေးလို့ မဆိုလိုပါ။
    မတတ်သာလို့လိုက်လျောလိုက်ရတဲ့သဘောလို့ခံယူပါတယ်။

  • လင်းဝေ

    February 3, 2012 at 5:55 pm

    ဖတ်ပြီးပြီးချင်း လက်မ ပြေးထောင်ပေးလိုက်တယ်။
    မိုက်တယ်။ ထိသွားတယ် ကိုနိုဇိုရဲ့ ရိုးရိုးရှင်းရှင်းပုံကိုပါပြေးမြင်မိတော့။
    အင်းဗျ…. ဘယ်လိမ်ချင်ပါ့မလဲ လိမ်ရတာ လိပ်ပြာမလုံဘူး။
    ကျနော်တော့ ဖြည့်ဆိုရင် အမှန်ကို တတ်နိုင်သမျှဖြည့်တယ်။ အီးစီ လျှော်တယ်။
    သို့သော် တော်တော်ကို စိတ်မရှည်တာ။ ဒီအချက်အလက်ကိုပဲ ဆယ်ခါမက ပြန်ဖြည့်ပေးနေရတာ။
    အိမ်က မိန်းမကိုလည်း လိမ်ကို မလိမ်ချင်တာ… လိပ်ပြာမလုံဘူးဗျ။ ပြာသာ ပြာချင်တာ လက်က နှေးတယ်။

    • windtalker

      February 3, 2012 at 9:12 pm

      ဟုတ်ပမလား ကိုကာလင်းရဲ ့
      ကိုယ့်မိန်းမ ကို မလိမ်တဲ့ ယောက်ျား ဘယ်နှစ်ယောက်ရှိခဲ့ဖူးလဲ ဗျာ ။
      သိချင်လိုက်ဒါ

  • thit min

    February 3, 2012 at 6:30 pm

    ခင်ဗျား ကိုကျနော် လေးစားပါတယ် ကိုနိုးဇိုးမိရေ။ တကယ်ပါ။
    မြန်မာပြည်ရဲ့ ယနေ့အနေအထားမှာ ယောက်ျားတွေဟာ မိန်းမတွေ ကိုလိမ်စရာ
    တော်တော် ပေါလာတဲ့ ခေတ်ပါဘဲဗျာ။
    လိပ်ပြာသန့်တာတော့ ကောင်းပါတယ်။ လိပ်ပြာလှရင် အိတ်ဒ် ရောဂါကြောက်ရတယ်နော်။ 🙂
    လိမ်တာကို ကြားနေကြမြင်နေကြဖြစ်ပြီး လူတိုင်းကလဲလုပ်နေကြတာလဲ ကြာနေပြီ ဆိုတော့
    ဘယ်လိုပြင်ရင်ရမလဲ၊ ဆရာရေ့။ စဉ်းစားကြည့်ကြရအောင်။

  • နေဝန်းနီ

    February 3, 2012 at 8:06 pm

    လိမ်တာကြီးက အကျင့်ပါနေပြီဗျ… အဲ အလိမ်ခံရပြီဆိုလည်း ဝမ်းမနည်းတော့ဘူး….။
    အင်း ပြောင်းလဲတယ် ပြောင်းလဲတယ်နဲ့ ဘာတွေ ပြောင်းလဲနေတာပါလိမ့်….။

  • Khin Latt

    February 3, 2012 at 8:32 pm

    ကို နိုဇိုမိ ရေ –
    ~~~
    ကျွန်တော်တို့ ရွာထဲက ပို့စ် တစ်ခုက ထိချက်မှန်တဲ့ ခဲတစ်လုံး ဖြစ်သွားရင် ပြင်ဆင်မှုတွေ မြန်ဆန်သွက်လက်သွားနိုင်တာပေါ့ ၊ မထိသေးရင်တော့လဲ ဆက်ပစ် နေရဦးမှာပေါ့
    ~~~
    အဲဒီ စာတန်းလေးက ကျွန်မ အတွက် ရင်သို့ ထိမှန်သော စကားလုံး လေး များပါဘဲ။
    ဟိုး အရင် ပါးစပ် ပိတ်နေရတုန်း က စကားလုံး တွေ က ခဲလုံး တွေလိုဘဲ ရင်ထဲမှာ စုနေတယ်။
    အခုတော့ ထုတ်ပြစ် ခွင့် ရလို့ “ကျွန်မ ချစ်သော ပြည် အတွက်၊ ကျောင်းမတက်ရဘဲ ထင်းစည်းကြီး ထမ်းထား တဲ့ ခလေးငယ်တွေ အတွက်၊ နေဝင်ချိန်မှာ တောင် ပုတီး မကိုင်နိုင်တဲ့ ဘိုးဘွား တွေ အတွက်”
    ကျွန်မ လဲ လက်မညောင်း တမ်း ဆက်ပြစ် နေချင်ပါတယ်။
    လေးစား ပါတယ် ဆရာရေ။
    ကျွန်မ မညာပါဘူး။ မုသားဖြူတောင် မဟုတ်ပါဘူး။
    ရင်ထဲက ပြောတာပါ။ 🙂

