Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဈေးဝယ်စင်တာ၊စိန်ထည်အရောင်းဆိုင်များနှင်.စိန်ဈေးကွက်”

ေမာင္ရိုးApril 3, 20121min102332

မကြာသေးမှီကဘဲ ဈေးဝယ်စင်တာကြီးတစ်ခု ရန်ကုန်မှာဖွင်.ပြန်ပြီ ။ထုံးစံအတိုင်းအသစ်ဆိုတော.လည်းစည်ကားတာပေါ.ဗျာ။
နေရာကလည်း ကောင်းမှကောင်း ၊ ပြည်လမ်းမပေါ် မြန်မာ.အသံအနီး ….ဝင်ပေါက်ဆိုရင်လည်း ပြည်လမ်းဘက်ကဘဲဝင်
မလား ….ဒါမှမဟုတ် ကျွန်းတောလမ်းဘက်ကဘဲဝင်မလား….အဆင်ပြေမှပြေ ။နေရာကလည်းကောင်း အလွန်လဲ
ခန်းနားထည်ဝါလှတဲ.ဈေးဝယ်စင်တာကြီးပါ ။ကျွန်းတောလမ်းဘက်ကဆိုရင် လက်ရှိကားပွဲစားတန်းနဲ.မျက်နှာချင်းဆိုင်ဆိုတော.
နေ.ရော ညရော ကျိတ်ကျိတ် တိုးနေတာဘဲဗျို. …..။
ဆာမိတို.မိသားစုလည်း ဖွင်.ပြီးတစ်ပတ်အတွင်းမှာဘဲရောက်ခဲ.ကြပါတယ် ။ဘာရယ်မဟုတ်ဘူး ဟိုငေး ဒီငေးပေါ.ဗျာ…။
အင်မတန်ကျယ်ဝန်းတဲ.ကားပါကင်နဲ.ရှုပ်ထွေးတဲ.လမ်းပြအမှတ်အသားတွေကိုကျော်ဖြတ်ရင်း တဖက်ကားတွေနဲ.လည်း
မကြာခဏခေါင်းချင်းဆိုင်မလိုဖြစ်သေးတာပေါ. ….။
ကားပွဲစားတန်းနားကဈေးဝယ်စင်တာမို.လားမသိ ၊မမြင်ဘူးသေးတဲ.မော်ဒယ်မြင်.ကားတွေ၊နံပါတ်မတတ်ရသေးတဲ.သင်္ဘောချ
ကားတွေအပြည်.ဘဲဗျို. ။ဆာမိကတော.မမြင်မကန်းနဲ.ဆိုတော.မရှင်းလင်းတဲ.လမ်းညွှန်တွေကြောင်.လမ်းပြောင်းပြန်မောင်း
ရင်းနဲ.မော်ဒယ်မြင်.ကားတွေကြားမှာမပွတ်မိ မတိုက်မိအောင် ဘုရားတခဲ.ရပါတယ်။အဲဒီတုန်းက လမ်းပြဝန်ထမ်းလည်းမရှိ
သေးလေတော. စမ်းတဝါးဝါးနဲ.ပါ . …….။
ဒီလိုနဲ. စင်တာထဲဝင်လိုက်တော. ….အားပါး းးးးး ….မျက်လုံးကိုကျိန်းစပ်သွားတာဘဲ ….။ဆာမိက ကျွန်းတော
လမ်းဘက်ကဝင်တော. ဝင်ဝင်ချင်းမှာ စိန်ထည်အရောင်းဆိုင်တွေနဲ.တန်းတွေ.ရတာပါ။စိန်ထည်တွေများရောင်းနေလိုက်
ကြတာ …..ဘုရားပွဲမှာခင်းရောင်းနေသလိုဘဲ ….ဝယ်ဝယ် မဝယ်ဝယ်ကြိုက်သလောက်ကြည်. ၊ကိုင်ကြည်. တဲ.
သဘောတွေကောင်းလိုက်ကြတာ …..။
အဲဒီမှာဘာတွေ.လဲဆိုရင် …ရွှေဆိုင်အဖြစ်နာမည်ကြီးတဲ.ဗန္ဒုလ လမ်းကရွှေဆိုင်ကြီးနှစ်ဆိုင်လဲအပြိုင်ဝင်ကြဲနေတယ်ဗျ ။
ဒီမှာတော. ရွှေထက်စာရင် စိန်ထည်တွေကိုဦးစားပေးရောင်းနေလေရဲ.ဗျာ….။

အားကျလိုက်တာ …..ကိုယ်မဝယ်နိုင်ပေမဲ.စိန်ထည်တွေကိုဒီလိုအနီးကပ် လွတ်လွတ် လပ်လပ်ကြည်.ခွင်.ရတာအခု
မှပဲဗျို. …..။အရင်တုန်းကတော.စိန်ထည်ဆိုတာအတွင်းထဲမှာ မှန်ပုံးလေးနဲ.ထားပြီး တကယ်ဝယ်မှဘဲ ကြည်.ခွင်.
ရသလိုမျိုးပါ ။အခုများတော.ကွာပ …..ဈေးကွက်ဗျူဟာတွေများပြောင်းသွားပြီထင်တယ် …..။
ဆာမိ ဆပ်ဆော.ပြီးစိန်ဆွဲကြီုးလေးကိုကြည်.မိပါတယ် မျက်နှာမထားတတ်အောင်အားနာသွားရတော.တာဘဲ ။ဆာမိလည်း
ကြည်.ရော …အရာင်းစာရေးမလေးက “ခဏလေးအန်ကယ်” ဆိုပြီး စိန်ကြိုးတွေကိုအပြုံလိုက်ဆွဲထုတ်လိုက်တာ
ဆယ်ကုံးလောက်ပါလာတယ်ဗျ ။။ ပြီးတော.”ဘယ်ဟာကြည်.မလဲ ” ဆိုပြီး စိန်ကြိုးနှစ်ကုံးကို ဆာမိလက်ထဲ အတင်း
ထိုးထည်.ပေးတယ် ။။။။
ဘုရား ဘုရား ….ဆာမိမှာပါလာတဲ.ငွေကနှစ်သောင်းကျော်လောက် ….။ကလေးတွေကိုတောင် ရေခဲမုန်.ကလွဲရင်
ဘာမှမစားနဲ.လို.ကြိုမှာထားရတာ ….ဒါနဲ. ဆာမိလည်း ဆွဲကြိုးနှစ်ကုံးကို ဟိုကြည်.ဒီကြည်.နဲ.ဖင်လှည်.ခေါင်းလှည်.
လုပ်ပြီးပြန်ပေးခဲ.ရတာပေါ. ။ကိုယ်ကလည်း ဘာမှနားလည်တာမဟုတ်ဆိုတော. …..မျက်စိထဲမှာဖြူပြီးလက်နေတာဘဲ
သိပါတယ် ………ဒါဟာစိန်တဲ.လား …စိန်ကိုဒီလို ချခင်းပြီးရောင်းနေကြပြီလား ….မြန်မာတွေအတွက်စိန်ခေတ်
ရောက်ပြီပေါ. ….ဒီလိုလား …..အများပြည်သူတွေအနေနဲ.စိန်ကိုဒီလိုလွယ်လွယ်နဲ.ထိတွေ.ခွင်.ရပြီလား ……..
…..လား …….လား ……..လား ……….. လားပေါင်းများစွာနဲ.တွေးရင်း အပြိုင် အဆိုင်ရောင်းချ
နေတဲ. စိန်ထည် အရောင်းဆိုင်တွေကို လိုက်ငေးနေမိပါတော.တယ် ………။

” စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ်တဲ.နေရာ ဆေးရိုးသယ် ကန်.လန်. ” ဆိုသလိုဘဲ ငေးလို.ကောင်းနေတုန်း
သားတော်မောင် အငယ်ကောင်က အီးပါချင်သတဲ.ဗျာ ….ခက်တာဘဲ ကိုယ်မကျွမ်းတဲ.နေရာမှာ အိမ်သာကိုမေးစမ်း
ရင်း လိုက်ရှာရပြန်တယ်။ ကံကောင်းစွာနဲ. ပထမ ထပ်မှာတွေ.လို. ကလေးကို အိမ်သာထဲဝင်ခိုင်းပြီး ကိုယ်က အပြင်က
စောင်.နေရတာပေါ. ..။ခဏကြာတော.အထဲရောက်နေတဲ.သားက လှမ်းခေါ်ပါတယ် ” ဖေကြီးရေ …လုပ်ပါဦး ရေ
မရှိဘူး ” တဲ.
ဒုက္ခဘဲ … ဖွင်.တာမှမကြာသေးတဲ.စင်တာအသစ်ကြီးမှာ ရေမရှိဘူးတဲ.လား ….” အေး အေး ဒါဆို တစ်ရှူးနဲ.
လုပ်လိုက် ” “သား မလုပ်တတ်ဘူး ဖေကြီးလာခဲ.ဦး ” ကောင်းရော …..ခံပေဦးတော.ဆာမိရေ ……။

