Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း

manawphyulayApril 18, 20121min37611

မြို့များစွာထဲမှ ရန်ကုန်မြို့သည် ဘာကြောင့် စည်ကားဆုံးမြို့ဖြစ်နေသနည်း အဖြေရှာကြည့်တော့ လူနေမှုထူထပ်နေခြင်းနဲ့ လူတန်းစားအလွှာအသီးသီးရှိခြင်းဆိုတဲ့အပေါ်တွင် မူတည်နေတာကို တွေ့ရပါတယ်။ ချမ်းသာသော လူတွေချည်းပဲ စုနေတာမဟုတ်သလို လက်လုပ်လက်စားတွေပဲ ရှိနေတဲ့ဝန်းကျင်လည်းမဟုတ်ပြန်ပါဘူး။ လူတန်းစားအလွှာ အသီးသီးရှိနေလို့ပါပဲလို့ ကောက်ချက်ချမိပါတယ်။ အရင်တုန်းကတော့ ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။
လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ နောက်ပြီး မြို့ရဲ့မြောက်ဖက် ၁၁ မိုင်မှာ ခေတ်မီလေယာဉ်စခန်းရှိခြင်းကြောင့်လည်း ပိုပြီး ထင်ရှားတယ်။ စီးပွားရေးလုပ်ရာမှာလည်း တော်တော်ကို အဆင်ပြေပြီး သွားလာရေးလည်း လွယ်ကူအဆင်ပြေတယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ကို အများက မြန်မာနိုင်ငံရဲ့ တံခါးမကြီးသဖွယ် ဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း တစ်ခုဖြစ်တယ်လို့ ပြောကြတယ်။ ဒါကြောင့် စီးပွားရေးလုပ်လို့ အဆင်ပြေလို့လည်း လူတန်းစားမရွေး စုဝေးရာနေရာအဖြစ် သတ်မှတ်ကြတာပေါ့။ စီးပွားရေးလုပ်တဲ့အခါမှာ လေ့လာမိသလောက် တူရာတူရာ လုပ်ငန်းများကို နေရာတစ်နေရာထဲမှာ ရောင်းဝယ်ကြတာကို လေ့လာတွေ့ရှိရပြန်တယ်။ အရင်ဆုံး မြို့လယ်ခေါင်ကို ကြည့်မယ်ဆိုရင် ကျွန်မကတော့ ကွန်ပျူတာသမားဆိုတော့ အရင်ဆုံး ကွန်ပျူတာနဲ့ပတ်သက်တဲ့နေရာတွေ ပြောကြည့်မယ်။ ကျွန်မတို့ ကွန်ပျူတာနဲ့ပတ်သက်လို့ ဝယ်ချင်တယ်လေ့လာချင်တယ်ဆိုရင် အရင်ဆုံး မြို့လယ်ခေါင်မှာရှိတဲ့ ဆိပ်ကမ်းသာလမ်းကို ပြေးသတိရမိကြတယ်။ ဘာကြောင့်လည်းဆိုတော့ ဆိပ်ကမ်းသာလမ်းတစ်လျှောက်က ကွန်ပျူတာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ ခုနောက်ပိုင်း အိုင်တီပစ္စည်းတွေကို တချို့ဆိုင်တွေက အရစ်နဲ့သွင်းပြီး ဝယ်လို့ရတယ်လို့တောင် ဆိုင်းဘုတ်ချိတ်ပြီး တင်ထားတာ တွေ့ရှိရပါတယ်။ ဆိပ်ကမ်းသာလမ်း ကွန်ပျူတာ ဈေးကွက်ဖြစ်ပေါ်လာမှုဟာ စီမံကိန်းတစ်ခုပုံစံမျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြောင်းလဲဖြစ်ပေါ်လာတဲ့ လုပ်ငန်းတူများ တစ်စတစ်စ စုစည်းမိရာကနေ ဖြစ်ပေါ်လာတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်။ ဆိပ်ကမ်းသာလမ်းဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းနဲ့ ကမ်းနားလိမ်းတို့ကို အရှေ့အရပ်ကနေ အနောက်အရပ်သို့ သွယ်တန်းဖောက်လုပ်ထားပါတယ်။ ဆိပ်ကမ်းသာလမ်းကို ယင်းလမ်းမ လေးခုအပေါ်မှာ မြောက်အရပ်ကနေ တောင်အရပ်သို့ ကန့်လန့်ဖြတ် ဖောက်လုပ်ထားပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့လယ်မြို့နယ်များမှာ ပါဝင်တဲ့ ကျောက်တံတားမြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဘလောက်အနေနဲ့ အထက်၊ အလယ်၊ အောက်နဲ့ အောက်ဆုံး(ကမ်းနားလမ်းဘလောက်)ဆိုပြီး လေးခုရှိပါတယ်။ ထင်ရှားတဲ့ အဆောက်အအုံများအနေနဲ့ကတော့ ဗိုလ်ချုပ်လမ်းဘက်မှာ အာရှပလာဇာဟိုတယ်တည်ရှိပြီး အဲဒီဟိုတယ်နဲ့ဆက်နေတာကတော့ အာရှပလာဇာဈေးဖြစ်ပါတယ်။ ကမ်းနားလမ်းဘက်မှာ The Strand ဟိုတယ် တည်ရှိပါတယ်။ ဒါ့အပြင် ၃၈ လမ်းပလာဇာကလည်း ၃၈ လမ်းနဲ့ ဆိပ်ကမ်းသာလမ်းနှစ်ခုအတွင်းမှာ တည်ရှိနေပါတယ်။
ဆိပ်ကမ်းသာလမ်း အထက်ဘလောက်၊ အနော်ရထာလမ်းထိပ်ဘက်နှင့် အနော်ရထာလမ်းရဲ့ တစ်စိတ်တစ်ဒေသတို့မှာတော့ ညနေခင်းဈေး၊ ညဈေးလို့ခေါ်နိုင်တဲ့ သားငါးဟင်းသီးဟင်းရွက် ပျံကျဈေးလေးကို နေ့လည် ၂ နာရီ ၃ နာရီကနေ ည ၉ နာရီဝန်းကျင်အထိ တွေ့ရှိနိုင်ပါသေးတယ်။ တစ်လမ်းလုံးက ကွန်ပျူတာရောင်းဝယ်ရေးဆိုင်အတော်များများကို တစ်နေရာထဲမှာ ဝယ်ခြမ်းနိုင်အောင် စုစည်းရောင်းချနေသလိုပါပဲ။ အဲ ကြိုကြား ကြိုကြားကတော့ တပ်မတော်ခန်းမတွေမှာ ဟိုတယ်တွေမှာ အိုင်တီနည်းပညာပြပွဲတွေ ပြုလုပ်ကျင်းပတာကိုလည်း လေ့လာနိုင်ပါသေးတယ်။ ဒီတော့ ဆိပ်ကမ်းသာလမ်းကို ကွန်ပျူတာလမ်းလို့တောင် တစ်နည်း ခေါ်လို့ရပါသေးတယ်။ ဒီပြင်နေရာတွေမှာကော မရှိဘူးလား မမေးပါနဲ့ ရှိတော့ ရှိတယ် အနည်းအကျဉ်းလောက်ပဲလို့ ဆိုနိုင်ပါတယ်။ ဆိပ်ကမ်းသာလမ်းကျတော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဈေးနှုန်းမေးမြန်းဝယ်ယူနိုင်သလို ဈေးနှုန်းကလည်း တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးတင်လို့မရအောင်လည်း ဖြစ်နေတော့ ဝယ်သူအနေနဲ့လည်း အဆင်ပြေလှပါတယ်။
ကဲ နောက်တစ်နေရာကတော့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ချင်လာပြီ ဆိုပါတော့ ဘယ်နေရာကို သွားကြမလဲ။ ဒီပြင်နေရာတွေလည်း ရှိပေမယ့် ကျွန်မမြင်တာကတော့ ဘားလမ်းလို့ခေါ်တဲ့ မဟာဗန္ဓုလပန်းခြံလမ်းတစ်လျှောက်ပဲဖြစ်ပါတယ်။ ဒီပြင် လသာနားမှာလည်း ဆိုင်တစ်ချို့ဖွင့်ထားတာကို တွေ့ရှိရပါသေးတယ်။ ကျန်တဲ့နေရာတွေကတော့ မရှိဘူးမဟုတ်ပါဘူး ဆိုင်တွေရှိပေမယ့် ဒီနေရာတွေလို