အဆင်မပြေရင် ပြန်ချပါ။
၂ဝဝ၈-အခြေခ့ ဥပဒေကို ပြင်ကြမယ်ဆိုပြီး လွှတ်တော်ထဲ ဝင်ကြမယ်။ ဘယ်တော့မှ ပြင်ပြီးမှာလဲ။ နောက်ထပ်နှစ်ပေါင်း ၅ဝ-၁ဝဝ လား။ ဆိုတော့ ဘယ်သူမှ အတိအကျ မသိဘူး။
သူတို ့က မတရား အာဏာယူထားတယ်။ ဒါ့ကြောင့် ငါတို ့မကြိုက်ဘူး၊ အသိအမှတ်မပြုဘူး။ ဒီလိုခံစားချက်မျိူးလည်း ရှိတယ်။ ဒါလည်းမှန်တာပဲ။
လွှတ်တော်ထဲကနေ တဖြည်းဖြည်းချင်း တိုးပြီး တောင်းသွားရင် တနေ ့မှာ ဖြစ်လာမယ်။ ဒါလည်းမှန်တာပဲ။
လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲပေါင်းစပ်ပြီး ဖြိုချလိုက်ရင် အာဏာရှင်စနစ် ပြုတ်ကျပြီး အရပ်သားအစိုးရ အာဏာရလာမယ်။ ဒါလည်းမှန်တာပဲ။
အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားသူပုန်တွေ တွေ ့ဆုံဆွေးနွေးရေးလုပ်ရင် တိုင်းပြည်ငြိမ်းချမ်းနိုင်တယ်။ တွေ ့ဆုံကြပါ။ ဒါလည်းမှန်တာပဲ။
မှန်တာတွေကတော့ အများကြီးပဲ။
တစ်ခုမှ လက်တွေ ့သိပ္ပံနည်းကျ အဖြေထုတ်တာ မဟုတ်ပဲ သန်ရာသန်ရာ ပြောနေ တွေးနေကြတယ်။ ဒီအခြေအနေက ကြာခဲ့ပြီ။ ဒီနေရာမှာ ကြားညပ်နေတာက ပြည်သူ။ ဟိုလူ ့က တမျိူးဆိုရင် သူတို ့လည်း တမျိူးဖြစ်ရပြန်ပြီ။ ဟိုခေါင်းဆောင်က ပြောရင် ဟိုခေါင်းဆောင်အနောက်ကို လိုက်ရပြန်ပြီ။ နောက်ဆုံးတော့ ပြည်သူလူထုက အရှုးကိုလင်လုပ်ရသလိုပဲ။ လင်တင်မဟုတ်ဘူး ထမင်းပါ ငတ်ရသေးတယ်။
ဆိုတော့ ဒီနေရာမှာ လူတိုင်းက အတွေးမျိူးစုံ လမ်းစဉ်နဲ ့ယူဆချက်မျိူးစုံ ရှိနေတယ်။ ဘယ်လမ်းကိုရွေးမှာလဲ။ ပြတ်ပြတ်သားသား မျက်စိမှိတ်ပြီး အထက်က နည်းလမ်းတစ်ခုခုကို ထောက်ခံကြဖို ့လိုပြီ။ လက်တွဲလုပ်ကြဖို ့လိုပြီ။ တကယ်လို ့ မလုပ်ဘူးဆိုရင် အသံစုံပြီး နားထောင်မကောင်းတဲ့ တီးဝိုင်းလိုဖြစ်သွားလိမ့်မယ်။ ဆိုလိုချက်ကတော့ ပြည်သူတွေအတွက် ဘာမှ အကျိူးမရှိပဲ ပဋိပက္ခထဲမှာ ဝဲလည်ဝဲလည်နဲ ့ဖြစ်ပြီး အကြွေးက