ဟုတ်ပါတယ် ….ဆာမိအိမ်သာထဲရောက်လို.ကြည်.လိုက်တော. ရေပန်း (ရှာဝါ) တပ်ဆင်ထားခြင်းမရှိတာပါ ။
အိမ်သာတက်တဲ.သူ ရေမသုံးဘဲ ဘာသုံးရမလဲဆိုရင် တစ်ရှူး သုံးပေါ.တဲ. ။ သုံးပြီးသားတစ်ရှူး ဘယ်မှာပစ်ရမလဲ
ဟုတ်ကဲ. အမှိုက်ခြင်းလေးပေးထားပါတယ်…..အဲဒီအမှိုက်ခြင်းထဲမှာလဲ တစ်နေကုန်သုံးပြီးပစ်ထားတဲ.၊အီအီးပေနေတဲ.
တစ်ရှူးတွေအပြည်.ပါဘဲ ….အီးနီ အီးဝါ အီးမဲ အီးခြောက် အီးစို အီးကျဲကျဲ အီးပြစြ်ပစ် နဲ. အီးရောင်စုံချယ်သထားတဲ.
တစ်ရှူးတွေပါ ။အစ်မ ပဒုမ္မာကိုအားကျပြီး ပရဟိတအနေနဲ. အိမ်သာဆေးချင်ရင်တောင်မှ ရေပန်းမရှိလို. ဆေးခွင်.ရမှာ
မဟုတ်ပါဘူး ။ဆာမိနားမလည်တာက ဒီလိုဈေးဝယ်စင်တာကြီးတွေရဲ.အိမ်သာမှာဘာကြောင်.များရေပန်းမထားပေးပါလိမ်.။
တော်ဝင်စင်တာမှာလည်း အိမ်သာထဲမှာ ရေပန်းရှာမတွေ.ခဲ.ဘူး ……ဘာကြောင်.လဲ ဗျာ …..။

ကဲ ကဲ ထားပါတော.လေ ……ဒီလိုနဲ.ဘဲ ဟိုလျှောက် ဒီလျှောက် နဲ.ငေးရင်း ၅၀ဝ ကျပ်တန် ရေခဲမုန်.ကို
၁၀၀ဝ ကျပ်ပေးပြီစား ၊ မင်္ဂလာဈေးက ၃၅၀ဝ တန် တရုပ်ထည်တွေကို Discount ဆိုပြီး ၇၀၀ဝ နဲ.ရောင်းတာတွေကို
ဝင်ပြီးရွေး ( မဝယ်ခဲ.ပါ) ဘရာဇီးဖိနပ်ဆိုတဲ. ရာဘာပျော.စိစိကို ၁၈၀၀ဝ ဆိုတော.အသာလေးနောက်ပြန်လှည်.
ပြီးတော. …..စီးတီးမတ်ထဲဝင် မုတ်ဆိတ် ရိတ်ဓားလေးတစ်ဘူးဝယ်လို.ပါလာတဲ.ငွေလေးနှစ်သောင်းကျော်ကို
မကုန်အောင်သုံးပြီးပြန်ခဲ.ကြပါတော.တယ် …..အပြန်လမ်းတလျှောက်တွေးမိတာကတော. စိန်ထည်တွေအကြောင်းပါ ။
ဘာလို.များစိန်ထည်တွေကိုအပုံလိုက်ခင်းရောင်းနေကြတာလဲ …..။မနက်ကျရင်တော.သူငယ်ချင်း ပန်းတိမ်ဆရာကို
လက်ဘက်ရည်တိုက်ပြီး မေးရဦးမယ် …..စိန် အကြာင်းနဲနဲပါးပါး ……..ဒါမှ ရွာထဲမှာပြန်ရှယ်လို.ရမှာ ……။

xxxxx xxxxxx -xxxxxxx …………………..xxxxxxxxxx

ပြီးခဲ.တဲ.အပတ်က မိတ်ဆွေပန်းတိမ်ဆရာကိုမေးခဲ.တဲ.စိန်အကြောင်းနဲနဲ ပါးပါးလေးပါ …။
သူ.အနေနဲ.လည်းသိသလောက်ပြောရတာတကြောင်း ၊ လက်ဘက်ရည်ဆိုင်မှာအလွတ်သဘောမေးမြန်းရတာတ့ကြောင်း
မို.သုတေသနစာတမ်းတစ်ခုလိုတော.ပြည်.စုံမှာမဟုတ်ပါ ။ဘာပဲဖြစ်ဖြစ် သိပြီးသူများအတွက်မထူးခြားဘဲ ကလေးကလား
ဖြစ်ချင်ဖြစ်မှာပါ။ ဆာမိအနေနဲ.လည်း လွတ်လွတ်လပ်လပ်ဘဲ မှတ်သားမိသလောက် ဖေါက်သည်ချပါရစေ …….။
ဒီပို.စ်မှာပြောချင်တာလေးကတော.စိန်အရည်အသွေး ၊အဆင်.အတန်း ၊ အလေးချိန်အချင်အတွယ်၊ စိန်တုစိန်စစ်များအ
ကြောင်းမဟုတ်ဘဲ စိန်ရောင်းတဲ.ဈေးကွက်ဘယ်လိုပြောင်းလဲလာသလဲဆိုတာနဲ.ဘာကြောင်.ဆိုင်တွေက စိန်ကိုရွှေထက်
ပိုပြီးဦးစားပေးရောင်းချင်သလဲဆိုတာကို ကိုယ်.အမြင်ကိုယ်.အတွေးနဲ.ဆွေးနွေးတင်ပြချင်တာပါ။
တချိန်က ဆာမိတို.တတွေစိန်ဝယ်ချင်ရင် အတော်ခက်ပါတယ် ….ရွှေဘုံသာပွဲစားတန်းမှာ အသိမိတ်ဆွေတွေနဲ.ချိတ်
ဆက်ပြီး ရမ်းသမ်းဝယ်ကြရပါတယ် ။ ပြီးတော. ပန်းတိမ်ဆရာထံအပ်ပြီး အထည်ခတ်ရပါတယ် ။ အဲ …ရောင်းချင်ပြီ
ဆိုရင်တော. ဒီပွဲစားတွေကိုဘဲပြန်ဆက်သွယ်လို.သူတို.ဖြတ်ဈေးကိုဘဲဘယ်လောက်နစ်နာ နစ်နာ ရောင်းခဲ.ရတာပေါ. ။
အခြားပွဲစားနဲ.ဆို ဈေးပိုနှိမ်တတ်ကြတယ် ။ဝယ်စဉ်က ၁ဝသိန်း ကျခဲ.ရင်၊ ရောင်းတဲ.အခါ ၅သိန်းဘဲ ရချင်ရတတ်တာပါ။
ခက်တာကစိန်ထည်ဆိုရင် အခုချိန်ထိအပေါင်ဆိုင်တွေမှာလဲစိန်ဈေးမပေးပါဘူး ..။စိန်အလေးချိန်နှုတ်ပြီး ရွှေဈေးဘဲပေးတတ်
ကြတာ ။စိန်ကိုဈေးဖြတ်ဖို.ခက်လို.ပါ ။ရွှေက အနည်းငယ်လေ.လာပြီးရင်ဈေးကိုမှန်းဖြတ်နိုင်ပါတယ် ။အလေးချိန်နဲ.ပေါက်
ဈေးလည်း ထင်သာမြင်သာရှိပါတယ် ။စိန်ကဒီလိုမဟုတ်ပါဘူး …..ဈေးနှုံးအတိအကျလည်းတွက်ဖို.ခက်သလို ၊ အလေး
ချိန်လည်းတွက်နိုင်ဘို.ခက်ပါတယ် ….။ပိုပြီးခက်တာက။စိန်ကိုအမျိုးအစားခွဲခြင်း၊အပြစ်အနာအဆာကြည်.ခြင်း၊ကာလာခွဲ
ခြားခြင်းနဲ.ဈေးသတ်မ၊ှတ်ခြင်းတို.ပါဘဲ ….။ခြုံပြီးပြောရရင်ပညာရှင်မှသာသိနားလည်နိုင်တဲ.ပစ္စည်းဖြစ်နေတယ် ။

ကျောက်စစ်တဲ.စက်တွေနဲ.စစ်ဆေးလို.ရပေမဲ. အထည်ခတ်ပြီးသား အသေးအမွှားစိန်တွေကိုတော.ဖြုတ်စစ်လို.မရပါဘူး။
အနိမ်.ဆုံး ၄ လုံးစီးလောက်သာ certificate ရှိတတ်ကြတာပါ ။certificate ရှိတဲ.စိန်ကြီးတွေအတွက်ဈေးနှုံး
သာကွာခြားမှုရှိပေမဲ. အရောင်းသွက်တဲ.စိန်ပေါက်စတွေကတော. certificate လဲမရှိ ၊ အမျိုးအစား အဆင်.
အတန်း ကလည်းသူတို.ပြောသမျှ ၊ ဈေးကလည်းမတွက်တတ် ဆိုတော. ဘာမှန်းမသိဘဲဝယ်တဲ.သူအဖို.တော.
……ဝူး …. ရင်မောရပါဘိ ။