  • fatty

    February 3, 2012 at 8:58 pm

    နိုင်ငံတကာမှာ ကျုပ်သား အက်ဆေးပြိုင်ပွဲဝင်တာ ပထမရတယ်ဗျ။
    အရှည်ဆုံးရေးနိုင်လို့တဲ့ သတ်မှတ်ချိန်အတွင်းမှာလေ ..။
    သူ့အက်ဆေးက နာရီဝက်အတွင်းမှာ A4 အရွက် ၄ဝကျော်အောင်ရေးနိုင်တယ်။
    သူပြောတာက အဖေကလည်း ဒါလေးများ ကျနော်မြန်မာပြည်ကပါတဲ့ … ။

  • unclegyi1974

    February 3, 2012 at 10:58 pm

    တိုးတွေလာစေချင်ရင်သူများတွေလာအောင်ဘယ်လိုလုပ်နေကြတယ်ဆိုတာ
    အလွယ်မြင်နိုင်ပါတယ်ကိုယ်ကလို်က်လုပ်ဖို့ပဲလိုတာပါ
    အရှေ့ကနေတီထွင်နေစရာမလိုပါဖူး
    မြန်မာမှာဆွေစဉ်မျိုးဆက်စာရင်းပြုစုနေတာ
    နောင်အချိန်တခုခုဖြစ်ရင်ဆွေ ရ ဆက် မျိုး ရဆက်ဆိုတာကြားဖူးတယ်မဟုတ်လား
    နိုနိုရေ
    မှတ်ပုံတင်ဌါနဆိုအဆိုးဆုံးလို့ထင်တာပဲ
    ၁၂ နှစ်ပြည့်လို့မှတ်ပုံတင်သွားလုပ်ရင်တောင်းလိုက်တဲ့ဆွေမျိုးစာရင်း
    မြန်မာပြည်မြောက်ဖျားကလူလည်းမိန်းမကတောင်ဖျားဆိုတောင်ဖျုားအထိလိုက်ပြီး
    အထောက်အထားတောင်းရတာ
    ထားတော့
    တခါ၁၈ နှစ်ပြည့်လို့မှတ်ပုံတင်ပြန်လုပ်တော့လည်းပြန်တောင်းတာပဲ
    ၁၂ နှစ်တုန်းကအပြည့်အစုံတောင်းပြီးပြီလေ
    ဘာထပ်တောင်စရာလိုသေးလဲ
    ထပ်တောင်းတာပါပဲ
    အဲတော့လိမ်တာမဟုတ်ပါဖူးဗျာသေချာအောင်လို့တခါဖြည့်ပြီးတဲ့စာရင်း
    သေချာအောင်ကူးသာယူပြီးသေချာသာသိမ်းပေတော့ဗျို့

  • nozomi

    February 4, 2012 at 11:01 am

    ပို့စ် လေး ရဲ့ အဓိက ရည်ရွယ်ချက် က မလိုအပ်ပဲ ၊ ဟုတ်တာလဲ မဟုတ်ပဲ (အမှန်အတိုင်းဖြည့်ဘို့ မလွယ်လို့) လိမ်ညာဖြည့်သွင်းနေရတဲ့ အချက်အလက်မြောက်များစွာကို လိုအပ်သလောက်လေး အဆင့်တွေထိ လျော့စေချင်၊လွယ်ကူ အဆင်ပြေစေချင်တာပါ

    မိန်းမ နဲ့ ဥပမာ ပေးရတာက လက်တွေ့ ကြုံနေရတဲ့ အခြေအနေလေးမို့ ပါ ၊ တကယ့် ကိစ္စတွေမှာ တော့ အဲဒီအတိုင်းကို လုပ်ပါတယ် သို့သော် မုသားဖြူတွေကိုတော့ တစ်ခါတစ်လေ သုံးဖြစ်ပါတယ် ဥပမာ ကိုယ်ကအိမ်ပြန်တာ တော်တော်နောက်ကျတယ် ထမင်းက ကုန်နေတယ် မစားရသေးဘူးဆို ထပ်ချက် ထပ်စီစဉ်ရမှာစိုးလို့ ထမင်းတော့ သိပ်မဆာပါဘူးကွာ ဆိုပြီး( တကယ်က ဆာနေတာ) အဆင်ပြေတာတစ်ခု စားလိုက်ရင် ညာတော့ ညာလိုက်တာပဲ ဒါပေမဲ့ အပြစ်မရှိတဲ့ မုသားဖြူလို့ ထင်ပါတယ် ၊ ဒါမျိုးတွေတော့ ညာမိတာ ရှိပါတယ် လုံးဝ အပြစ်ကင်းတဲ့သူတော့ မဟုတ်ရပါဘူး ဗျာ

  • nozomi

    February 4, 2012 at 11:09 am

    ကိုသစ် အားပေးတာ ကျေးဇူးပါ ဗျ ၊ မညာဖြစ်တာမှာ လဲ သူကို့ညာလိုက်ရင် အဲဒီကိစ္စနဲ့ ပတ်သက်တိုင်း ကိုယ်ကထပ်ညာဘို့ ကြိုးစားရဦးမယ် ပင်ပန်းပါတယ် ၊ စိတ်အရှင်းနဲ့ ဆက်ဆံရတာက အကောင်းဆုံးပေါ့
    ကိုသစ် ၉ဝ တော့ မရဘူး ဆရာ ၊ ၉၀ဝ လုပ်တော့ လုပ်ပေးပါ နော

    ကိုနီပြောသလို လက်တွေ့မှာ အရက်တုတွေ သောက်ရပါများတော့ အရက်အစစ်တောင် အတုထင်နေရသလိုပေါ့

