Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင့် ကနဲကို မြည်သွားပါရော …

နွယ်ပင်February 21, 20121min190741

အခုတစ်လော အမျိုးသမီးသီးသန့် ယာဉ်လိုင်းတွေ ပေါ်လာလို့ ကားပေါ်မှာ မိန်းကလေးတွေကို နှောင့်ယှက်တဲ့ ကာအိန္ဓြပျက်ပြားစေတဲ့ အပြုအမူတွေ နည်းသွားတော့မှာပါဆိုပြီး ဝမ်းသာလို့မှ မဆုံးဘူး … မနေ့က အလုပ်ကို ပြန်ရောက်ပြီး သိပ်မကြာဘူး အိမ်ကိုလာနေကျ အစ်မဝမ်းကွဲ အပျိုကြီးတစ်ယောက် ဒေါကြီးမောကြီးတက်လာပါရော ဒါနဲ့ ဘာဖြစ်လာတာလဲ ဆိုပြီးမေးတော့ ကားပေါ်မှာ ထောက်လှမ်းရေးတစ်ယောက်နဲ့ ကြုံတာ ပညာပေးခဲ့ပြီး ဒေါပွလာခဲ့တာပါတဲ့ အဲ့တာနဲ့ နွယ်ပင်ကလည်း စိတ်လျှော့ပါ ကိုယ်ကလည်း ပညာပေးခဲ့တယ်ဆိုသေး ဘာဖြစ်လို့ ဒေါသထွက်ရတာလဲဆိုပြီးမေးတော့ သူက ဖြစ်ကြောင်းရယ် ကုန်စင်ကိုပြောပြပါတော့တယ် …..
Xxxxxxxxxxxxxxxxxxxxxxxxxxxx
အစ်မက သူ့တို့အိမ်မှာ အလှူရှိလို့ အမျိုးတွေအိမ် လိုက်ဖိတ်ပါတယ်တဲ့ ဇဝန မှာရှိတဲ့ အမျိုးအိမ်ကို ဖိတ်ပြီး နောက်ဆုံး နွယ်ပင်တို့ အိမ်ပဲ ကျန်တော့လို့ အဲ့ကနေ ကားတက်စီးလာတာ သူစစစီးချင်းတုန်းက ကားက သိပ်မကြပ်ပဲ ချောင်လို့ နေရာတောင် ရနေတာ နောက် နှစ်မှတ်တိုင်လောက်လည်း ရောက်ရော ကားက လူတက်များပြီး ကြပ်လာတယ် အစ်မရှေ့မှာလည်း ခပ်သေးသေး ခပ်ပိန်ပိန် အသက် နှစ်ဆယ်ဝန်းကျင်လောက် ကလေးမလေး တစ်ယောက်လာရပ်နေပါတယ်တဲ့ ကောင်မလေးနားမှာတော့ သူ့သူငယ်ချင်းလို့ ယူဆရတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စကားပြောရင်းပါလာပါတယ် တာမွေဈေးလဲ ရောက်ရော ကောင်မလေးရဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်းသွားပြီး ကောင်မလေးနားကို အသက် 40 နီးပါး ကုလားတစ်ယောက်လာရပ်ပါတယ်တဲ့ ကားစထွက်တော့ ကောင်မလေးက အစ်မထိုင်နေတဲ့ ခြေထောက်နားကို အရမ်းတိုးပြီး လာကပ်တော့ အစ်မကလည်း ခြေထောက်ကို နည်းနည်းနေရာရွေ့ပေးလို့ ကောင်မလေး လက်ထဲက ခြင်းတောင်းလေးကိုလည်း ကိုင်ထားပေးလိုက်ပါရော ဒါပင်မယ့် ကောင်မလေးက အစ်မနားကို ထပ်ပြီးတိုးလာတော့ အစ်မကလည်း