Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မသိမှု ဖြစ်စဉ် သီအိုရီ (အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ)ကို ပုံစံဖြည့်ခြင်း

လူသားတွေ ငြိမ်းချမ်းစေရေးအတွက် ကမ္ဘာပေါ်ရှိ ပညာရှင်အသီးသီးတို့ ခေတ်အဆက်ဆက် နည်းလမ်းများရှာဖွေဖေါ်ထုတ်ခဲ့ကြသည့်အနက် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ငါးရာကျော်ခန့် က အိန္ဒိယနိုင်ငံမှာ ဂေါတမဗုဒ္ဓတည်းဟူသော ပညာရှင်တစ်ဦး ပေါ်ထွန်ခဲ့လေသည်။
ဂေါတမဗုဒ္ဓမြတ်စွာသည် လူသားတွေ မငြိမ်းချမ်းရသည့် သဘောတရား (သီအိုရီ)ဖြစ်သည့် ပဋိစ္စသမုပ္ပါဒ် (အကြောင်းအကျိုး သီအိုရီ) သဘောတရားကို သိမြင်ခဲ့ပြီး ထိုသီအိုရီသဘောကို အခြေခံ၍ လူသားတွေ ရိုးသားစွာ ငြိမ်းချမ်းစေမည့် သဘောတရား (အရိယသစ္စာလေးပါး)ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
ဗုဒ္ဓသည် လူသားတွေ မငြိမ်းချမ်းရသည့်အကြောင်းအား

” အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနာ၊ သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယာ ဇရာ မရဏ . . . . . . . ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ” စသဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ ပဋိစ္စသမုပ္ပါဒ် (အကြောင်းအကျိုး သီအိုရီ)အား ဆီလျှော်အောင်ပြန်ဆိုရမည် ဆိုလျှင်
(အဝိဇ္ဇာ) ကိုယ်လုပ်ဆောင်နေရသည့် အကြောင်းကိစ္စများနှင့် ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ အကြောင်းအကျိုးတွေကို မသိလျှင်၊
(သင်္ခါရ=အဘိသင်္ခါရ) မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်မိကြမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့ ပြုမူ၊ ပြောဆို၊ နေထိုင်မှုတွေဟာ ထိုသူကို
(ဝိညာဏ်) မှားတတ်၊ လွန်တတ်တဲ့ ဉာဉ် (စိတ်) ကို ဖြစ်စေပြီး၊

(နာမရူပံ) မှားတတ်၊ လွန်တတ်တဲ့ ပုံဟန်ကို ပေါ်စေပါတယ်။
ထိုမှားတတ်၊ လွန်တတ်တဲ့ ပုံဟန်အတိုင်း
(သဠာယတန) အမူအရာတွေဖြင့်
(ဖဿ) ပတ်ဝန်းကျင် လောကကို ဆက်ဆံသလို
(ဝေဒနာ) ပတ်ဝန်းကျင်ရဲ့ တုန့်ပြန်မှုကိုလည်း ခံယူခြင်း၊ ခံစားခြင်းပြုပါတယ်။
ထိုကဲ့သို့ ပုံဟန်၊ အမူအရာတို့ဖြင့် ဆက်ဆံနေထိုင်ခြင်းတွေဟာ
ဒုက္ခသစ္စာလို့ဆိုသည့် တကယ့်ဆင်းရဲခြင်း၊ မငြိမ်းချမ်းတွေလို့ မသိတဲ့အခါကျတော့
(တဏှာ) ထိုကဲ့သို့သာ ပြုမူ၊ ပြောဆို၊ နေထိုင်လိုပြီး
(ဥပါဒါနံ) အဖန်ဖန်၊ အထပ်ထပ် စွဲစွဲလန်းလန်းဖြင့်
(ဘဝ) ကျူးလွန်ရသည့် အခြေအနေအဖြစ်သို့ ရောက်ရပါတော့သည်။
ထိုကဲ့သို့ အဖန်ဖန်၊ အထပ်ထပ် ကျူးလွန်ပါများလာသည့်အခ
(ဇာတိ) မှားတတ်၊ လွန်တတ်တဲ့သူအဖြစ်သို့ ရောက်သွားခြင်းကြောင့်
(ဇရာမရဏ) ဆုံးရှုံး၊ ပျက်စီးရသည့်အတွက် ထိုသူတို့မှာ ပူလောင် ဆင်းရဲ မချမ်းမြေ့ မငြိမ်းချမ်းရသည့်
(ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ) တကယ့်ဆင်းရဲသောအနေအထားသို့ ဆိုက်ရောက်ရပါလိမ့်မည်ဟု အကြောင်းအကျိုးပြ ဟောကြားဖော်ထုတ်ခဲ့ပါသည်။

