Assorted Jokes
နှစ် သစ် ကူး မှာ ၊ အား လုံး မင်္ဂလာ ပါ ~~~
ဒီ နေ့ ဥပုသ် ဆောင့် မည် ၊ ထို့ကြောင့် ဒီ ပို့စ် က သက် သတ် လွှတ် ၊ အ သား နဲ့ ပါတ် သက် တဲ့ အ ရာ မ ရေး ထား ပါ ၊ မည် သူ မ ဆို ဝင် ရောက် ဖတ် ရှု နိုင် ပါ သည် ။
အသက်ရှည်နည်း။
လန်ဒန် မှ research တ ခု ၏ လေ့လာ ဖေါ် ပြ ချက် အ ရ ၊ ချော မော လှ ပ သော အ မျိုး သ္မီး များ ကို အ မြဲ ငှေး ငန်း ကြည့် ရှု လေ့ ရှိ သော ယောကျာ်း များ သည် အသက် ပို ၍ ရှည် ပြီး နေ ထိုင် နိုင် သည် ကို တွေ့ ရှိ ရ ပါ သည် ။ ထို့ ကြောင့် ရွာ ထဲ မှ ကြောင်ကြီး ဆို သော ဆရာကြောင်ကြီး သည် အသက် ရှည် ချင်း ကို အထောက် အကူ ပြု နိုင် စေ ရန် ၊ တရုတ်မ ကို အပူတပျင်း မရမက လိုက် လှန် ရှာ ဖွေ နေ ချင်း ဖြစ် နိုင် သည် ဟု လေ့လာ သုံးသပ် ယူဆ နိုင် ပါ ကြောင်း ။
( တရုတ်မ တည်း သာ လျှင် ချောမောလှပ သည် ဟု အ ဓိပ္ပါယ် မ ဖွင့် ဆို ပါ ရန် )
မင်းကုလားပါဆရာ။
၈ တန်း တုံး က ကျနော် တို့ သင်္ချာ ဆရာ သည် အသင်အပြ ကောင်း ပြီး ၊ အင်မတန် မှ လည်း သဘော ကောင်း သော ဘင်္ဂဂေါလီ ကုလား ဖြစ် ပါ သည် ။ အတန်း ထဲ မှာ ကချင် လေး ဘရန်ဆိုင်း ဆို တဲ့ ကုတ်ကမြင်း လေး ဟာ ၊ ဆရာ အတန်း ထဲ ဝင် လာ တိုင်း “ မင်္ဂလာ ပါ ဆရာ ! ” လို့ အော် ရ မည့် အစား ၊ သူ အ မြဲ တန်း တိုးတိုး လေး နဲ့ “ မင်း ကုလား ပါ ဆရာ ! ” လို့ အော် လေ့ ရှိ သည် ။
တရက်တ၌ ကချင် ကလေး ဘရန်ဆိုင်း သည် ၊ သတိ မေ့ သွား လို့ လား သို့မဟုတ် ယောင် ရမ်း လို့ လား မ သိ အ သံ ကျယ် ကြီး နဲ့ “ မင်း ကုလား ပါ ဆရာ ! ” လို့ အော် လိုက် ပါ သည် ၊ တ တန်း လုံး လည်း “ ဝါး ” က နဲ ရယ် လိုက် ကြ သည် ၊ ဆရာ သည် အ ရမ်း ရယ် ချင် သော် လည်း ၊ မ နည်း အောင့် ထား ပြီး “ ငါ ကုလား မှန်း မင်း ပြော ဖို့ လို သလား ~ ” ဟု ဆို ကာ ၊ ဘရန်ဆိုင်း ရဲ့ နားရွက် ကို ဆွဲ လျှက် ၊ အ ခန်း ဝ ကို ရောက် တော့ “ ငါ ကုလား နဲ့ မင်း နဲ့ ဘာ ဆိုင် သ လဲ ကွ ~ ” ပြော ပြီး အပြင် ဖက် သို့ ခြေထောက် နဲ့ကန် ထုတ် လိုက် သည် ။ ဆရာ လည်း သူ့ နေရာ သို့ ပြန် လာ ပြီး ၊ တခီးခီး နဲ့ ရယ် လျှက် “ ငါ ကုလား မှန်း ဒီ ကောင် က ငါ့ ကို ပြော ပြ ရ သေး တယ် ”
ကြက်ဥထဲငါးပိထည့်ရမလား?
