ပန်းတနော်မြို့သို့ အလည်တစ်ခေါက် (ရွှေမြင်တင်ဘုရားပွဲ)
ဒီကနေ့ တပေါင်းလပြည့်နေ့မှာတိုက်ဆိုင်မှုပေါင်းများစွာနဲ့ ပန်းတနော်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာထဲက သွားဖို့တိုင်ပင်ထားသူတွေ မသွားဖြစ်ကြတဲ့ ခရီးစဉ်လေးမို့ အချိန်နဲ့တပြေးညီ ပို့စ်တင်ပေးလိုက်တယ်နော် ….
ပန်းတနော်မြို့နယ်က ဧရာဝတီတိုင်းအတွင်းမှာတည်ရှိပြီး ညောင်တုန်းတံတား (ဗိုလ်မြတ်ထွန်း) တံတားကနေ ခဏလေးဆက်မောင်းသွားရုံနဲ့ရောက်ပါတယ်။ ရန်ကုန်-ပုသိမ်လမ်းပေါ်မှာတည်ရှိတယ်။ ဦးသန့်မြို့လို့လဲ လူသိများကြပါတယ်။ ရန်ကုန်ကနေ ကားကောင်းကောင်း လမ်းကောင်းကောင်းနဲ့ နှစ်နာရီတောင်မကြာတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။
ရန်ကုန်-ပုသိမ်လမ်းက စားသောက်ဆိုင်တွေ မကောင်းဘူးလို့ ဒီရွာထဲမှာပြောထားဖူးတာကို သက်သေပြချင်တဲ့ ပန်းတနော်ရွာသူက ယူရေးနပ်စ်လို့နံမည်ပေးထားတဲ့ ပန်းတနော်က စားသောက်ဆိုင်မှာ နံနက်စာကျွေးတယ်။ ရန်ကုန်မြို့ပေါ်က လက်ဖက်ရည်ဆိုင်တွေလိုမျိုး အသွင်အပြင်နဲ့ စည်ကားနေတဲ့ဆိုင်ကလေးဖြစ်ပါတယ်။ အစားအသောက်တွေက ရန်ကုန်ထက်တောင် ပိုကောင်းပြီး ပိုက်ဆံရှင်းတော့ ရန်ကုန်ထက်ဈေးသက်သာနေတယ်။ မုန့်ဟင်းခါးအကြော်နဲ့မှ ၂၅ဝ ကျပ်ပဲ ပေးရတဲ့ ပန်းတနော်မုန့်ဟင်းခါးက စားလို့အဆင်ပြေပါတယ်။
ပန်းတနော်ကိုသွားဖြစ်တဲ့အကြောင်းရင်းတစ်ခုက ပန်းတနော်မှာကျင်းပနေတဲ့ ရွှေမြင်တင်ဘုရားပွဲမှာ ပန်းတနော်အသင်း(ရန်ကုန်)က ကြီးမှူးပြီး စတုဒီသာကျွေးမွေးခြင်းအစီအစဉ်ကို သွားရောက်အားပေးခြင်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ရောက်ဖူးတာမို့လို့ မြို့အခြေအနေကို သေချာလေ့လာကြည့်မိသလောက် ခပ်သေးသေးမြို့ကလေးတစ်မြို့ဖြစ်ပြီး ရှေးဆန်တဲ့အဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းနဲ့ မယ်သီလရှင်ကျောင်းတွေ တော်တော်များများတွေ့ခဲ့ရတယ်။ တောဆန်ဆန် သဘာဝရှုခင်းများကိုလဲ မြင်တွေ့ရပါတယ်။ ရွှေမြင်တင်ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၁၁ ရက်ကနေ တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်ပြီး အနီးအနားကျေးရွာများမှ ဘုရားဖူးများလာရောက်လေ့ရှိပါတယ်။ ရန်ကုန်မြို့ပေါ်က ရွှေတိဂုံဘုရားပွဲကိုကျော်ပြီး ပန်းတနော်က ရွှေမြင်တင်ဘုရားပွဲကိုရောက်သွားတဲ့ အဖြစ်အပျက်က တကယ့်ကို အမှတ်တရပါပဲ …
