သင်္ကြန်ချိန်ခါ ရေကစားကြတာ။

Kyi LwinApril 10, 20121min1786

မန္တလေးဂေဇက်မှ သူကြီးနဲ့ ရွာသားအပေါင်းကျန်းမာကြပါစရှင်။ သင်္ကြန်နားနီးလာတယ်ဆိုရင်ပဲ သင်္ကြန်သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြားရ နွေအကူးပေမ်ို့ လေရူးကဆော် ဥဩ သံချိုနွဲ့နွဲ့နဲ့လွမ်းတဲ့သူကလွမ်းသလို သင်္ကြန်ပိုးထလို့ တရွ ရွနဲ့ က ချင် ခုန်ချင် ဖြစ်သူတွေကလည်း အများသားလား။

အင်း တစ်နှစ်ကူးပြန်တော့ ပုရစ်ဖူးတွေ စီရရီနဲ့ ပွင့်ရှာမယ့် ရွှေပိတောက်ကလည်း နွေရောက်ပြီလေလို့

ဆိုလေသလား။ နှစ်စဉ်နှစ်တိုင်း နွေရောက်လို့မီးကြောက်တဲ့သူတွေထက် သကြန်အတွက် အရူးအမူးဖြစ်

နေသူတွေက ပိုလိမ့်မရှင့်။ သင်္ကြန်မတိုင်ခင် ဖေဖေါ်ဝါလရီလလောက်ကတည်းက ကန်တော်ကြီးထဲ

သင်္ကြန်အတုလုပ်ပြီး ဒီဗီဒီ ရိုက် ဘော်ချက်သူတွေ ဆတ်တောက် ဆတ်တောက်နဲ့ မနူးမနပ်ဖြစ်နေတဲ့ ကုလားပဲလို ဟစ်ဟော့ပ် သံကြား ခုန်စွ ခုန်စွ ဖြစ်နေတဲ့သူတွေက ဘော်ချက်မယ့်သူတွေအတွက် မြက်ခင်းစိမ်းတဲ့ စားကျက်မြေ ပေပဲ။

မန်းလေးက မြို့မအဖွဲ့ကြီးက တီးတဲ့ သာယာခန့်ငြားတဲ့ ဂီတနဲ့နားဝင်ပီယံကြားရတဲ့ အနုအလှ ဆင်သ ထားတဲ့ မြို့မသင်္ကြန်တေးတွေဆိုတာတော့ ဆယ် စုနှစ် ချီပြီးကြာတာတောင် မရိုးနိုင် ကြားလိုက်တိုင်း ရင်ထဲထိရောက်

တဲ့ နှစ်သစ်မင်္ဂလာနဲ့လိုက်လျှောညီတဲ့ကျက်သရေ ရှိလှတဲ့တေးသံမို့ ဂီတမှာကြည်နူးမိတယ်။

သင်္ကြန်တဲ့ရောက်ပြန်ပေါ့ ဒီတနွေ။ မော် သူတွေ မော် ပျော်သူတွေပျော် သလို အရေးပေါ်ရောက်သူရောက် ရဲစခန်းရောက်သူရောက် ပေါ့။ ဒါမျိုးတွေဟာ နှစ်သစ်မင်္ဂလာနဲ့ လားလားမှ မအပ်စပ်တဲ့ အနိဌာရုံတွေပဲ။   နှစ်သစ်မှာ မင်္ဂလာရှိအောင် ပျော်ပွဲ ရွှင်ပွဲနဲ့ ကြိုတာတော့ကောင်းပါရဲ့။ ဒါပေမယ့် တလွဲတွေဖြစ်နေတာတော့

ဆိုးသရှင်။ တကယ်ရော ပျော်ရွှင်ကြရဲ့လားလို့မေးချင်လှတယ်။ မဏ္ဍပ်မှာ အလှည့် မရမှာ စိုးရ နေရာကောင်း မရမှာ ပူရ ငွေပေးဖို့ ပူရ နဲ့ အေးချမ်းတာဘာရှီလို့လဲ။