တကယ်တော. သိရင်လည်းဘာမှပြောလို.မရပါဘူး ၊ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်နဲ.ဆိုပဲ ။ အများစုရောင်းကြတဲ.
ပုံစံကတော.စိန်ထည်လုပ်ပြီးသားတစ်ခုကိုဘယ်လောက် ….၊ ဘယ်၍ …စသည်ဖြင်.ရောင်းကြပြီး ၊ ပြန်ရောင်းရင်
ဘယ်လောက် % လျှော.မယ် စသည်ဖြင်.ပေါ.ဗျာ …။ရွှေရောင်းသလို အလျော.တွက် လက်ခ စိန်ဘိုး ဆိုပြီး
တွက်ရောင်းတဲ.သူရှားပါတယ် ။ ဒီလိုခွဲခြားပြီးတွက်ရောင်းရင် အလေးချိန်နဲ.စိန်ဈေးနှုံးကို အငြင်းပွားစရာဖြစ်တတ်လို.ပါဘဲ။
ဆိုတော. ..ရောင်းတဲ.ဘက်ကအစစ အရာရာအသာဘဲပေါ. ။ တစ်ခုခြင်းပေါ်မှာလည်း အမြတ်ရာခိုင်နှုံးက တင်ရောင်း
ရဲရင် ရောင်းရဲသလောက်ကြီးပါတယ် ။ ဘာကြောင်.လဲဆိုတော. စိန်တပွင်.ရဲ.အမျိုးအစား ၊ အရောင်းအဆင်းနဲ.အပြစ်
ကင်းစင်မှုတွေကြောင်.ဈေးနှုံးတန်ဘိုး အများကြီးကွာနိုင်လို.ပါ ။ဒီလိုအချက်အလက်တွေကိုစိန်ကုန်သည်ချင်းတောင်မနဲ
ပြူးပြဲ ပြီးကြည်.ရတာဆိုတော. ဆာမိတို.လိုသာမန်လူတွေကတော.သိနိုင်ဘို.ဝေးစွ ၊ ….ပုလင်းကွဲကိုသွေးပြီးလာပြ
ရင်တောင် စိန်လို.ထင်မိမှာပါ ….။
ဟိုး တုန်းကတော. ဆာမိတို.ဆီမှာ စိန်ကိုမျက်လုံးအကြည်.နဲ.ဘဲခွဲခြားသတ်မှတ်ကြတာဆိုတော. ၊ အကောင်းဆုံး
အဆင်.ကို ( Blue White ) လို.ပဲခေါ်ခဲ.ပါတယ် ..။အရပ်ဘက်အခေါ်ကတော.ခဲသားရောင်စိန်လို. သတ်မှတ်ခေါ်
ဆိုကြတယ် ။တကယ်တော. စိန်က ဖြူလွန်းပြီးအပြာရိပ်လေးတွေသန်းနေတဲ.သဘောပါ ။ဒါကိုအစွဲပြုပြီးအခုချိန်မှာတချို.
စိန်ပွဲစားများကခတ်ညစ်ညစ်စိန်ကို ခဲသားရောင်စိန် ၊ ဒါမှမဟုတ် ခဲသားဖေါက် စသည်ဖြင်.ဒီလိုပုံမှားရိုက်ပြီး ရောင်းတတ်
ကြပါတယ်။တကယ်တော. စိန်ရဲ.အမျိုးအစားအရည်အသွေးကိုကညံ.နေတာပါ ။မသိတော.လဲ ခံရတာပေါ.ဗျာ ….။
အခုချိန်မှာတော.စိန်ကိုခွဲခြားသတ်မှတ်ကြတာလေးကိုအကြမ်းဖျဉ်း ပြောပါရစေ ….ဒီလိုပါ ….

ဖြူသန်.
ဖြူ စိုးစင်း (အခြစ်ရာ ၊ အစင်းရာပါ )
ဖြူနာ
Off White
Next to White
ကျင်ဖြူ ( ဝါကျင်ကျင် )
ကျင်ညို ( ရေနံရောင် ၊ အညိုညစ် )

အဖြူအုပ်စုတွေကိုတော. သူတို.ရဲ.အဖြူအဆင်.ကို (D , E , F, G, H ,I ,J , …) စသည်ဖြင်.အင်္ဂလိပ်
အက္ခရာတွေနဲ.အရာင်အဆင်.အတန်းကို ခွဲကြပြန်သေးတယ် ။ D ကာလာကတော.အမြင်.ဆုံးပေါ.ဗျာ ။တဆင်.ခြင်း
တဆင်.ခြင်းမှာ မကြည်.တတ်သူအတွက်ဘာမှမထူးပေမဲ. ဈေးကတော.အလွန်ကွာပါတယ် ။ဥပမာဆိုပါတော.ဗျာ
ဖြူသန်. ၂ဝ စီးကို ၆၀၀၀၀ဝ ဆိုရင် ၊သူ.အောက်က ဖြူဇိုးစင်း က ၄၀၀၀၀ဝ ဝန်းကျင်လောက်ပါ ။အစင်းရာ အဖြစ်ရာ
လေးတစ်ခုက သာမန်မျက်စိနဲ.ကြည်.လို.မမြင်ရပါဘူး ….ကြည်.တတ်သူက (၁၀) ဆချဲ.မှန်ဘီလူးနဲ.ကြည်.မှ
ဲမြင်ရတာပါ ၊ နောက်ပြီး အနာ အအက် လေးတွေကိုလည်းသာမန်မျက်စိနဲ.မမြင်ရပါဘူး ။ကာလာအဆင်.ခွဲဘို.ဆိုရင်
လည်းစက်ပေါ်တင်ပြီးစစ်မှသေချာတာပါ ။ ဒီလိုအသေးစိတ်အချက်လေးတွေကြောင်.ဈေးဘယ်လောက်ကွာခြားမလဲဆိုတာ
မှန်းဖို.ခက်ပါတယ် ….။နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ကြိုက်ရင်ဝယ်ရမှာဆိုတော. ….ကျားသနားမှ
နွားချမ်းသာရမဲ.အနေအထားပါ ။
သိသာထင်ရှားတဲ.စိန်ပွင်.ကြီးတွေမှာတော.သက်ဆိုင်ရာအချက်တွေကိုစစ်ဆေးထားတဲ. Certificate ရှိနေတော.
ပစ္စည်းကိုတော.စိတ်ချရပေမဲ. ဈေးကတော.သူ.ရောင်းဈေးပါဘဲ ။ဒါမျိုးတွေကြတော.အရောင်းလဲ သိပ်မသွက်ပါဘူး
ရောင်းပြီးရင်လည်းတထမ်းကြီးပဲလေ ။ အရောင်းသွက်တဲ.ပစ္စည်းတွေကတော. ၂ သိန်းကျော် တန်လောက်ကနေ
သိန်း (၃၀) အတွင်းရှိ.တဲ.ပစ္စည်းတွေပါဘဲ ….။

ဒီပစ္စည်းတွေကျတော.စိန်ပွင်.အသေးေတွေနဲ.လုပ်ထားတော. Certificate မပါပါဘူး ။ စိန်ကတော.အစစ်ပါ
ဒါပေမဲ. ကိုယ်ပေးရတဲ.ဈေးနဲ. ရတဲ.ပစ္စည်းကတကယ်သင်.တော်ရဲ.လားဆိုတာတော. မသေခြာပါဘူး ….။အခုဆိုရင်
စိန်ထည်ရောင်းတာစားကောင်းမှန်းသိလာကြတော.ရွှေဆိုင်ပေါက်စလေးတွေတောင်စိန်ထည်ပစ္စည်းလေးတွေတင်ရောင်း
လာကြတယ် ။ သူတို.အများဆုံးရောင်းတဲ.စိန်ကတော.ကျင်ညိုတွေဘဲများပါတယ် ၊ တခါတလေ ကျင်ဖြူလေးတွေလည်း
တွေ.ရတတ်တယ် ။
ပုံမှန်ချယ်နားကပ်အသေးလေးတွေလုပ်တဲ.ဆိုက်က ၄ဝ စီးလောက်ပေါ. …ကျင်ညို ၄ဝ စီးရဲ.တန်ဘိုးက တစ်ရတီမှ
လေးသောင်း ကနေ ခြောက်သောင်းလောက်ဘဲရှိတာပါ ။နားကပ်အသေးတရံကို ၁၈ ပွင်.စီတယ်ဆိုပါစို. ၊ စိန်ဘိုးက
၂၇၀၀ဝ –၃၀၀၀ဝ လောက်ပါဘဲ ။ရွှေက မီးလွတ်ရည် ( ၁၁ ပဲ ၂ ရွေး ) နဲ.လုပ်ပြီး ရွှေတင် ၁ ပဲ ၄ ရွေး နဲ.
အလျော.တွက် ၅ ရွေးဆိုပါတော. အခုပေါက်ဈေးနဲ.ဆိုရင်ရွေဘိုးက ၇၀၀၀ဝ ဝန်းကျင်လောက်ပေါ.။ ဒီတော.အပြီးအစီး
အရင်းက အများဆုံးမှ ၁၁၀၀၀ဝ ဝန်းကျင်လောက်ဘဲကျမှာ ၊ ဒီလိုကျင်ညိုနဲ.လုပ်ထားတဲ.နားကပ်တစ်ရံကို အနည်းဆုံး
နှစ်သိန်းကျော်ကျော် လောက်ကနေ သုံးသိန်းခွဲလောက်အထိ လစ်ရင်လစ်သလို ဆိုင်ပေါက်စတွေ လမ်းလျောက်ပွဲစားတွေက
ရောင်းတတ်ကြပါတယ် ။

