မန်းလေးမှာကျသောမိုုးသီး
၆ရက်နေ့..နေ့လည်၃နာရီလောက်မန်းလေးမှာမိုုးအရမ်းရွာပါတယ် ၂နာရီလောက်တုုန်းကတောင်ပူကြပ်နေတာပါပဲ မိုုးတွေအရမ်းရွာပြီးမိုုးသီးတွေရောပါ ပါတယ် အစတုုန်းကတော့ကျနော်လည်းသတိမထားမိဘူး ရွာကစကခေါင်မိုုးပေါ်မှာဒုုန်းဒုုန်း ဒုုန်းဒုုန်း ဆိုုတော့မိုုးရွာတာသည်းလိုု့ပေါ့ နောက်ကျတော့မှ
မိုုးသီးတွေမှန်းသိတာ ရေခဲဆိုုတော့လည်း ကျလိုုက် အရေပျော်လိုုက်နဲ့ပါပဲ ဒါနဲ့ကျနော်လည်းဓာတ်ပုုံလေးတွေရိုုက် ခုုတော့ဒီမှာတင်လေးလိုုက်ပါတယ်
တစ်ကယ်တော့နေပွင့်တာနေလုုံးတောင်အပြည့်မပေါ်လိုုက်ပါဘူး ခနနေကျတော့မိုုးတွေအုုံ့ပြီးပြန်ရွာတာပါပဲ ဒါပေမဲ့မိုုးသီးတော့မပါတော့ပါဘူး
16 comments
water-melon
April 7, 2012 at 7:50 am
အမလေး မပြောပါနဲ့တော့တော်
သများလေ အဲဒီနေ့က သင်တန်းကနေပြန်လာတာ
ကျုံးဘေးကနေ လေတွေကလည်းတိုက် သစ်ကိုင်းတွေလဲကျိုး
၂၆ဘီလမ်းက မီးပွိုင့်တောင် ကိုယ်ရှေ့ကျိုးကျတာ
ဆိုင်ကယ်ရှေ့ခြင်းထဲကျလာတဲ့ မိုးသီးတွေတော့ကောက်စားသေးတယ်
Thel Nu Aye
April 7, 2012 at 9:10 am
နို့ဆီလေးပါယူသွားရမှာဖြဲမရဲ့။ သများတို့ငယ်ငယ်တုန်းကဆို မိုးသီးကျတာနဲ့ရေတံလျှောက်ထဲမှာ ခွက်နဲ့ခံပြီး နို့ဆီနဲ့သုတ်စားတာ။
ရင်နင့်
April 7, 2012 at 10:06 pm
မျက်နှာကောစပ်မှစပ်ရဲ့လားဗျ 😛
ကိုပေါက်(မန္တလေး)
April 7, 2012 at 8:52 am
ရင်နင့်ရေ
မင်းရိုက်ထားတာတွေက ပိုလှပြီး ပြည့်စုံတယ်ကွာ။
ရင်နင့်
April 7, 2012 at 10:14 pm
ကျေးဇူးပါဗျာ ဦးပေါက်..ဦးပေါက်လည်းကောင်းတာ ကျနော်သိပါတယ် 🙂
TTNU
April 7, 2012 at 10:39 am
ပုံလေးတွေမိမိရရရိုက်လိုက်နိုင်တာတော်လိုက်တာ။
ရင်နင့်
April 7, 2012 at 10:16 pm
တီချာကြီး ကျေးဇူးပါခင်ဗျ
ဗိုက်ကလေး
April 7, 2012 at 10:46 am
မိုးသီးမမြင်ဖူးလို ့ မြင်ချင်နေတာနဲ ့ ကွိတတ်ပဲဗျာ..
တင့်ခရု
ဒိုင်းညှောင့်
moethidasoe
April 7, 2012 at 1:12 pm
တောင်ကြီးမှာလဲ .. ၄ ရက်နေ့ နေ့လည်ပိုင်းမှာ မိုးသီးတွေ ကြွေပါတယ် .. ဓါတ်ပုံထက် ဗီဒီယိုတွေသာ ရိုက်ထားတဲ့ အတွက် တင်ပေးဖို့ ခက်နေပါတယ် .. ဒီတစ်ကြိမ်က ပထမဆုံးတွေ့ဖူးတာပါ .. ဗီဒီယို တင်လို့ ရမယ် ဆိုရင် လမ်းကြောင်းပြပေးပါ ..
snow white
April 7, 2012 at 1:25 pm
မိုးသီးစားဖူးတယ် မြင်လည်းမြင်ဖူးတယ် မိုးကရန်ကုန်မှာရွာမလိုတော့ဖြစ်ပြီးခုထိမရွာသေးဘူး သိကြားမင်းလည်း မန်းလေးကို ချစ်တယ်ထင်တယ် မန်းလေးကိုအရင်ရွာပေးတယ်နော် စိုင်းစို်င်းတောင်နှစ်တု်ိင်းသူမွေးနေ့ကိုရန်ကုန်မှာဘဲလုပ်ပြီးတော့ ဒီနှစ်တော့ထူးထူးခြားခြားမန်းလေးမှာလုပ်သေးတာဘဲလေ
photwenty
April 7, 2012 at 1:49 pm
နေပွင်.လာတဲ.ပုံလေးအရမ်းမိုက်တယ်ဗျာ
ကူးသွားမယ်ဗျို.
ရင်နင့်
April 7, 2012 at 10:16 pm
ရပါတယ်ဗျာ ကူးသွားပါ
မွန်မွန်
April 8, 2012 at 3:55 pm
ချစ်စရာလေးတွေနော်…
ခုမှပဲမြင်ဖူးတော့တယ်..
စားရင် ဘယ်လိုအရသာလေးလဲဟင်…
ခပ်မိုက်မိုက် ကောင်မလေး
July 5, 2012 at 1:40 pm
ဝါးးးးးးးးးးအများကြီးပဲနော်….
နည်းနည်းတောင်ကြာသွားပြီပဲ…။
si tone
August 14, 2012 at 2:53 pm
ဟာ ………………….. မိုးသီးလေးတွေက ချစ်ဖိုကောင်းတယ်နော်…….
စားလဲစား ချင်တယ်
mayjuly
August 14, 2012 at 3:54 pm
ခုမိုးသီးက နဲနဲ ကြီးတယ်နော်..မိုးပေါ်က ကျလာတုန်းက တော်တော်ကို ကြီး လို့ဖြစ်မယ်နော် ….
ငယ်ငယ်က တွေ့ဖူးတဲ့ မိုးသီးက နဲနဲသေးတော့ ကောက်စားလိုက်တာနဲ့ လက်ထဲတင်ပျော်ပျော်သွားတယ် …
ရေခဲတုံး အသေးစားလေးတွေ လိုပဲနော် …