စိတ်ထဲ ဒီကောင်မလေး ဘာလို့ ဒီလောက်တိုးရတာလည်းဆိုပြီး ကောင်မလေးကို ကြည့်လိုက်တော့ ကလေးမလေးရဲ့ မျက်နှာက မျက်ရည်တွေနဲ့ ဝါးပြီး ခန္ဓာကိုယ်ကလည်း တုန်နေပါတယ် ဒါနဲ့ အစ်မကလည်း ဘာဖြစ်တာလဲဆိုပြီး စူးစမ်းလိုက်တော့ ဘယ်ဟုတ်မလဲ ကောင်မလေးရဲ့ အနောက်က ကုလားက ကလေးကိုမဖွယ်မရာလုပ်နေတာကို တွေ့လိုက်ရပါတယ်တဲ့ ဒါနဲ့ ဒေါသကြီးပြီး ထင်ရာလုပ်တက်တဲ့ အစ်မက ကောင်မလေးကိုု သူ့နေရာဖယ်ပေးပြီး သူကတော့ ကောင်မလေးနေရာမှာ ရပ်လိုက်ပါရော အစကတော့ နောက်ကရပ်နေတဲ့ ကုလားက အစ်မကို ဒေါသထွက်သလို မျက်နှာနဲ့ ကြည့်နေပါတယ်တဲ့ အစ်မကိုလည်း မှတ်တိုင်ရောက်လို့ဆင်းမယ်ထင်သွားတာပေါ့ ဒါပင်မယ့် အစ်မက မဆင်းပဲ ကောင်မလေးနေရာဝင်ရပ်လိုက်တော့ သဘောကျသွားတဲ့ ပုံစံနဲ့ အနောက်မှာ ရပ်မြဲ အတိုင်း ရပ်နေပါရော . အစ်မကတော့ သူ့ကို ကုလား ဘယ်အချိန်ထောက်လှမ်းရေး လာလုပ်မလဲဆိုပြီး နောက်ကို လက်ပစ်ပြီး စောင့်နေပါတယ်တဲ့ သိပ်မကြာတဲ့ အချိန်မှာ ကုလားက သူ့လုပ်ငန်းလဲ ပြန်စလာရော အစ်မက ဘာမပြောညာမပြောနဲ့ ကုလားရဲ့ဖွားဖက်တော်ကို အားပါးတရကို လက်နှစ် ဖက်နဲ့ အင့်ကနဲဆိုပြီး ပါးစပ်ကအသံမြည်အောင်ကို ဆွဲညစ်ပစ်လိုက်ပါတယ်တဲ့ ပြီးမှ ကုလားခြေထောက်ကို အားပါးတရ စောင့်နင်းလို့ နွယ်ပင်တို့ အိမ်မှတ်တိုင်ရောက်လို့ ဆင်းလာခဲ့တာပါဆိုပြီး ပြောပြတယ်
အစ်မကလည်း အပျိုကြီးပီပီ အရမ်းလဲစွာပြီး သူလုပ်ချင်တယ်ဆိုရင် ရှေ့နောက်မစဉ်းစားပဲ လုပ်တက်တဲ့ အကျင့်ကရှိနေတော့ အခုလည်း သူနဲ့မဆိုင်တဲ့ကိစ္စမှာ မနေနိုင်မထိုင်နိုင်ဝင်ပါခဲ့ပြီး (တစ်ခြားနည်းနဲ့ ကူညီပေးလု့ိလဲ ရရဲ့သားနဲ့) ဒေါသတွေထွက်နေတာ မပြီးနိုင်မစီးနိုင်ကို ဖြစ်လို့ အဲတာနဲ့ နွယ်ပင်က ကဲကဲ ဒေါသကိုလျှော့ ထမင်းစားချိန်လည်းရောက်ပြီ ထမင်းစားဆိုပြီး ထမင်းခူးကျွေးတော့မှ ဇာတ်လမ်းက စတော့တယ် သူ့မှာ လက်ကိုဆေးလို်က် ဝေါ့ ဆိုပြီး အန်လိုက် ထမင်းစားမယ်လုပ်လိုက် သူ့လက်ကိုကြည့်ပြီး အန်လိုက်နဲ့ မနေ့က ပြန်တဲ့ အချိန်ထိ နွယ်ပင်တို့ အိမ်မှာ ထမင်းမစားဘဲ ပြန်သွားလေရဲ့ ………………