ဆိုင်ကြီးတွေကတော. ကျင်ညိုကိုလုံးဝမသုံးပါဘူး …..တချို.ဆိုင်ကြီးတွေဆို ကျင်ဖြုကိုတောင်မရောင်းတော.ပါဘူး ။
အဖြူအုပ်စုတွေထဲကပဲရောင်းတော.တယ် ။ ခက်တာက သူတို.ကျပြန်တော.လည်းမေးလိုက်ရင်အားလုံးဖြူသန်.လို.ဘဲ
ပြောပြန်ရော ….တချို.ဆိုင်အနည်းငယ်လောက်သာ ဖြူသန်.ဈေး ၊ ဇိုးစင်းဈေး ဆိုပြီး ခွဲခြားပြီးရောင်းကြတာ ။
ထားပါတော. …ပြောရင်လည်းဆာမိဘဲလွန်ရာကျနေပါ.မယ် ….အခုချိန်မှာတော. စိန်ဝယ်ရင် အရင်လိုမခက်တော.
သလို ရောင်းချင်ရင်လည်း ကိုယ်ဝယ်ခဲ.တဲ.ဆိုင်ကိုပြန်ရောင်းလိုက်ရုံပါဘဲ ….ဒါပေမဲ. ဝယ်ထားတဲ.ဘောက်ချာလေး
တော.မပျောက်စေနဲ.ပေါ.ဗျာ ၊ ဘောက်ချာမပါရင် တချို.ဆိုင်ကပြန်မဝယ်ကြဘူး ။ဒီနေရာမှာ တစ်ခုပြောချင်တာက
ပြန်ရောင်းတဲ.အခါ တချို.ဆိုင်တွေက မူလဝယ်ဈေးရဲ. ၁၀% (သို.) ၁၅% လောက်လျော.ပြီးပြန်ဝယ်ကြတယ် ၊ တချို.
ကျတော.လက်ရှိပေါက်ဈေးနဲ.တွက်ပြီးဝယ်ကြတယ် …။စိန်ဈေး ရွှေဈေး အတက်အကျ ပေါ်မူတည်ပြီးပြောင်းကြဟန်
တူပါတယ် ။ ရောင်းတဲ.ဆိုင်တွေအတွက် စိန်ရောင်းတာက ရွှေရောင်းတာထက် ပိုပြီးတွက်ချေကိုက်ပါတယ် ။ရွှေထက်
ပိုပြီး အမြတ်ပိုကျန်နိုင်တယ်ဆိုပါတော. …..တချို.ဝယ်တဲ.သူများကလည်း ညိုညို ဝါဝါ ကျင်ကျင် စိန်ဖြစ်ရင်ပြီးရော
ဆိုသလိုဝယ်နေကြတော. …ချင်ချင် တူးတူး မူးရင်ပြီးရောလ်ိုဖြစ်နေပြီ ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဘဲပေါ.ဗျာ။
ဘာဘဲဖြစ်ဖြစ် စိန်ဆိုင်တွေကတော.တိုးပွားလာကြဦးမှာပါ ။ ဆာမိတို.ရဲ.နိုင်ငံသားတွေလည်း စိန်ဝယ်ချင်ရင် ပစ္စည်းမှန်
ဈေးမှန်နဲ. စိန်သန်.သန်.လေးတွေဘဲ ရွေးဝယ်နိုင်ကြပါစေလို.ဆုတောင်းရင်း …………။

32 comments

  • Gipsy

    April 3, 2012 at 9:53 pm

    သူငယ်ချင်းတယောက်ကိုမေးပြီး ပြန်ဝေမျှတာတော့ မဟုတ်နိုင်လောက်ဘူး…။
    တကယ့်စိန်ဆရာကြီး တစ်ယောက်လိုမျိုး ရှင်းပြနိုင်ပါပေတယ်…။
    သေချာပေါက် စိန်ဆြာကြီးပါ….။

    • surmi

      April 3, 2012 at 10:04 pm

      စမ်းချောင်းကလေးကျဉ်းလှတယ်
      မြစ်လောက်သူမကျယ်
      ပင်လယ်ကြီးကအကျယ်ဆုံး
      လှိုင်းတွေတဝုန်းဝုန်း ….တဲ.
      ကျွန်တော်က စမ်းချောင်းထက်ငယ်တဲ. ရေသွယ်မြောင်းလောက်ပါ အစ်ကို Gipsy ရေ ……။

  • MaMa

    April 3, 2012 at 10:35 pm

    ပိုက်ဆံများ ရှိလို့ကတော့ တစ်ကိုယ်လုံးကို စိန်စီပစ်ချင်တဲ့ ရွာသူတွေအတွက် ပညာရစေတာမို့ ကျေးဇူးအထူးတင်ပါတယ်။ 🙂

    • surmi

      April 3, 2012 at 10:54 pm

      တကယ်စီနိုင်ကြပါစေလို.လဲ ဆုတောင်းပါတယ်အန်တီ မမရေ ……။
      ကိုယ်.ရွာသူ ရွာသားများ ပြောင် ပြောင် လက်လက်နဲ.
      ဘယ်လောက်များခန်.ငြားလိုက်မလဲဆိုတာ …..။

  • ဦးဦးပါလေရာ

    April 4, 2012 at 12:43 am

    အဲဗျာ..
    စိန်အကြောင်းတော့ ကျုပ်က နဲနဲမှနားမလည်ဘူး..
    အခုမှပဲ မေးစရာတယောက်ရပြီဆိုပြီး ဝမ်းသာအားရမှတ်ထားလိုက်ပါတယ်။

    တကယ်တော့ ဒီကဈေးကွက်မှာ ရောင်းဝယ်နေတဲ့ စိန်တွေအများစုဟာ စိန်တော့ဟုတ်ပေမယ့်
    ကမ္ဘာတန်းမှာ တန်းမဝင်ပါဘူး။
    ကမ္ဘာမှာတော့ တန်းဝင် တစ်ကာရက်နဲ့အထက်စိန်တွေဆိုရင် ခါးပတ်မှာလေဆာနဲ့ နံပါတ်ထိုးပြီးတော့ကို မှတ်ပုံတင်ထားတာလို့ ကြားဘူးပါတယ်။
    ဆိုလိုတာက ဒီကစိန် အပြင်ယူသွားပြီး ပြန်ရောင်းရင် တော်တော်ခက်မယ့်သဘောရှိပါတယ်။
    ဒါကြောင့် ကတော်ကြီးတွေ စိန်စုရင် ပြည်တွင်းကစိန်ကို မစုပါဘူး။
    ဒါကြောင့် ကြားကဝယ်ပေးတဲ့ အကျိုးတော်ဆောင်တွေ အခွင့်အရေးတွေရပြီး ချမ်းသာကုန်တာ တွေ့ဘူးပါတယ်။

    တခြားအကြောင်းတခုကတော့ စိန်အစစ်နဲ့အလွန်တူပြီး ခေတ်မီ ရောင်စဉ်နည်းနဲ့သာခွဲခြားလို့ရတဲ့ စိန်အတု(လူလုပ်)တွေ အမြောက်အများ မြန်မာပြည်ကို ဝင်ထားတာ ဆယ်စုနှစ်တခုကျော်ပါပြီ။ မာဆင့်ရော ထုထည်ရော အရောင်ရော အလင်းယိုင်ညွှန်ကိန်းရော အားလုံးတထပ်တည်းတူပါတယ်။ ဒီကစိန်သူဌေးကြီးတွေ အထုပ်လိုက် မိထားကြပါတယ်။ တန်ဘိုးက သိန်းပေါင်း သိန်းနဲ့ချီပါလိမ့်မယ်။ အဲဒီစိန်တွေ အင်မှန်းသိတဲ့အခါ ဘယ်သူမှ အိမ်သာကျင်းထဲပစ်ချမယ်မထင်ပါဘူးနော..။ တဖြေးဖြေး တစိမ့်စိမ့် ငွေပြန်ဖေါ်ရမှာပါ။

    ဒါကြောင့် စိန်အကြောင်းတော့မသိပေမယ့်
    ရွာသူတွေထဲက ပြည်တွင်းမှာ စိန်ဝယ်မယ်ဆိုရင်ဖြင့်
    အထူးသဖြင့် ငါးမူး(ရတီဝက်)အထက် စိန်ကြီးမျိုးဝယ်မယ်ဆိုရင်ဖြင့်
    အထူးသတိပြုကြပါလို့ ကြုံတုန်းတိုက်တွန်းလိုက်ပါရစေ။