တပ်သား မောင်သံချောင်း သည် ဗိုလ်ကြီး သောင်းတန် ၏ အိမ် တွင် ထမင်း ချက် ရ ပါ သည် ၊ တနေ့တ၌ တပ်သား သံချောင်း သည် မီးဖိုချောင် တွင် ကြက်ဥ ကျော် နေ စဉ် ၊ မည် သူ မှ မရှိ ဘူး ဟု ထင် ပြီး ကျယ်လှောင် သော အီး တ လုံး ကို ပေါက် လိုက် ပါ သည် ။
ဧည့် ခန်း ၌ စာရင်း တွက် နေ သော ဗိုလ် ကြီး သောင်းတန် သည် ၊ သံချောင်း ပေါက် လိုက် သော အီး အသံ ကို သူ့ ကို ခေါ် သည် မှတ် လို့ “ ဘာ လဲ ကွ သံချောင်း ? ” ဟု ထူး လိုက် ပါ သည် ။
သံချောင်း လည်း ချက် ချင်း လှန့်ဖြတ် ပြီး “ ဗိုလ် ကြီး ကြက်ဥ ထဲ ငါးပိ ထည့် ရ မ လာ ? ” ဟု ယောင် ရမ်း ပြီး မေး လိုက် သည် ။
ဗိုလ်ကြီး သည် အနည်းငယ် စိတ် ဆိုး သော လေသံ ဖြင့် “ မင်း က လည်း လုပ် တော့ မယ် ၊ ကြက်ဥ ထဲ ငါးပိ ဘယ် လို ထည့် မှာ လည်း ”
ညနေ စစ် တန်းလျှား သို့ ပြန် ရောက် တဲ့ အ ခါ ၊ သံချောင်း က သူ့ ရဲ ဘော် များ အား ပြော လိုက် ပုံ ကတော့ ၊
“ ငါ ဒီ နေ့ ဗိုလ်ကြီး ကို ဖင် နဲ့ ခေါ် လိုက် တာ ၊ သူ လည်း ပြန် ထူး ခဲ့ တယ်ဗျ ”
အီးဘိုးအေ။
အတန်း ထဲ ၌ ကျောင်းသူ မအေးအေး သည် မတော်တဆ အသံ ပါ သော အီး တ လုံး ပေါက် မိ ရာ ၊ သူ မ သည် အ လွန် ရှက် မိ သွား ပြီး မျက်နှာ လည်း နီရဲ နေသည် ။ ထို အ ခါ ဆရာ မ က မအေးအေး အ ရှက် ပြေ အောင် “ ကောင်းတယ် ~ ကောင်းတယ် ~ ဒါ ကျန်းမာ ရေး အ တွက် လေ လှည် တာ ပေါ့ ” လို့ ပြော လိုက် သည် ။
တချိန်တည်း မှာ ဘဲ ကျောင်းသား မောင်ယုစိန် သည် လည်း ၊ အ လွန် အသံ ကျယ် သော အီး တ လုံး ကို ညစ် ထုတ် လိုက် ပါ သည် ။ ဆရာမ သည် စိတ် ဆိုး ပြီး “ မောင်ယုစိန် မင်း လွန် တယ် နော် ၊ မင်း တာ က ကျန်းမာ ရေး အတွက် မဟုတ် တော့ ဘူး ၊ တမျင်တကာ လုပ် တာ ” နောက် ဆရာ မ က ဆက် ပြီး “ မင်း ပေါက် တဲ့ အီး ၊ မင်း ပြန် သွား ဖမ်း ခဲ့ စမ်း ” ဟု ပြော ကာ မောင်ယုစိန် ကို အတန်း အ ပြင် ဘက် သို့ မောင်း ထုတ် လိုက် ပါ သည် ။
အတန် အချိန် ကြာ သော အ ခါ မောင်ယုစိန် သည် အ တန်း ထဲ သို့ ပြန် ဝင် လာ ပြီး ဆရာမ ၏ ရှေ့ တည့်တည့် မှာ လက် ကို ပိုက် ၍ စာ ရွတ် သော လေ သံ ဖြင့် ၊