41 comments

  • water-melon

    February 21, 2012 at 3:18 pm

    အမလေး တုလား ထောက်လှန်းရေးကြီးကို လက်နဲ့ညစ်တယ်
    အူယားလိုက်တာတော်
    အပျိုကြီး အသဲထဲရင်ထဲတုန်သွားမယ်ထင်တယ်။
    xxxxxxxxxxxxxxxxxxD e l e t e d xxxxxxxxxxxxxxxxxxxxxxxxxx

  • Wow

    February 21, 2012 at 3:31 pm

    ဖရဲ နင်တော့ Rule နံပါတ် ၆ နဲ့ ညိနေပီနော်။
    ဘယ်လူမျိုးဘာသာမဆို ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ရှိကြပါတယ်ဟယ်….
    ခင်လို့ သတိပေးတာကို စိတ်ဆိုးရင်တော့ ထိပ်ထိုးခံရမယ်နော် ဒါဗြဲ 😀

  • ဘုကန့်လန့်

    February 21, 2012 at 3:36 pm

    ဟမရေး ဟမရေး ညှစ်စရာ ရှားလို့ ” အု ” ကို ဆွဲညှစ်လိုက် ပီးရော
    ကုလား အားပါး အားပါး အော်သွားမှာ
    ခုတော့ ……

  • ဆူး

    February 21, 2012 at 3:37 pm

    ဝီစီ မှုတ် လိုက်တာ မဟုတ်ဘူး။
    အဲဒီ အန်တီကြီးကို ပြောလိုက်ပါ.. လေးစားပါတယ် ရဲဘော်လို့ ပြောသွားတယ်လို့။

    • နွယ်ပင်

      February 22, 2012 at 10:48 am

      ဆူးရေ …. နွယ်ပင့်အစ်မက ဝီစီ ဝေတာမရလိုက်ပါဘူး
      အဲတာကြောင့် သူက စိတ်လိုက်မာန်ပါနည်းနဲ့ ဖြေရှင်းလိုက်တာပါ ……… ဟီးးး 😛

      • ရှမ်းပြည်သား (တောင်ပိုင်း)

        February 26, 2012 at 4:14 pm

        မနွယ်ပင်ကလည်းကြောက်စရာကြီးအစ်မရဲ့အစ်မအပျိုကြီးကလုပ်ခဲ့တာ။
        ဒါ့ကြောင့်အပျိုကြီးဖြစ်တာနေမှာ အမယ်လေးလေးနော်………..
        အပျိုကြီးအိမ်ထောင်သာကျလို့ သူ့ယောက်ျားကိုစိတ်ဆိုးရင်တော့လား မတွေးဝံ့ဘူးဗျို့။
        တစ်ရေးနိုးထသောင်းကျန်းနေမှဒုက္ခ ဒါပေမယ့်လေးစားပါတယ်လို့ပြောပေးပါဦး
        အဲဒီလိုနှာဘူးတွေကလဲ အမြစ်ပြုတ်အောင်နှုတ်မှမှတ်မယ့်လူစားတွေဗျို့။
        ဘာပဲပြောပြော အစ်မရဲ့အပျိုကြီးမမကိုထောက်ခံတယ်ဗျာ။
        စကားမစပ်ကျွန်တော့်မှာလည်းလူပျိုကြီးဦးလေးရှိတယ်လို့ပြောပေးပါဦးနော့်။
        ရှမ်းပြည်သားတွေကတော့ရိုးသားပါတယ်လို့။

  • စပ်ဖြဲ

    February 21, 2012 at 3:52 pm

    အဲ့ … နာတောင် အဲ့ဂလို ဆွဲမဆောင့်ရဲဘူး ….

  • nozomi

    February 21, 2012 at 4:05 pm

    ကိုပေါက်ဖော် ရေ
    ကျွန်တော်တို့ ကိုချောကြီး ရော နေထိုင်ကောင်းရဲ့လားဗျ
    ဒီ ရက်ထဲ ပျောက်နေသလားလို့ပါ
    အဲဒီလူကြီး ဗျာ…

    • စိန်ပေါက်ပေါက်

      February 21, 2012 at 4:45 pm

      ကိုချောကြီး ကျနော့်ဆိုင်မှာ တစ်နေကုန် ထိုင်နေတာဗျ
      တော်သေးတာပေါ့ဗျာ
      အဲလူကြီး..ဗျာ….

  • MaMa

    February 21, 2012 at 4:09 pm

    နွယ်ပင်ရဲ့ သရုပ်ဖော်စာက အင်မတန် သရုပ်ပေါ်ပါပေတယ်
    (ခေါင်းစဉ်ကတည်းက မြည်သံစွဲအလင်္ကာနဲ့) 😆

  • etone

    February 21, 2012 at 4:13 pm

    ha ha ha ha .. မိုက်တယ်ကွ … ။ ငြိမ်ခံနေမယ့် အစား .. တစ်ခုခု ပြန်တုံ့ပြန်ခဲ့သင့်တာ … ။
    ဒါပေမယ့် အစ်မနွယ်ပင်ရေ … အဲ့ဒီလို ဆွဲလိုက်ရမှာ ရွံစရာကြီးနော် … ။
    ကားပေါ်က ဆင်းဆင်းခြင်း သူ့ပုဆိုးစပါ .. ဆွဲပြီးဆင်းလာရမှာ … ဟေး ဟေး 😆