ဒေါ်လာသန်းတစ်သောင်းတင်မကဘူး သန်းတသိန်းအထိဖြစ်လာနိုင်တယ်။ ဒိထက်ပိုပြီး ငတ်လာနိုင်တယ်။ ဒါဆိုရင်တော့ မြန်မာတွေဟာ လူနဲ ့မတူတော့ပဲ တိရဆ္ဆန်ရုပ်ပေါက်တဲ့လူတွေ ဖြစ်လာလိမ့်မယ်။ အခုလည်း ဖြစ်နေကြပြီ။ အီသီရိုးပီးယားက လူတွေကတောင် မြန်မာတွေထက် နည်းနည်းဝသေးသလားလို ့ပါ။
ခင်ဗျားတို ့တော့ မသိဘူး။ ကျနော်လိုချင်တဲ့ နိုင်ငံရေးစနစ်က အင်္ဂလန်နိုင်ငံ နဲ ့ ဩစတျေးလျနိုင်ငံက နိုင်ငံရေးစနစ်မျိူးကို ဗမာပြည်မှာ ဖြစ်စေချင်တယ်။ နောင်လည်း ဒီလိုဖြစ်လာအောင် လုပ်သွားအုံးမယ်။ ကျိူးစားသွားချင်တယ်လို ့ပြောတာပါ။
အခုအနေအထားအရ မြန်မာပြည်လွှတ်တော်နဲ ့အင်္ဂလန်ပါလီမန်ကိုယှဉ်ရင် ဆီနဲ ့ရေ၊ မိုးနဲ ့မြေကြီးပဲ။
နှစ်ပေါင်း ၅ဝ-ကျော်အတွင်းမှာ တိုက်ခဲ့တာ၊ အော်ခဲ့တာ၊ သေခဲ့တာ၊ ထောင်ကျခဲ့တာတွေရဲ ့တန်ဖိုးက နည်းတာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ အရာဖြစ်ခဲ့လားဆိုတော့ မဖြစ်ခဲ့ဘူး။ အထူးသဖြင့် စကားလုံးတစ်လုံးတည်းပြောမယ်ဆိုရင် နိုင်ခဲ့လားဆိုတော့ မနိုင်ခဲ့ဘူး။
ဒီတော့ သူလည်းမနိုင် ကိုယ်လည်းမနိုင် သရေဖြစ်တဲ့ပွဲမှာ ဘာလုပ်သင့်သလဲဆိုတာကို လူကြီးမင်းတို ့အားလုံးသဘောပေါက်မယ်ထင်တယ်။
ဆိုတော့ သတိ္တရှိရှိ လက်တွဲလုပ်ကြပါ။ အဆင်မပြေရင် ပြန်ချပါ။ အဆင်ပြေရင် ဆက်ပေါင်းပေါ့ဗျာ။ ဒါဆိုရင် ကြားက မြေဇာပင်က အရင်ကထက်ပိုပြီး သက်သာနိုင်တယ်။ အကုန်အကျနဲနိုင်တယ်။
27 comments
etone
February 3, 2012 at 11:53 am
ပျက်အစဉ်
ပြင်ခဏခဏ
အဲ့ဒါ လူ့ဘဝ 😎
phone_kyaw
February 3, 2012 at 12:45 pm
စိန်ကောင်းကျောက်ကောင်းရောင်းတယ်။ ဆေးရိုးသည်က ကန် ့လန် ့မလုပ်နဲ ့။ မကြိုက်ဘူး။
etone
February 3, 2012 at 1:03 pm
ဘယ်မှာလဲစိန် … ဘယ်မှာလဲ ကျောက် ….. ဖွတ် 😆
ပြောတော့ မိုးလားကဲလား … ကတော့ ချိုမိုင်မိုင် …..