ဆက်လက်ပြီး ဗုဒ္ဓက လူသားတွေ ငြိမ်းချမ်းစေဖို့အတွက်
” အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ သင်္ခါရာ နိရောဓော၊ သင်္ခါရ နိရောဓာ ဝိညာဏ နိရောဓော၊ ဝိညာဏ နိရောဓာ နာမရူပ နိရောဓော၊ နာမရူပ နိရောဓာ သဠာယတနာ နိရောဓော၊ သဠာယတန နိရောဓာ ဖဿ နိရောဓော၊ ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊ ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊ တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊ ဘဝ နိရောဓာ ဇာတိ နိရောဓော၊ ဇာတိ နိရောဓာ ဇရာ မရဏ . . . . . . . . ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” စသဖြင့် ဖော်ပြခဲ့ပါသည်။
(အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ) သိသင့် သိထိုက်တဲ့ အကြောင်းအကျိုး တွေကို သိရလို့ အတွေးအမြင်ရှင်းသွားသည့်အခါ
(သင်္ခါရ နိရောဓော) မှားယွင်း၊ လွန်ကဲစွာ ပြုမူ၊ ပြောဆို၊ နေထိုင်ခြင်းတွေ မလုပ်တော့ပါ။
ထိုကဲ့သို့ မပြုလုပ်တော့ခြင်းကြောင့် ထိုသူတွင်
  

(ဝိညာဏ နိရောဓော) မှားတတ်၊ လွန်တတ်တဲ့ ဉာဉ် (စိတ်) တွေ မဖြစ်တော့သလို

(နာမရူပ နိရောဓော) မှားတတ်၊ လွန်တတ်တဲ့ ပုံဟန်တွေလည်း မပေါ်တော့ပါ။
ထိုမှားတတ်၊ လွန်တတ်တဲ့ ပုံဟန်
(သဠာယတန နိရောဓော) အမူအရာတွေပျောက်ကာ
(ဖဿ နိရောဓော) ဆက်ဆံရေးကောင်းမွန်လာပြီး
(ဝေဒနာ နိရောဓော) ခံယူချက်မှား၊ ခံစားချက်မှားတွေလည်း ပျောက်ကင်းသွား ပါလိမ့်မယ်။
ထိုကဲ့သို့ သိသင့်သိထိုက်တာတွေကို မသိတဲ့ ပုံဟန်၊ အမူအရာတို့ဖြင့် ဆက်ဆံနေထိုင်ခြင်းတွေဟာ ဆင်းရဲမှန်း၊ မငြိမ်းချမ်းမှန် သိတဲ့အခါကျတော့
            (တဏှာ နိရောဓော) ထိုကဲ့သို့ မပြုလို်၊ မပြောလို၊ မနေလို်တော့ခြင်းကြောင့် 
(ဥပါဒါန နိရောဓော) ထိုအပြု၊ အမူ၊ အနေအထိုင်တွေအပေါ်မှာ မစွဲလန်းတော့သည့် အတွက်
                         (ဘဝ နိရောဓော) မှားတတ်၊ လွန်တတ်သည့် အခြေအနေသို့ မရောက်တော့ပါဘူး။
ထိုကဲ့သို့ မှားမှု၊ လွန်မှုတွေ မဖြစ်တော့သည့်အခါ
(ဇာတိ နိရောဓော) မှားတတ်၊ လွန်တတ်သူမဖြစ်တော့သည့်အတွက်
(ဇရာမရဏ နိရောဓော) ဆုံးရှုံး၊ ပျက်စီးခြင်းတွေ မဖြစ်တော့ခြင်းကြောင့်  ထိုသူတို့မှာ အေးချမ်း၊ ချမ်းမြေ့၊ ငြိမ်းချမ်းသည့်
(ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ) တကယ့်ချမ်းသာသောအနေအထားသို့ ဆိုက် ရောက်ရပါလိမ့်မည်ဟု လူသားတွေ ငြိမ်းချမ်းစေကြောင်းကို
အကြောင်းအကျိုးပြ ဟောကြားဖော်ထုတ်ခဲ့ပါသည်။