“ အီး ဆို သော အ ရာ သည် ၊ ဓါတ် ငွေ့ တမျိုး ဖြစ် ပါ သည် ”
“ ၎င်း သည် လွတ်လပ် စွာ ပျံသန်း လှုပ် ရှား သွား လာ နိုင် ပါ သည် ”
“ အီး ကို ကျနော် ဖမ်း လို့ မ မိ ပါ ၊ အီး ၏ ဘိုးအေ ကို ဖမ်း ခဲ့ ပါ သည် ” ဟု ရွတ် ဆို လိုက် ပါ သည် ။
ဆရာမ လည်း “ ဘယ် မှာ လည်း အီးဘိုးအေ ? ”
မောင်ယုစိန် သည် ဖက်ထုပ် လေး တ ထုပ် ကို ဖြေ ပြ လိုက် ကာ ၊ မြေပဲဆံ ချမ်း အရွယ် လောက် ရှိ သော ချေး တုံး လေး တစ် တုံး ကို တွေ့ ရှိ ရ ပါ သည် ။
Breakfast
လွန် ခဲ့ သော နှစ် ပေါင်း ၃ဝ ကျော် က ပထွေး တရုတ်ပြည် ကြီး စတင် တံခါး ဖွင့် ဝါဒ လုပ် လိုက် တဲ့ အ တွက် ၊ ဗမာပြည် မှာ ရှိ တဲ့ ကျနော် တို့ တရုတ် တော်တော် များများ ဟာ ပြည် ကြီး ပြန်ပြီး ဆွေမျိုး သားချင်း များ အား သွားရောက် တွေ့ဆုံ ကြ ပါ သည် ။
ဦးကျန်ကျင်ကျောက် သည် ၁၉၅ဝ ခုနှစ် တွင် ကတည်းက ရက်စက်ကြမ်းကြုတ် သော တရုတ်ကွန်မြူနစ် များ ၏ ဖြုတ် ၊ ထုတ် ၊ သတ် အရေးတော်ပုံ ကြီး ကြောင့် မိမိ ၏ အသက် ဘေး အန္တရာယ် မှ လွှတ်မြောက် အောင် ၊ မယား နှင့် သား ကို ပြစ် ခွာ ၍ လွှတ်လပ် ပြီး ချမ်း သာ ကြွယ် ဝ သော ရွှေ နိုင်ငံ ဟု လည်း ခေါ်သည့် ဗမာ ပြည်ကြီး (ဝါ) နတ် ပြည် ကြီး သို့ ထွက် ပြေး တိမ်းရှောင် လာ ခဲ့ ပါ သည် ။
ယခု အ ခါ တံခါး ဖွင့် လိုက် ပြီ ဆို တော ့ နှစ်ပေါင်း ၃ဝ နည်းပါး မတွေ့ ရ တဲ့ မယားကြီး နဲ့ သား ကို ပစ္စည်း လက်ဆောင်း များ စွာ ဖြင့် သွား ရောက် တွေ့ ဆုံ ပါ လေ တော့ သည် ။
ရွာ သို့ ရောက် ၍ နောက် ရက် နံ နက် အိပ်ယာ ထ တော့ ဗမာပြည် မှာ လို breakfast စား နေ ကြ ပေ မဲ့ ၊ တရုတ် ကျေး ရွာ မှာ တော့ ၊ တ ရက် လျှင် ထမင်းဟင်း သုံး ကြိမ် သာ စား သုံး ပြီး မှုံပဲသွားရည်စာ များ မ ရှိ ပါ ၊ ဗမာပြည် မှာ လို လ္ဘက်ရည် ၊ နံပြား ၊ စမူဆာ ၊ ပလာသာ ၊ ထပ်တရာ မ ပြော နဲ့ တရုတ် အစာဖြစ်တဲ့ အီကြာဂွေး ၊ ပေါက်စီ ၊ ခေါက်ဆွဲ ၊ မြီးရှည် တိုဖူး လည်း မ ရှိ ပါ ။