တစ်စုတစည်းထဲ မတွေ့ရပါဘူး။ ရှော့ပင်းစင်တာတွေတော့ မပြောလိုတော့ပါဘူး။ နေရာတိုင်းတော့ရှိပေမယ့် သူ့နယ်မြေနဲ့သူ ရှိနေတတ်တာကို ပြောရခြင်း ဖြစ်ပါတယ်။ နောက် ရွှေဝယ်ချင်တယ်ဆိုရင်တော့ ရွှေဆိုင်များ သီးသန့်ဆိုင်သဖွယ် တွေ့ရှိရတဲ့နေရာကတော့ အများလည်း သိပြီးဖြစ်တဲ့ မြို့ထဲလာတဲ့လမ်းတစ်လျှောက် စံပြကွေ့လိုက်တာနဲ့ ဆူးလေနားအထိကို ရွှေဆိုင်တွေ တစ်သီတစ်တန်းကြီးကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နောက် ငွေပန်းထိမ်ဆိုင်တွေသီးသန့်လိုချင်တယ်ဆိုရင်တော့ ၂၉ လမ်းနဲ့ လမ်း ၃ဝ ထဲမှာလည်း အသီးသီးရှိတာ တွေ့ရပါတယ်။ နောက်ဘာဆိုင်တွေ လေ့လာဦးမလဲ အဲ ဟုတ်ပြီ အိမ်သုပ်ဆေးတို့ အဆောက်အဦပစ္စည်းတွေ ဝယ်ချင်လာရင်တော့ ၂ရ လမ်းနဲ့ ၂၈ လမ်းမှာ ဈေးမေးဝယ်ယူနိုင်ပါသေးတယ်။ နောက် အထည်အလိပ်နဲ့ပတ်သက်ပြီး စက်ချုပ်ဆိုင်တွေအတွက် ပစ္စည်းတွေလိုချင်ရင်တော့ သိမ်ကြီးဈေးမှာ ဝယ်လိုက်ရုံပါပဲ။ ဒီလို တစ်နေရာထဲမှာ တစ်စုတစည်းထဲရှိတဲ့အတွက် ဝယ်သူတွေအတွက် ဈေးနှုန်းမှန်ကန်ပြီး ပစ္စည်းအတွက်လည်း စိတ်ကြိုက်ဝယ်လို့ရတာပေါ့ မဟုတ်ဘူးလား။ ဒါမှမဟုတ် အဝတ်အစားတွေ ရောင်းဝယ်ဖောက်ကားချင်ရင်တော့ မင်္ဂလာဈေးနဲ့ ယုဇနပလာဇာတွေမှာ လက်လီလက်ကား ဈေးနှုန်းဆစ်ပြီး သွားရောက်ဝယ်ယူနိုင်ပါသေးတယ်။
ရပ်ကွက်တွေအတွင်းမှာ အိမ်ဆိုင်လေးတွေ တည်ချင်တဲ့သူတွေကျတော့ ဘယ်မှာဈေးဝယ်သင့်သလဲဆိုတော့ ပစ္စည်းလည်း များများတစ်ခါထဲဝယ်မယ် ဈေးနှုန်းသက်သာစွာလည်းရမယ်။ သူများဆိုင်တွေနဲ့ယှဉ်ရင် ဈေးလျော့ပေးလို့လည်းရအောင် ဥပမာ ဆပ်ပြာမှုန့်တို့လို ပစ္စည်းတွေဝယ်ဖို့ ညောင်ပင်လေးဈေးလို့ခေါ်တဲ့ ၁၅ လမ်းထိပ် အောက်ဘလောက်မှာရှိတဲ့ဈေးကို ပြေးသတိရမိပြန်ပါတယ်။ မဟုတ်ဘူး။ ကျွန်မကတော့ ဆန်တို့၊ ဆီတို့၊ အာလူး၊ ကြက်သွန်တွေပဲ ရောင်းချင်တယ်ဆိုရင် မရမ်းကုန်းမြို့နယ်အတွင်းက ဘုရင်နောင်ပွဲရုံတွေမှာ ဖောက်သည်အဖြစ် စာရင်းသာ သွင်းထားပေတော့။ တချို့က အိမ်တွေမှာ တစ်လစာ ဝယ်ချင်ရင်လည်း ဘုရင့်နောင်ပွဲရုံမှာ ဝယ်ခြမ်းကြပါတယ်။ ဟုတ်ပြီ ဘာဝယ်ချင်သေးလဲ… စဉ်းစားလိုက်တော့ ကျွန်မတို့ အိမ်ထောင်ပရိဘောဂတွေလည်း လိုချင်လာပြန်ရော… ပစ္စည်းလည်း ရွေးလို့ရအောင် တစ်နေရာထဲမှာ ဘယ်နေရာမှာ များများစားစား ရောင်းနေသလဲ… ဟုတ်ပြီ တာမွေမှာ သွားဝယ်မယ် တာမွေအဝိုင်းထိပ်ကနေ တာမွေဗလီ၊ တာမွေဈေးဘက်ထိ သမိန်ဗရမ်းလမ်းမကြီးတစ်လျှောက်မှာတော့ ပရိဘောဂပစ္စည်းတွေ ပြုလုပ်ရောင်းချနေတာကို တွေ့ရှိရပြန်တယ်။ တချို့ကျတော့ ယုဇနပလာဇာအပေါ်ဆုံးထပ်မှာပဲ အလွယ်တကူဝယ်ကြပါတယ်။ ဒါမှမဟုတ် ဆွိတီးဟုမ်းလိုဆိုင်မှာဝယ်မယ်ဆိုရင် အောင်ဆန်းအားကစားကွင်းပတ်လည်က ဆိုင်မှာဝင်လို့ရသလို ဆိုင်ခွဲတွေမှာလည်း ဝယ်မယ်ပေါ့။ ဒါမှမဟုတ် ပွင့်ဦးမှာ ဝယ်ချင်လည်း လှည်းတန်းစိန်ဂေဟာလိုနေရာမျိုးမှာလည်း တစ်ခါတလေ လျှော့ဈေးနဲ့ရောင်းချတာကို တွေ့ရှိဝယ်နိုင်ပါသေးတယ်။ စားဝတ်နေရေးအတွက် နည်းနည်းပဲ ဝယ်နိုင်တာကိုတော့ ဒီလိုနေရာတွေ တစ်သီးတစ်သန့်ကြီး ကားခအကုန်ခံပြီး နေ့စဉ်စားနေတဲ့သူတွေကတော့ မဝယ်ကြပါဘူး။ နီးရာနေရာမှာပဲ ဝယ်ယူသုံးစွဲကြပါတယ်။ အများကြီးဝယ်မယ်ဆိုရင်တော့ တကယ့်ကို ဝယ်လို့ကောင်းတဲ့နေရာတွေပါပဲ။ ဥပမာ တစ်ပတ်စာ အသီးအရွက်ဝယ်မယ်။ အလှူလုပ်ဖို့အတွက် ဝယ်ခြမ်းမယ်ဆိုရင်တော့ ကျွန်မကတော့ သီရိမင်္ဂလာဈေးသစ် ခုပြောင်းလိုက်တဲ့ သရက်ချောင်းမှတ်တိုင်နဲ့ အိုဝမ်းမှတ်တိုင်ကြားက ဈေးကို သွားဝယ်မှာပါ။ တကယ်လို့ အလှူက မုန့်ဟင်းခါးချက်မယ်ဆိုရင်တော့ ငါးဝယ်ဖို့ လိုလာပြီပေါ့ ဒါဆိုရင်တော့ ငါးလည်း လတ်လတ်ဆတ်ဆတ်ရမယ် ဈေးနှုန်းလည်း ဆစ်လို့ရမယ့် ကြည်မြင်တိုင်မြို့နယ်အတွင်းက ကမ်းနားဈေးနဲ့ နတ်စင်လမ်းမှတ်တိုင်နားက စံပြငါးဈေးကို ပြေးသတိရလိုက်ပါ။ သီးသန့်လေးတွေ ရောင်းချတာကို လေ့လာကြည့်မိတာပါ။ နောက် အာသောကမှတ်တိုင်အနီး ဂုံးကျော်တံတားအလွန်က ကြက်ဘဲဈေးဆိုတာလည်း သီးသန့်ဒိုင်သဖွယ် တွေ့ရပြန်တယ်။ ရန်ကုန်မြို့လယ်မှာရှိတဲ့ လမ်းမတချို့ကို အီလက်ထရောနစ်ပစ္စည်း အများစုရောင်းချတဲ့လမ်း၊ ဓာတ်ပုံနဲ့ဆက်စပ်ပစ္စည်းအများစု ရောင်းချလုပ်ကိုင်တဲ့လမ်း၊ စက္ကူပုံနှိပ်၊ စာပေလုပ်ငန်းအများစု ရောင်းချလုပ်ကိုင်တဲ့လမ်း၊ လျှပ်စစ်ပစ္စည်း၊ တေးသံသွင်းလုပ်ငန်းဆိုင်ရာ အများစု ရောင်းချလုပ်ကိုင်တဲ့လမ်း စသဖြင့် စုစည်းနေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုလမ်းတွေမှာ မျိုးတူပစ္စည်းတူများသာလျှင် ရှိနေတတ်တာတော့ မဟုတ်ပါဘူး။ ရောထွေးယှက်နွှယ်နေတဲ့သဘောတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် အများစုသော ဝယ်ယူသူတို့ဟာ စုစည်းထားတဲ့ ဈေးကွက်အတွင်းသို့သာ သွားရောက်ဝယ်ယူတတ်တာကို တွေ့ရပါတော့တယ်။ ဘယ်နေရာမှာ ဘာပစ္စည်းတွေ စုနေသေးလဲ။ ကားလောကနဲ့ ဖုန်းလောကတော့ အတော်ကို ပြန့်လာနေတာကို တွေ့ရှိရပါတယ်။ နှစ်သစ်အမြင်လေးတွေ ပြောရင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။