အဲ မဏ္ဍပ်ဆိုလို့  စကားပြောရင် ရတဲ့ သတင်းလေးပြောရအုံးမယ်။ တို့များကအသိမိတ်ဆွေပေါတယ်လေ။ မတွေ့တာကြာပြီဖြစ်တဲ့ အသိတယောက်နဲ့စကားပြောဖြစ်တယ်။ သူ့ မှာတော့အလုပ်များလွန်းလို့တဲ့ ။ တို့များ

ဖွတ် သမတကြီးရဲ့ အကြံပေးတွေတောင်အလုပ်မရှိလို့ဘယ်ချောင်သွားအိပ်နေလဲ မသိတဲ့အခါမှာ သူက အလုပ်အင်မတန်များနေတယ်ဆိုတော့ဟိုလူတွေကြားရင် မနာလိုစရာပဲ။

များလိုက်တဲ့အလုပ် ခုလည်း ကန်တော်ကြီါ်ပတ်လမ်းမှာ မဏ္ဍပ်ဆောက်နေတာတဲ့ လူကြီးတစ်ယောက်ဆီက ဆောက်ခွင့်ပါမစ်ရလို့ဝယ်လိုုက်ပြီ း ရယ်ဒီမိတ် မဏ္ဍပ်ရောင်းတဲ့အလုပ်လုပ်နေတာတဲ့။ ဘယ်ဈေးပေါက်လဲဆို

တော့ သိန်း ၄၀ဝ တဲ့။ အရင်းက ၂၅ဝ ရင်းရင် ၁၅ဝ လောက်တော့အသာလေးပဲ။ ကုမ်ပဏီ ၆ လစာအမြတ်လောက်ရတာတဲ့။ လေးဖြူတို့ရဲ့ IC က သိန်း ၁၆၀ဝ ပေါက်တယ်တဲ့။ မဏ္ဍပ်မှာလာကစားမယ့်သူတွေအတွက် D J ပါမယ်။ ကားနဲ့ ကြို ပို့လုပ်ပေးမယ်။ ပြဿနာတခုခုဖြစ်ရင် ရှင်း ပေးမယ်။ဘာတွေ ကျွေးမွေးဧည့်ခံမယ်ဆိုတာတော့မမေးမိပေါင်။ ဒီလောက် ၄ /၅ ရက်လေးမှာ ဒီလောက်မြတ်

တယ်ဆိုတာ အံ့ဩော စရာပဲဆိုတော့ စီးပွါးရှာတယ်ဆိုတာ ဒီလို အချိန်အခါကိုကြည့်ပြီးရှာရတာတဲ့။

တို့များတော့ အဲဒီလောက် သုံး ဖြုန်းပစ်တာတွေ နှမြောလိုက်တာ ပြောတော့မြန်မာနိုင်ငံမှာ ဒီလို ဖြုန်းနေတဲ့သူတွေရှိလို့ စီးပွါးရှာလို့ကောင်းနေတာ စီးပွါးဖြစ်နေတာဆိုပဲ။

ဪ စီးပွါးရှာတယ်ဆိုတာ သူများဘယ်လိုဖြစ်ဖြစ် ကိုယ်ငွေရရင်ပြီးစတမ်းလား။ သင်္ကြန်ရေကစားတာကို

အကြောင်းပြုပြီး ဝတ်ချင်သလို ဝတ် အော်ချင်ရာအောင်နဲ့ မူးကြ ရူးကြ နဲ့ မြင်ရတာ စိတ်ပျက်စရာတွေပါ။ အရက်ကြော်ငြာတွေဆိုတာလည်း အများအပြား။ လူငယ်တွေ မိန်းမငယ်လေးတွေ ဆိုတော အထိမ်းအကွပ်

