သွေးတိုးရောဂါ
သွေးတိုးရောဂါဆိုသည်မှာ သွေးပေါင်ချိန် အပေါ်သွေး ၁၄ဝနှင့် အောက်သွေး ၉ဝကို ခေါ်ပါသည်။သွေးတိုးရောဂါဟု အမည်တပ်ရန် အလွန်ခဲယဉ်းပါသည်။ လူတစ်ယောက်၏ ပုံမှန် သွေးပေါင်ချိန်မှာ အပေါ်သွေး ၁၃ဝနှင့် အောက်သွေး ၈၅၏အောက်ကို ခေါ်ပါသည်။ အပေါ်သွေး ၁၈ဝနှင့် အောက်သွေး ၁၁ဝဆိုလျှင် ပြင်းထန်သွေးတိုးရောဂါဖြစ်လာပြီဖြစ်သည်။
အကြောင်းရင်း
ပြုပြင်၍မရသောအခြေအနေနှင့် ပြုပြင်၍ရသောအခြေအနေ ဟူ၍ နှစ်မျိုးရှိသည်။
ပြုပြင်၍မရသောအခြေအနေ
- အသက်ကြီးသူများသည် အသက်ငယ်သူများထက် ပိုဖြစ်နိုင်သည်။
- အမျိုးသားများသည် အမျိုးသမီးများထက် ပိုဖြစ်နိုင်သည်။
- မိဘ၊ မောင်နှမ၊ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား၊ ဆွေမျိုးများတွင် သွေးတိုးရောဂါဖြစ်ဖူးသူရှိပါက ပိုဖြစ်နိုင်သည်။
- အငန်၊ အဆီအဆိမ့်များများ စားလေ့ရှိသော လူမျိုးများသည် ပိုဖြစ်နိုင်သည်။
ပြုပြင်၍ရသောအခြေနေ
အဝလွန်သူများ၊ အငန်ပမာဏများများစားသူများ၊ အဆီအဆိမ့်များများ စားသူများ၊အရက်အလွန်အကျွံသောက်သူများ၊ ကာယအား အလွန်အကျွံ သုံးသူများ၊ စိတ်ဖိစီးမှုများသူများ စသည့်အချက်များကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။
ကုသခြင်း
သွေးတိုးရောဂါသည် အစောလျင်ဆုံး ကုသမှုခံယူရမည်ဖြစ်သည်။ ထိရောက်သောကုသမှု မခံယူပါက နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါသည်။
ကာကွယ်ခြင်း
- အငန်လျော့စားပါ။(ဆားအပါအဝင်ငါးပိငါးခြောက်၊ငံပြာရည်၊ဆားသိပ် ထားသော အခြားအစားအစာများနှင့် ဆိုဒါပါသောအစားအစာများ)
- အဆီအဆိမ့်လျော့စားပါ။
- အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ပါ။
- လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
- ကိုယ်အလေးချိန်လျော့ချပါ။
- စိတ်ချမ်းသာအောင်နေထိုင်ပါ။