ဦးကျန်ကျင်ကျောက်သည် အိမ် ပေါ်ထပ် ဝရမ်တာ (veranda ) မှ အ ဝေး ကို ငှေး မျှော် ကြည့် နေ စဉ် ၊ အ ဝေး မှာ လူ တ ယောက် ပုံး ၂ လုံး ထမ်း ပြီး “ တာ f ိန် ~~~ ၊ တာ f ိန် ~~~ ” လို့ အော် သံ ကြား လေ တော့ ၊ သူ လည်း breakfast ကို သိပ် စား ချင် တာ နဲ့ နား ထဲ မှာ “ တို့ f ိန်~~ ၊ တို့ f ိန်~~ ” လို့ ဘဲ ၊ အော် သံ ကို ကြား ယောင် မိ နေ ပါ သည် ။
ဦးကျန်ကျင်ကျောက်သည် ထို အ ထမ်း သမား ကို လက်ခုပ် သီး ၍ လှမ်း ခေါ် လိုက် ကာ ၊ အထမ်း သမား အိမ် အောက် ရောက် လာ တဲ့ အခါ ၊
ဦးကျန်ကျင်ကျောက် “ တ ပွဲ ဘယ် လောက် လည်း ” ဟု မေး လိုက် သည် ။
အထမ်းသမား “ ပွဲ နဲ့မ ရောင်း ဘူး ၊ ပုံး လိုက် ဘဲ ရောင်း တာ ပါ ”
ဦးကျန်ကျင်ကျောက် “ ခင်ဗျား က လည်း ပုံး လိုက် ဆို ၊ ကျုပ် စား လို ့ ဘယ်ကုန် မှာ လည်း ဗျာ ~~”
အထမ်းသမား သည် ချက်ချင်း မျက်နှာ ပျက် ပြီး “ ခွေးမသား~~ဒါ မင်း နှောက် စ ရာ လား ကွ ၊ ငါ – ိုးမသား~~မင့် mother @&^%#^%$^^$%$%#$%&*$ ” စသ ဖြင့် ၊ အ မင်္ဂလာ စကား ပေါင်း စုံ နှင့် ဦးကျန်ကျင်ကျောက် ၏ ဆွေ မျိုး သား ချင်း အား လုံး ကို မေတ္တာ ပို့ သွား ပါ သည် ။
ဦးကျန်ကျင်ကျောက် လည်း ဘု မ သိ ဘ မ သိ နဲ့အ ဆဲ ခံ ရ သော အ ခါ ၊ သူ့ စိတ် ထဲ ၌ ဆိုရှယ်လစ်တို့ ၊ ကွန်မြူနစ် တို့ ဟာ ဒီ လို ဘာ ဘဲ အ လွန် ရိုင်း စိုင်း တယ် ၊ အ ရေး လုပ် ဖို့ မ လို ဘာ ဘူး ဟု ကို့ ကိုယ် ကို နှစ် သိမ့် ပြီး စိတ် ဖြေ လိုက် ရ ပါ တော့ သည် ။
သူ့ မယားကြီး ခြံ ထဲ မှ ဟင်းသီးဟင်းရွက် တွေ ခူး လာ ပြီး ၊ နံ နက် စာ ချက် မည့် အ ပြု တွင် ၊ ခု န က အဖြစ် ပျက် ကို သူ မ အား ပြော ပြ လိုက် ပါ သည် ။
သူ့ မိန်းမ သည် ဟက်ဟက်ပက်ပက် ၊ မျက်ရည် ကျ အောင် ရယ် မော လိုက် ပြီး ၊
“ တာဂေါ ( အစ်ကိုကြီး )ရေ~~ တာဂေါ က နတ် ပြည် ကြီး မှာ သွား နေ တာ ကြာ သွား လို့ ၊ ရွာ အ ကြော င်း မေ့ နေ ပြီ နဲ့ တူ တယ် ” ဆက် လက် ပြီး