    ကားပေါ်မှာ ..ခဏလေးမတ်တပ်ရပ်တဲ့ အချိန် တဏှာထတဲ့ လူရဲ့ စိတ်ဓါတ်ကိုလည်း ..အ ံ့ဩမိတယ် ..ဒီထက်အပြင် သူဘာမှ လုပ်လို့မရတာလည်း သိလျှက်နဲ့ … ထွီး … မုန်း ထှာ .. ။ 👿

    အစ်မနွယ်ပင်ရေ .. မနက်က ညီမလည်း အိပ်ယာထနောက်ကျလို့ ရုံးကားမမှီပဲ ..ရွှေဧည့်သည်နဲ့ .. လှိုင်သာယာကို ကားစီးရတော့ .. နေရာမရဘူး … ရုံးချိန်မှီအောင် … မထူးဘူးဆိုပြီးစီးလိုက်တာ .. အညာသားလို ခပ်နုတ်နုတ် ငနဲတစ်ကောင် … မျက်နှာ အဆီတဝင်းဝင်းနဲ့ .. အနားလာကပ်တယ် … ကားကြပ်လို့ ကပ်တာထက်ကိုပိုပြီး နွဲ့သလိုလို လာမှီနေတော့ ..ကားဘရိတ်လည်း အုပ်ရော… ကြိုတွေးထားအတဲ့အတိုင်း တကိုယ်လုံးကအားကို …သုံးပြီး ..တတောင်ဆစ်နဲ့ စောင့်ပစ်လိုက်တော့ … သူပက်လက်တောင်ယိုင်သွားတယ် … ။ နောက်မှ သိလိုက်တာ.. သူက တန်းကိုင်ဖို့ အရပ်မမှီပဲကိုး .. ဟီးဟီး … ။ ဦးအောင်သာ ဆော်လိုက်ရတယ် .. အားတောင်နာသွားတယ် … 😛 😛

    • နွယ်ပင်

      February 22, 2012 at 10:52 am

      etone ရေ…
      နွယ်ပင်ဆိုရင် ဒီလိုနည်းနဲ့ ဖြေရှင်းမိမှာ မဟုတ်ပါဘူး တစ်ခြား တစ်နည်းနည်းနဲ့တော့
      ပြန်တုန့်ပြန်မိမှာပါ ညီမပြောတဲ့နည်းလေးကို(ပုဆိုးစပါ .. ဆွဲပြီးဆင်းလာရမှာ) ကို
      မနေ့က အစ်မကိုပြန်ပြောလိုက်တော့ သူက ဟုတ်ပရဲ့ အဲ့လိုလုပ်ခဲ့ရမှာဆိုပြီး ပြောနေသေးတယ် 🙂

  • စိန်ပေါက်ပေါက်

    February 21, 2012 at 4:42 pm

    …♫♪…..မင်းညှစ်မှ ညှစ်ပါ့မလား…..မင်းညှစ်မှ ညှစ်ပါ့မလား..ဟာ.♫♪..အဖြေရှာရန် မလွယ်ပါလား..စိုးရိမ်နေသူ..♫♪..
    နာရိုးမတားနှာဘူး…ကမကလ နှာဘူး..လစ နှာဘူး…ကုန်းကုန်းလုပ်ပစ်ရမှာ
    ဘာတဲ့ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုကလား..အမြစ်ပြုတ်အောင် ဖြုတ်ထလိုက်ရမှာ