ရှေးလက်ရာများနဲ့ အာရုဏ်ခံတန်ဆောင်ကြီးတွေမှာ ဘုရားဖူးလာသူတွေအပြည့်ရှိနေတာတွေ့ခဲ့ရတယ်။ စတုဒီတာကျွေးတဲ့ တန်ဆောင်းထဲမှာလဲ လူတွေအပြည့်၊ တရားနာဖို့ပြင်ဆင်ထားတဲ့တန်ဆောင်းထဲမှာလဲ လူအပြည့်၊ ဇောင်းတန်းတွေမှာလဲ ဈေးသည်တွေအပြည့်နဲ့ လူတွေလဲအပြည့်ပဲ။ ကြက်သား၊ ဝက်သား၊ ငပိချက်၊ ချဉ်ပေါင်ဟင်းနဲ့ ဂေါ်ဖီရွက်သုတ်နဲ့ နေ့လည်စာစားခဲ့ရတယ်။ ဘုရားပွဲအလှူမှာ ထမင်းစားခဲ့ရတာကလဲ အမှတ်တရပါပဲ။ ဘုရားပွဲကို ကုန်းလမ်းကလာကြသလို ရေလမ်းကလာတဲ့သူတွေလဲရှိပါတယ်။
ပန်းတနော်မြို့ထဲက တံတားဦးဘုန်းကြီးကျောင်းကိုရောက်ဖြစ်ခဲ့ပြီး ဦးသန့်နဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုတွေ့မိတာနဲ့ ဓါတ်ပုံရိုက်ယူခဲ့လိုက်တယ် …
ပန်းတနော်ခရီးစဉ်မှာ ဘုန်းကြီးကျောင်းတွေနဲ့ ကိုယ်ထူကိုယ်ထဆေးရုံတစ်ရုံရောက်ခဲ့ပါသေးတယ်။ ယနေ့ တပေါင်းလပြည့်နေ့မှာ ရွှေမြင်တင်ဘုရားကို အဓိကထားပြီး ပူဇော်ချင်တာကြောင့် ဘုရားပွဲပုံများကိုသာ ဦးစားပေးပြီး ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ် …
33 comments
weiwei
March 7, 2012 at 9:32 pm
ဘုရားပွဲသွားရအောင်လို့ ဖိတ်ခေါ်ခဲ့တဲ့ အန်တီမမကို ကျေးဇူးအထူးတင်ရှိပါကြောင်း …..
htet way
March 7, 2012 at 9:41 pm
ကိုနေးချားတို့ မမကြီးတို့ ပါလိမ့်မယ်
ဖတ်ရှု့ အားပေးခဲ့ပါကြောင်း
Khin Latt
March 7, 2012 at 9:43 pm
မရောက်ဘူး တဲ့ အရပ်က ပုံလေးတွေ ကို မြင်ရတာလို့ တန်ဖိုးရှိလှပါတယ်။
ကျေးဇူးပါ ဝေဝေ ရေ။
ကြည့်ရတာ မမ နဲ့ သွားကြတယ်ထင်ရဲ့။
ဝင်ပြီး ပူးပေါင်း ချင်လိုက်တာနော်။ 🙂
ကျန်ပုံတွေ ကို ဆက်ကြည့်ဖို့ စောင့်မျှော်နေပါသည်။
MaMa
March 7, 2012 at 9:44 pm
အဲဒီချောင်းကလေးက ပန်းတနော်ချောင်းပေ့ါ။
အရင်တုန်းကဆိုရင် အဲဒီချောင်းကလေးကပဲ ပို့ဆောင်ရေးမှာ အဓိက တာဝန်ယူခဲ့တာပေ့ါ။
ခုတော့လည်း retire ရသွားပြီလို့ ပြောရမယ်ထင်တယ်။
ကားလမ်းတွေရှိတော့ သိပ်မသုံးကြတော့ဘူး။
weiwei
March 7, 2012 at 9:57 pm
ချောင်းကလေးက ပင်စင်ယူလိုက်ရလို့ တည်ငြိမ်သွားသလိုပဲ ….