ဆေးရိုးတော့မရောင်းဘူး … ပဲကြီးလှော်ပဲ ရောင်းနေတယ်
zarlay
February 3, 2012 at 1:43 pm
ပဲကြီးလှော်ရောင်းမှ အသံထွက်မှာလေ
ကောင်းမြတ်သူ
February 3, 2012 at 12:58 pm
ကိုဘုန်းကျော်ပြောတဲ့ထဲပါလာလို့ ဝင်ရှည်လိုက်အုံးမယ်။ မြန်မာပြည်ကြွေးက ၁၁ ဘီလီယံကျော်တယ်ဆို။ မြန်မာနိုင်ငံသားတစ်ဦးကို ဘယ်လောက်လောက်ကျမလဲခန့်မှန်းပေးကြပါ။ သများမမှန်းတတ်ရို့။ သများတို့လဲမသုံးရပဲနဲ့ဆပ်ရအုံးမယ်ထင်ပါရဲ့၊ ကြွေးစာရင်းတွေ ထွက်လာပြီးဆိုတော့။ အော် စုတ်ခ..စုတ်ခ.
phone_kyaw
February 3, 2012 at 1:17 pm
မြန်မာနိုင်ငံသားတစ်ယောက်တိုင်းမှာ အကြွေးဒေါ်လာ နှစ်သောင်းဆပ်ရမယ်။ မြန်မာငွေနဲ ့ဆိုရင် သိန်းနှစ်ရာခန် ့။ ကဲ…ဘယ်လိုဆပ်မလဲဆိုတာ စဉ်းစားကြပါအုံး။ မဆပ်နိုင်ရင် အတိုးတွေ ပိမယ်။
Thel Nu Aye
February 3, 2012 at 1:21 pm
အဘဖောပြောတော့ ၂၈ သိန်းဆို။ ဘယ့်နှယ့်ကိုဘုန်းကျော်ကျမှ သိန်း ၂၀ဝ ဖြစ်ရတာတုံး။ ကြည့်လုပ်ပါအုံး။ ကျွန်မတို့ကထောက်ပံ့ကြေးမရှိဘူးလေ။ ဘယ့်နှယ့်လုပ်ပိုတင်ထားတာတုန်း။ အကျင့်ပါနေပြီမှတ်တယ်။
Thel Nu Aye
February 3, 2012 at 1:28 pm
မှားလို့ ပိုတင်မိပြန်ပြီ။ အဘဖောပြောတာ ၁၈ သိန်းရယ်။
ကောင်းမြတ်သူ
February 3, 2012 at 1:45 pm
အဘဖော ပြောထားပြီလား. လိုက်ရှာလိုက်အုံးမယ်. ကျေးဇူး
ရွာစားကျော်
February 3, 2012 at 1:23 pm
http://myanmargazette.net/98222/creative-writing/my-thinking-different
ဒီပို့မှာ ဘဖော တွက်ပြထားပါတယ် သွားဖတ်ကြည့်လိုက်ပါ။
Thel Nu Aye
February 3, 2012 at 1:58 pm
စဉ်းစားကြစေလိုပါတယ် ( ၈ ) မှာအဘဖောအကုန်ပြောပြီးပြီ။
koyinmaung
February 3, 2012 at 9:35 pm
မြန်မာနိုင်ငံမှာပြည်ပကိုပေးဘို့ကြွေးမြီးပမာဏဟာအမေရိကန်ဒေါ်လာ၁၁ဘီလျံကျော်ရှိတယ်လို့
ဘဏ္ဏရေးနဲ့အခွန်ဝန်ကြီးဦလှထွန်းကပြည်ထောင်စုလွှတ်တော်ကိုပြောပါတယ်တဲ့
၈၈မတိုင်ခင်က ၈.၄ဘီလျံနောက်နှစ်ပိုင်း ၂.၆ဘီလျံပါတဲ့ဗျာ
ဘီလျံဆိုတာသုံညဘယ်နှစ်လုံးလဲတော့မသိပါ
သိတဲ့သူများသာတွက်ကြပေတော့
အသေးစိတ်သိချင်ယင်( http://www.bbc.co.uk/burmese/burma/2012/02/120202_burma_debt.shtml )
