Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာသာခြားနဲ့ယူမယ်ဆိုရင် ဒါတွေစဉ်းစားဖို့လိုတယ်

ဦးဇင်းလည်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ မိမိတို့ဘာသာကို အထူးတလည်သိမြင်ပြီး ပိုမိုကောင်းမှုများများလုပ်တတ်အောင် မြန်မာပြည်နေစဉ်မှာလည်း တောင်းတန်းဒေသမှာမကျန် ကိုယ့်ဘာသာအကြောင်း ဟောပြောဆုံးမသင်ကြားပေးခဲ့ပါတယ်။ ခုလည်း ပြည်ပရောက်တော့ အွန်လိုင်းကနေ သိချင်တာများဖြေပေးခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မိမိလူမျိုးများဟာ ကိုယ့်ဘာသာအကြောင်း မသိလို့လား၊ ဘာလားတော့ မသိ။ တခြားဘက်ကိုရောက်ရောက်သွားတာ မြင်ကြားနေရတော့ စိတ်မချမ်းမြေ့ခဲ့ပါ။ ဒါနဲ့ ဘာသာတစ်ခုနဲ့တစ်ခုမတူရင် ဘယ်လိုတွေပြုလုပ်သင့်သလဲဆိုတာကို ပြည်တွင်းပြည်ပကလူငယ်တွေ အမေးများတာနဲ့ မိမိတက်သိသမျှ ဖြေပေးလိုက်ပါတယ်။

အယူဝါဒတစ်ခု ဘဝတစ်ခုမှာ လွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင်လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိအောင် ပြုလုပ်ဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘဝတွေ၊ အသိဉာဏ်တွေရှိတဲ့ ဘဝကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက် အသိဉာဏ်ရှိတဲ့ လူ့ဘဝလေးရရှိချိန်မှာ မျက်မှောက်ဘဝခဏတာကောင်းစားရေးကိုပဲမကြည့်ဘဲ ဘဝများစွာရေရှည်ခရီးကောင်းစားရန်ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်တာကြောင့် အဲဒီကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘဝမှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘဝများစွာမှာလည်း ကောင်းတာများဆက်လုပ်ပြီးသကာလ ကောင်းကျိုးများခံစားပြီး ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

အဲဒါကို ယခုခေတ်လူတွေက ရေရှည်ကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့်ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘဝကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ကြတာ များနေပါတယ်။ နောက်နောင်ဘဝတွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘဝမို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်ပဲပြန်လည်ခံစားရမှာဖြစ်တယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘဝတစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘဝတွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘဝများစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်အမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထားစဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှားလုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘဝဝယ် ဘဝခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခုခေတ်လူတွေဟာ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကို ပါသွား၊ ပြောင်းသွားတတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစားချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

ဥပမာ-မိန်းကလေးတစ်ယောက်ကို တခြားဘာသာယောက်ျားလေးတစ်ယောက်က မင့်ကို ကိုယ်တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘဝစာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့လက်ထက်ပြီးတဲ့အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘအစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် မိန်ကလေးနဲ့မရခင်တော့ ယောက်ျားလေးများက ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလိုပြောဆိုတဲ့ ဘာသာခြားယောက်ျားလေးများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဥပမာ-ဒီမိန်းကလေးက ဘယ်လိုယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အတွေ့ကြုံရင်ကျက်တာခြင်းမတူတာမို့ အပိုင်သေချာအောင် ကာမဂုဏ်ကိစ္စနဲ့ပါ သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး ယောက်ျားလေးနဲ့ လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ ယောက်ျားလေးဘက်ကို လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ တစ်ဘဝစာကောင်းစားရေးကို အထူးအားပေးကာ နောက်နောင်ဘဝ ရေရှည်ကိုမစဉ်းစားကြလို့ပါ။

အဲဒီတော့ နံပါတ်(၁)အနေနဲ့ မိမိနဲ့ဘာသာလူမျိုးမတူပါက ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင် သေချာလေး အချိန်ယူလေ့လာသုံးသပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ ကိုယ့်ယုံကြည်မှုအယူဝါဒရဲ့ အဓိကအခန်းကဏ္ဍမှာပါတဲ့ သာသနာဘောင်ကို တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ ဝင်ရောက်ခိုင်းခြင်းဟာ အကောင်းဆုံးပါပဲ။ ယောက်ျားလေးက ဘာသာခြားဆို၊ ဒုလ္လဘရဟန်း၊ မိန်းကလေးဆို သီလရှင် အနည်းဆုံး တစ်ပါတ်တော့ ဝတ်ခိုင်းကြည့်ပေးပါ။ တချို့ဘာသာဝင်တွေဟာ အပေါ်ယံကိုလိုက်လုပ်ပေးတတ်ကြပါတယ်။ ဘုရားရှိခိုးတာ၊ ကောင်းမှုလုပ်တာ၊ ကျောင်းကန်ဘုရားတွေလိုက်ပြီး သူတစ်ပါးယုံကြည်မှုရအောင် လုပ်ပေးတာတွေ့ရပါတယ်။ ဒါတွေဟာ သူတို့ဘာသာရဲ့ အယူဝါဒကို ထိခိုက်သွားတာမဟုတ်သလို သူတို့အယူဝါဒလည်း ပျက်ပြယ်သွားတာမဟုတ်တဲ့အတွက် ဘယ်သူမဆို လိုက်လုပ်ပေးနိုင်ပါတယ်။ ဒါပြင် သူတို့ဘာသာရဲ့ ဆရာသမားတွေ၊ မိဘဆွေမျိုးတွေကလည်း ဒီလောက်ကိစ္စတော့ လုပ်ကိုင်ခွင့်ပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းသူတို့လက်ထဲရောက်လာလို့ သူတို့ဂွင်ထဲရောက်လာရင် သူတို့စိတ်တိုင်းကျ ပြန်လည်သိမ်းသွင်းပြုလုပ်မယ်လို့ အကြံရှိနေကြလို့ပါ။ ဒါပေမဲ့ ဘာသာခြားများဟာ ဗုဒ္ဓဘာသာရဲ့သာသနာဘောင်ဝင်ရောက်ခြင်းကို ဘယ်သူမှအလွယ်တကူ ခွင့်မပြုကြပါဘူး။ ဒါကြောင့် မိမိကိုတကယ်ချစ်လို့ဖြစ်စေ၊ သူကိုယ်တိုင်က မိမိအယူဝါဒကို ယုံကြည်လို့ဖြစ်စေ မိမိဘာသာဘက်ကို လိုက်နိုင်မလိုက်နိုင် သေချာဖို့ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ခိုင်းမှ အဖြေထွက်မှာပါ။

အဲဒီလို သာသနာ့ဘောင်ကိုဝင်ရောက်ခိုင်းလိုက်မယ်ဆိုရင် ဘာသာခြားယောက်ျားလေးဟာ သူ့ကိုယ်တိုင်မယုံကြည်ရင်ဖြစ်စေ၊ သူ့ဆွေမျိုးအသိုင်းဝိုင်းက လက်မခံနိုင်ရင်ဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်ခြင်းကို တားမြစ်ကြပါလိမ့်မယ်။ ဒီလိုတားဖြစ်လာတဲ့အခါ မိမိကိုတစ်ကယ်ချစ်ပြီး မိမိဘာသာကိုယုံကြည်တဲ့လူဆိုရင် မိမိဘက်ကိုပါလာမှာပါ။ ဒါဆိုရင်တော့ ဘဝလက်တွဲဖော် သတ်မှတ်လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိစမ်းသပ်သလို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘဝခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တကယ်တမ်းသာ တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုရင် အဲဒီလူနဲ့ ဘယ်လိုကြောင့်ဖြစ်စေ မပေါင်းသင်းရပါက တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ချစ်ခင်ဖို့၊ ဘဝခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသောအရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘဝမှာ နောက်ဘဝများစွာအတွက် ရိက္ခာကောင်းတွေ များများစုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘဝကောင်းလေး၊ သိခဲလှတဲ့ အသိဉာဏ်ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သူတော်ကောင်းတရားထွန်းကားနေချိန်လေးမှာ ဒီဘဝထက် နောက်နောင်ဘဝတွေအတွက်ကို အဓိကထားစဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ဖို့နဲ့ ဘာမဟုတ်တဲ့အရာလေးနဲ့ မိမိရဲ့ဘဝလေးကို အဆုံးရှုံးမခံကြဖို့ သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း ဦးဇင်းရဲ့ ဖြေကြားပေးမှုကို ယခုတော့ ဒီမှာပဲ နိဂုံးချုပ်ပြီး နောက်တစ်ပါတ်ကျမှ ဘာသာခြားများအပေါ် ဘယ်လိုမြင်သလဲ။ ဘာသာတွေမှာ အဓိကမိန်းက ဘာလုပ်ရမှာလဲဆိုတဲ့ အမေးကို ရေးသားဖြေဆိုပေးသွားပါဦးမယ်။ စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေ ဆန္ဒပြုဆုတောင်းပေးလျက်……………။

မှတ်ချက်။ မိမိဘာသာဝင်များအား အသိပညာ၊ ဗဟုသုတရပြီး တွေးတောဆင်ခြင် ဆုံးဖြတ်တတ်အောင် ရေးသားပညာပေးခြင်းဖြစ်ပြီး တခြားဘာသာများကို စော်ကားခြင်း၊ စောင်းပြောခြင်း၊ ပုတ်ခတ်ခြင်း၊ နိမ့်ချခြင်းများ မပါရှိပါ။ သို့ဖြစ်၍ ဤဆောင်းပါးကို လူသားအားလုံး အသိပညာဗဟုသုတရပြီး တွေးခေါ်ဆင်ခြင်တတ်အောင် ဖြန့်ဝေပေးခြင်း၊ ပြောပြခြင်းများဖြင့် ပညာဒါန၊ ဓမ္မဒါနများ ယူကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

2 comments

  • ဆူး

    March 3, 2012 at 5:17 pm

    အသိတရား နုငယ်သေးတဲ့ ကလေးမလေးတွေကို ပြန်လည် သွန်သင် ဆုံးမနိုင်ရန် အတွက် ကောင်းမွန်စွာ မှတ်သား နာယူသွားပါတယ် အရှင်ဘုရား။
    ကျန်းမာချမ်းသာပါစေ။
    ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံနိုင်ပါစေ။

  • aye.kk

    March 3, 2012 at 5:49 pm

    ကျေးဇူးကြီးပါသည်ဘုရား..
    ဆုံးမစကားတို့အားများများနာခံယူလိုပါသည်ဘုရား..
    ယခုဆုံးမစကားတို့အား၊မှတ်သားသွားပါသည်အရှင်ဘုရား။

Leave a Reply