ရေစီးငြင်သာပြီး သန့်ရှင်းနေတယ် … ဆိတ်ငြိမ်မှုလဲ တွေ့ရတယ် … ရင့်ကျက်မှုလဲ ရှိနေတယ် … သမိုင်းတွေကိုပဲ သိမ်းဆည်းထားသလိုပဲနော် …
ကိုပေါက်(မန္တလေး)
March 7, 2012 at 9:47 pm
မမ ကျနော်တို့လဲနောက်တစ်ခါလိုက်မယ်။
ကဲ ပန်းတနော်သူားများ ခင်ဗျုားတို့မြို့က အနုပညာနဲ့ပါတ်သက်တဲ့ဆရာကြီး တစ်ဦးထွက်ပေါ်ခဲ့ဘူးပါတယ်။
ဦးသန့်ထက်ကြီးမယ်ထင်ပါတယ်။
သိသူရှိရင်ဖြေပေးပါ။
ဗဂျီဆရာကြီးလို့သိရပါတယ်။
pooch
March 7, 2012 at 9:48 pm
တန်ဆောင်းကြိးများက ရှေးဟန်လေးလို့ထင်ပါတယ်။ ဦးသန့် နာရီလေးက တော့ တကယ့်ကို သမိုင်းဝင်နေပါပြီ။ ကိုယ်တောင် ဒီလိုလေး ရှိမှန်း ပြောပြတဲ့လူ ရှိလို့ သာ သိရတာ ။ ကြုံကြိုက်ရင် တခေါက်လောက်တော့ ရောက်ဖူးချင်ပါတယ်။
ကိုပေါက်(မန္တလေး)
March 7, 2012 at 9:56 pm
မမရေ မေးခွန်းပေးထားတယ်နော်
MaMa
March 7, 2012 at 10:09 pm
ပန်းချီဆရာကြီး ဦးဘကြည်လား မသိဘူး။
အမှတ်အသားတော်တာ နာမည်မေ့နေတယ်။
ထင်တာတော့ မေးတဲ့လူကိုယ်တိုင်က သိနေသလိုပဲ 😀
Ma Ma
March 17, 2014 at 7:44 pm
ခုရက်ထဲမှာ စာပေဗိမ္မာန်ကထုတ်တဲ့ ပန်းချီဆရာကြီး ဦးဘဉာဏ်အကြောင်း စာအုပ်လေး အမွှာညီအမဆီကရလို့ ဖတ်နေတယ်။
ကိုပေါက်မေးတုန်းက မဖြေနိုင်ခဲ့တဲ့ မေးခွန်းကို အခုလာဖြေတာ။
နောက်ပြီး ပန်းချီဆရာကြီး ဦးဘဉာဏ်စာအုပ်ဖတ်ပြီး ကိုယ့်ကိုကိုယ်လည်း သတ်ပုံစစ်တယ်ဆိုတာကို ရီချင်မိတယ်။
ခုရက်ပိုင်း ကိုရင်စံလှကြီး ရေးသလို သူ့အချိန် သူ့နေရာ သူ့စံနှုန်းနဲ့ ရှိတာမို့ တခါတလေမှာ အမှန်တရားက တစ်ခုမက ဖြစ်နေတာတွေ ရှိသေးတယ်။
surmi
March 8, 2012 at 12:39 am
မဝေဝေနဲ. အန်တီ မမ အတူသွားသကိုး ။အမြတ်ခွန်ပို.စ် မှာ ကျုပ်ကဘယ်နေရာလည်းလို.စဉ်းစားလိုက်ရတာ
ဒီပို.စ်သာအရင်ဖတ်မိရင် ခေါင်းစားသက်သာတာပေါ.။ပုသိမ်ကိုအကြိမ်ပေါင်းများစွာရောက်ခဲ.ပေမဲ.
ပန်းတနော်ကိုတော. ကျော်သွားခဲ.တယ် ။ဒါပေမဲ. ပန်းတနော်ဖျာကိုတော. ခုထိ စွဲစွဲလန်းလန်း
အိပ်နေတုန်းဘဲ……..။ဧရာဝတီတိုင်းကိုတော်တော်နှံ.ခဲ.ပေမဲ. မော်တင်စွန်းနဲ.ပန်းတနော်ကတော.
ကျန်ခဲ.တယ်………ပုံတွေအတွက်ကျေးဇူးပဲ ……ဘွားဆူး စိတ်ကူးနေတဲ. အလှု ကျရင်လဲ မဝေနဲ.