အဲ့ဒီဆိုက်မှာသာကြည့်ကြပေတော့
kai
February 3, 2012 at 1:01 pm
ပြည်တွင်းထဲတော့.. တသံထဲထွက်လာပုံပေါက်ပါတယ်..။
အားလုံးလိုလို.. ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်ရောက်သွားနေကြတယ်လို့.. မြင်မိတယ်..။
အပြင်ရောက်နေသူတွေကသာ.. အလှမ်းဝေးနေလို့.. မသိသာသေးတာလို့ထင်တာပါပဲ…။
သေသေချာချာလေ့လာကြည့်ရင်…လူထုကြီးဖက်က..ရှုံးနေတာမဟုတ်… သရေပွဲတောင်မဟုတ်တာ..မြင်သာပါတယ်..။ 🙂
Win-win game လို့ ပြောချင်တာပါ…။
ရွှေ မင်း သား
February 3, 2012 at 9:58 pm
မှန် ပါ့ မှန်ပါ့
MaMa
February 4, 2012 at 7:04 am
ဒီနေရာမှာ သဂျီးပြောတာကို ၁၀၀% ထောက်ခံပါတယ်။
Thel Nu Aye
February 3, 2012 at 1:06 pm
”ကျနော်လိုချင်တဲ့ နိုင်ငံရေးစနစ်က အင်္ဂလန်နိုင်ငံ နဲ ့ ဩစတျေးလျနိုင်ငံက နိုင်ငံရေးစနစ်မျိူးကို ဗမာပြည်မှာ ဖြစ်စေချင်တယ်။ နောင်လည်း ဒီလိုဖြစ်လာအောင် လုပ်သွားအုံးမယ်။ ကျိူးစားသွားချင်တယ်လို ့ပြောတာပါ။”
ကဲပြောနေကြာသေး။ ချကွာချချ။ အဲဒီနိုင်ငံရေးစနစ်ကဘယ်လိုတုန်း။ ဘယ်လောက်ကြာအောင် တည်ဆောက်ခဲ့ရသတုံး။ ကဲပြောဘယ်လိုလုပ်ရမလဲပြော။ လိုက်လုပ်မယ်လေ။ ကြာသလားလို့။ ကိုဘုန်းကျော်အရင်ချ။ ပြီးရင်နောက်ကလိုက်ချမယ်။ ဒီကလွှတ်တော်ကိုအရင်ဖျက်။ လွှတ်တော်အမတ်တွေအကုန်ထုပ်။ အဲဒီကလွှတ်တော်အမတ်တွေခေါ်ချလာ။ ပြီးရင်သူတို့ကိုလုပ်ခိုင်း။ ကဲကိုင်းကိုဘုန်းကျော်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ရော။ မြန်မှမြန်။
thunderstorm
February 3, 2012 at 1:31 pm
ရှေးအစဉ်အလာအရ နိုင်တဲ့သူကဘုရင် ရှုံးတဲ့သူကသူပုန်ပါဘဲ..
သူပုန်ကတော့ ဘုရင်ကိုနိုင်ဖို ့နည်းလမ်းမျိုးစုံနဲ ့ကြိုးစားမှာဘဲ…
ဘုရင်ကရော ဒီလိုပါဘဲ သူပုန်ကိုနှိပ်ကွပ်မှာဘဲလေ…
ဘယ်ခေတ်မှာမဆို ပြည်သူပြည်သားတွေကတော့ မြေဇာပင်ပါဘဲ
ဒါကတော့ငြင်းမရပါဘူး…
ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည် ကတော့ မတူပါဘူး..
ငါကတော့ သူဟာ အရည်အချင်းရှိတဲ့သူတစ်ယောက် လို့မြင်တယ်..
ဘုန်းကျော်…မင်းကတော့ မင်းအပိုင်းပေါ့ …
မင်းထင်ရာမြင်ရာမင်းပြောပေါ့ အဲ့ဒါမင်းသမိုင်းဘဲလေ…
ဥပမာ..