    ဗဟုသုတ မျှဝေပေးတဲ့ ကိုဆာမိကိုလဲ အထူးကျေးဇူးပါလို့…။

  • surmi

    April 4, 2012 at 2:04 am

    ဦပါရေ …အမှန်ဘဲဗျ ။ ဒီကစိန်တွေကအများစုက တန်းမဝင်ဘူး ။ အဆိုးဆုံးက တချို.ဆိုင်တွေက
    အိန္ဒိယကသွင်းလာတဲ.စိန်ကိုဘဲ ဘယ်လ်ဂျီယံ ကတ်တင် (Cutting) လို.ပြောနေကြတာ ဘယ်လ်ဂျီယံ
    အစစ်က ဦးပါပြောသလို စိန်ရဲ.ခါးမှာ လေဆာနဲ. ကိုယ်ပိုင်နံပါတ်သဘောမျိုး ရေးထားကြတယ်။
    အတုနဲ.ပါတ်သက်လို.ကတော. ၁၉၉၅ လောက် ဒါမှမဟုတ် ဒီထက်စောပြီးဖြစြ်ဖစ် ယိုင်ညွှန်းကိန်းကိုအနီး
    စပ်ဆုံးတုနိုင်နေပြီ ။ သိရသလောက် စထရွန်တီယမ်တိုက်တင်နိတ် ( Strontium-Titante) ဆိုရင် ယိုင်
    ညွှန်းကိန်းက ( ၂.၄၁ ) စိန်က ( ၂.၄၁ရ ) တော်တော်တူနေပြီ ။ ကြည်.တတ်မှမီးတအားများနေတယ်ဆိုတာသိမှာ …နောက်တစ်ခုက (၂.၆၁ မှ ၂.၉ဝ ထိ ) သူလဲ ကြည်.တတ်မှ မီးကြောင်တာသိရမှာ ။ သူကမှန်ဘီးလူးနဲ.ကြည်.ရင် ဇောင်းတွေက နှစ်ထပ်ဖြစ်နေတတ်တယ် စိန်အစစ်ရဲ.ဇောင်းတွေက ထက်နေတာတွေ.ရမယ်
    ဒါတွေကလည်း နားလည်တဲ.သူတွေတောင်ပြူးပြဲပြီး ကြည်.ရတာဆိုတော. ။
    အခုကျောက်အတုတွေက ( Inclution )တွေတောင် ထည်.သွင်းပြီးလုပ်လာကြတယ် ။ ဟိုတလောက
    တွေ.ခဲ.တဲ. ပယင်းကျောက် (AMBER ) ဆိုရင် အကောင်လေးတကောင်ထဲ.ပြီးချက်ထားတာ ၊ဒါဆိုဘာမှ
    လည်းအဘိုးတန်တာမဟုတ်ဘူးနော် …..။
    ခုလိုဝင်ဆွေးနွေးပေးတာ ကျေးဇူးဘဲဦးပါရေ …..
    ဆက်လက်ပြီးလဲ ဖိတ်ခေါ်ပါတယ်နော …….

  • surmi

    April 4, 2012 at 2:13 am

    ဘယ်လ်ဂျီယံကတ်နဲ.ပါတ်သက်လို.လဲ တချို.က (Brilliance Cut )နားကြားလွဲပြီးပြောနေတာလို.ဆိုကြပြန်
    သေးတယ် ။ Brilliance Cut ဆိုတာက စိန်ကွက်အချိုးကိုပြောတာပါ ။ ပြောဘို.ကျန်ခဲ.လို. ……

  • kai

    April 4, 2012 at 3:28 am

    စိန်အကြောင်း..သေသေချာချာသိတဲ့.. မိတ်ဆွေတယောက်ကတော့.. မြန်မာပြည်က.. ကောင်းပါတဲ့ဆိုတဲ့..စိန်တွေထဲ..အတု(လူလုပ်)က.. ၅ဝရာခိုင်နှုန်းအထက်ပါတဲ့..

    တကယ်က.. စိန်က..ကမ္ဘာ့အထွက်အများဆုံး.. အဖိုးတန်ကျောက်တခုတောင်ဖြစ်နေပြီ…။
    ဒါကို ဒီဘီးယားက.. အကုန်ဆွဲစိပြီး.. မြေတိုက်ထဲသိမ်း.. အဲဒီကနေ ချွေထုတ်နေတာပါ..

    ကမ္ဘာ့အကောင်းဆုံးကျောက်တွေထွက်တဲ့ နို်င်ငံ(မြန်မာပြည်က) ကိုယ့်င်္ဆီမှာမထွက်တဲ့.. စိန်တွေသွားကြိုက်ပြီး.. ဝယ်နေကြတာ..
    အင်း.. မြန်မာမားကက်တင်းသမားတွေ..အင်မတန်ညံ့တယ်ပဲ.. သဘောပေါက်မိပါတယ်.
    (အဆင်ပြေတဲ့တနေ့မှာ.. ကမ္ဘာမားကက်တင်းသမားတယောက်..တဖွဲ့ကို.. ဒေါ်လာသန်းချီပေးပြီး.. မြန်မာ့ကျောက်တွေ.. ပရိုမိုးရှင်းလုပ်သင့်တယ်.. ။ ။ စကားချပ်)

    ထားပါတော့…
    ဒီရက်ပိုင်း.. အယ်လ်အေရဲ့.. အကောင်းဆုံးစိန်ဆိုင်တွေ သွားကြည့်ဖို့ရှိတယ်.
    ဝယ်ကြဦးမလား… :mrgreen:

    အဲဒီကစိန်တွေက.. အကုန်လိုလို လေဆာနဲ့..မှတ်ပုံတင်နံပါတ်ရေးထားပြီး သီသန့်ဆာတီဖကိတ်ပေးတယ်.
    ရောင်းရင်… ဈေးတခုနဲ့.. .ပြန်ဝယ်တယ်..
    =
    http://geology.com/articles/gem-diamond-map/
    Gem Diamond Production Trends

    Estimated Diamond Production
    Country 2010 2011e
    Botswana 25,000 25,000
    Russia 17,800 17,800
    Angola 12,500 12,500
    Canada 11,773 11,800
    Congo 5,500 5,500
    South Africa 3,500 3,500
    Namibia 1,200 1,200
    Guinea 550 550
    Ghana 300 300
    Cent. African Rep. 250 250
    Sierra Leone 240 240
    Brazil 200 200
    Guyana 144 144
    China 100 100
    Australia 100 100
    Tanzania 77 77
    The values above are estimated gem- quality diamond production per calendar year in thousands of carats. Data from USGS Mineral Commodity Summaries. Production for 2011 is estimated.

    • ဖားသက်ပြင်း

      April 4, 2012 at 6:22 am

      အောင်မယ်လေးလေးလေ….
      တွေ့လား ..တွေ့လား …
      နောက်ဆုံး မာကတ္တာတွေကိုပဲ လက်ညှိုးထိုးဘီ…

      လိုကယ်လ်မှာက မားကတ္တင်း က မားကတ္တင်း ဆိုတာ
      ဘာဂျီးတုံးဆိုတာ သိအောင် မားကတ္တင်း ဆင်းရတဲ့
      အဆင့်ပဲရှိပါသေးတာကိုး သဂျီးရဲ့ ….

      မှန်ရာပြော အေကေဘီ နဲ့ (တယောက်မကျန်) ညားရပါစေရဲ့ဗျာ..
      မားကတ္တင်း အလုပ် ပြည်တွင်းမှာ ပြန်လုပ်ချင်ပါသေးရဲ့…
      တနေ့ပေါ့…..
      😀

      • MaMa

        April 4, 2012 at 9:46 am

        မားကတ္တင်း အလုပ်မလုပ်ပဲ မားကတ္တင်း သင်တန်းပေးရင်တောင် တက်ချင်ပါသေးရဲ့။
        (ဆရာမကြီး တင်မိုးလွင်လို မော်လဒယ်မလုပ်ပဲ မော်လဒယ်ဆရာမကြီး လုပ်တာက ပိုတွက်ခြေကိုက်တယ်။)
        မာကက်တာကို ဈေးကွက်ပြန်ရှာပေးရတာ ဝှုး မောထှာ 😆

  • Khin Latt

    April 4, 2012 at 3:51 am

    ကျွန်မ နေတဲ့ အရပ်မှာတော့ ဘယ်မိန်းမ မှ စိန်၊ ရွှေ ရတနာ တွေ ကို ဂရုထားပုံ မရှိပါ။
    တကယ်လို့ မြန်မာပြည်မှ တစ်ယောက်ယောက် ဒီကို အလည်လာပြီး စိန်နားကပ်ကြီးတွေ နဲ့ စိန်လော့ကက်ကြီး ပြူးနေအောင် ဝတ်ထားလဲ အစစ်လို့ ထင်ပါ့မလား တွေးမိတယ်။
    ဘယ်သူမှ အရေးလုပ်ပြီး မကြည့်ကြပါ။
    (အသိတစ်ယောက် ရဲ့ ကိုယ်တွေ့ပါ)

    စူပါမာကက် ဗဟုသုတရော၊ စိန်အကြောင်းပါ မျှပေးလို့ ကျေးဇူးပါ။
    ကျွန်မ လဲ အဲဒီ စိန် ကို ဦးသိန်းစိန် လောက် စိတ်မဝင်စားသော်လည်း ကျေးဇူးပါ။ 😉

    • Foreign Resident

      April 4, 2012 at 6:54 pm

      မ Khin Latt ရေ
      မ Khin Latt နေတဲ့ နေရာက ၊ ကံကောင်းတာပေါ့နော် ။

      အဟင့် ၊ ကျွန်တော့ မဟေသီကတော့ မပြောသာ မပြောတာ သိတယ်ဗျ ။
      သူ့ သူငယ်ချင်း ပါကစ္စတန် ဆရာဝန်မရဲ့
      လက်စွပ်က စိန် က လက်သန်းလုံး လောက်ရှိတာတို့ ။
      နောက် သူငယ်ချင်း တရုတ် ဆရာဝန်မက
      L V ကို ရောင်စုံ ကိုင်တာတို့ ။
      ထုတ်သာ မပြောရင်နေတာ ၊ သိတယ်ဗျ ။

      အိမ်ကျမှ ပြန်ပြောတာ ခည ။
      ဝယ်ပေးဖို့ ကိုယ့်မှာပဲ တာဝန် ရှိနေသလိုလို နှင့် ။
      စိတ်လေတယ် ။