မရှိ ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာ။  အဲဒီ သင်္ကြန်မဏ္ဍပ်ဆိုတာ တို့များငယ်ငယ်ကလို ကိုယ့်လမ်း ကိုယ့် ရပ်ကွက် က စုပေါင်းပြီး ရေပက်ကစားတဲ့ မဏ္ဍပ် စတုဒီသာတွေကျွေးတဲ့ မဏ္ဍပ်နဲ့ အခြေခံချင်းကကွာ။

စေတနာချင်းကကွာ မို့ ယိုင်းပင်း ကူညီခြင်း စည်းလုံး ညီညွတ်ခြင်းတွေနဲ့ တယောက်ကို ယောက်ခင်ခင်မင်မင်

နဲ့နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောပါတယ်။ ပူလှတဲ့ ဂိမှာန် နွေ မှာ အတာရေ

ဖြန်းလို့လန်းကြစေဆိုတဲ့ စေတနာအရင်းခံမှာမဟုတ်ပဲ။ငွေပြေး့ပီးလာကစားကြတယ်။ တေးသံတွေကလည်း

ခုန်စွ ခုန်စွ လုပ်ချင်စရာ ယမကာလေးတွေကလည်းမှီဝဲထားကြပြန်တော့ လူတွေကလည်း မြောက်ကြွ မြောက်ကြွ ဖြစ်နေတာမို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်နေမှာ ရာနှုန်းပြည့်ပဲ။ မဏ္ဍပ်မှာ ကြီးကြပ်မယ့်သူကလည်း

လုံခြုံရေးဝန်ထမ်းပဲရှိတာလေ။ ရပ်ကွက်ထဲက ဩဇာညောင်းတဲ့ လူကြီးသူမ မဟုတ်ဘူး။အင်း တကယ့်ကို ငွေနဲ့

ဝယ် ငွေပေးပြီးရေကစားကြတာမို့ အတာ သင်္ကြန်ဆိုတာထက် စီးပွါးရေးဈေးကွက်အတွက် အရောင်းအဝယ်လုပ်တဲ့ ရေကစားပွဲတခု ဖြစ်နေတာ သင်္ကြန်ကိုအရုပ်ဆိုး အကျည်းတန်စေအောင်ဖျက်ဆီး

နေကြသလိုပါလား။

နိဂုံးတော့ ဒီနှစ်သင်္ကြန်မှာ နှစ်ဟောင်းက စိတ်အညစ်ကြေးတွေ ဆေးကြောနိုင်ကြပါစေ။နှစ်ဟောင်းက အကျင့်မကောင်းတာတွေကိုပစ်ပြီး နှစ်သစ်ကို စိတ်သစ် လူသစ်နဲ့ကြိုချင်တဲ့စိတ်တွေပြောင်းလဲလာကြပါစေ။

နောင်နှစ်များမှာလည်း စေတနာမပါတဲ့ ရယ်ဒီမိတ် သကြန် မဏ္ဍပ်တွေ ပါမစ်မရပါစေနဲ့ ။

အရက်ကြော်ငြာတွေပိတ်ပင်ပါစေ။

သင်္ကြန်တွင်းမှာ သရုပ်ပျက် ဝတ်စားဆင်ယင်တာတွေကိုအရေးယူတဲ့ ဥပဒေထုတ်ပြန်ပါစေ။

စင်ပေါ်တက်ပြီး မတော်တရော်တွေ ဝတ်ပြ ဆိုပြ ခုန်ပေါက်နေတဲ့ အဆိုတော်များကို အရေးယူပိတ်ပင်ပါစေ။

အမြင်မတော်တာတွေကို သရော်တဲ့ ပြည်သူ့အသံ သင်္ကြန်သံချပ်တွေနားထောင်ခွင့်ရကြပါစေ။

 