တိုင်းခန်းမက နန်းကြီးသုတ်ကို မင်းသတိရရင်တောင်မှ
မင်းအဲ့ဒါကို ပြန်မရနိုင်တော့ဘူး…
အခြေအနေနဲ့ အချိန်အခါတွေက …
ပြောင်းလဲသွားပြီ ဘုန်းကျော်..ရေ…
phone_kyaw
February 3, 2012 at 1:34 pm
အေးဗျာ။ တိုင်းခန်းမကိုတော့ သတိရတယ်။ နန်းကြီးသုပ်များ ရှိသေလား။ မတွက်တက်လို ့ရမ်းသမ်းတွက်မိတာ။ အဘဖောတော့ ဘယ်လို တွက်လဲမသိဘူး။ နည်းလေးဘာလေးရှိရင်ပေးပါအုံး။
amatmin
February 3, 2012 at 1:38 pm
ဝုတ်တယ် ချကြမယ်..ခညားကို ထောက်ခံတယ်. 🙂
ခညားပြောမှပဲ မြန်မာငပိန်လေး ဘဝကိုမတင်းတိမ်တော့ဘူး
ဒီဒေါ့ကာ..ခညားအရင် ဩဇီကနေ ရေကူးပြီးပြန်လာခဲ့..
ဒီရောက်အောင်ကူးလာနိုင်ရင် ခေါင်းဆောင်တင်ပေးမယ်.
ပြီးတော့ခညားက လွှတ်တော်အကြောင်းကို အတော်သိပုံရတယ်..
အဲဒီအင်္ဂလန်ပါလီမန်/လွှတ်တော်မှာ.နေ့တွက်ခ ဘယ်လောက်ပေးလဲသိချင်သား
သဘောကျရင်ခညားနဲ့ပူးပေါင်းမယ်.. ဒီမှာ အမတ်မင်းလုပ်စားရတာကိုက်ဘူးဗျ..
သဘောတူရင်အမြန်ရေကူးလာခဲ့ ဒါဗျဲ..
kyeemite
February 3, 2012 at 4:03 pm
(အခုအနေအထားအရ မြန်မာပြည်လွှတ်တော်နဲ ့အင်္ဂလန်ပါလီမန်ကိုယှဉ်ရင် ဆီနဲ ့ရေ၊ မိုးနဲ ့မြေကြီးပဲ။)
ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့ ဘယ်ရနိုင်မလဲဗျာ…
အရေးထဲမှာ တိုင်းပြည်အတွက်ပြင်ပထွက် လုပ်နေသူတွေက အင်ဂျီအိုတွေ ထောက်ပံ့ငွေနဲ့..
ထင်ရာစိုင်းနေကြတော့ ( တနေ့က မဟာမိတ်ညီအကိုဆိုတဲ့ပို့စ်မှာ ကိုဘုန်းကျော်ရေးပြမှသိရတာပါ) ပိုဆိုးတာပေါ့…ပြည်သူတွေကတော့ အပြင်ကဆိုပိုလုပ် နိုင်မှာလား..ဆိုပီး မျှော်လို့..သူတို့ကတော့…….