  • မိုက်ကယ်ဂျော်နီငပွ

    February 21, 2012 at 6:41 pm

    အာပါး
    တော်တော်လက်ရဲဇက်ရဲရှိတဲ့အပျိုကြီးဘဲ

  • htet way

    February 21, 2012 at 6:42 pm

    ကားပေါ်မှာ အခွင့်အရေးယူတတ်တာတွေကြားဖူးပါတယ်
    တရိစ္ဆန်စိတ်ရှိသူတွေပါ
    တကယ်တော့ ကုလားပဲ ဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ်ပေါ့
    စာနာစိတ်ရှိနေရင် အရှက်တရားရှိနေရင် အကြောက်တရားရှိနေရင် ဒါမျိုးတွေ
    ဖြစ်မှာမဟုတ်ပါဘူး။
    တကယ်ပြောရရင် မြို့ ပြ နေမိန်းကလေးတွေကို ကျွန်တော်စာနာ ညှာတာမိပါတယ်
    စပါယ်ယာဆိုတဲ့ လူကလည်း အကြောင်းမဲ့ ကိုင်လိုက် ခရီးသည်အချင်းချင်းမှာတောင်
    လူတရိစ္ဆာန်တွေ က အခွင့်ရေးယူလိုက်
    နွယ်ပင်ရေ ဆောင်းပါးလေးက ရိုးပေမယ့် စာနာတတ်ခြင်းစိတ်ကို နိုးဆော်လိုက်တာပါ
    နောက်တစ်ခုကတော့ တဏှာရဲ့ ဆိုးကျိုးတွေကိုဖေါ်ပြလိုက်တာ
    ဘယ်ဘာသာမဆို တဏှာ ကို ပါးအောင်ပျောက်အောင် လေ့ကျင့်ခိုင်းတာပဲကွယ်
    အမွန်မြတ်ဆုံးကို သင်ပေးကြတာပဲလေ။ သတိမရှိသူတွေကတော့………………….
    တစ်ခုသတိရမိတာက ဒီလိုပဲ တခါက ကားပေါ်မှာ ကျွန်တော်ချစ်သူလေးကို
    ကပ်ပြီး အခွင့်ရေးယူသူနဲ့ ကြုံခဲ့ဖူးပါတယ် ကုလားတော့ မဟုတ်ပါဘူး
    ရှမ်းတရုတ်သိုင်းပညာလေး ပြခဲ့ပါတယ် ရဲစခန်းကို ခဏလိုက်ခဲ့ ဖူးပါတယ်
    ဒါလည်း ကိုယ်က ဒေါသ မထိန်းနိုင်ခြင်းပဲလေ….။နွယ်ပင် ဖြူစင်သော စေတနာနဲ့ စာကောင်းတွေရေးနိုင်ပါစေ ၊

  • ကျုပ်ဖြင့် မနွယ်ပင် ရေးထားတာရော ..
    အောက်က ကွန်မန့်တွေပါ ဖတ်လိုက်တော့ …
    ရီလိုက်ရတာဗျာ … ဟား … ဟား …
    ဘေးနား လူတွေရှိနေလို့ မနည်းအောင့်ပြီး ရီနေရတယ် ….
    _____________________________________
    မနွယ်ပင် အမဝမ်းကွဲ အပျိုကြီးက တော်တော် လက်ရဲတာပဲနော် …
    ကုလားတော့ တော်တော် ခံလိုက်ရမယ် … ဟီဟိ
    ကျုပ်အထင် နောက်အခါ အဲဒီကုလား လုပ်ရဲတော့မှာ ဟုတ်ဘူး …
    ကဲ … ယနေ့မှစ၍ အထောက်တော်များ သတိထားကြပေတော့ …
    ………. လာပြီဟေ့ ….
    😀 😀

    • နွယ်ပင်

      February 22, 2012 at 10:55 am

      ကိုအံစာတုံးရေ …
      နွယ်ပင့်အစ်မက လက်ရဲတာတော့ မဟုတ်ပါဘူး သူကစိတ်ကြီးတာပါ … 😛
      ကျန်တဲ့ အချိန်ဆို သူကအဲ့လို လုပ်ဖို့မပြောနဲ့ စကားတောင် အကျယ်ကြီးပြောတာ မဟုတ်ဘူး …. 🙂

      • မမနွယ်ပင်ရေ စိတ်ကြီးတဲ့ လူတွေများတစ်ခုခုထင့်လိုက်ရင် ကြောက်စရာနော်။
        ခုလဲ အပျိုကြီးက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆော်ထည့်လိုက်တာပေါ့။ဒီကောင်
        နောက်တစ်ခါဆို ကိုယ့်ပစ္စည်းကိုယ်ဖြတ်ခံထိမှာ ကြောက်နေလောက်ပီဗျာ။

  • yoeyar may

    February 21, 2012 at 8:38 pm

    အားပေးတယ်မမ
    ဆက်သာလုပ်

  • Harumoto

    February 21, 2012 at 9:06 pm

    ဝီစီတောင် မလိုဘူး..
    မှတ်ပီလား….
    နောက်တခါ အရင်းကနေပြုတ်သွားမယ်….အင့်..
    (အထူးလေ့ကျင့်ရေး တွင် လေ့ကျင့်နေသည်။)

