“ကျွန်တော်ရဲ ့ အိပ်မက် (သို ့) Online Party”

yama nyaApril 10, 20121min1246

ကျွန်တော်ဟာ ပြည်သူတွေရဲ  ့ အခွန်အခနဲ ့ လုပ်ခလစာ ခံစားနေတဲ့ ပြည်သူ ့ဝန်ထမ်း (သို ့) နိုင်ငံ့ဝန်ထမ်းပါ ။ လစာနှုန်းထားကတော့ (၁၂၀၀၀၀)  ။ ဒီလကြရင်တော့ (၁၅၀၀၀၀) ဖြစ်ပြီးပေါ့ ။ လူမျိုးကတော့ မြန်မာနိုင်ငံရဲ  ့ လူမျိုး(၁၃၅) မျိုးထဲမှာမပါဘူး ။ ကပြားဖြစ်နေလို ့။ အဖေက ဗမာ ။ အမေက မွန် ။ မှတ်ပုံတင်လုပ်တော့ အဖေက လူမျိုးနေရာမှာ ဗမာလို ့ထည့်တယ် ။ ပြဿနာမရှိဘူး ။ မွန်စကားပြောတတ်တယ် ။ မွန်စာမသင်လိုက်မိလို ့မတတ်ဘူး ။ ဗမာစကားပြောတတ်တယ် ။ ဗမာစာ တတ်တယ် ။ ငယ်ငယ်ကသင်ခဲ့ရတဲ့ အင်းဝနဲ ့ဟံသာဝတီ အနှစ် (၄၀) စစ်ပွဲမှာ ကျွန်တော်က ကြားနေခဲ့တယ် ။

ကျွန်တော်က နိုင်ငံရေးကို အရမ်းစိတ်ဝင်စားတယ် ။ ဒါပေမဲ့ ဝန်ထမ်းတွေကို နိုင်ငံရေး ကင်းရ မယ်တဲ့ ။ အလုပ်က မထွက်နိုင်သေးတော့ ရင်ထဲကဆန္ဒကို အကောင်အထည် မဖော်နိုင်ဘူး ။ ခေတ်နဲ ့ မျက်ခြေမပြတ်အောင် နိုင်ငံရေး သတင်းတွေ ၊ ဆောင်းပါးတွေ အမြဲတမ်း ဖတ်တယ် ။ ကံဆိုးချင်တော့ ကျွန်တော့် ပတ်ဝန်းကျင်မှာ နိုင်ငံရေး စိတ်ဝင်စားသူ မရှိဘူး ။ သတင်းတစ်ခု ဆောင်းပါးတစ်ပုဒ်ကို ဝေ ဖန်ဆွေးနွေးဖို ့ မိတ်ဆွေမရှိဘူး ။ ကျွန်တော့်ရဲ  ့ထင်မြင်ယူဆချက် ၊ သုံးသပ်ဝေဖန်မှုတွေကိုလည်း ဝိုင် ဝန်းဝေဖန်ပေးမယ့်သူ မရှိဘူး ။ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲကြီး အုံးအုံးကျွတ်ကျွတ်နဲ ့ ပြီးသွား ပြီး ။ ကျွန်တော့်အနားက လူတွေက ခမောက်ကို NLD ထင်နေတုန်း ။ TV ကနေ NDF ဟောပြေနေ တာကို NLD ဆိုပြီး ရောကြိတ်နေကြတယ် ။ ဒီတော့ ကျွန်တော့် ကမာ္ဘမှာ ကျွန်တော်နဲ ့ စိတ်တူကိုယ် တူ ဝါသနာတူတွေ မရှိသလောက်ရှားနေတယ် ။

အခုဆိုရင်နိုင်ငံရေးဟာ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီး ကျွန်တော်တို ့တွေက နား ၊ မျက် စိ ၊ ပါးစပ်တွေ ပိတ်ထားရမှာလား ။ ကျွန်တော်တို ့ရဲ  ့ယုံကြည်ချက်တွေ ၊ မျှော်လင့်ချက်တွေ ၊ အတွေး အခေါ်တွေ ၊ အယူအဆတွေကို တင်ပြပိုင်ခွင့် မရှိဘူးလား ။ ကျွန်တော်ဟာ လူ ့အခွင်အရေးကို လေး စားတန်ဖိုးထားတယ် ။ ဒီမိုကရေစီကို လက်ခံတယ် ။ ကျွန်တော့်ရဲ  ့လုပ်ငန်းခွင်မှာ လွတ်လပ်စွာ ကွဲလွဲ ပိုင်ခွင့်ရှိဖို ့နဲ ့အများစုရဲ  ့ဆန္ဒကို အနည်းစုကလက်ခံပြီး  အနည်းစုရဲ  ့ဆန္ဒကိုလည်း အများစုက လေး စားတန်ဖိုးထားဖို ့ အမြဲတမ်း တွန်းအားပေးခဲ့တယ် ။ ဝန်ထမ်းအဖွဲ ့အစည်းတွေမှာလည်း ဒီမိုကရေစီ ကျင့်စဉ်တွေအတိုင်း ကျင့်သုံးစေချင်တယ် ။ ထွန်းကားစေချင်တယ် ။