ရုံးတိုင်းမှာ ကွန်ပြူတာရှိတယ်။ ချက်ပြုတ်စရာ အိုးခွက် ပန်းကန်ရှိတယ်။ ရေခဲသေတ္တာရှိတယ်။ အဝတ်အစားဆိုရင် တစ်ယောက်ကို သုံးလေးစုံထက်ပိုမရှိဘူး။ တစ်ယောက်ဟာကို တစ်ယောက် ယူပြီးဝတ်ရတယ်။ ရှေ ့တန်းထွက်ရင် အဲဒိကနေထွက်တယ်။ ရှေ ့တန်းကပြန်လာရင် အဲဒိမှာနားတယ်။ ပြန်လာရင် အရက်သောက်တယ်။
ဘယ်ကငွေနဲ ့ချ လဲလို ့ရင်မေးရင်၊ နိုင်ငံတကာရောက် ရော်ဘဲကြီးတွေဆီကို ဖုန်းဆက်လိုက်ရင် သူတို ့ပေးတယ်။ ဒါပေမဲ့ အကြောင်းပြချက်ကောင်းရမယ်။ အခုမှရှေ ့တန်းကပြန်ရောက်တာ၊ ငါ့အဘွားဆုံးလို ့၊ ငါရည်းစား လင်နောက်လို ့ …စိတ်ထိခိုက်နေတယ်…မင်းတို ့က နိုင်ငံခြားမှာနေပြီး ငါတို ့ကို မေ့ပြီပေါ့…..စသဖြင့် သူတို ့ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံပေးရင် နိုင်ငံခြားက သူငယ်ချင်းတွေက မနေနိုင်ဘူး။ တကယ့်လက်တွေ ့ကတော့ အရက်သောက်ဖို ့။ ဟိုဟာလုပ်ဖို ့အတွက်။ ဘယ်ဟာလုပ်ဖို ့လဲလို ့မေးရင် ဟိုဟာလုပ်ဖို ့လို ့မှတ်ပါ။
လူတိုင်းက ရတဲ့ငွေကို စုတယ်လို မရှိဘူး။ ရှိရင် ချတယ်။ သောက်တယ်။ မရှိရင် အစိုးရ (အဖွဲ ့အစည်း) က ကျွေးမယ်ဆိုတာကို သိတယ်။ ပူပင်သောကမရှိ။ ရည်စားမရှိ။ ပြိုင်တာဆိုင်တာ မရှိ။ သို ့သော် တစ်ခုတော့ရှိတယ်။ ဒါက တစ်ယောက်နဲ ့တစ်ယောက် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့စိတ်။ နိုင်ငံရေး၊ တော်လှန်ရေး။ ငွေမရှိပေမဲ့ လေ တော့ရှိတယ်။ ဆန်မရှိပေမဲ့ အစားတော့ကြီးတယ်။ ဒါမျိုး။
ကဲကြည့်ကြပါ အရပ်ကတို့….ဒီမိုကရေစီရရှိရေးအ တွက်..ဆောင်ရွက်နေကြတာ..ပှော်စရာကြီး…
အပြည့်အစုံ ဖတ်ကြည့်လိုက်ရင် ကိုဘုန်ကျော်တို့ ပြည်သူ့အတွက်ဘယ်လောက် လုပ်ခဲ့ကြတယ်
ဆိုတာပေါ်လွင်ပါတယ်..လင့်က ဒီမှာ…
http://myanmargazette.net/97677/uncategorized-other/copypaste
koyinmaung
February 3, 2012 at 4:23 pm
ချစရာမလိုတော့ပါဘူး
ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့
ခေါင်းဆောင်ကောင်းတယောက်ရှိနေပြီလေ
သေးရူးသွေးတမ်းနဲ့ထအော်မနေပါနဲ့တော့
နိုင်ငံရေးကကောင်းတဲ့ဘက်ကိုသူ့အရှိန်နဲ့သူသွားနေပါပြီ
နောက်ကသာမဖေါက်မပြန်လိုက်သွားဘို့အရေးကြီးပါတယ်…..