အိမ်း တနှစ်ကူးပြီမို့ အချစ်ဖူးတွေ သီကရီနဲ့ရွှေဝါရောင် ပိတောက်နဲ့ ဝါလွင်လွင် ငု တို့ ပြည်မြန်မာတခွင် အလှချင်းပြိင်ကာပ။ နှစ်ဟောင်းမှာ ကြုံတွေ့ခဲသမျှတွေထဲက မေ့စရာကောင်းတာတွေမေ့ပစ်ပြီး နှစ်သစ်ကို လူသစ် စိတ်သစ် အတွေးအခေါ်သစ်တွေနဲ့ ကြိုဆိုလိုက်ကြရအောင်။ စိတ်လက်ရွှုင်လန်းချမ်းမြေ့ပါစေ။ နောင်နှစ်မှတွေ့ကြတာပေါ့။ မန္တလေးဂေဇက်မှ သူကြီးနဲ့တကွ ရွာသားအပေါင်းကိုလည်း သင်္ကြန်ရေပက်ဖြန်းလိုက်ပါတယ်။ အေးချမ်းလို့သာယာကြစေကြောင်းပါ။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

 

6 comments

  • Khin Latt

    April 11, 2012 at 4:32 am

    ကြည်လွင် ရေ
    မြန်မာ့ရိုးရာ ကို ထိန်းသိမ်း နိုင်မဲ့ လူ တွေများလာမယ်၊ သင်္ကြန်ကာလ မှာ ကုသိုလ် ကောင်းမှုပြုတဲ့ အလေ့အထတွေ များလာမယ် ဆိုရင်တော့ သရုပ်ပျက် တွေ သူ့ဟာသူ အရှိန်ရော့ သွားမှာပါ။
    ဒီအတွက် ကို ဘယ်ကို စည်းရုံး အားပေးကြမလဲ ဆိုတာ တော့ ဝိုင်းဝန်း စဉ်းစားသင့်ပါတယ်။
    နောက်ပိုင်း မြန်မာ့သင်္ကြန် ကို နိုင်ငံခြားသားတွေပါ လာနိုင်တော့မှာ။
    အပျော်လဲ မပျက်ရလေအောင်၊ သရုပ်လဲ မပျက်ရလေအောင်၊ မြန်မာ့ရိုးရာ လေးလဲ မပျက်အောင် အနေအထား နဲ့ သူတို့ကို မြင်စေချင်ပါတယ်။
    စီးပွါးရေးသမား ဆိုတာကတော့ ဒါမျိုးအကွက်ဘဲ ချောင်းနေတာမို့ သူတို့ ကို အတင်းပိတ်ပင်ဖို့တော့ ခက်ပါမယ်။
    လူငယ်တွေကို စဉ်းစားဆင်ခြင်နိုင်ဖို့ ဘယ်လို အသိပေးမလဲ ဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။
    ဒီလို အတွေးရှိတဲ့ လေးကို အားပေးသွားပါတယ်။
    နှစ်သစ် တောင်းဆုလေးအတွက် ကျေးဇူးပါ။
    ကြည်လွင်လဲ နှစ်သစ်မှာ ရွှင်လန်းပါစေ။ 🙂

    • ဆူး

      April 11, 2012 at 1:40 pm

      အရီးရေ.. သင်္ကြန်ဆိုရင် ရိပ်သာတိုင်း လူပြည့်တယ်။ ရိပ်သာ တခု တခု ကို လူ ၅၀ဝ အသာလေး ရှိတယ်။

      နိုင်ငံခြား ထွက်တဲ့ လူအနေနဲ့ ကြည့်မယ် ဆိုရင်လည်း တိုးတိုင်းက ဒီအချိန်မှာ အလုပ်များတဲ့ အချိန်ဖြစ်ပြီး နိုင်ငံက ထွက်ခွာတဲ့ လူလည်းတော်တော် များပါတယ်။

      အလှူအတန်းတွေလည်း များလာတယ်။

      ဗရုတ်ကျချင်လို့ ရေကစားထွက်ကြသလို ဖြစ်နေတော့ စိတ်တိုင်းကျ ကျဲနေကြတယ် ထင်ပါ့ အရီးရယ်။