    အရီးလတ် ပစ်မဲ့ ခဲလေးတွေအတွက်အားပေးနေပါတယ် ခင်ဗျာ

    ဦးဖက်သားက မြန်မာပြည်သား စစ်စစ်ပေါ့ ဟား ဟား

    အန်ကယ်ကြီးရေ အဲဒီလို ကိစ္စတွေ ဖြည့်တော့ အမျိုးတစ်ယောက်က ဆုံးလို့ ကွယ်လွန် ဆိုပြီး လိပ်စာ မထည့်တာ ကို မရဘူး လိပ်စာထည့်ပါ ဆိုလို့ င်္သချိုင်းကုန်း ရှိတဲ့ လိပ်စာ ထပ်ထည့်ပေးရတယ် ၊ နောက် ဒါပြီး ဒါ ကို အကြိမ်ကြိမ် ဖြည့်ရတာလဲ ဆိုးတယ် ဗျာ ၊ အရင်တုန်းက တော့ မပြောလိုပါဘူး အခုချိန် ပြောင်းလဲကြမယ် ဆိုလို့ ပြောင်းလဲသင့်တာလေး တွေ ပြောမိတာပါ

  • ကြောင်ကြီး

    February 4, 2012 at 12:39 pm

    ကြောင်ကြီး ဘယ်တော့မှ မလိမ်ဘူး။အ သူခံပဲရှိတယ်…။

  • စေပိုင်ထွဋ် (ပုသိမ်)

    February 4, 2012 at 3:05 pm

    လိမ်ခြင်းက အပြောလွယ်သလောက်
    စောင့်ထိန်းဖို့ခက်တဲ့ အရာတစ်ခုပဲ
    ဖတ်သွားပါတယ်

  • kai

    February 4, 2012 at 4:13 pm

    ယူအက်စ်မှာ အစိုးရနဲ့ဆိုင်တဲ့ဖောင်တွေ.. ကုမ်ပဏီနဲ့ဆိုင်တဲ့ဖောင်တွေမှာ.. မိဘအမည်မေးတာ အများစု.. မရှိပါဘူး..။
    မိဘအလုပ်အကိုင်ဘယ်တော့မှမမေးပါဘူး..။
    ကိုးကွယ်ရာဘာသာ မဖြည့်ရပါဘူး..။

    သိသာအောင်.. Social Security Card လျှောက်ရင်ဖြည့်ရတဲ့ဖောင်လေးတခုပြမယ်..။
    တမျက်နှာပဲရှိတယ်..။
    အောက်မှာဒေါင်းကြည့်ပေါ့..။ အဲဒီမှာတော့ မိဘအမည်ဖြည့်ရတာပါတယ်..။
    http://www.ssa.gov/online/ss-5.pdf
    အဲဒါပဲဖြည့်ရတာ..။
    Social Security Card က.. ယူအက်စ်မှာနေသူတွေအတွက်..အသက်..ဘဝပဲ..။
    အဲဒီမှာတောင်..အဲဒီလောက်..

    ဆိုတော့..
    လိမ်ဖြည့်မလား…
    စံနစ်က..အပြန်အလှန်ထောက်ကွက်တွေရှိတာမို့.. လိမ်ရင် ဂိန်မှာလို့.. အသေအချာပြောလိုရင်းဖြစ်ပါကြောင်း…။

    • maungmoenyo

      February 7, 2012 at 10:34 am

      ကြားဘူးကြမယ်ထင်ပါရဲ့.. “Paper Reduction Act”..ဆိုတာ။ မိမိနိုင်ငံသားတွေကို လိုအပ်တာကိုပိုမေးမြန်မာတာကိုကာကွယ်တားဆီးတဲ့အမေရိကရဲ့ ဥပဒေပြဌာန်းချက်ပါ။ ပုံစံတီထွင်ထုတ်လုပ်ရာမှာ ဝါသနာထုံတဲ့ အစိုးရ၊ ဘာမဆိုသိချင်တဲ့ ထောက်လှမ်းရေးစနစ်၊ အစိုးရယန္တရားရဲ့အောက်မှာ ပိပြားမှုကိုခုံမင်မှန်းမသိခုံမင်နေတဲ့ ပြည်သူ ဒီဖိုခနောက်ဆိုင် (၃) ဥိးကြားမှာ…..စာရွက်စာတမ်း စနစ်ကြီးဟာ မြန်မာနိုင်ငံမှာ အထိမ်းအကွပ်မဲ့ ဖြစ်နေပါပြီ။

      • nozomi

        February 7, 2012 at 12:38 pm

        ဆရာညိုရေ တခြားသူတော့ မသိ၊ ကျွန်တော်ကတော့ “Paper Reduction Act”.. ကို အခုမှကြားဖူးတော့တယ် ၊ ထပ်ရှင်းပြလို့ ရရင် နဲနဲပို ရှင်းပြပါဦး ၊ လွှတ်တော် အမတ်တွေ သိသင့် ၊ အဲဒီဥပဒေ ပေါ်လာအောင် ကြိုးစားသင့်ပါတယ် ၊

        ကျွန်တော်တို့မှာ အခွင့်အရေးရလာရင် လွှတ်တော်အမတ်တွေသိအောင် ကြိုးစားပါမယ် ( ဒါက သူကြီးအတွက် ကြိုပြောထားတာ 🙂 )