  • pu ma

    February 21, 2012 at 10:28 pm

    အင်း ကြုံတုံးပြောပြအုံးမယ် …တို့တကသိုလ်တက်တုံးက
    နယ်ကသူငယ်ချင်းမ မှာကျောင်းတက်ခါစ ရန်ကုန်အကြောင်းမသိခင်ပေါ့
    ဘတ်စ်ကားပေါ်မှာ သူ့နောက်ကအဲဒီလိုလုပ်တာ ဘာမှန်းမသိတော့ အော်တာပေါ့နော်
    တို့တွေကလဲမပြောပြထားမိတော့သူ့မှာမူးမေ့သွားတာ
    သူငယ်ချင်းတွေအားလုံးအဲဒီတဏှာရူးကိုဝိုင်းသမတာပေါ့
    တို့ကျောင်းတက်တုံးကကမာရွတ်စခန်းကကျောင်းနဲ့နီးတယ်လေ
    ကားကိုရဲစခန်းမောင်းခိုင်းပြီးရဲလက်အပ်လိုက်တာပေါ့
    တို့သူငယ်ချင်းမှာတစ်ပတ်လောက်တကသိုလ်ဆေးရုံတက်လိုက်ရတယ်

  • unclegyi1974

    February 21, 2012 at 10:28 pm

    ပြင်ရအုန်းမယ့်စိတ်တွေ
    ဘယ်တော့မှပြင်လို့ရကြပါ့မယ်

  • ဦးဦးပါလေရာ

    February 22, 2012 at 12:20 am

    သတ္တိကောင်းတဲ့ အပျိုကြီးပဲ
    ချီးကျူးစရာပါ
    ဘတ်စ်စကားစီးရင် ခေါက်ထီးလိုဟာမျိုးလက်နဲ့ကိုင်ထားရင်ကောင်းမယ်
    လက်ပြန်ဆောင့်ထိုးခဲ့လို့ ရတာပေါ့

    • စောဝေတင့် (ပုဂံ)

      March 5, 2012 at 3:31 pm

      ဦးဦးပါလေရာက
      ကြုံဖူးတယ်ထင်ပါ့
      ခေါက်ထီးစားဖူးတယ်လားဟင်……….
      လူစုံလို့မေးတာပါနော်
      ဟိဟိ………….

  • Khin Latt

    February 22, 2012 at 5:10 am

    အဲလို လုပ်တာ အားများပြီး မတော် တက်ပြီး သေသွားမှဖြင့်။
    ရီလိုက်ရတာ တစ်ပင်ထဲနွယ်ရယ်။
    နောက်ပြီး တုံတုံ့အကြံ ပုဆိုး ယူပြေးတာလဲ ရောက်ရော ပိုပြီးရီမိ လိုက်တာ မျက်ရည်တောင် ထွက်တယ်။
    အဲလို သတ္တိခဲ ရဲရဲတောက်အမျိုးသမီး တွေ ကို မှတ်တမ်းလုပ်ထားပြီး ဆုငွေပေးရရင်ကောင်း မယ်။
    ဒါဆို လုပ်ငန်း လုပ်စားရင်တောင် ကုသိုလ်လဲရ၊ ဝမ်းလဲဝ ဘဲ။ 😀

    • နွယ်ပင်

      February 22, 2012 at 11:02 am

      အရီးလတ်ရေ …
      နွယ်ပင်လည်း အစ်မကို အဲလိုပြောပါတယ် မတော်တစ်ခုခုဖြစ်သွားရင်
      ဘယ်လိုလုပ်မလဲ စိတ်ကိုလျှော့ပါဆိုပြီးတော့ အဲ့တော့ အစ်မက ဒါတောင်
      သူ့ကို အဲလိုလာလုပ်တာမဟုတ်ဘူး သူများကိုလုပ်တာကို သူကမနေနိုင်လို့
      ဝင်ကူညီပေးတာတဲ့ သူ့ကိုသူအဲလိုလာလုပ်ရင် ဒေါသထွက်လွန်းလို့ အဲ့လူသေတောင်
      သေသွားမလားပဲတဲ့ နွယ်ပင့်အစ်မများ အဲ့လိုစိတ်ကြီးတာ ပြောပါတယ် ဟီးးးးးးးးး 😀

      ကို mg mg ရေ ….
      ဂျိတ်ကြီးကြီးတာဆောင်ထားရန် နွယ်ပင်က စွတ်ကနဲကို မြည်သွားပါရော ဆိုပြီး ခေါင်းစဉ်ပေးမိမယ်ထင်တယ် 😛 🙂