အန်တီမမတို. ပါကြမယ်ထင်ပါတယ် ။
weiwei
March 8, 2012 at 10:16 am
အလှူအတွက် ကြိုတင်ဆာဗေးထွက်တဲ့သဘောပါပဲ …
တကယ်လှူဖြစ်တဲ့အခါကျရင်တော့ အားလုံးစုပေါင်းပြီး အတူတကွ သွားလှူကြတာပေါ့ …
Mလုလင်
March 8, 2012 at 1:24 am
ဈေးတန်းပုံလေးတွေ မြင်လိုက်တယ်။ ပုံလေးတွေက သဘာဝ ကျလိုက်တာ။ တကယ့် သဘာဝ ကိုဖော်ညွှန်းနေတဲ့ ပုံတွေပါပဲ။ “တောသူတွေဟာ တကယ့်ကိုရိုးတယ်။ ဘာဘာညာညာတွေလဲ နားမလည်…” ဆိုတဲ့ သီချင်းကို ရေးခဲ့တဲ့သူကို ပြောချင်တာက … ရန်ကုန်သား ကျွန်တော် ကျွဲရိုင်း ဗူးဆိုတာကို ရန်ကုန်မှာ ဘယ်မှာ ဝယ်ဝယ် 350 နဲ့ ရတာကို ရေနီ မှာ နှစ်ဗူး ပေး ဆိုတော့ ၇၀ဝ တဲ့ အဲ့ဒါနဲ့ အဖော် လိုက်တဲ့ လူတွေကို ပေးလိုက်ပြီးပိုက်ဆံ ရှင်းမယ် လဲ လုပ်ကော ၇၀ဝ ဆိုတာ တစ်ဗူးဖိုးပါတဲ့ တကယ်တန်းက ၁၄၀ဝ ပါတဲ့… အောင့်သက်သက် နဲ့ ပေးခဲ့ရပါပေါ့ . . .။ ပုံ တွေ share တဲ့ အတွက် ကျေးဇူးပါလို့ ……
လေးစာစွာဖြင့်
Mလုလင်
ကြောင်ကြီး
March 8, 2012 at 9:53 am
ပန်းတနော်သူ
မမခေါ်လို့
ရောက်ခဲ့တယ်
ရွှေမြင်တင်ဘုရားပွဲ၊
ဦးသန့်အလှူ
နာရီကြီးနဲ့
စားရတယ်
မုန့်ဟင်းခါး
ရန်ကုန်ထက်ပိုကောင်း…။
manawphyulay
March 8, 2012 at 12:54 pm
မမဝေရေ.. ကျေးဇူးပါနော် ဘုရားပွဲတွေ လှည့်ပြီး ဖူးမြော်ရတာပေါ့။ ပန်းတနော်ရောက်ရင်တော့ ဖျာဝယ်ချင်တာပဲသိတယ်။ အရင် ပုသိမ်ကပြန်တော့တောင် ပန်းတနော်မှာ ကားခဏရတုန်းလေး ဖျာဆင်းဝယ်တာ ကားပြန်ထွက်ခါနီး ကားသမား ပန်းတနော်ဈေးတစ်လျှောက် ရန်ကုန်ပြန်မယ့်ခရီးသည် ကားထွက်တော့မယ်ဆိုပြီး လိုက်အော်တာ ခံခဲ့ရဖူးသေးတယ်။ ဒါကိုလည်း ပြန်အမှတ်ရမိတယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 8, 2012 at 1:20 pm
မမဝေဝေရေ…..ဦးသန် ့လှူခဲ့တဲ့နာရီကြီးက ကောင်းတုန်း
ဘဲနော်။ပန်းတနော်က သံတွဲကနေ ဂွတောင်ကြားလမ်းအတိုင်း
သွားမယ်ဆိုရင် သံတွဲ-ဂွ-ရေနံ ့သာ-ညောင်တုန်း-ရန်ကုန် လမ်း
အတိုင်းဆိုနီးတယ်လေ။ဒီဖက်ကသွားရင် ပြောတာပါ။
blackchaw
March 8, 2012 at 1:34 pm
အလှူလုပ်ဖြစ်ရင် ယူရေးနပ်စ်ဆိုင်မှာ ထမင်းကျွေးကြပါဗျာ။
ထန်းလျက်နဲ့ လုပ်တဲ့ မုန့်လက်ဆောင်းလေးလည်း အချိုတည်းချင်သေးတယ် ဗျို့။
ချောင်းထဲမှာ စက်လှေစီးပြီး ဓါတ်ပုံလည်း ရိုက်ချင်ပါတယ်။
ပန်းတနော် ရပ်ကွက်လူကြီး မမ ကူညီပါ…။ 😀
weiwei
March 8, 2012 at 1:57 pm
ဒီကိစ္စတွေအားလုံး စိတ်တိုင်းကျဖြစ်စေရပါမယ် …
(ရပ်ကွက်လူကြီးကိုယ်စား ဖြေပေးလိုက်သည် … 🙂 )
ဆူး
March 9, 2012 at 6:17 pm