        • maungmoenyo

          February 8, 2012 at 11:19 am

          တနေ့တခြားထိန်းမရအောင်များလာတဲ့ စာရွက်စာတမ်းတွေက လူထုပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အပြင် နားမလည်ကြသူတွေကို ပိုပြီးနားယောင်စေတဲ့ ဆိုးကျိုးတွေကို ဖန်တီးစေတာမို့ (၁၉၈၀) လောက်မှာ အမေရိကလွှတ်တော်ကနေ ဒီဥပဒေကိုပြဌာန်းလိုက်တယ်ဆိုပါတော့…။
          ဥပမာ I-130 လို့ခေါ်တဲ့ မြန်မာနိုင်ငံနေဆွေမျိုးသားချင်းများကို အမေရိက ကိုခေါ်ယူရာမှာသုံးရတဲ့ ပုံစံမျိုးဆိုရင် သာမာန်ဗဟုသုတရှိသူ တစ်ဦးအနေနဲ့ မိနစ်(၉၀) ထက်ပိုအချိန်မကြာစေရဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးပါ။ ဒါ ပုံစံဖြည့်သွင်းရာမှာရှင်းလင်းပြတဲ့ ညွှန်ကြားချက်ကို လေ့လာဖတ်ရှုတဲ့ အချိန်အပါအဝင်ပါ။
          မြန်မာနိုင်ငံလိုနိုင်ငံမှာ အစိုးရဌာနများနဲ့ ဆက်ဆံရတဲ့အခါအသုံးပြုကြရတဲ့ ပုံစံ တွေ ဖြည့်ရာမှာ အဓိပ္ပါယ်ရှိပြီးလက်တွေ့ကျတဲ့မေးခွန်းတွေသာ မေးသင့်တဲ့ ပုံစံမျိုးဖြစ်ဘို့ က ဆင်ချင်တုံတရား ကိုလက်ကိုင်ထား တီထွင်ကြဘို့လိုပါတယ်။ မလိုအပ်ဘဲ၊ ဖတ်လည်းမဖတ်နိုင်ဘဲ ဆွေစဉ်(၇)ဆက် ဟိုဘက်ဒိဘက်ကိစ္စတွေ လျှောက်မေးကြတဲ့ ပုံစံမျိုးတွေ ရပ်တန်းကရပ်ကြဘို့လိုပါတယ်။ ဆင်ချင်တုံတရားနဲ့ တီထွင်ထားတဲ့ ပုံစံမျိုးဖြစ်ဖို့လိုတာပေါ့ဗျာ…။

        • nozomi

          February 8, 2012 at 12:46 pm

          ဆရာညို ရှင်းပြတာ ကျေးဇူးပါ ခင်ဗျာ
          ဒီ ဥပဒေ ကို မြန်မာပြည်နဲ့ သင့်လျှော်တာမျိုး ပြုပြင်ပြောင်းလဲပြီး အမြန်ဆုံး ပေါ်လာစေချင်ပါတယ်
          အသေးစိတ်လေ့လာလို့ ရမဲ့ လင့်လေးများ ရှိရင်လဲ ပြောပြပေးပါဦးခင်ဗျာ

          ဒါ ပုံစံဖြည့်သွင်းရာမှာရှင်းလင်းပြတဲ့ ညွှန်ကြားချက်ကို လေ့လာဖတ်ရှုတဲ့ အချိန်အပါအဝင်ပါ
          ဆိုတာလေးလဲ သဘောကျမိတယ် ၊ ကျွန်တော်တို့ဆီ က ပုံစံတွေမှာ ဒါမျိုး ရှင်းလင်းချက်မပါဘူး မြန်မာလိုတောင် အယူအကောက်လွဲနိုင်တာတွေ အများသားမို့ အင်္ဂလိပ်လိုဆို ပိုဆိုးတယ် ၊ နောင် ဥပဒေနဲ့အတူ မြန်မာလိုရော အင်္ဂလိပ်လိုပါ ဘယ်လိုဖြည့်ရမယ် ဘာတွေ ဖြည့်ရမယ် ဆိုတဲ့ ရှင်းလင်းချက်မျိုးပါသင့်နေပါပြီ

  • Phaung Phaung

    February 4, 2012 at 4:38 pm

    သို့
    ဦးဖက်တီး .. အက်ဆေးက A4အရွက်လေးဆယ်တောင်ဆိုတော့ ဘယ်လိုခေါင်းစဉ်ပါလိမ့်..သိချင်ပါဘိ.. တော်လိုက်တဲ့ကလေး

    ကိုရင်နိုဇိုမိ သဘောထားကိုသဘောကျတယ်။ အိမ်ကလူကိုလဲပြောပြရဦးမယ်….(အလိမ်မခံချင်ဘူးလို့)
    (ငါ အမှန်အတိုင်းပြောတယ် အေး ငါပြောတာကို လက်မခံဘူး ပူညံပူညံလုပ်မယ် အတင်းချုပ်ချယ် လာမယ်ဆိုရင်တော့ ငါ အမှန်အတိုင်းမပြောတော့ပဲ လိမ်သင့် လိမ်ရတော့ မှာပေါ့ ၊ သူ အဲဒီလို အလိမ် ခံချင်မလား . လို့ ရှင်းပြမိတယ်…)…