  • Ma Ei

    February 22, 2012 at 9:55 am

    နွယ်ပင်ရဲ့စာနဲ့ကွန်မန့်တွေဖတ်ပြီးတော..
    ကျိတ်ရီတာတောင်မရ.. ဘေးကလူပါသိသွားတယ်..
    Ma Ei လဲ လိုင်းကားစီးရသူဖြစ်တဲ့အတွက် အနားကပ် ရန်ပြုသူကို
    1.မကြည်ကြည့်ဖြင့်ကြည့်ခြင်း၊
    2.နေရာရွှေ့ခြင်း၊
    3.တစ်တောင်ဆစ်ဖြင့်တွက်ခြင်း၊
    4.ဖိနပ်ဖြင့်ဆောင့်နင်းခြင်း..စတဲ့ပညာစုံသုံးကာကွယ် ပေမဲ့..
    တိုးဆင်းတဲ့သူတွေရဲ့(တစ်ချို့) ရန်ကိုတော့ မကာကွယ်နိုင်ဘူး..
    နွယ်ပင်ရဲ့ အမကိုချီးကျူးပါတယ်..နောက်ဆိုရင် ချိတ်ဆောင်ပါလို့ပြောပေးနော်..

  • mg mg

    February 22, 2012 at 10:23 am

    မတရားတာတွေ့ရင် တုံ့ပြန်တတ်တဲ့ စိတ်ဓါတ်ကို လေးလဲလေးစားတယ်၊ ချီးကျူးချီးကျူးတယ်၊ အားလဲပေးပါတယ်၊ နောက်တစ်ခါဂျိတ်ကြီးကြီးဆောင်ထား။
    အဲဒါဆိုနွယ်ပင် ခေါင်းစဉ်ဘယ်လိုတပ်လိမ့်မလဲ။

  • minmin king

    February 22, 2012 at 12:05 pm

    နွယ်ပင် ရေ ……

    နောက်ဆို မင်းမင်း တော့ နွယ်ပင့် အတော်လို အန်တီမျိုးကို ရှောင် တော့မယ် ဗျာ …. ကြောက်စရာကြီး ဗျ…… မလွယ်ဘူးနော် …..ဟီးဟီး ဟီး …အမေမွေးတော့ အကောင်း…နွယ်ပင် ရဲ့ အတော်နဲ့ တွေ့ မှ ကိုယ်ကျိုးနဲ တော့ တယ် ဗျ………

    စတာနော် စိတ်မဆိုးကြေး …ခင်တဲ့
    မင်းမင်း

  • ချစ်ရင်ထူးနှစ်

    February 22, 2012 at 12:28 pm

    ဖွားဖက်တော် ဆိုတာ ဘာကိုပြောတာလဲ ဟင်
    🙂

    • nigimi77

      February 26, 2012 at 2:23 am

      မြင်း ကို ပြောတာဟေ့….မြင်းကို

      • စောဝေတင့် (ပုဂံ)

        March 5, 2012 at 3:26 pm

        ဖွါးဘက်တော် က မောင်စံ ဖြစ်ပါတယ်လို့နော်
        သေချာမှတ်ထား
        နောက်ဆိုအဲလို မမေးနဲ့………ဟွန်း
        ဟြေပြလိုက်ရမကောင်းဘူးထင်တယ်
        ဟားဟား

  • Burmese or Chinese

    February 22, 2012 at 1:05 pm

    အမလေး နာတောင် အဲ့ဂလို ဆွဲမဆောင့်ရဲဘူး ….
    တော်တော်လက်ရဲဇက်ရဲရှိတဲ့အပျိုကြီးဘဲ အသဲထဲရင်ထဲတုန်သွားမယ်ထင်တယ်။

  • Khaing Khaing

    February 22, 2012 at 1:49 pm

    အဲသလိုတော့မလုပ်သင့်ဘူး တော်ကြာဟိုက တစ်ခုခုလုပ်မှဖြင့်….တစ်ခါတုန်းက ကြားဖူးလိုက်လားမသိဘူး ထောက်လှန်းရေးတစ်ယောက်ကောင်မလေးကိုထောက်တာ ဘေးကဝင်ကယ်တဲ့လူကို ဓားနဲ့ထိုးသွားတာလေ သတိတော့ထားခိုင်း စိတ်သွားတိုင်းကိုယ်ပါလို့ ရတဲ့ခေတ်မဟုတ်ဘူး လူတွေက အသိနဲ့သတိသိပ်မရှိဘူး နွယ်ပင်အဒေါ်လိုပဲ စိတ်မြန်တဲ့လူဆို ခက်ရချည်ရဲ့ လူတွေက သွေးပူနေတုန်းမှာ စဉ်းစားဆင်ခြင်နိုင်တော့တာမဟုတ်ဘူး သူများကိုကူညီတဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲ….