      • Khin Latt

        April 4, 2012 at 8:44 pm

        ဒါမှမဟုတ်လဲ
        ကျွန်မ ပါတ်ဝန်းကျင် ရော၊ ကျွန်မ ကိုယ်တိုင်ရော စိန်ဝယ်နိုင်လောက်အောင် ပိုက်ဆံ မချမ်းသာလို့ လဲ ဖြစ်နိုင်ပါတယ် ကိုအဘဖောရယ်။ 😀
        ဒါပေမဲ့
        “စိန် ရွှေ ဝတ်ပြမှ လူ့တန်ဖိုးမြင့် တာ မဟုတ်ဘူး” လို့ ယူဆ ထားတာကြောင့် တစ်ကြောင်း၊ သူများ အထင်ကြီးအောင် ဟန်ရေးပြဖို့ ကိုယ့်မှာ အလေးခံ ဝဋ်ဒုက္ခခံပြီး မနေနိုင်တာက တစ်ကြောင်း .. မို့ ပိုက်ဆံရှိတောင် ဝယ်ဝတ်ဖို့ စိတ်ကူးမရှိပါဘူး။
        ဒီတစ်ချက်မှာတော့ ကျွန်မ သက်ဆိုင်သူ ကံကောင်းသွားခဲ့ပြီ။ အဟိ 😉

        • surmi

          April 4, 2012 at 9:46 pm

          အဘဖောနဲ. အစ်မလတ်ရေ …..
          ရတနာဆိုတာ ကိုယ်ကတန်ဘိုးထားမှ ရတနာထိုက်တာဆိုတော. ဝါသနာမပါရင်တော.
          အေးဆေးဘဲဗျ ။ အဲ …ဝါသနာပါရင်တော. မဆုံးတော.ဘူးဗျို. …
          တကယ်တော.လဲ နေတတ်ရင်ကျေနပ်စရာပါဗျာ …။

  • bigchef

    April 4, 2012 at 6:59 am

    ကိုဆာမိရေ ရတနာဆိုတာ ကျွန်တော်တို့ အ တွက်မရှိဝမ်းစာ ရှိတန်ဆာပါ။ငွေ ဖေါ်လို့ကောင်းမဲ့ ရတနာ မျိုးဘဲ ကြိုက်တယ်။လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မြန်မာပြည် ကို စိန်သွင်းတဲ့ india လူ မျိုး တစ်ယောက် သူ့ ဆီမှာ အလုပ် လုပ် ဖို့ ကျတော်ကို ခေါ် ဘူးတယ်။အ ကြောင်း အမျိုး ကြောင် ့ မလုပ်ဖြစ်ခဲ ့ ဘူး။သူ သွင်း လာ တဲ့ စိန်တွေ ဟာ ဦး ပါ လေ ရာ ပြော တဲ့ စိန် မျိုးတွေ သာ ဆို ရင် ဝယ်ထားတဲ့ သူတွေ က တော့ မလွယ် ကျော ပဲ.အဲဒီ indiaကတာ်တော် ထော သွား တာ နော်.

  • ကြောင်ကြီး

    April 4, 2012 at 8:17 am

    ခင်ဗျားတို့အားလုံးဂ မစားရဝခမန်း စိန်အကြောင်းပြောနေတော့ ချီးခင်မျာ မျက်နှာငယ်နေရှာတယ်။ စာရှေ့ပိုင်းမှာ ရေးပြထားလျက်သားနဲ့ အနောက်ပိုင်းက စိန်အကြောင်း ပွားနေဂျတာ ရှက်ကြဇမ်းဘာ။ ကျုပ် ညစာစားရင်း ဖြစ်ပေမဲ့ ချီးအကြောင်းပွားမယ်၊ နားထောင်ဂျ…
    ဆြာဆာမိပြောတဲ့ ရှော့ပင်းန်စင်တာက ရေအိမ်သည် ဘိုထိုင်ကမုတ် ဖြစ်မယ်ထင်တယ်။ မြန်မာပြည်မှာသာ ရေအိမ် (အရှေ့တိုင်း၊ အနောက်တိုင်း) နှစ်မျိုးစလုံးမှာ ရေပန်းထားပေးလေ့ရှိတယ်။ နဂို စောင့်ကြောင့်ထိုင် အိမ်သာမှာ ရေပိုက်ခေါင်း ရှိထားခဲ့တာကိုး။။ ယူအက်စ်က အိမ်သာတွေမှာ ရေပန်းမရှိဘူး။ အိမ်သာသုံး တစ်ရှုးပေပါပဲ ထားတယ်။ ကျနော်လည်း ရောက်ကာစ မနေတတ် မထိုင်တတ် ဖြစ်တယ်။ နောက်တော့ ဟုတ်သွားတာပဲ။ ရောက်တာ အလွန်ကြာနေတဲ့ ဘိုးတော်ကြီးတဦးကမေးတယ် ဘာလို့မြန်မာပြည် အိမ်သာမှာ ရေသုံးတာလဲတဲ့.. ရေသုံးမှ သန့်တယ်ဆိုတာ အထင်မှားတာတဲ့။ စာထဲမှာရေးသလို သုံးပြီးစက္ကူကို ပုံးထဲထည့်ရတယ်ဆိုတာတော့ စင်တာကိုယ်၌က အဆင့်မှီစက္ကူလိပ် လုံလုံလောက်လောက် ထားမပေးနိုင်လို့ ဖြစ်ပါလိမ့်မယ်။ တစ်ရှုးစက္ကူသားကောင်းရင် စုပ်အားကောင်းတယ်၊ ရေထိရင် အလွယ်တကူ ပျော့ပြဲသွားတယ်။ အိမ်သာပိုက် ပိတ်ဆို့မှု ဖြစ်နိုင်ချေ နည်းတယ်။ ဒါလည်း အခန့်မသင့်ရင်တော့ အိမ်သာပိုက်ဆို့တာ ဖြစ်သေးတာပဲ…။ ချီးအကြောင်း ဒီမှာတော်ဘီ…နောက်ဆို စိန်ခ ချီး မခွဲခြားပါနဲ့ အားလုံးတနေ့ သေရမှာ… 😆

  • ဗိုက်ကလေး

    April 4, 2012 at 9:30 am

    များအလှည့်တုန်းက ဖင်ပိတ်ပြီး တစ်လွှာပြီးတစ်လွှာ အိမ်သာလိုက်ရှာတာလေ
    နောက်ဆုံး တော်ဝင်စင်တာကနေ လှည်းတန်းဈေးရောက်သွားတယ် 😆
    ကိုသံချောင်း အမှိုက်ပုံးထဲက ချီးပေစက္ကူတွေ တစ်ခုပြီး တစ်ခု ကောက်ကြည့်ခဲ့တာပဲဗျ..
    စေ့စပ်ပါပေ့နော်

  • aye.kk

    April 4, 2012 at 9:34 am

    ံကျမငယ်ငယ်ကပေါ့နော်…
    အမေကစိန်ထည်အကြောင်းနားလည်အောင်…
    စိန်တွေအကြာင်းကိုညတညမှာပြောပြသင်ပေးဘူးတယ်..
    စိန်တွေအကြာင်းသမီးသိထားသင့်တယ်ပေါ့..
    အပြစ်အနာဆာမရှိတဲ့စိန်ကို..
    အလင်းရောင်ဖြတ်တဲ့နေရာမှာကြည့်ရင်..
    ဖြူပြီးအရပ်ရှစ်မျက်နှာဖက်တလက်လက်တောက်ပပြီးအဖြူရောင်ဖက်ဖြာသန်းပြီး
    မျက်စေ့ကြိမ်းလောက်အောင်
    ဖြာထွက်တောက်ပနေတာက(တတိယ)တန်း..
    အဝါရောင်ဖက်ကိုဖြာသန်းပြီး မျက်စေ့ကြိမ်းလောက်အောင်ဖြာထွက်တောက်ပ
    နေတာက(ဒုတိယ)တန်း..
    ခိုသွေးရောင်ဖက်ကိုဖြာသန်းပြီးမျက်စေ့ကြိမ်းလောက်အောင် တောက်ပနေတာက(ပထမတန်း)..
    ပြောပြဘူးထားပါတယ်..
    ကျမကိုယ်တွေ ့သိထားတာလေးမျှဝေလိုက်ခြင်းဖြစ်ပါတယ်။။

  • Khaing Khaing

    April 4, 2012 at 10:21 am

    ကိုစာမိရေ အပေါ်တပိုင်းတော့ဖတ်ထားပါတယ် ….. အောက်ကစိန်အကြောင်းလေးကိုတော့ အိမ်ရောက်မှ အမြည်းလေးနဲ့ အဟဲ …. နှပ်တော့မယ်နော် …….