  • soe myint su kyi

    February 4, 2012 at 5:38 pm

    သူတို ့ကလည်းလိမ်မှန်းသိလျှက်နဲ ့ကိုအလိမ်ခံချင်နေကြတာဘဲလေ။

  • ဦးဦးပါလေရာ

    February 4, 2012 at 6:11 pm

    ဒီပိုစ့်ကတော့ ဝင်မန့်ချင်ပေမယ့် ကိုယ့်လိပ်ပြာကိုယ် တယ် မလုံလှဘူး…။

    ကျုပ်တသက်မတော့ လူဖြစ်ကတည်းက လိမ်လိုက်ရတာ အခုအထိ တရက်မှ မနားဘူးထင်တာပဲ။
    မတတ်နိုင်ပေဘူး..။ လိမ်ဘို့က လိုအပ်ချက်ဖြစ်နေတဲ့ အခြေအနေတွေ ကြားမှာ လူဖြစ်ရတာကိုး။

    ဒီတော့ … လောလောဆယ်တော့-
    မတရားကိုယ်ကျိုးရှာဘို့လိမ်ခြင်းနဲ့ သူတပါးနစ်နာစေမယ့်လိမ်ခြင်း နှစ်မျိုးကိုပဲ
    ကြိုးစားရှောင်နေဖြစ်ပါတယ်။

    သီလတောင် ဈေးဆစ်ပြီးစောင့်ရတယ်လို့ .. ဖြစ်ရလေခြင်းနော်….။

  • nature

    February 4, 2012 at 6:55 pm

    တချို့လူတွေကလိမ်တဲ့အလုပ်ကို လွယ်လွယ်လုပ်တတ်ကြတယ်။ အများအားဖြင့်လိမ်တတ်တာကတော့ ခလေးတွေ ကျောင်းစောစောတက်နိုင်အောင် မွေးသက္ကရာဇ်လိမ်တာကို တော်တော်များများလုပ်ကြတယ်။ ကျွန်တော့်ခလေးတွေတုန်းကလည်းလိမ်မလို့ ။ ဒါပေမဲ့ အမှန်တရားသည်သာ အကောင်းဆုံးဖြစ်သည်မို့ မလိမ်ဖို့ ဆုံးဖြတ်ပြီး မလိမ်ဖြစ်ပါ။

  • padonmar

    February 4, 2012 at 9:19 pm

    ကိုယ်ပိုင်အလုပ်ထဲမှာတော့ ကလေးတွေကို အမှန်အတိုင်းသာပြော အမှန်တိုင်းသာလုပ် ၊မညာနဲ့ ညာဖို့ကိုလည်း ဇာတ်မတိုက်နဲ့ ။အမှန်ပြောရင် တစ်ရေးနိုးထမေးတောင် မလွဲဖူးလို့ သင်ပါတယ်။
    ဒါပေမယ့် အစိုးရကိစ္စတွေမှာ အလုပ်အဆင်ပြေအောင်ဆိုပြီး သူတို့လင်္ကာမချောတွေလုပ်ကြတာ ခွင့်မပြုချင်လည်း အလုပ်ဖြစ်အောင် ပေးညာနေရတော့ ကိုယ်လည်းလိမ်မိတဲ့ထဲပါနေတာပါပဲ။

    (လူကြီးမင်းတို့ အလိမ်ခံရတယ် ဆိုတာကို ကြိုက်မှာ မဟုတ်သလို ကျွန်တော်တို့ လဲ မလိမ်ချင်ပါဘူး ခင်ဗျာ )

    ကိုနိုရေ ကျွန်မတို့လည်း မလိမ်ရတဲ့ဘဝမှာပဲ နေချင်ပါတယ်၊

    အချိန်ရရင် ရသလို ခဲတွေဆက်ပစ်ကြရအောင်ပါ။

  • TTNU

    February 4, 2012 at 9:37 pm

    ကိုနိုဇိုမီရေ…
    ကိုဘလက်ကပြောတယ်တီချာပို့စ်နဲ့ မောင်ရင့် ပို့စ်ပေါင်းဖတ်လိုက်ပြီတဲ့။
    သူပြောမှ တီချာလည်းမောင်ရင့်မလိမ်ချင်လို့ပါကို ဖတ်မိပါတယ်။

    ဟုတ်တယ်နော်၊ တီချာတို့တိုင်းပြည်လောက်ခဏခဏ Form ဖြည့်ရတာ၊
    ဆွေမျိုးအဆက်ဆက်အကြောင်းရေးရတာမရှိတော့ဘူး။
    Data ထိန်းသိမ်းမှုညံ့တယ်ခေါ်မလားပဲ။ သေသွားပါပြီဆိုတဲ့သူကို ဘယ်နှစ်ခုနှစ်က
    သေတယ်ဆိုတာရေးရသေးတာ။ ဘုန်းကြီးဝတ်သွားပြီဆိုတာ ဘွဲ့အမည်နဲ့ ကျောင်းတိုက်တဲ့။
    တောထွက်သွားတာဟိမဝန ္တာ လို့ ပြောလိုက်ချင်တာ။

  • Khin Latt

    February 4, 2012 at 10:07 pm

    ဦးဖက်တီးရေ
    ~~~ နိုင်ငံတကာမှာ ကျုပ်သား အက်ဆေးပြိုင်ပွဲဝင်တာ ပထမရတယ်ဗျ။ ~~~
    Please pass my warm Congratulations to your son.
    You must be very proud of him. Of course so we are.
    Yes … We are Burmese. 🙂