“ အဲ ဒီ လူ ရောင်း တာ က ( တာ f ိန် = မ စင် တွေ) အဲ ဒါ ခြံ ထဲ က ဟင်းသီးဟင်းရွက် တွေ ကို လောင်း ဖို့ သဘာဝ မြေဩဇာ လေ ၊ တာဂေါ ပြော တဲ့ ( တို့ f ိန် = တိုဖူးပျော့ ) မဟုတ် ဘူး ၊ မစင် ကို တာဂေါ က တ ပုံး လုံး စား မ ကုန် ဘူး ဆို တော့ ၊ သူ ဆဲ ရင် လည်း ဆဲ စရာ ပါ ဘဲ ”
ဦးကျန်ကျင်ကျောက် သည် လည်း ဖြတ်ကနဲ ချက်ချင်း သတိ ရ လာ ပြီး ၊ သူ့ မိန်းမ ကို ၊
“ မင်း အ ခု ခူး လာ တဲ့ ဟင်းသီးဟင်းရွက် တွေ ကို အ ကြိမ်ကြိမ် ၊ သေသေချာချာ ၊ ရေ များများ နဲ့ ကောင်းကောင်း ဆေး နော် ၊ တ ကယ် ပြော တာ နော် ”
မှတ်ချက် ။ ယခု ခေတ် တရုတ် ပြည် ကြီး မှာ သဘာဝ မြေဩဇာ မသုံး တော့ ပါ ဘူး ၊ လူ ကို အန္တရာယ် ဖြစ် စေ နိုင် တဲ့ ဓါတ် မြေဩဇာ လည်း သုံး လာ ပြီ ၊ ဟို တ လော သတင်းစာ မှာ ပါ လာ တဲ့ သတင်း တ ပုဒ် –
၅ ဧက လောက် ရှိ တဲ့ ဖရဲသီး ခြံ ပိုင် ရှင် သည် ၊ ဖရဲသီး ကြီးထွား စေ သော ဓါတု ဆေး ကို အချိန် တွက် ချက် မှား သွား ၍ အနည်း ငယ် စော ပြီး ဖြန်း လိုက် သည့် အ တွက် ၊ ဖရဲသီး များ အားလုံး ပေါက် ကွဲ သွား ပြီး ၊ တ ခြံ လုံး နီ ရဲ သွား ပါ တော့ သည် ။
***** တရုတ်ပြည် မှ လာ တဲ့ အ စား အ စာ ၊ သ တိ ထား ပါ *****
အား လုံး ရွှင် လန်း ချမ်း မြေ့ ကြ ပါ စေ ~~~
တစ်နှစ်ပတ် လုံး လူတော်လူ ကောင်းများ ( နိုင်ငံတော် အကြီးအကဲ များ အပါအဝင် ) နှင့် တွေ့ နိုင် ကြ ပါ စေ ~~~
ကျေး ဇူး တင် ပါ သည် ~~~
4 comments
htoosan
April 16, 2012 at 6:35 am
အူးဒုန်းခေါ် ဦးပေါ်ဦးကြီးလည်း တစ်နှစ်ပါတ်လုံး ဟာသများများရေးနိုင်ပါစေ…
MTY
April 16, 2012 at 8:17 pm
အားပေးဖတ်ရှုသွားပါတယ်။
ကြောင်ကြီး
April 17, 2012 at 10:08 am
ဟား ဟား.. ရွှေတိုင်းပြည်က ရွှေကြောင်ကြီးကွ…။ ငါ့ကိုလိုဂျင်ဒဲ တရုတ်မတွေ ငါ့ကိုယ်အလေးချိန် ၁၆ပဲရည် ရွှေပိသာချိန်လိုက် တင်တောင်းမှရမယ်။ ဒါတောင် တနှစ်ပြည့်လို့ မပျော်ရင် အိမ်ပြန်မယ်…လိုက်မခေါ်ဂျေး…။ 😎
မှတ်ချက်။ မိုးစက်လေးဆိုလျင် တဝက်ဈေး… ကြေးမုံဂျီးကိုတော့နှစ်ဆ သတ်မှတ်သည်။
သမိန်ဂီ့
April 17, 2012 at 10:18 am
ကြောင်ဘာဘီကျု့ ဖြစ်ချင်ဘီထင့် …
😛