ဒါ့ကြောင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ  . . .  ပဋိစ္စသမုပ္ပါဒ် (အကြောင်းအကျိုး သီအိုရီ) အရ လူသားတွေသည်
” မိမိတို့၏ ဆိုင်ရာဆိုင်ရာ အလုပ်ကိစ္စရပ်တွေအပေါ်မှာ သိသင့်သိထိုက်တာတွေကို မသိပဲနဲ့သာ လုပ်ကိုင်ဆောင်ရွက်နေကြမည်ဆိုလျှင် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပြီး မငြိမ်းချမ်းသည့် အခြေအနေသို့ ရောက်ရပါလိမ့်မည်။ “
ထို့ကြောင့် မိမိတို့ နေ့စဉ် ပြုမူ ပြောဆို နေထိုင်နေရတဲ့ လုပ်ငန်းကိစ္စရပ်တွေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တာများကို သိပြီး လုပ်ကိုင်ဆောင်ရွက်မှသာလျှင် ဆင်းရဲကင်းပျောက် ငြိမ်းချမ်းမှုသို့ ဆိုက်ရောက်မှာ ဖြစ်ပါသည်။
ဆက်လက်၍ သိသင့်သိထိုက်တာတွေကို မသိခြင်းကြောင့် အမှားတွေလုပ်မိနေကြပုံနှင့် သိခြင်းကြောင့် အမှားတွေ မလုပ်ကြတော့ပုံကို မိမိတို့ ဘဝမှာ ဆိုင်ရာဆိုင်ရာကိစ္စရပ်တွေမှာ ပုံစံဖြည့်၍ ဒီ ပဋိစ္စသမုပ္ပါဒ် သီအိုရီအား နားလည်ကျင့်သုံးပေးဖို့လိုပါသည်။

(လူတွေရဲ့ ဆိုင်ရာဆိုင်ရာကိစ္စရပ်တွေမှာ ရသလောက် ပုံစံဖြည့်ပြီး ဆက်လက်တင်ပြပါမည်။)

မှတ်ချက်။       ။
ဤပို့စ်သည် ဘာသာရေးဆိုင်ရာ ပို့စ်မဟုတ်ပါ၊ လူ့ငြိမ်းအေးမှုကို ရည်ရွယ်သည့် ပညာရပ်ဆိုင်ရာပို့စ်သာလျှင်ဖြစ်ပါသည်။

