“အောင်ခြင်းရှစ်ပါး…………….”
7စိဉ္စမာဏကိုေ အာင်တော်မူခန်း
“အောင်ခြင်းရှစ်ပါး”
ဗုဒ္ဓဝင်မှာ အောင်ခြင်းရှစ်ပါးဆိုတဲ့အကြောင်းအရာက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။
ဒီအောင်ခြင်းရှစ်ပါးကို မန်းလေးမြို့က အဆိုတော်ကြီးမေရှင်သီဆိုခဲ့တဲ့သီချင်းကိုနားထောင်
ရတဲ့အခါများမှာ စိတ်ထဲမှာ ဖော်မပြနိုင်သော ခံစားမူ့က ရောက်လာစမြဲ။
နေပြည်တော်ကိုရောက်တဲ့အခါ နေပြည်တော် ဥပါတသန္တိစေတီတော်အတွင်းမှာရှိနေတဲ့။
စကျင်ကျောက်နဲ့ ထွင်းထုထားတဲ့ အောင်ခြင်းရှစ်ပါးသရုပ်ဖော်ပုံကိုတွေ့တဲ့အခါ
လက်ဆော့မိပါတယ်။
အစဉ်အတိုင်းတော့မဟုတ်ဘူး။
ဘယ်ဟာက တစ် ဘယ်ဟာကနှစ်ဆိုတာ နံပါတ်စဉ်ထိုးပေးကြပါနော်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(7-2-2012)
9 comments
ကိုပေါက်(မန္တလေး)
February 8, 2012 at 9:43 am
အောင်ခြင်းရှစ်ပါ အစဉ်အလိုက်တော့မဟုတ်ဘူး။
ပုံတွေရိုက်လာတဲ့အတိုင်းတင်လိုက်ရတာလေ။
အစီအစဉ်မှန်အောင်ပြောပြပေးပါနော်။
kyawmonkhant
February 8, 2012 at 10:03 pm
အောင်ခြင်းရှစ်ပါးအစဉ်-
(၁) မာရ်နတ်မင်း (၂) အာဠာဝကဘီလူးမင်း
(၃) နာဠာဂီရိဆင်မင်း (၄) အင်္ဂုလိမာလ
(၅) မိန်းမယုတ် စိဉ္စမာန (၆) သစ္စကပရိဗိုဇ်
(၇) နန္ဒောပနန္ဒနဂါးမင်း (၈) ဗကဗြဟ္မာမင်း
အောင်ခြင်းရှစ်ပါး ဘုရားရှိခိုး
မာရံ ယက္ခံ ဂဇံ စောရံ စိဉ္စမာနဉ္စ သစ္စကံ
နာဂံ ဗြဟ္မံ ဇိနောဇယံ ဟောတုမေ ဇယမင်္ဂလံ။
်
ဂါထာလေးရအောင်လုပ်ထားရင် အစဉ်လေးမမေ့တော့ဘူးပေါ့။ မာရ-မာရ်နတ်
ယက္ခ-ဘီလူး၊ ဂဇ-ဆင်၊ စောရ-သူခိုး, သူပုန်၊ စိဉ္စမာန-ကတော့ သူ့နာမည်ပေါ့၊ သစ္စက-ကလည်း နာမည်ပါဘဲ၊ နာဂ- နဂါး၊ ဗြဟ္မ- ဗြဟ္မာ လို့မှတ်လိုက်ရင်တော့ မမေ့နိုင်တော့ဘူးပေါ့။
ရဘူးတဲ့ ဟာလေးပါ။ ဒီလိုဘဲစဉ်ထားတာဆိုတော့ ဒီလိုဘဲ မှတ်ထားမိပါတယ်။ သေသေချာချာတော့ သုတေသန မလုပ်ဘူးပါ။
thit min
February 8, 2012 at 10:13 pm
ကြာနီကန်ဆရာတော်ကြီးရဲ့ အသံတောင် ကြားလိုက်ရသလိုပါဘဲ။
ရွာထဲမှာလဲ လူပညာရှိတွေ ရှိတာတွေ့ရလို့
အားရပါသည် ကိုကျော်မွန်ခန့်ခင်ဗျား။
ကိုပေါက်(မန္တလေး)
February 9, 2012 at 8:37 am
ကျနော်မမှတ်မိတော့တာလေးကို ပြန်ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ကိုကျော်မွန်ခန့်ရေ။
နောင်လဲ မသိလို့မေးရင်ဖြေပေးပါနော်။
unclegyi1974
February 9, 2012 at 10:45 pm
စကျင်ကျောက်နဲ့မတွေ့ဖူးဘူးဗျ
ဘယ်နားမှာပါလိမ့်ပြောပါအုန်းဗျ
padonmar
February 10, 2012 at 1:04 am
ကိုပေါက် အရင်ပို့မှာ မေးထားတာတွေ့မိသား။
ကျွန်မလည်း စာအုပ်လှန်ရမှာပျင်းနေလို့ ရှာမပေးလိုက်ရဘူး။
ကိုကျော်မွန်ခန့်ကျေးဇူးနဲ့ ကိုသစ်ပြောတဲ့ ကြာနီကန်လေအတိုင်း အခုပဲကျက်လိုက်တော့မယ်။
ကိုပေါက်(မန္တလေး)
February 10, 2012 at 8:43 am
ကိုရီးယားမင်းသားကြီး အီးကယ်ဂျန်ရေ
နံရံမှာထွင်းထားတာတွေက စကျင်ကျောက်ပေါ်မှာထွင်းတာလို့ပြောပါတယ်။
TTNU
February 10, 2012 at 9:28 am
`ဤပုံများတင်ရသော ကုသိုလ်ကြောင့်
ကိုပေါက် အောင်စေသတည်း အောင်စေသတည်း အောင်စေသတည်း။
ကိုပေါက်(မန္တလေး)
February 10, 2012 at 10:50 am
ပေးသောဆုများ ပြည့်စေသတည်း ပြည့်စေသတည်း ပြည့်စေသတည်း……………………………