အလှူ သွားရင်တော့ လိုက်ချင်တဲ့ ပရိတ်သတ် အားလုံးကို ခရီးစရိတ်ငြိမ်း တာဝန်ယူပြီး ခေါ်သွားပါမယ်။
မြန်မာပြည် ရဲ့ တခေတ်တခါ ကမာ္ဘနဲ့ချီပြီး နာမည်ကျော်ကြားတဲ့ ဦးသန့် ရဲ့ ဇာတိမြို့လေးကို ရွာသားတွေ တစ်စု တစည်းတည်း သွားရောက်ရတယ် ဆိုတာလည်း ဂုဏ်ယူစရာ ကောင်းလှပါတယ်။ ခရီးမှာ လိုက်ပါသူတွေကလည်း မသိသေးတာတွေ လေ့လာပြီး သိထားပြီးတာလေ ပြန်လည် မျှဝေလို့လည်း ရနိုင်မယ်လို့ ထင်ပါတယ်။
အစီအစဉ်တွေ သေချာ ရေးဆွဲပြီးရင် ပိုစ်တင်ပြီး သေချာ ကြေညာပါ့မယ်။
စိတ်ဝင်စားသူတွေ အားလုံးကိုလည်း ကြိုဆိုပါတယ်။
ရည်ရွယ်ချက် ကို အကြမ်းဖျဉ်း ရေးပေးခဲ့ပါတယ်။
လူတိုင်းလည်း အမြဲ မကျန်းမာနိုင်သလို ပိုက်ဆံ ရှိတိုင်းလည်း အသက်မရှင်နိုင်ပေမဲ့ ပိုက်ဆံ ရှိမှသာ အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေးရှိ သလို ခံစားနေရတဲ့ ဝေဒနာ သက်သာစေပါလိမ့်မယ်။
ရှင်သန်မှု အခွင့်အရေး အတွက် ဆေးရုံဆေးခန်း နဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။
နာမကျန်း ဖြစ်လို့ ပိုက်ဆံ က မရှိ ဆေးရုံဆေးခန်းကဝေးလွန်းလှတဲ့ အရပ်မှာ (မြို့) ရှိနေမယ် ဆိုရင် ဆေးရုံကို သွားဖို့ ကြမ်းတမ်းတဲ့ လမ်းခရီးကို ကျော်ဖြတဖို့ အချိန်များစွာ ပေးပြီး သွားရမှာပါ။ ခရီးကြမ်းတဲ့ ဒဏ်ကို ဝေဒနာ ခံစားနေရသူ မခံနိုင်တဲ့ အခါ လမ်းမှာတင် အသက်ပေးသွားယုံမှ တပါး အခြားမရှိသောကြောင့် မြို့နဲ့ အလှမ်းဝေးပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတဲ့ အာယုဒါန ဆေးရုံ တစ်ရုံကို စိတ်ကူးရပြီး ဆေးရုံ အတွက် အလှူခံပေးဖို့ စိတ်ကူးထားတာပါ။ လမ်းခရီး နီစပ်တဲ့ နေရာမှာ ဆေးရုံ ရှိတော့ ကုရင် ပျောက်နိုင်တဲ့ ရောဂါ ဥပမာ အူအတက်ပေါက်ခြင်းမျိုး.. တခြား ရောဂါ မျိုးစုံ ရှိပါသေးတယ်။
ဆေးရုံ တစ်ရုံဖြစ်ဖို့ဆိုတာ သင့်တင့်တဲ့ အထောက်အပံ့ရှိမှ ဖြစ်မှာ မို့.. ကျန်းမာရေး နဲ့ ပတ်သတ်တဲ့ ဆေးဝါး ဆေးရုံသုံး ပစ္စည်း က စလို့.. လိုအပ်ချက်ပေါင်းများစွာရှိနေသေးတာလည်းပါပါတယ်။
လစ်ဟာနေတဲ့ အပေါက် တစ်ပေါက် ကို အပ်ပေါက် တစ်ပေါက်စာ ဖြည့်နိုင်လည်း အပ်ပေါက် တစ်ပေါက်စာ လုံခြုံသွားလိမ့်မယ်လို့ ယူဆထားပါတယ်။
yaungchikha
March 8, 2012 at 6:19 pm
ပန်းတနော်မြို့ကို ကြားပဲကြားဘူးပြီးမရောက်ဘူးဘူး၊ ပုံလေးတွေမြင်တော့ သွားလည်ချင်လိုက်တာ၊
တညင်သား
March 8, 2012 at 11:02 pm
သင်ဖြူးဖျာ အလွန်ကောင်းတဲ့ ပန်းတနော်……နောက် တကြိမ် သွားရင်ပြောကြပါ ဖျာလေးတစ်ချပ်လောက်မှာချင်လို့..