16 comments

  • kokomyo

    February 4, 2012 at 7:26 pm

    ပဋိစ္စသမုပ္ပါဒ်တရားကို ဘာသာရေးပုံစံမဟုတ်ပဲ ဘာသာရပ်တစ်ခုအနေနဲ့ ဖွင့်ဆိုပေးထားလို့ အသိအမြင်တိုးရပါတယ်။
    (” မိမိတို့၏ ဆိုင်ရာဆိုင်ရာ အလုပ်ကိစ္စရပ်တွေအပေါ်မှာ သိသင့်သိထိုက်တာတွေကို မသိပဲနဲ့သာ လုပ်ကိုင်ဆောင်ရွက်နေကြမည်ဆိုလျှင် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပြီး မငြိမ်းချမ်းသည့် အခြေအနေသို့ ရောက်ရပါလိမ့်မည်။ “) ဆိုတော့
    “အဝိဇ္ဇာ”ဆိုတာ ကိုယ့်ကိစ္စ ကိုယ်မသိတာလို့ နားလည်မိပါတယ်။

  • mggwa

    February 5, 2012 at 1:18 pm

    အဝိဇ္ဖာဆိုတာကို ရုပ်၊ နာမ်မသိတာလောက်ကိုပဲ ယူထားတဲ့
    ယနေ့ ထေရဝါဒီ ပရမတ်သမားတို့ကအတွက် အသိအမြင်တိုးစေမှာပါ။

  • True Answer

    February 5, 2012 at 4:59 pm

    အဝိဇ္ဇာ အစစ်၊ သင်္ခါရ အစစ်၊
    ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန အစစ်၊
    ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ အစစ်၊
    ဇာတိ၊ ဇရာ၊ မရဏ အစစ် (သို့)
    အရိယသစ္စာ အစစ် ကို သိလိုသူများအတွက်
    တရားတစ်ပုဒ်ပါ။
    http://www.mediafire.com/?34wrbh09025octp

  • kai

    February 5, 2012 at 5:36 pm

    ဒါကို.. အင်္ဂလိပ်လို.. ရေးပေးနိုင်ရင်တော်တော်ကောင်းမယ်…။
    ဘိုအမေရိကန်တွေနဲ့. .ပြောဆိုဆွေးနွေးလို့ရနိုင်မယ်ထင်တာပဲ..။

    • မျိုးကို

      February 6, 2012 at 7:40 pm

      နိုင်ငံတကာ Internal အနေဖြင့် အင်္ဂလိပ်လို တင်ပြဖို့က ဘာသာရေးပုံစံထက် ယခုလို ပညာရပ် (ဘာသာရပ်)ပုံစံက ပိုမို သင့်တော်မည် ထင်မိပါသည်။
      (ဘာသာရေးတွင် သူ့ဘာသာ၊ ကိုယ့်ဘာသာဆိုသည့် အစွဲများပါဝင်နေ၍ ဖြစ်သည်။)

    • မျိုးကို

      February 6, 2012 at 7:45 pm

      နိုင်ငံတကာ International အနေဖြင့် အင်္ဂလိပ်လို တင်ပြဖို့က ဘာသာရေးပုံစံထက် ယခုလို ပညာရပ် (ဘာသာရပ်)ပုံစံက ပိုမို သင့်တော်မည် ထင်မိပါသည်။
      (ဘာသာရေးတွင် သူ့ဘာသာ၊ ကိုယ့်ဘာသာဆိုသည့် အစွဲများပါဝင်နေ၍ ဖြစ်သည်။)

    • ကိုငြိမ်းအေး

      February 12, 2012 at 8:45 am

      အင်္ဂလိပ်လို ဘာသာပြန်ရေးသားလိုက်ပါ့မယ်။

  • True Answer

    February 5, 2012 at 8:11 pm

    ဘို အမေရိကန်၊ အင်္ဂလိပ်၊ international ထေရဝါဒ ဗုဒ္ဓဘာသာ မှ ဖိတ်ခေါ်ပါသည်။
    http://www.dhammawheel.com

  • True Answer

    February 5, 2012 at 8:59 pm

    http://www.dharmawheel.net/
    ဘိုလို ဆွေးနွေးနိုင်သူများ မဟာယန၊ တိဘက်ဗုဒ္ဓဘာသာ ဖိုရမ်များမှလည်း လာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