  • surmi

    April 4, 2012 at 11:42 am

    ဦးခိုင်ရေ ..
    လင်.လေးတင်ပေးတာကျေးဇူးပဲ ၊ ကျွန်တော်ကခတ်ထူထူဆိုတော. သိပ်မရှာတတ်ဘူး။
    မြန်မာမှာက အရင်တုန်းက ပတ္တမြား ၊နီလာ ကြိုက်ကြပါတယ် ခုမှပြောင်းသွားကြတာ
    *****
    ဂီဂီရေ …
    အမှန်အကန်မားကက်တင်းဆင်းတာတို.၊မားကက်တာကျင်.ဝတ်တို. သင်တန်းလာဖွင်.ပါလား
    အကြံအဖန်တွေချည်းများနေလို. ဟဲ ဟဲ
    *******
    မလတ်ရေ
    အမတို.အရပ်မှာအဲဒီလိုဆိုတော.လည်းကောင်းတာပေါ.ဗျာ ။
    လွတ်လပ်တာပေါ. ၊ ဒီမှာဝတ်ပြနေတဲ.သူတွေကြည်.ပြီး စိတ်အိုက်လွန်းလို. ။
    *******
    bigchef ပြောတဲ. ဘာဘူကြီးကိစ္စက နီးစပ်ပါတယ်
    အားလုံးနီးပါး India ကသွင်းတပြီးတော. ကာရက်ချိန်နဲ.ဝယ်ပြီး ရတီနဲ.ရောင်းတော. အလေးမှာကိုက
    သာပြီးသား….
    *****
    ရှာရှာဖွေဖွေပြောပေးတဲ.ဦးကြောင်ရေ
    ကျွန်တော်မသိလို.အထင်မှားသွားတာ ………ကျွန်တော်တို.ဒီမှာက အုံးမှုတ်ခွက်တို.၊ နို.ဆီခွက်တို.နဲ.
    လုပ်နေကျဆိုတော. ဟဲ ဟဲ တောတွေး တွေးလိုက်တာ ၊အခုပြောင်းမှတ်ထားလိုက်မယ်
    US စတိုင်လို. ။
    *****
    ကိုပေါက်ဖေါ်ရဲ. ဂေဇက်မှာရေးတော.မယ်ဆိုရင် တိကျမှ ဆိုတော.
    ကိုင်ကြည်.သင်.ရင် တော. တတ်နိုင်ဘူးဗျို. ….ကိုင်ကြည်.ရမှာဘဲ နော ….ဟဲ ဟဲ
    ******
    အန်တီအေးရေ
    အန်တီကြည်.ခဲ.တဲ.စိန်တွေက သွေးကွက်ရော အသားရော အရောင်ရော သန်.စင်မှုရော
    ပြီးပြည်.စုံတဲ. စိန်တွေဖြစ်မှာပါ ဒီခေတ်အခေါ် 4C နဲ.ကိုက်ညီတယ်ပေါ. ။
    *****
    မခိုင်ခိုင်ရေ
    စိတ်ကြိုက်သာ မြည်းတော.ဗျာ ….။

  • bo bo

    April 4, 2012 at 2:19 pm

    မသေချာပါဘူးဟူးဟူးဟူးဘာမှမမြဲဘူး

  • Ma Ei

    April 4, 2012 at 3:45 pm

    ကိုဆာမိရေ… စိန် အကြီးဝယ်ရင် အတုမိမှာစိုးလို့…
    အများကြီးရှိရင် (ဖွဟဲ့ ) ဟိုမိသားစုလိုဖြစ်မှာစိုးလို့…
    အမှုန်အမွှားလေးတွေဘဲ ဝယ်တော့မယ်…

  • kyeemite

    April 4, 2012 at 3:55 pm

    ဒေါ်ဆာမိအရေးအသားကိုလေးစားပါတယ်
    အဲလိုသွားလာတတ်ပေမဲ့ အဲ့လိုရေးတတ်သေးဘူး
    အားပေးသွားပါတယ်ချင့်..
    အဲ..အိမ်သာဆိုလို့ပြောရအုံးမယ်..ကျုပ်တစ်ခါတက်ခဲ့တဲ့အိမ်သာ
    အဲလိုဘဲ ချီးကုန်းစက္ကူထဲ့ဘို့ပုံးထားထားတယ်
    ကျုပ်ကပုံးထဲမထည့်ဘဲ ဘိုထိုင်အိမ်သာခွက်ထဲထည့်ပစ်တယ်
    ပီးရေဆွဲချလိုက်တော့ စက္ကူကတလည်လည်နဲ့အီးနဲ့အတူပါမသွား
    ဘဲကျန်ခဲ့တယ်..အဲတော့နောက်တစ်ခါရေဆွဲချရအောင်
    ရေပြည့်တဲ့အထိထပ်စောင့်ပီး ထပ်ဆွဲမှ ကျသွားရှာတယ်..
    အိမ်သာထဲအတော်အချိန်ပေးလိုက်ရတယ်…
    ရေများပေမဲ့ ရေဆွဲချအားမကောင်းလိုဘဲ..

  • water-melon

    April 4, 2012 at 6:25 pm

    တေးစူး ဆာမိရေ
    များ စိန်ဝယ်တော့မလိုု့
    တော်သေးတာပေါ့ ဒေါ်ဆာမိစာဖတ်ကြည့်လုို့
    နောက်များကျရင်မတွေးဝံ့စရာဘဲ
    တော်ပြီ နိုင်ငံခြားမှာဘဲဝယ်တော့မယ်

    ဆာမိ ရန်ကုန်လာလည်ရင် ဟင်းစားလေးရှာထားပေးအုန်းနော် :mrgreen:

  • alinsett

    April 4, 2012 at 6:59 pm

    အဲဒီ စင်တာ သစ် က ဈေးတွေ..ပိုကြီးနေသလိုပဲ.။

  • windtalker

    April 4, 2012 at 8:32 pm

    ဆြာမိ ရေ ၊ သိရနောက်ကျလေခြင်းဗျာ ။
    ကျုပ်ကျောင်းသားဘဝက အမွေရထားတဲ့ ရှေးစိန်အပွင့်ကြီးလက်စွပ်လေး အပေါင်ဆုံးခဲ့ဖူးတယ် ။ ဆြာမိ နဲ ့သာ စောတွေ ့ရရင် ၊ အပေါင်ဆုံးအဖြစ်ခံမှာ မဟုတ်ခဲ့ဘူးဗျ။

  • surmi

    April 4, 2012 at 10:13 pm

    ** ဘိုဘိုရေ …အနိစ္စလို.သာမှတ်ကွယ်
    ******
    မအိရေ …ဝယ်ချင်ရင်တော. ဆိုင်ပိတ်ပြီး ထွက်မပြေးမဲ.ဆိုင်ကဝယ်ဗျ ။
    ဒါမှကိုယ်ပြန်ရောင်းချင်ရင်ဖြစ်ဖြစ် ၊ လဲချင်ရင်ဖြစ်ဖြစ် လွယ်မှာ ။
    ******
    ကိုမိုက် တော်တော်ဒုက္ခ ရောက်သွားမယ်ထင်တယ် ၊ ကျွန်တော်လဲ တံခါးချက်ကျနေလို.ပိတ်မိဘူးသေးတယ်
    သော.ဖျက်တဲ.အချိန်နဲ.ဆို နာရီဝက်လောက်ကြာလိမ်.မယ်ဗျ ။ အားပေးတာကျေးကျေးပါနော ..
    *******
    ဖရဲမ လာရင် သီရိမင်္ဂလာဈေးလိုက်ပို.ပေးမယ် ။ ဟင်းစားတင်မကဘူး ပြန်ရောင်းလို.ပါရတယ်
    တွေ.တော.မှ ထွက်မပြေးနဲ. ၊ ကားတစ်စီးတိုက်လောက်တောအေးဆေးဘဲ …
    *******
    ကိုအလင်းဆက် ပြောတာမှန်တယ် ဗျ ….၊ အကောင်းစားတွေရောင်းတယ်ဆိုတဲ.သဘောနဲ. အသေဆော်
    တာ ၊ ဝယ်လို.မကောင်းပါဘူး ။ မီးပျက်တဲ.အချိန်မှာ အဲကွန်းနဲ. သွားနှပ်နေတဲ.သဘောဘဲကောင်းတယ်။
    ******
    နှမြောစရာဘဲ ကိုပေရေ ….အခုဒီမှာ က အတုကိစ္စ ကတော်တော်မွှေထားတော. တစ်ချို.က ရှေးစိန်တွေ
    ဘဲလိုက်ဝယ်ကြတာ ၊ ပြီးမှ အကွက်ပြန်ပြင်ပြီး နိုင်ငံခြားတောင်ပြန်ပို.ကြတယ် ။တခြားမဟုတ်ဘူး
    ကိုပေတို. မန်းလေးကဘဲ ၊ အရင်က ရွှေတန်းမှာရွှေရောင်းတဲ.သူတွေ …..
    ကျွန်တော.သူငယ်ချင်း ရှေးစိန် တစ်ရတီခွဲလောက်ကို ၁၅ သိန်းပေးရတယ် ဒါတောင်သိပ်မဖြူဘူးနော်
    အကွက်ပြင်ပြီးရောင်းလိုက်တာ ၄၅သိန်းလောက်ရတယ် ၊ စိန်က တစ်ရတီလောက်ဘဲကျန်တယ်
    ချွန်းကိုပါပြင်လိုက်တာ ။