အခု ကျွန်တော်တို ့ နိုင်ငံမှာ နိုင်ငံရေး ရေချိန်တွေဟာ တဖြေးဖြေးနဲ ့ မြင့်တက်လာပြီး ။ ကျွန် တော်လည်းပဲ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ် ။ လက်တွေ ့မှာ ပါဝင်ခွင့် မရှိတဲ့ အတွက် online ပေါ်ကနေ ပါဝင်ဖို ့ ဆုံးဖြတ်လိုက်တယ် ။ ကိုယ်တိုင် site တစ်ခုကို ထူထောင်ချင်ပေမယ့် နည်း ပညာနဲ ့ အရင်းအနှီးကြောင့် ဘယ်လိုမှ မတတ်နိုင်ဘူး ။ ဒါကြောင့် Mandalay gazette ကို ရွေးချယ် လိုက်တယ် ။ ကျွန်တော်ဒီကနေ နိုင်ငံရေးနဲ ့ပတ်သက်တဲ့ ကျွန်တော့်ရဲ  ့ဝေဖန်မှု ၊ အကြံပြုမှုနဲ ့ထင်မြင် ယူဆမှုတွေကို ဆက်ပြီးရေးသား သွားပါမယ် ။ ကျွန်တော်ရဲ  ့ ရေးသားမှုတွေကို လွတ်လပ်စွာ ကွဲလွဲပိုင် ခွင့် ရှိတဲ့အတွက် ပြန်လည်သုံးသပ်ဝေဖန်ပေးပါလို ့ တောင်းဆိုချင်ပါတယ် ။ ကျွန်တော် ဒီကနေ ဘယ်လောက်ထိ မျှော်လင့်ထားလည်းဆိုရင် နိုင်ငံရေးလုပ်ဖို ့ အခွင့်မသာသေးတဲ့လူတွေအတွက် Online ပေါ်မှာ ပါတီတစ်ခုထောင်ပြီး မြန်မာ့ နိုင်ငံရေးထဲကို ကိုစွမ်းဉာဏ်စွမ်းရှိ သလောက် ပါဝင်ကြရ အောင်လို ့ တိုက်တွန်းချင်ပါတယ် ။ Online Party ဆိုတာ ကျွန်တော်ရဲ ့ အိပ်မက်တစ်ခုပါ ။

6 comments

  • Moe Z

    April 10, 2012 at 4:58 pm

    MG ကကြိုဆိုပါတယ်ဗျ
    နာမည်မြင်ကတည်းက မွန်လူမျိုးလို့ထင်လိုက်ပါတယ်။
    ထင်မြင်ယူဆချက်တွေကိုလည်း စောင့်ဖတ်ပါ့မယ်
    သူများပို့စ်တွေမှာလည်း ဝင်ရောက်ဆွေးနွေးပါနော ..

  • memeseku

    April 10, 2012 at 6:26 pm

    တို့လဲပါပြီ….. လက်မထောင်ဖတ်သွားပါသှ်…
    ရွာထဲကဘု့စကာလဲမသိပါဘူး… 🙂 🙂

  • kyawtheinmyint 23

    April 10, 2012 at 9:09 pm

    ကြိုဆိုပါတယ် မိတ်ဆွေ အလွန်ကောင်းတဲ့ စိတ်ကူးမို့ ဆက်ရေးပါ အားပေးဘို့ စောင့်နေမယ်နော်။

  • htoosan

    April 10, 2012 at 9:18 pm

    အရင်ဆုံးဘဖော ပိုစ်လေး ဖတ်ကြည့်ပြီးပြီလား မေးကြည့်ချင်တယ်။

  • FattyCat

    April 11, 2012 at 12:34 am

    ရွာထဲက မွန်လူမျိုးကြီး မင်းမတ်ရယ်…. အဘဖောရယ်နဲ့ ဆက်သွယ်စေ…

  • တီတီရေငုံနှုတ်ပိတ်

    April 11, 2012 at 10:23 pm

    အဲ့ပါတီကို ကျုပ်လဲဝင်မယ်

    ကျုပ်ကနိုင်ငံရေးသိပ်နားမလည်ပေမယ့် ပျက်လုံးတွေ ကြိုက်တယ်တော့ 🙂

Leave a Reply