  • Phaung Phaung

    February 22, 2012 at 2:48 pm

    ဟား … ဟား အပျိုကြီးကလက်သံပြောင်လိုက်တာ…ကုလားကတော့ ဘယ်လိုကျန်နေခဲ့လဲမသိဘူး…တော်တော်အီစလန်ဝေသွားမှာပဲ…စပယ်ယာကိုတိုးတိုးကပ်ပြောပြီး ဒီကောင့်ကို အရှက်ခွဲခိုင်းရမှာ..ကားပေါ်ကမဆင်းခိုင်းဘဲ ရဲစခန်းခေါ်သွားရမှာ…ရှေ့ကကောင်မလေးက ငိုတောင်ငိုတော့မယ်ဆိုတော့ တော်တော်လွန်တာပေါ့။

  • nigimi77

    February 26, 2012 at 2:17 am

    ဟယ်……အာပျိုဂျီးယယ်…..

    လက်ယဉ်ချက်ကတော့

    ဒါနဲ ့ ….နေပါဦး

    ကျုပ် အနေနဲ ့ အဲသည် ကုုလားဖက်က

    ရှေ ့နေလိုက်ပေးဖို ့ လိုတယ်

    ဘယ့်နှယ်……

    ဒါဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရား အလုပ်ခံရမှုပဲ…

    မောင်ကုလား …ရောက်ရာ အရပ်မှ အမြန်ဆက်သွယ်ပါ

    သင့် ဖွားဖက်တော်အား ကိုယ်ထိလက်ရောက် (တကယ်ကို

    လက်ဖြင့် ကိုယ်ထိလက်ရောက် ) ကိုင်တွယ်ပြီး လိင်ပိုင်းဆိုင်ရာ

    အနိုင်ကျင့်မှုဖြင့် အဆိုပါ အာပျိုဂျီးအား တရားစွဲဆိုမည် ဖြစ်သော

    ကြောင့် …………

    ပုံ

    ရှင်ကြီး နိဂိမိ

    အောက်ပိုင်း အကြီးတန်း ရှေ ့နေ

  • မွန်မွန်

    February 26, 2012 at 3:23 pm

    အစ်မရယ်
    ရီရတာ မျက်ရည်တောင်ထွက်တယ်။

    အစ်မအဒေါ်ကိုလှောင်တာမဟုတ်ဘူးနော်။ သူရဲ့ မဟုတ်မခံစိတ်နဲ့ စိတ်ကူးကို သဘောကျလို့ပါ။

    မွန်ကတော့ လိုင်းကားကြာကြာမစီးဖြစ်တော့ မကြုံရဘူး။
    ဒါပေမယ့် စပယ်ယာတွေကိုတော့ အရမ်းစိတ်တိုတယ်။ ဘာမဆိုင် ညာမဆိုင် လူကို ကိုင်ရတာနဲ့။ ထိရတာနဲ့။
    ကားပေါ်ကိုဆင်းပြီဆိုရင် ပိုဆိုးတယ်။
    သူတို့မကိုင်လည်း ဒီလိုပဲဆင်းမှာပဲကို။
    ပြီးရင် ပိုက်ဆံကောက်သလိုလိုနဲ့ တွန်းတွန်းသွားတာ။

    စဉ်းစားကြည့်မိတယ်။ အဲဒီလိုလုပ်လို့ ဘာများထူးခြားသွားကြလို့လဲမသိဘူး။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      February 26, 2012 at 4:28 pm

      အာ………မမွန်မွန်ကလဲဗျာ သူတို့အသားယူတာလေဗျာ
      နောက်ဆိုအရိုးဆောင်ထား စပါယ်ယာကိုပြောလိုက် အသားတော့မရဘူးအရိုးကြွေးမယ်လို့။
      အစ်မအတွက်တော့မကောင်းဘူး သူတို့အတွက်ကတော့ကောင်းတယ်ဆိုပြီးအဲလိုလုပ်တာ
      နောက်ဆိုလက်ဝါးထောက်ပြလိုက် ကိုယ့်အားကိုယ်ကိုးတတ်တယ်ဆိုတဲ့အကြောင်း။

  • သူရဇော်

    March 5, 2012 at 3:37 pm

    လာပီး ချီးကြူးသွားပါတယ်ခင်ည…………… အမျိုးတမီးတွေ တတ္တိရှိလာပီနော်……..ဟွင်း ဟွင်း

Leave a Reply