    • Khin Latt

      February 4, 2012 at 10:10 pm

      ဦးဖက် မလိမ် ခဲ့ရင်ပေါ့။ jk 😉

  • surmi

    February 4, 2012 at 10:44 pm

    ကိုယ်ကျိုးစည်းပွားအတွက်မလိမ်ဘူးပေမဲ.။
    တခါတလေလိမ်မိပြန်သေးတယ်၊မလိမ်ချင်ပေမဲ.အလိမ်ခံချင်သူတွေကြားမှာနေရတာဆိုတော.–
    ဘာဘဲဖြစ်ဖြစ်သတိပေးခေါင်းလောင်းလေးမို.ကျေးဇူးပဲ ။။။

  • zaw min

    February 5, 2012 at 12:25 am

    အလိမ်တကာ့ အလိမ်ထဲမှာ အဆိုးဆုံးကတော့၊ကိုယ့်ကိုကိုယ် လိမ်တာပါပဲ…ဒါကြောင့်ကိုယ့်ကိုကိုယ် လိမ်ကြည့်လိုက်ပါ…အမယ်လေးနာလိုက်တာ…

  • ချစ်ရင်ထူး

    February 5, 2012 at 12:35 am

    ကျွန်တော်တို့က မလိမ်ချင်ပါဘူး၊ သူတို့က လိမ်အောင် လုပ်နေတာလေ၊ မလိမ်လို့ကိုမရလို့ လိမ်ရတာမျိုးတွေ ရှိပါတယ်.. ကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်တော်တော် များများ ကပါ၊ အရက်လိုင်စင် နဲ့ရောင်းနေတဲ့ အရက်ဆိုင် တစ်ဆိုင်ကို ရဲ ကဖမ်းလိုက်ပါတယ်၊ ပြီးတော့ ရဲ က အပြစ်လွတ်အောင် ရှိသမျှ ဆိုင်အကုန်လုံး(လိုင်စင် ရှိ/မရှိ) ဖမ်းပြီးတော့ တရားရုံးကို တင်လိုက်ပါတယ်၊ အဲဒီတော့ လိုင်စင်ရှိတဲ့သူက ငြင်း တာပေါ့၊ မရှိတဲ့သူကတော့ ဝန်ခံရတယ်၊ ဝန်ခံတော့ ဒဏ်ငွေ 1000 ကျခံစေ ၊ ပြီးတော့ 12000 ပေးရပါတယ်၊ နေ့ချင်းပြီးသွားပါတယ်၊ လိုင်စင်ရှိတဲ့သူက ငြင်းတော့ အမှု စစ်ရတော့တာပေါ့၊ ပြီးတော့ စစ်တာက အကြာကြီး၊ တရားရုံးက မြို့မှာ ၊သူနေတာက တော မှာဆိုတော့၊ လမ်းစရိတ်တင် 20000 လောက်ကုန်နေပြီ၊ အမှုက မပြီးသေးဘူး၊ဒါနဲ့ တရားသူကြီးကို သွားကပ်ရတော့တာပေါ့၊ (ဆင်နဲ့ ဟိုတုန်းကတော့ ခြင်္သေ့ပေါ့)အဲဒီမှာ ပြန်ပြီးတော့ ဝန်ခံရတယ်၊ ရှက်ဖို့ကောင်းလိုက်တာဗျာ၊ အပြစ်မရှိပါဘူး ဆိုပြီးတော့ အမှု စစ်၊ စစ်နေရင်းကနေ အပြစ်ရှိပါတယ် ဆိုပြီး ဝန်ခံ၊ အဲလိုဝန်ခံတော့ ဒဏ်ငွေ 1000 ကျခံစေပေါ့ဗျာ၊ 12000 ပေးပြီးတော့ အမှုပြီးသွားရော၊ အဲဒီတော့ လိုင်စင်မရှိဘဲရောင်းတဲ့ကောင်က 12000 ရယ် လမ်းစရိတ်ပဲ ကုန်တယ်၊ လိုင်စင်ရှိတဲ့သူက အကုန်လုံးဆိုရင် 50000 လောက်ကုန်သွားတယ်၊ ဘယ်လိုလုပ်ကြမလဲ ၊လိမ်ရမလား၊ မလိမ်ရဘူးလား၊
    (အရက်က အရင်တုန်းက ဒဏ်ငွေ နဲ့ပြီးပါတယ်၊ ခုတော့ မရတော့ပါဘူး)

  • nozomi

    February 6, 2012 at 10:19 am

    သူကြီး ပေးတဲ့ ssc ဖောင်လေး ကြည့်ဖြစ်တယ် ၊ ဗဟုသုတ တော်တော်ရပါတယ် ၊ အမေ့အကြောင်းအရင် ဖြည့်ပြီးမှ အဖေ့အကြောင်းဖြည့်ရတာကြတော့လဲ ဒီမှာမြင်နေကျမဟုတ်တော့ တမျိုးလေးပေါ့ day time ph no ဆိုတော့ night time ph no ဆို ဘယ်နေရာဖြည့်ရင် ကောင်းမလဲ မသိဘူး ( ရုံးဖုံးမေးချင်တာထင်ရဲ့ ) ၊ ကျွန်တော် ဖြစ်စေချင်တာလဲ အဲဒီလို အပြန်အလှန်ထိန်းညှိတဲ့ စနစ်မျိုးပါ ၊ လိုအပ်သလောက်လေးပဲ ဖြည့်ရမယ် ၊ ကိုယ်ဖြည့်လိုက်တာတစ်ခု က ဘဝ တစ်ခုလုံး ပါသွားမယ် ။ လိမ်ရင် လိမ်တဲ့ အပြစ်ကို ခံရမယ် ၊ ဒီပုံစံပဲ အပြောင်းအလဲ မရှိရင် ထပ်မဖြည့်တာမျိုး ဖြစ်ရမယ် ဒီမှာက ဒီပုံစံ ၅ မျက်နှာလောက် ဖြည့် ၊ နောက်တစ်ခါ ဘာမှ မပြောင်းလဲ ၅ မျက်နှာလောက်ဖြည့် လုပ်နေရတယ်

