Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

hahaha Gtalk Virus !!!

မြသဲ ( 17082011 )February 23, 20121min43715

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg…is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ…ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)(ဒေါင်းမာန်ဟုန်)

၁..desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၄..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။

၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်…အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။
ပြီးသွားပါပြီ။ ခင်ဗျားစက်မှာ ဟဟဟ ဗိုင်းရပ် မတွေ့နိုင်တော့ပါ။ နောက်များ သူများ ပို့လာခဲ့လျှင်..လက်ခံ ရရှိခဲ့လျှင် စဉ်းစားပြီးမှ ဖွင့်ပါ။
thityaraik

 

mail ထဲဝင်လာလို့ပြန်မျှဝေပေးတာပါ။

15 comments

  • water-melon

    February 23, 2012 at 8:30 am

    ကျေးဇူးအစ်မသဲ
    နောက်မှကြုံရင် ဒုက္ခဖြစ်နေမှာ
    မဖြစ်ခင်သိလိုက်တော့ ကြိုတင်ကာကွယ်လို့ရတာပေါ့ 😆
    ရှဲရှဲ ကူးည

  • MTY

    February 23, 2012 at 8:46 am

    ကြားဖူးတယ်၊ကိုယ်တိုင်မကြုံသေးတာ၊
    မှတ်သားသွားပါတယ်၊ကျေးဇူး။

  • Shwe Tike Soe

    February 23, 2012 at 9:27 am

    ကျေးဇူးအစ်မရေ. ကျေးဇူး ကျွန်တော်စမ်းကြည့်လိုက်အုံးမယ်

  • ဆူး

    February 23, 2012 at 10:24 am

    ဆူး ဂျီတော့ ကို လာလာပြီး ပို့နေတာ ဒီလင့်ပါပဲ.. ဘာလင့် လာလာ စိတ်မဝင်စားလို့ ဖွင့်ကို မကြည့်ဖြစ်ဘူး။
    မဖွင့်မချင်းကို အဲဒီ လင့်က တချိန်ကုန် ပို့နေရင်တော့ ဘလော့လိုက်တယ်။
    ဗိုင်းရပ်မှန်း တော့ သိတယ်။
    အဲဒီ ပုံစံနဲ့ ဂျီတော့မှာ နှောက်ယှက်နေတာ တော်တော်ကြာနေပြီ။

  • နှူးဘာဂိုဏ်းချုပ်

    February 23, 2012 at 10:38 am

    ကျေးကျေး ဖော်ယွာ အင်ဖော်မေးရှင်းပါ…
    အထွန့်တက် ..အဲ့လေ အားဖြည့်ရရင်
    ဂျီတော့ သာမက စကိုက် မှာလည်း အလားတူ ဖြစ်နေပါကြောင်း…

    စကိုက်မှာ တော့ ဂလုချက် ပုံစံမျိုးနဲ့ ဖြစ်ပါကြောင်း …

    ခင်တဲ့
    😀

  • မဟာရာဇာ အံစာတုံး

    February 23, 2012 at 10:48 am

    တေးဇူးပါ ကိုသဲနုရေ ..
    မလာခင် ကြိုတင် ကာကွယ်နိုင်တာပေါ့ ..
    ကွန်ပျူတာ ဗိုင်းရပ်စ်ဆို များက ကြောက်လွန်းလို့ …… 😀

  • စိန်ပေါက်ပေါက်

    February 23, 2012 at 11:01 am

    ကျေးဇူးပါအာကို
    ဗိုင်းရပစ် အသစ်အဆန်းလေးတွေထွင်ကြတာပြဿနာမဟုတ်
    များတို ့အလုပ်ရှုပ်တယ်တော့..
    ကိုက်ခဲ့ရင် ပြန်သတ်နည်လေး သိလိုက်ပါပြီ အာကိုရေ့
    တိုင်းကျူးပါ

  • နွယ်ပင်

    February 23, 2012 at 11:16 am

    မနေ့ကတင် နွယ်ပင့် ဂျီတော့ကို လာပို့နေတာ
    ဘာလင့်မှန်း မသိတာနဲ့ ဖွင့်မကြည့်မိဘူး
    တော်သေးတာပေါ့ ဖွင့်မကြည့်မိတာ အခုလို ပြောပြတာ
    ကျေးဇူးပါ မသဲနုအေးရေ …………..

  • ahnyartamar

    February 23, 2012 at 11:28 am

    Thank you for sharing.

  • Thel Nu Aye

    February 23, 2012 at 12:36 pm

    မနက်စောစောက message ရတာနဲ့မြန်မြန်တင်လိုက်တာ။ ကိုးနက်ရှင်ကောင်းနေလို့တော်သေးတယ်။

  • htet way

    February 23, 2012 at 1:33 pm

    အစ်မကြီးပြောပြတာကျေးဇူးပါ
    ဒီလိုကွန်ပျူတာနဲ့ ပတ်သက်တဲ့ ၊ အင်တာနက်နဲ့ ပတ်သက်တာတွေရေးပေးပါအုံး

  • etone

    February 23, 2012 at 3:43 pm

    အစ်မသဲနုအေးရေ .. အသိနောက်ကျလေခြင်းပါ … ။ အဲ့ဒါကြီးရောက်လာဖူးတယ် … ။ တစ်ခါ က နှစ်ခါ .. နှစ်ခါက သုံးခါလည်းရောက်လာရော .. ကိုယ်လည်း ဖွင့်မိရော ..ဖွင့်မိတာနဲ့ … ဖိုင်တစ်ခု အော်တိုဒေါင်းလော့လုပ်ပါတယ် … ။ ဖိုင်က zip ဖိုင်ပါ … ။ အဲ့ဒါကို ဖွင့်တော့ … သူက ဗိုင်းရပ်စ်လိုမျိုး ၊ ဆေ့ဗ်မဖြစ်တဲ့ ဖိုင်တစ်ခုပါတယ် ဖွင့်မှာ သေချာလားလို့ ပြန်မေးတယ် … yes လည်း နှိပ်ရော… အဲ့ဒီမှာ စတွေ့တာပဲ .. စက်ကြီးဟမ်းပြီး .. ဂျီတော့တွေကို အော်တို လိုက်လိုက်ပို့နေတယ် .. ဒါနဲ့ပဲ ..ဂျီတော့ ကို ထွက်ထားရတဲ့ အဖြစ်ရောက်ရော ပြီးမှ .. Avira နဲ့သတ်တော့ … သုံးခါလောက် စစ်မှ .. အဆင်ပြေသွားတယ် …
    Karoolark နဲ့ ဂျီတော့သုံးလျှင်တော့ အဲ့လို မဖြစ်ဘူး … ။ 🙁

    • Thel Nu Aye

      February 23, 2012 at 9:32 pm

      အမကတော့ဘာမှန်းမသိရင်လုံးဝမဖွင့်ဘူး။ ကြောက်လို့။ တခါခံရပြီးပြီ။ ကွန်ပြူတာတခုလုံး ဖောမက်ရိုက်လိုက်ရတာကုန်ရော။ သေချင်ချင်ကိုဖြစ်ရောပဲ။

Leave a Reply