    ဘုရားဟောကို international Pali နှင့် Sanskrit မှ….
    international ဗုဒ္ဓဘာသာ မှ နားလည်မှု စံနှုန်းနဲ့
    မည်မျှ လိုက်လျောညီထွေ (သို့) ဆန့်ကျင်ဘက်ဖြစ်နေသလဲ ဆိုတာ ဆန်းစစ်နိုင်ဖို့ပါ။

    • mggwa

      February 7, 2012 at 8:49 am

      သူက ဘာရေးပို့စ်မဟုတ်ပါလို့ ရေးထားပါရက်နဲ့ ဘာသာရေးအစွဲသန် (တယူသန်)သူ True Answer က နေရာတကာ ဝင်ပါနေတော့ ငါက ဝင်ပြောနေရပြီ။
      ကိုယ့်နေရာကိုယ်နေစမ်းပါ။
      ဘာသာရေးကျမှ နင်ဝင်ပါနော်.၊
      အခု လူကြီးတွေ ဆွေးနွေးနေတာက ပညာရေးအကြောင်းကွဲ့။

  • realman

    February 6, 2012 at 6:28 pm

    အဝိဇ္ဇာ- ဆိုတဲ့ မသိမှုကို
    သမုတိသစ္စာ (အစုသစ္စာ) က – လူရဲ့ အစုဖြစ်တဲ့ လူအကောင်၊ ပုဂ္ဂိုလ်သတ္တဝါ စသည်တို့ကို မသိခြင်း၊၊
    ပရမတ္တသစ္စာ (အစိတ်သစ္စာ) က – လူရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုပ်၊ နာမ်တွေကို မသိခြင်း၊
    အရိယသစ္စာ (အမှုသစ္စာ) က – လူရဲ့ အမှုဖြစ်တဲ့ ကံတွေကို မသိခြင်းလို့ အသီးသီးဖွင့်ဆိုကြပါတယ်။
    ကိုယ်က ဘယ်နယ်ပယ်က သူလဲ၊ ဘယ်လို ရပ်တည်နေရသလဲ အပေါ်မှာ မူတည်ပြီး ကိုယ်မဖြစ်မနေ သိအောင်လုပ်ရမှာ ဘာဆိုတာကိုတော့ ပြတ်ပြတ်သားသားသိဖို့တော့ လိုတာပေါ့။

    • ကိုငြိမ်းအေး

      February 12, 2012 at 8:49 am

      လူ့ငြိမ်းအေးမှုကို ဦးတည်တဲ့အခါမှာ ဘယ်သစ္စာ၊ ညာသစ္စာဆိုတဲ့ ပုံစံထက် လူသားတွေအတွက် အသုံးတည့်သော၊ လူဆောင်ထိုက်သော သဘော(အသိပညာ)ကို အဓိကရည်ရွယ်ပါသည်။

  • uzin

    February 9, 2012 at 2:22 pm

    ဒုက္ခဆိုတဲ့ ဆင်းရဲခြင်းကို

    သမုတိသစ္စာ(အစုသစ္စာ)က – ပစ္စည်းဥစ္စာ၊ ခြွေရံသင်းပင်းမရှိတာ၊ ကိုယ့်စိတ်တိုင်းကျမဖြစ်တာကို ဒုက္ခလို့ပြော
    ပရမတ္ထသစ္စာ(အစိတ်သစ္စာ)က- ဒီလူခန္ဓာကိုယ်ကြီး ရှိနေတာကို ဒုက္ခ၊ လူပင်မဖြစ်သေး၊ အမေ့ဗိုက်ထဲ ဘဝကိုပင် လှမ်းတွေးပြီး ဒုက္ခလို့ပြော၊
    အရိယသစ္စာ(အမှုသစ္စာ)က – လူမှာ အဝိဇ္ဖာအကြောင်းကြောင့် (ကိုငြိမ်းအေး ထင်ပြထားသော ပဋိစ္စသမုပ္ပါဒ်အတိုင်း) လူပေါ်တွင် လာရောက်လည်ပတ်ဖြစ်ထွန်းနေသော အဖြစ်ဆင်းရဲခြင်းကို ဒုက္ခဟု သတ်မှတ်။
    ဒုက္ခသုံးမျိုးမှ ဘယ်ဒုက္ခသည် လွတ်နိုင်သောဒုက္ခ၊ သိသင့်သောဒုက္ခ၊ မိမိသည် ဘယ်နယ်ပယ်မှ ကြည့်၍ ဘယ်ဒုက္ခကိုသာ သိသလဲဆိုတာ ဆန်းစစ်နိုင်ပါစေ။