naung
February 3, 2012 at 4:42 pm
ချဗျာ…ချ
ကျွန်တော်က ချချင်နေတာ ကြာပြီ။
ရှေ့က သွားမယ့်သူ လိုနေတာ။
အဲဒီတော့ ကိုဘုန်းကျော် ခင်ဗျား ရှေ့ကနေ ဦးဆောင်ရအောင် အရင်ပြန်လာခဲ့လိုက်။
ရေကူးပြီး မပြန်ခဲ့နဲ့။ လေယာဉ်နဲ့ဘဲ ပြန်ခဲ့ပါအုံး။
ခင်ဗျား မြန်မာနိုင်ငံထဲကို ပြန်ရောက်လာတာနဲ့တင် ခင်ဗျားကို ခေါင်းဆောင်တင်မယ်။
အခုလို အပြင်ကနေပြီးတော့ အော်မနေနဲ့ဗျာ။ ဒါဗြဲ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 3, 2012 at 6:55 pm
ကိုဘုန်းကျော်(ခ)သာကူး ရေ
ခင်များတို ့လိုထောက်ပံ့ကြေးလေးယူ၊အရက်လေးသောက်၊
ဟိုလုပ်ဒီလုပ်လုပ်ပြပြီးတိုင်းတပါးမှာကောင်းစားနေတိုင်းအပြော
တစ်ပိဿာနဲ ့လူတွေအများကြီးပါ။ကိုယ့်အရပ်နဲ ့ကိုယ့်ဇာတ်ပါဗျာ။
တန်ရာတန်ရာပေါ့။ခင်များပြောသလိုဆိုတော့
“”ခင်ဗျားတို ့တော့ မသိဘူး။ ကျနော်လိုချင်တဲ့ နိုင်ငံရေးစနစ်က အင်္ဂလန်နိုင်ငံ နဲ ့ ဩစတျေးလျနိုင်ငံက
နိုင်ငံရေးစနစ်မျိူးကို ဗမာပြည်မှာ ဖြစ်စေချင်တယ်။ နောင်လည်း ဒီလိုဖြစ်လာအောင် လုပ်သွားအုံးမယ်။
ကျိူးစားသွားချင်တယ်လို ့ပြောတာပါ။အခုအနေအထားအရ မြန်မာပြည်လွှတ်တော်နဲ ့အင်္ဂလန်ပါလီမန်
ကိုယှဉ်ရင် ဆီနဲ ့ရေ၊ မိုးနဲ ့မြေကြီးပဲ။”
ဘယ်နိုင်ငံနဲ ့မှတိုင်းတာစရာမလိုပါဘူး။ဒီမိုကရေစီအစစ်အမှန်ရဖို ့နဲ ့ဥပဒေစိုးမိုးဖို ့အဓိကပါဘဲဗျာ။
သာကူးတွေ၊ပါလေရာငပိချက်တွေ မြောင်းထဲရောက်ပြီး ထောင်နန်းစံ၊အပယ်ခံဘဝရောက်ဖို ့ဘဲ
အရေးကြီးသဗျ။
phone_kyaw
February 4, 2012 at 5:04 am
၁။ အခြေခံဥပဒေ ၂ဝဝ၈ ကို ဘယ်သူရေးတာလဲ။ တရားရဲ ့လား။ ဘယ်လိုပုံစံနဲ ့အတည်ပြုခဲ့လဲ။
၂။ ၂ဝ၁ဝ-ရွေးကောက်ပွဲကို ဘယ်လိုလုပ်ပြီး နိုင်ခဲ့လဲ။ သိရဲ ့လား။
၃။ ဒီမိုကရေစီစစ်စစ်ကို သုံးခဲ့ဘူးလား။
၄။ ဒီနေ ့သုံးတဲ့ စနစ်က ကိုယ့်ပြည်သူတွေ လိုလားနေတဲ့စနစ်လား။
၅။ အင်ဒိုနီးရှားကို မကြည့်နဲ ့။ သူတို ့တောင် လူကြားတိုးရဲ ့လား။ ချမ်းသာလာပြီလား။
၆။ ဘာ့ကြောင့် ဒီမိုကရေစီနိုင်ငံဘိုအေးကြီးတွေရဲ ့အတုကို မယူရဲတာလဲ။