ဆူး
March 9, 2012 at 5:50 pm
တညင်သား က ကိုရီးယားမ ကို ပန်းတနော် သင်ဖြူးဖျာ နဲ့ တင်တောင်း တော့မလို့လား..
Mလုလင်
March 9, 2012 at 12:13 am
ကြည့်ရတာ ရေချို ပေါပြီးစိုက် သမျှဖြစ်ထွန်းမယ် ထင်တာပဲ။ မရောက်ဖူး သေးဘူး …. အခါအခွင့် သင့်ရင်တော့ မရောက် .. ရောက်အောင် သွားလိုက်ဦးမှ ….
padonmar
March 9, 2012 at 12:30 am
အလှူသွားရင်တော့ လိုက်ဖြစ်အောင်လိုက်မှပဲ။
ဖျာလက်ဆောင်မရလိုက်ပဲနေမယ်။
weiwei
March 9, 2012 at 12:40 am
ဖျာလက်ဆောင်တင်ဘယ်ကမလဲ … ပန်းတနော် မြို့သူမြို့သားတွေက အရမ်းဖော်ရွေကြတာ … ပန်းတနော်သဘာဝရှုခင်းတွေကလဲ လှမှလှပဲ … စေတီပုထိုးတွေနဲ့ အဆောက်အဦးတွေကလဲ လက်ရာကောင်းတယ် … အစားအသောက်လဲ ပေါတယ် …
ကျွန်မက ကံကောင်းလွန်းလို့ တစ်ယောက်ထဲလိုက်သွားဖြစ်တာနေမှာနော် … 😛
ဆူး
March 9, 2012 at 5:52 pm
ပထမ ကံထူးသူ ထဲမှာ ဆူး တောင် မပါနိုင်ခဲ့ဘူး။ ခရီးလွန်နေလို့ ပန်းတနော် ခရီးတကြောင်း လွတ်သွားခဲ့တယ်။ အချက်အလက်တွေ စုစည်းပြီး အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားမှာပါ။
MaMa
March 9, 2012 at 6:12 pm
စိတ်ပါဝင်စားပြီး လိုက်ဖြစ်အောင် လိုက်လာတဲ့ တစ်ဦးတည်းသော ဧည့်သည်ကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုယ့်ဇာတိမို့ ဆွေမျိုးမိတ်သင်္ဂဟတွေရှိလို့ ချစ်ခင်တဲ့စိတ်လေးနဲ့ သွားရပေမယ့်
အပြင်လူတွေအတွက်ကတော့ မြို့သေးသေးလေးမို့ ကြည့်ရှု့စရာ ဘာမှမရှိတဲ့နေရာမို့ တော်ရုံနဲ့ မရောက်ဖြစ်ပါဘူး။
(ကြုံတုန်းကြွားရရင်ဖြင့် ကိုယ့်လိုပဲ ကိုယ့်မြို့ကို ပြန်လာပြီး လှူကြတန်းကြသူတွေနဲ့လည်း တွေ့ခဲ့ကြရသေးတယ်။)
စိတ်ပါဝင်စားကြတဲ့ ရွာ့ဆွေရွာ့မျိုးတွေအားလုံးကိုလည်း လိုက်လည်ချင်တယ်ဆိုလို့ကတော့ ခေါ်ဦးမှာ 😆
weiwei
March 10, 2012 at 12:07 am
တစ်ဦးတည်းသောဧည့်သည်ဖြစ်ခဲ့ရလို့ အရမ်းဂုဏ်ယူပါတယ် …
နောက်ထပ် ဆေးရုံအလှူအတွက်လည်း တတ်နိုင်သလောက် ပါဝင်အုန်းမှာ …
နောက်တစ်ခါသွားရင်လဲ လိုက်အုန်းမှာ … 🙂 🙂
kai
March 10, 2012 at 4:24 am
ဦးသန့်မွေးတဲ့နေရာလောက်မှာ.. ဖြစ်နိုင်ရင်.. အဲဒီလို အောက်ကမှတ်တိုင်မျိုးလေး ထားချင်တာကွယ်..