  • ever

    February 10, 2012 at 3:52 pm

    လောကလူသားအားလုံးအတွက် ဗုဒ္ဓပေါ်ထွန်းလာခြင်းကြောင့် ဗုဒ္ဓရဲ့တရားတော်များကို လူနားလည်နိုင်သော၊ လူဆောင်နိုင်သော အဓိပ္ပါယ်များဖြင့်သာဖွင့်ဆိုသင့်ပါ၏။
    ယနေ့ ဘာသာရေးပညာရှင်အများဖွင့်ဆိုမှုများသည် လူအမှုများနှင့် အလှမ်းကွာဝေးနေပါသဖြင့် လူအများစုမှ ဘာသာရေးကို စိတ်မဝင်စားကြခြင်းဖြစ်ပါသည်။
    ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်လာရခြင်းသည် ဘာသာရေးဆိုင်ရာ လူနည်းစု တစ်စုအတွက်မဟုတ်ပါ။

  • True Answer

    February 10, 2012 at 6:37 pm

    ပဋိစ္စသမုပ္ပါဒ် နှင့် အရိယသစ္စာ ကို မှန်မှန်ကန်ကန်နားလည်စေရန်။
    http://myanmargazette.net/100222/creative-writing

    အမှန်တရားဟူသည် အမှန်တရားသာဖြစ်လေသည်။
    လူကြိုက်များတာ ကို အမှန်တရားအဖြစ် ပြင်ရသည်မဟုတ်။

    အမှန်တရားဟူသည် အရေအတွက် အကန့်အသတ်မှ လွန်မြောက်နေလေသည်။
    http://myanmargazette.net/100222/creative-writing

    • ကိုငြိမ်းအေး

      February 12, 2012 at 9:09 am

      လူသားတွေရဲ့ ငြိမ်းချမ်းမှုကို လမ်းညွှန်ပေးခဲ့သော ပညာရှင်တစ်ဦးဖြစ်သည့် ဗုဒ္ဓမြတ်စွာ၏ လမ်းညွှန် (ဓမ္မ)အသိပညာများသည် ယနေ့ခေတ်ရိပ်သာ လူတန်းစားတစ်ခုတည်းအတွက်လို့သာ ယူဆနေမည်ဆိုပါက လူသားတွေနှင့် ဝေးရာကို ဖော်ဆောင်နေသလို ဖြစ်နေပါလိမ့်မည်။
      ဗုဒ္ဓမြတ်စွာ၏ လမ်းညွှန်အသိပညာများသည် လူတန်းစား အားလုံးအတွက်သာဖြစ်ပေသည်ဟု ကျယ်ကျယ် ပြန့်ပြန့် နားလည်ပေးပါ။
      ရိပ်သာတွေထဲမှာ ပုံစံခွက်ထဲ ထည့်သလို ကျင့်သုံးရမှာလား ၊
      လူ့နေစဉ်အလုပ်တွေထဲမှာ ငြိမ်းအေးအောင် ကျင့်သုံးပေးရမှာလားဆ်ိုတာကို တတ်သိနားလည်သူ ပညာရှင်များ ဆုံးဖြတ်ပေးပါလိမ့်မည်။

Leave a Reply