မြန်မာပြည်မှာနေတဲ့ ဗဟုသုတမရှိ မမြင်ဘူးမတွေ ့ဘူး မနာလိုစိတ်များတဲ့ ပညာမတက်တောသားများ ဖြေပေးကြပါ။
Thel Nu Aye
February 4, 2012 at 9:39 am
၁။ သိတယ်။ ရှင်တယောက်ထဲပဲသိတာမဟုတ်ဘူး။ အားမတန်လို့မာန်လျော့နေရတာ။ အပြင်မှာနေပြီးဘာမှမသိပဲနဲ့ပေါက်ကရအော်မနေနဲ့။ သိချင်ရင်ပြန်ဝင်ခဲ့။
၂။ ဒါလဲသိတယ်။ ပြောပြီးသားထပ်မပြောဘူး။ နိုင်ငံထဲကလူတွေကိုငတုံးတွေလို့ထင်ရင်မှားမယ်။ ပြန်လာခဲ့။
၃။ သုံးနိုင်အောင်လို့ပြည်တွင်းထဲကလူတွေကိုယ်တိုင်ကြိုးစားနေတယ်။ မသိရင်လဲမသိသလိုနေ။ သိချင်ရင်ပြန်လာခဲ့။
၄။ မဟုတ်လို့ကြိုးစားနေတယ်လို့ပြောပြီးပြီ။ ထပ်ထပ်ပြောနေရတာပဲ။ ဂွကျလိုက်တာ။ သိချင်ရင်ပြန်လာခဲ့။
၅။ ယူနေတယ်။ ယူနေတယ်။ လာကြည့်။ လာကြည့်။ ကိုယ်နိုင်ငံထဲအလည်အပတ်တောင်ပြန်မဝင် ရဲဘဲနဲ့အပြင်ကနေဘာမှန်းမသိညာမှန်းမသိစွတ်အော်နေတယ်။ သိချင်ရင်ပြန်လာခဲ့။
သတိ္တ္တရှိရင်လေဆိပ်မှာမှားပါတယ်လို့ခံဝန်ထိုးပြီးခဏပြန်လာကြည့်လှည်စမ်းပါ။ ပြောရတာမောတယ်။
ကြောက်နေလို့ပြန်မဝင်ရဲဘဲနဲ့များအော်ချင်ရာအော်နေတယ်။ သိချင်ရင်ပြန်လာခဲ့။
Thel Nu Aye
February 4, 2012 at 9:51 am
၅။ မကြည့်ပါဘူး။ ဘာလို့ကြည့်ရမှာလဲ။ ဘယ်သူကကြည့်နေလို့လဲ။ ရှင်ပဲကြည့်နေ တာမဟုတ်လား။
၆။ ယူနေတယ်။ ယူနေတယ်။ လာကြည့်။ လာကြည့်။ ကိုယ်နိုင်ငံထဲအလည်အ ပတ်တောင်ပြန်မဝင် ရဲဘဲနဲ့အပြင်ကနေဘာမှန်းမသိညာမှန်းမသိစွတ်အော်နေတယ်။ သိချင်ရင်ပြန်လာခဲ့။
kokothandar
February 4, 2012 at 3:27 pm
ယုံကြည်ချက်နဲ့ နိူင်ငံရေးလုပ်ဖို့တောခိုတာမဟုတ်ဘဲ အော်စီဝင်ဖို့ဒုက္ခသည်ယောင်ဆောင်တဲ့ဆရာရယ်
ရူးကြောင်ကြောင်နဲ့ဟိုလူရမ်း ဒီလူရမ်းတွေ လုပ်တာကိုယ့် လူလဲစိတ်ပင်ပန်းပါလိမ့်မယ် ဒါမှမဟုတ် အီရန်မှာ သမ္မတ သွားလုပ်ပါလား ပြောချင်ရာပြောလို့ရတယ်လေ လူ့အဖွဲ့အစည်းမှာ ညစ်တစ်တစ် အပြော အပြုအမူ ဟာ ကြာရင်အကျိုးမဲ့တာဘဲ ရှိပါတယ် ကြွက်လို မြေတွင်းထဲမှာ ရှာမှ ထမင်းစားရတဲ့ကိုယ့်ဘဝကိုယ်သိပါစေ