Photoshop ကို အစားထိုးသုံးနိုင်တဲ့ GIMP

manawphyulayApril 18, 20121min1655

GIMP (GNU Imange Manipulation Program) သည် raster graphics editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် ပုံကို ပြင်ဆင်မွမ်းမံတဲ့ tool အဖြစ် တည်ဆောက်ထားတာ ဖြစ်ပြီး Microsoft Windows, Apple Mac OS X နဲ့ GNU/Linux တို့မှာ သုံးနိုင်ပါတယ်။ Retouch လို့ ခေါ်တဲ့ ဟိုးယခင်အချိန်များက ဓာတ်ပုံခဲထိုးတဲ့ လုပ်ငန်းမျိုးကို အခု Photoshop, GIMP ကဲ့သို့ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ လွယ်ကူစွာ သုံးနိုင်ပါတယ်။ GIMP မှာ အလွတ်ပုံဆွဲနိုင်ခြင်း၊ ပုံကို ချုံ့၊ ချဲ့ခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံများစွာကို ပေါင်းစပ်၍ ဒီဇိုင်းထုတ်ခြင်း၊ format အမျိုးမျိုးသို့လည်း ပြောင်းလဲပေးတဲ့ ဂရပ်ဖစ်ဆော့ဖ်ဝဲများနည်းတူ tools များစွာကို သုံးကာ ပုံကို စိတ်တိုင်းကျ ပြင်ဆင်ဒီဇိုင်းထုတ်နိုင်ပါတယ်။ GIF Format ထဲက အခြေခံလှုပ်ရှားမှုရှိတဲ့ ပုံများကိုလည်း တည်ဆောက်နိုင်ပါတယ်။ Icon လည်း ပြုလုပ်နိုင်ပါသေးတယ်။ Web Pages အဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ Tools နဲ့ Function များကို အခြေခံအားဖြင့် Photoshop နဲ့တူအောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။ Photoshop ဆော့ဖ်ဝဲလို ပရော်ဖက်ရှင်နယ် သုံးမဟုတ်ပေမယ့် ပုံတွေပြင်ဆင်တာ၊ ဒီဇိုင်းထုတ်တာကို ဝါသနာပါတဲ့သူတွေအတွက် အားထားနိုင်တဲ့ အဆင့်မြင့် Graphics Application တစ်ခုဖြစ်ပါတယ်။ ကျွန်မကတော့ GIMP 2.6.11 i686 ကို http://gimp-win.sourceforge.net/index.html ဆိုက်ကနေ download ချယူလိုက်ပါတယ်။ နောက်တစ်နေရာ http://www.gimp.org/downloads/ ဆိုက်ကလည်း ရယူနိုင်ပါသေးတယ်။ ဖိုင်အရွယ်အစားကတော့ 20 MB နီးပါးဖြစ်ပါတယ်။

5 comments

  • MTY

    April 18, 2012 at 9:32 pm

    ဒေါင်းသွားပါတယ်။
    စမ်းကြည့်လိုက်အုံးမယ်။
    ကျေးဇူး။

  • kai

    April 19, 2012 at 3:13 am

    GIMPကို.. လင်းနတ်ထဲထည့်သုံးဖူးတယ်..
    မကြိုက်ပါဘူး..

    ကျုပ်ကဖိုတိုရှော့သမားဖြစ်တော့ကာ.. တခြားဟာတွေ.. ဆာယိုနာရပဲ.. 😆

  • သမိန်ဂီ့

    April 19, 2012 at 6:28 am

    ဂလပ်ဖစ် ဆြာမ ကတော့ လုပ်တော့မယ်…
    ကျုပ်က အဒိုဘီ ပိတ်သတ်..
    အဒိုဘီ .ဖိုတိုရှော့ပဲ … ပလပ်ဂင်လေးတွေ ခိုးဒေါင်းထားရင်
    အတော်သုံးလို့ ကောင်းတာကလား …
    😛
    အဲ့ …အဒိုဘီဖိုတိုရှော့ မသုံးရင်
    အဒိုဘီ လိုက်ရွမ်း နဲ့ ဒါ့ပုံပြင်တယ်…
    (တခါတလေ စိတ်ဖောက်ရင် အဒိုဘီ အလက်စွိုက်တာ ..)

    ၆လပိုင်းလောက် ဒီဇိုင်း ကိုစ့်တခု မွမ်းမံဖို့ရှိရဲ့ဗျာ…
    ကြုံရင် ရေးပါဦးမယ် …ခင်တဲ့ ….

    ဇဂါးမစပ် ..အပေါ်ကလူကြီးရေးတဲ့ ဒဿဂီရိက ရီရတယ်ဗျ…
    အာဟိ ဒက်ဂလောက်..

    • kai

      April 19, 2012 at 6:41 am

      ဘီလူးက.. အီလက်စရိတ်တာနဲ့ဆွဲတာ.. အမှတ်မမှားရင်.. ၁၉၉၄-၅ ဝန်းကျင်က..
      ဒေါက်ဂလက်..ဒေါက်ဂလက်…။

      • သမိန်ဂီ့

        April 19, 2012 at 6:46 am

        အလဲ့ .. စွာထှာ …
        သင်ပေးပါဆိုတော့ သင်မပေးဘဲနဲ့ ..
        :'(

        temptation art ဘက် သွားချင်လို့…
        စာအုပ်လေးဘာလေး ညွှန်းပါဦး သဂျီးရဲ့…

        😀

Leave a Reply