  • ဒီလိုသင်္ကြန်မှာ ဒီလို့ ဒီလိုတွေ မြင်ချင်တယ်လို့ ဟိုလိုလို ဒီလိုလိုနဲ့ ဆိုလာတဲ့ ကိုကြည်လွင်ဆိုသူရေ… နှစ်တိုင်းလဲနွှဲ၊ နှစ်တိုင်းလဲကွဲ၊ နှစ်တိုင်းလဲပြဲ (အကုန်လုံးနော်) ဒီလို ဒိလိုနဲ့ တစ်ကြိမ်တစ်ခါက ဗုန်းတော်ကြီး အုန်းခနဲ ပေါက်သွားလိုက်လို့ ဒို့မြန်မာတွေ ဘာသာရေးဘက်များ လိုက်ကုန်ကြမလားမှတ်တယ်.. အချိန်တန်ရင် စိတ်ထဖောက်ဖောက်လာတဲ့ အနှီသကောင့်သား၊ သကောင့်သမီးများကတော့ နန့်နန့်ကိုထိုးနေတော့တာပါပဲ.. ဘဝကို ပျော်စရာတွေနဲ့မှ နေပျော်မယ်ဆိုပေမယ့် ကျုပ်ဆိုတဲ့သူကတော့ သင်္ကြန်ဆိုတာ လားလားသော်မျှ မသက်ဆိုင်ခဲ့သူမို့ အဲလိုတွေလဲ မမြင်ချင်၊ မကြားချင်၊ မရှုချင်၊ မသိချင်၊

    အားလုံးနဲ့ဝေးရာ၊ ဆိတ်ငြိမ်ရာအရပ်တစ်ခုခုမှာပဲ…

    အရက်ပုလင်းလေးထောင်ပြီး စိတ်တိုင်းကျ မူးနေပါ့မယ်လို့
    😀

    • သမိန်ဂီ့

      April 11, 2012 at 7:24 am

      ဘယာကြော် ကိုရင်ရှုံး…
      😀
      တူတူဗျဲ…

      ခင်တဲ့
      ဂီ

    • Kyi Lwin

      April 18, 2012 at 2:51 pm

      ကြိုက်သလိုသာနေ ကိုယ့်လူရေ။ သူတပါးကို မထိခိုက်တဲ့ လုပ်ရပ်ဆိုရင် ကိုယ့်အခွင့်အရေးနဲ့ကို်ယ်ပေါ့။
      ဒါပေမယ့် ကိုယ့် ယဉ်ကျေးမှုနဲ့ပတ်သက်လာတော့လည်းပြောရပါတယ်။ ဒါဟာ အမျိုးသားရေးပါလို့
      ေြပြာရင် စကားလုံးကြီးက ကြီးကျယ်တော်မူတယ်ရယ်လို့ ကဲ့ရဲ့ကြပေအုံးမယ်။ စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုသလို ဒါမျိုးလေးတွေက စလို့ ယဉ်ကျေးမှုု ပျက်စီးရာ ပျက်စီးကြောင်းပါပဲ။ မမြင်ချင်လို့ လွှဲ နေတယ်ဆိုတာမျိုးက နေရာတိုင်းတော့မကောင်းပါဘူး။ ကိုယ့်လူလည်း သူတပါးကိုမထိခိုက်တဲ့
      အတွက် ကိုယ့်ငွေနဲ့ကိုယ်သောက်တယ် ဆိုတာမျိုးလုပ်ချင်လုပ်ပါ။ တို့များတော့ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုမို့ အများအကြိုက်မဟုတ်လည်းပြောရပါလိမ့်မယ်။

  • mocho

    April 11, 2012 at 10:07 am

    သင်္ကြန်ဆိုတာကတာ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနမှာ လူစည်တဲ့ အချိန်ပါပဲ။ သင်္ကြန်ဆင်နွှဲမဲ့ လူငယ်များ ဆင်ခြင်တုံတရားနှင့် ပျော်ရွှင်နိုင် ကြပါစေ။

Leave a Reply