    လူကြီးတွေ လာစစ်မယ်ဆိုတော့ လမ်းဘေး ဝဲယာမှာ သစ်ပင်လေးတွေနဲ့ လှ နေရမယ်ဆိုလို့ ၊ပန်းခြံက ပန်းပင်တွေ ဝယ်လာ ကျင်းတူးပြီးကောက်စိုက်လိုက်တယ်၊ ပန်းပင်လေးတွေ ဝေဝေဆာဆာ နဲ့ လူကြီးက ချီးကျူးသွားတယ် ၊ နောက်နေ့လဲ ကျရော ပန်းပင် ကညှိုးပြီး ပြန်နုတ်လိုက်ရရော ၊ ကုန်ကျစရိတ်၊အချိန် ၊လိမ်ညာတတ်တဲ့အကျင့် အများကြီးဆုံးရှုံးသွားရတယ် ၊ အဲဒီအစား သစ်ပင်စိုက်တာ ကောင်းတယ်ဆိုလဲ အစောကြီးကတဲက စိုက်ထား မစိုက်မိရင် လဲ အဲဒီနေ့မှ ကောက်စိုက်မိရင်တောင် အချိန်တစ်ခုမှာ တကယ့်ပန်းပင် ၊တကယ့် စနစ်တခု အစပျိုးပြီး ဖြစ်သွားမယ် အဲဒါမျိုးလေးတွေ ဖြစ်စေချင်တာပါ
    ကျွန်တော်တို့ လိုချင်တဲ့ လမ်းကြောင်းမျိုး ချက်ချင်းကြီး မရနိုင်ဘူးဆိုတာ လက်ခံပါတယ် ၊ လမ်းမှန်ပေါ်ကိုတော့ ပထမဆုံး ခြေတလှမ်းစလှမ်းသင့်ပါပြီ

    ဦးပါလေရာရဲ့ ရှောင်နည်းနှစ်မျိုး သဘောကျမိတယ် ဗျို့ ။ ကျွန်တော်လဲ အဲဒီလောက် ရှောင်နိုင်အောင် ကျိုးစားနေရတာပါ

    ကိုနေးချား ရေ ကျွန်တော်လဲ ကျောင်းဝင်အသက် လိမ်တာတော့ သိပ်မကြိုက်ချင်ဘူးရယ် ၊ လိမ်မိပြီ ဆိုကတဲက တသက်လုံး မျက်စေ့မှိတ် လိမ်ရတော့မှာ ၊ အဲဒီအတွက် ကောင်းကျိုးရရင် မသိသာပေမဲ့ လိမ်မိတာက ဆိုးကျိုးဖြစ်နေရင် နောင်တ ရနေရမှာ ၊ ကျွန်တော့်မှာ မလိမ်ပဲ ဒုက္ခရောက်နေရတာရှိသေးတယ် ၊ တကယ့်မွေးနေ့အမှန်နဲ့ ကျောင်းအပ်တယ် မှတ်ပုံတင်လုပ်တယ် မိဘကဝန်ထမ်းဆိုတော့ ကျောင်းပြောင်းများတယ် ၁ဝ တန်း အောင်စာရင်းလဲ ထုတ်ရော မွေးသက္ကရာဇ်က လပိုင်းလောက်ကွာနေတယ် ပြန်ပြောင်းလို့လဲ မရ ၊ ကျွန်တော့်မှာ အခုထိ မွေးသက္ကရာဇ် နှစ်ခုကို ခေါင်းထဲ ထည့်ထားရတယ် ။ ကိုယ်လုပ်တာ မဟုတ်ပဲ ကိုယ့်ကိုယ်ကို မလုံဘူး ဖြစ်နေရတယ်

    မပဒုမ္မာ ပြောတာ သဘောတူတယ် ဗျ ။အမှန်ပြောရင် တစ်ရေးနိုးထမေးတောင် မလွဲဖူး ဆိုတာလေ
    လိမ်နိုင်လဲ ခဏပေါ့ ၊ စိတ်လဲ ပင်ပန်းပါတယ်

    တီချယ်ကြီး ရေ ကျွန်တော်တို့ဆီမှာ ဖောင်ဖြည့်တဲ့ စနစ်ပြင်သင့်သလို ထိန်းသိမ်းတဲ့ စနစ်ကလဲ ပြင်ရမှာပဲ
    တီချယ်ကြီး ရောင်စုံပို့စ်လေးလဲ သဘောကျတယ် ခင်ဗျ ။ သက်ကြီးစကား က သက်ငယ် တွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာတွေပါ

    ကိုဆာမိ အားပေးတာ ကျေးဇူးပါ

    ကိုဇော်မင်းကလဲ ကိုယ့်ကိုယ်ကို လိမ်တာ ဖြေးဖြေးလိမ်မှပေါ့ ၊ တအားလိမ်ရင် တအားနာနေဦးမယ်

    ကိုချစ်ရင်ထူး ရေ လိမ်တတ်ရင် ပိုသက်သာ ဆိုသလို ဖြစ်နေပြီ ၊ လိမ်ဘို့ကို အားပေးနေတယ် ထင်ပါ့

  • laypai

    February 6, 2012 at 10:32 am

    nozomi က မလိမ်ချင် လို့ ပါ ပြော တော့ ကိုဇာဂနာ ရဲ့ ( သူ့ဇနီး ကို ကြိတ်လိမ်တယ် ) ဆို တဲ့ ပျက်လုံး သတိယ တယ်။

  • Novy

    February 7, 2012 at 10:43 am

    ဆရာနို ရေ..
    မှန်ကန်ရင် ကွဲတယ်တဲ့
    မှန်တိုင်း မကောင်းဘူးတဲ့
    ဒါကြောင့်မို တစ်ခါတစ်လေတော့လည်း လိမ်မိပါတယ်

  • thitsamoe

    February 8, 2012 at 9:23 am

    လိမ်ညာခြင်းဆိုတဲ့အဖြစ်ဟာတော့ မကောင်းပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးကျမှ
    လိမ်ညာတယ်ဆိုတာကိုတော့ လေ့လာသဘောပေါက်သင့်ပါတယ်။ တပါးသူလည်း မထိခိုက်ဘူး၊ မိမိအကျိုးလည်း မဆုတ်ယုတ်ဘူးဆိုရင် ဒါဟာ အသုံးတဲ့သော(မာယာမဟုတ်သော) ဥပါယ်တမျှင်လို့သာဆိုရမှာလို့ ထင်မိပါရဲ့။
    ဟုတ်တာပြောလည်းမကြိုက်၊ မဟုတ်တာပြောလည်းမကြိုက်ကြတဲ့ လောကကြီးမှာ
    လူသားအားလုံး အတွက်အကျိုးကောင်းရင် ဟုတ်တာကိုလည်း မဟုတ်ဘူးလို့ ပြောခွင့်ရှိသလို၊ မဟုတ်တာကိုလည်း ဟုတ်တယ်လို့ပြောသင့်ပါတယ်။ ဥပမာပေးရရင် ရွှေအတုကို
    အစစ်လို့ပြောပြီး လာရောင်းတဲ့သူကို ဒီအတိုင်းလွှတ်ပေးလိုက်လို့တော်ပါ့မလား။ “အေး….ဟုတ်ပါ့…မင်းရဲ့ရွှေကစစ်ပါတယ်…ခဏလေးစောင့် ဘယ်လောက်ရမယ်ဆိုတာ
    တွက်ကြည့်လိုက်အုံးမယ်” ဆိုပြီး၊ တဖက်လှည့်နဲ့ ရဲကိုအကြောင်းကြားပြီး ဖမ်းလိုက်တာဟာ…
    ရွှေအတုကို အစစ်လို့ပြောပြီးလာရောင်းသူအပေါ် ပြောလိုက်ရတာကို “လိမ်တယ်၊ ညာတယ်၊ မုသာဝါဒထိုက်တယ်၊ သီလပျက်တယ်လို့များပြောကြမလား..။ စဉ်းစား…………..
    အဲ ဒါပေမယ့်….လောကအကျိုးအတွက် နစ်နာဆုံးရှုံးမှုမရှိဘို့တော့ ပညာရှိသူတော်ကောင်း
    တွေရဲ့ အဆုံးအဖြတ်၊ အဆုံးအမကိုတော့ ခံယူသင့်ပါကြောင်း…

  • etone

    February 8, 2012 at 1:01 pm

    ကိုနိုဇိုမီရေ …. အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ … အဖတ်နောက်ကျရလေခြင်းလို့တောင် ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် … ။ ဒီပို့စ်ထဲမှာ သင်္ခန်းစာယူစရာလေးတွေလည်း အများကြီးပါပြီး … ဖိအားပေးခြင်းကြောင့် မရုန်းသာ မလှုပ်သာ အခြေနေမို့ .. လိမ်ပြောခြင်းဖြင့် ထွက်ပေါက်ရှာကြတာလေးတွေလည်း ဖတ်ရတာ အသိဉာဏ်အသစ်တွေလည်း တိုးပွားစေပါတယ် …. ။ တစ်ခုခုဆိုစစ်လား ဆေးလား …. ဟိုရှာ ဒီရှာလုပ်ပြီး ဖိအားပေးတတ်တဲ့ ကိုုယ့်အကျင့်ကိုယ်ပြင်ဖို့လည်း စိတ်ကူးရမိပါတယ် … ။ စာကောင်းလေးတွေ များများ ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် … ။ 🙂

  • nozomi

    February 8, 2012 at 1:11 pm

    ကျေးဇူးတင်ပါတယ်
    ရေးနိုင်ဘို့ ကြိုးစာပါ့မယ် ခင်ဗျာ
    အေကေကေအို က ဒီကွန်မန့်တွေ့ပြီး မုန့်လိုက်ကျွေးရင်တော့ အားနာစရာကြီး ဗျာ……………

Leave a Reply