  • etone

    April 5, 2012 at 11:19 am

    စိန်၊ရွှေ ကုန်သည်ကြီး ကိုဆာမိရေ ….. အိမ်သာမှာ ရေပန်းတပ်မထားတာ … ရှောပင်းစင်တာ တစ်ချို့တင်မကပဲ … ဟိုတယ်တွေရဲ့ .. ပါ့ဘစ် တွိုင်းလက်တစ်ချို့မှာပါ တွေ့ရပါတယ် … သူတို့ အိမ်သာ သန့်ရှင်းရေး လုပ်ရမှာ ပျင်းလို့ တူပါရဲ့ … ရေတွေ အပြင်ကို ထွက်ပြီး စွတ်စိုတာတွေဖြစ်မှာလည်း … ကြောက်ပုံပါပဲ …. ။ မှတ်မှတ်ရရအနေနဲ့ … ထရိတ်ဒါးဟိုတယ်ရဲ့ ဧည့်သည် အခန်းကို ရောက်တုန်း … အိမ်သာထဲဝင်တော့ … ရေပန်းမရှိပါဘူး … ဒါနဲ့ … နင်တို့ ရေဆေးချင်လျှင် ရေချိုးတဲ့ ဘတ်တပ်ဘ်ထဲ ဝင်ဆေးသလားဆိုတော့ … အိမ်သာ ဘိုထိုင်လိုမျိုး … နောက်တစ်ခုကိုပြပြီး … အဲ့ဒီမှာ ဆေးသတဲ့ … ။ အထူးအဆန်းမို့ … ပြူးတူးပြဲတဲ ကြည့်တော့ … ကျွန်မနားမလည်မှန်း သိလို့ .. အဲ့ဒီဧည့်သည်ကပဲ … အသုံးပြုပုံကို ပြပါတယ် … ။ ငုတ်တုတ်လေး ထိုင်နေလိုက်ရုံပဲတဲ့ … ။ ငုံများကြည့်လို့ကတော့ .. ပါးစပ်ထဲစင်ကုန်လျှင်တော့ တာဝန်မယူဘူးတဲ့လေ … ။ ဆေးဖို့နေရာ သတ်သတ်ကလည်း .. အိမ်သာနဲ့ တူနေတာမို့ … သူမပြောလျှင် … အဲ့ဒီလိုလုပ်ရမှန်း မသိရိုးအမှန်ပါပဲ … ဟီး … :mrgreen:

    စိန်အကြောင်းဆိုလျှင် … ဒညင်းသီးဆားရေစိမ်လုပ်နည်းတောင် သေချာမသိပါဘူး … ။စိန်ဈေးမပြောနဲ့ ရွှေဈေးတောင် မတွတ်တတ်ပါဘူး …. ။ ကိုယ်တိုင်ကလည်း ရွှေဆိုလျှင်တောင် ဝတ်တာ ၊ ဝယ်တာ ၊ စုတာ ဝါသနာမပါသလို … ကျောက်ထည် ၊ စိန်ထည်ဆိုလို့ကတော့ .. ဝေးစွပေါ့ … ။ အခုလို ရေးပြမှပဲ .. ဗဟုသုတအနေနဲ့ မှတ်သားရပါတယ် … ။ စိန်ဆိုတိုင်း … ဈေးကြီးတယ်ထင်နေကြတဲ့ လူတွေအတွက် …. မှတ်သားစရာအများကြီးပါတဲ့ အကျိုးပြုပို့စ်လေးပါပဲ … ။ ဒါနဲ့ ပလက်တီနမ်အကြောင်းလေး လေ့လာထားတာများရှိလျှင် ရေးပေးဖို့ …. တောင်းဆိုလိုက်ပါတယ်နော် … 🙂

    • surmi

      April 5, 2012 at 11:28 pm

      ဒေါ်အိတုန်ရေ …….
      စိန်ရွှေကုန်သည်တော.မဟုတ်ရပါဘူးဗျာ ၊ အဲ ..အလုပ်အကိုင်မတတ်လို.ကုန်သွားရင်
      အိမ်ကပြန်သယ်တဲ. ကုန်သယ်တော.ဟုတ်ပါတယ် ။ ဒေါ်အိတုန်ပြောတဲ.တွိုင်းလက်တော.
      ကြားဘူးတယ်ဗျ ၊ တခါမှတော.မကြုံဘူးသေးဘူး ။ ကျုပ်တို.ဆီကလူတွေကလည်း ခက်ပါတယ်
      အိမ်သာထဲ ခြေထောက်အလွန်ဆေးတာဘဲ ။ ပလက်တီနမ်အကြောင်းက ရေးပြီးသားအကြမ်း
      ရှိသဗျ ။ ဒါပေမဲ. ရွာထဲမှာရွှေဆိုင်တွေ ပလက်တီနမ်သမားတွေ ရှိရင် အားနာစရာမို.မတင်ဘဲ
      ဒီအတိုင်းထားလိုက်တာ ….ကျုပ်ကလည်း အများသူငါလို ရသတွေ ၊နုနုရွရွတွေ လှလှပပတွေ
      မရေးတတ်လေတော. ထွေရာလေးပါးရောက်တတ်ရာရာတွေ ရေးနေရတာဗျို. ။
      အတင်းပြောသလိုတောင်ဖြစ်နေမလားဘဲ ….။

  • ဆူး

    April 5, 2012 at 11:43 am

    ပိုစ်လေးက တော်တော် ဗဟုသုတ ရပါတယ်။
    စိန်လေး နည်းနည်းပါးပါး ဝတ်ချင်လို့ ဆိုင်တွေ လိုက်စုံစမ်းတာ..
    တဆိုင်နဲ့ တဆိုင် တမျိုးစီပဲ.. ကိုယ်လိုချင်တဲ့ အနေအထားနဲ့ စိန်ဆိုရင် J K လောက်မှ ရတာ ဆိုတော့ ဘယ်တတ်နိုင်မလဲ.. စဉ်းစားမယ် ဆိုပြီး ထွက်လာခဲ့တယ်။ နောက်တဆိုင်ရောက်တော့ သူက ဈေးတော်တော် လျော့ပေးတယ်။ သူအချောင်ရထားလို့ ပေးတာတဲ့.. စိန်ကတော့ K အတန်းဆိုလား စာတီဖီကိတ် မပေးဘူးတဲ့… လက်မှတ်ပေးတဲ့ ဆိုင်ကတော့ ဈေးတွေ တော်တော်ကြီးတယ်။

    အခုရန်ကုန်မှာ တလုံးစိန်တွေ ခေတ်စားနေတယ်။

  • surmi

    April 5, 2012 at 11:47 pm

    ဒေါ်ဆူးရေ …
    ဝယ်မယ်ဆိုရင်တော.ဈေးမကြည်.နဲ.ဗျ ။ ဒီခေတ်လက်မှတ်ကအရေးအကြီးဆုံး ။တခုတော.ရှိတယ်
    ကိုယ်တကယ်စိတ်ချရမဲ.ဆိုင်ကဝယ်ပေါ. ။ တစ်လုံးစိန်နဲ.ပါတ်သက်လို.ပြောရဦးမယ်….
    ကျုပ်ပြောမဲ. ဟာမျိုးက ဒေါ်ဆူးတို.အတွက်မဟုတ်ပါဘူး ….မရှိမရှား ခတ်ကြွားကြွားလေးတွေအတွက်ပါ
    ဒီလိုဒီလို …..ဒေါ်ဆူးပြောသလိုတစ်လုံးထဲခတ်ထားတဲ.နားကပ်တို.လက်စွပ်တို.ရှိသလို စိန်ပွင်.အသေး
    တွေကိုစုပြီး တစ်လုံးထဲပုံပေါက်အောင်လုပ်ထားတဲ.ပုံမျိုးလဲရှိတယ်ဗျ ၊ ဝတ်ထားရင်လုံးဝ မသိဘူး ချွတ်ပြီး
    သေသေချာချာကြည်.မှသိတာ….ဒီပစ္စည်းမျိုးကို ရွဲပျောက် လို.ခေါ်တယ် ။ ဒါကြောင်. ဝတ်ထားတာ
    တစ်လုံးထဲတွေ.ယုံနဲ. တစ်လုံးစိန်ဖြစ်လားမဖြစ်လားမသေချာဘူး ။ တန်ဘိုးကတော်တော်ကွာတယ်
    ဖြူသန်.နဲ.လုပ်ရင်တောင် လေးသိန်းကျော်ကျော်လောက်ဘဲကျနိုင်တာ….ရန်ကုန်မှာကသိတဲ.အတိုင်းဘဲနော

    • ဆူး

      April 6, 2012 at 12:13 pm

      ဦးဆာမိ ရေ.. အဲဒီ တလုံးစိန် ပုံစံမျိုး ခတ် ထားတာ ဆူး မြင်ဖူးပါတယ်။
      ဆူး မြင်ဖူးတဲ့ တလုံးစိန် ပုံစံ ခတ် ထားတဲ့ ပန်းတိမ်များ ညံ့လို့လား မသိဘူး.. တလုံး စိန် နဲ့ အမှုန်စိန် ကွဲပြားခြားနားတာတော့ သိသိသာသာ ရှိလှတယ် ထင်ပါတယ်။
      အဲဒီ အမှုံစိန်တွေ နဲ့ ခတ်တာ ဘယ်လောက် တန်ကြေး ရှိမှန်းတော့ မသိပေမဲ့ တလုံးစိန် နားကပ်ကတော့ တစုံ ကို ၂၀ဝ တန်လောက် မျက်စိကျနေမိလို့ ဆန္ဒမနည်းချုပ်တည်းခဲ့ရတယ်။

Leave a Reply