ရွာသူားတွေ စုလုပ်ကြရင် ကောင်းမှာ… 🙂
ဆူး
March 10, 2012 at 9:16 am
သဂျီး စပွန်ဆာ ပေးမလို့လား.. 😀 :))
ရန်ကုန် လာရင်တော့ ကတုံး တုံး (ကတိန်းချော) ဘုန်းကြီး တန်းဝတ်ပေးပြီး ဖားအောက် ကို ၁လလောက် ပို့လိုက်မယ်။ ဟွန့်…
သေသွားတဲ့ လူ အတွက် အမှတ်တရ အရေးကြီးပေမဲ့ မသေသေးတဲ့ လူတွေ အသက်ဆက်လက် ရှင်သန်နိုင်ဖို့ ကျန်းကျန်းမာမာ ရှိဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်။
အမှတ်တရ ဆိုတာ နောင်လာတဲ့ မျိုးဆက်တွေ အားကျပြီး သူ့ထက် သူ သာအောင် လုပ်ချင်စိတ်ဖြစ်အောင် လုပ်တာလို့ ယူဆတယ်။
ယခု အသက်ရှင်သန်နေတဲ့ သူတွေ နဲ့ နောင်မျိုးဆက်တွေ ကောင်းကျိုးတွေ ဖြစ်မဲ့ ကိစ္စတွေ များများ လုပ်ရမယ်။
ဆူး
March 10, 2012 at 9:22 am
http://a5.sphotos.ak.fbcdn.net/hphotos-ak-ash4/s320x320/423513_204319176336199_100002743548967_281117_1900154240_n.jpg
သဂျီး ပုံတင်ခွင့် မပေးလို့.. ဒီလိုပဲ တင်ပေးလိုက်တယ်.. ကြည့်ကြည့် ဘာ ဗိုင်းရပ်မှ မဟုတ်ဘူး။
etone
March 10, 2012 at 10:48 am
ပန်းတနော်ကို .. အသက်ငယ်ငယ်က တစ်ခါပဲ ရောက်ခဲ့ဖူးသေးတယ် …. ။ ကျွန်မဖိုးဖိုးရဲ့ ဇာတိမို့လို့လေ … ။
အဲ့ဒီတုန်းကတော့ ..နေရောင်ပြင်းလည်း …. ချောင်းထဲ ဆင်းပြီး … ရေချိုးခဲ့တာ မှတ်မိသေးတယ် ….. ။
ဆယ်တန်းတုန်းက ထွက်တဲ့ ဂုဏ်ထူးအရေတွက်လိုက်ပြီး … ပိုက်ဆံဆုချတာလည်း ရခဲ့ဖူးတယ် … ။
ဖိုးဖိုးမဆုံးခင်ကတော့ …. ပန်းတနော်အသင်း(ရန်ကုန်)က လုပ်တဲ့ … ပွဲတွေ ရောက်ဖြစ်တယ် … လုပ်အားပေးဖြစ်တယ် …အခုတော့ သူဆုံးတာ ငါးနှစ်ပြည့်ပြီ ….. အသင်းဖွဲ့နဲ့လည်း .. မိသားစုတွေ အဆက်သွယ်ပြတ်ခဲ့ပြီလေ … ။ ရွာပြန်လည်ဖို့ဆိုတာကတော့ … ဟိုမှာ ဘယ်သူမှလည်း မကျန်ခဲ့တော့ …အတော်ကြီးအလှမ်းဝေးသွားတယ် …. ။ ဓါတ်ပုံတွေကြည့်ပြီး …. ပြန်အောက်မေ့ရတော့မယ် … ။ 🙁
alinsett (gazette)
March 17, 2014 at 8:36 pm
ကျနော်တော့ မရောက်ဖူးသေးဘူးခည
😆
ကြည့်သွားပါကြောင်း…