11 comments

  • ဗိုက်ကလေး

    April 18, 2012 at 5:11 pm

    ဟာ..ဒေါ်ပျိုဂျီး
    ယောက်ျားရသွားပြီထင်နေတာ ပျောက်နေလို ့ 😆

    ဓာတ်ပုံလေးတွေနဲ ့ဆို ရှယ်ပဲနော်..ဂျီးဒေါ်

    လက်မထောင်ပြီး အားပေးတွားပါဒယ်..
    လိုတဲ့အချက်တွေကတော့ ရန်ဂုန်သား အူချောတို ့..အူးပါတို ့ ဆက်ဖြည့်ပေးပါလိမ့်မယ်

    • manawphyulay

      April 18, 2012 at 5:13 pm

      အမယ်… နာမည်တွေအမျိုးမျိုးပြောင်းပြီး ကိုယ်ရောင်ဖျောက်နေတာ ဘယ်သူတုန်း… ပုံတွေတင်ပေးချင်ပါတယ်။ မရိုက်ရသေးဘူးဟ…

  • MTY

    April 18, 2012 at 5:51 pm

    သိနေသလိုလိုနဲ့တစ်ကယ်တမ်းမေးလာတဲ့အခါစဉ်းစားနေရ
    တာတွေရှိပါတယ်။အခုလိုခွဲခြမ်းပြလိုက်တော့လွယ်သွားတာပေါ့။
    မှတ်သားကူးယူထားလိုက်ပါတယ်၊ကျေးဇူး။

  • alinsett

    April 18, 2012 at 7:14 pm

    ကျွန်တော်နေတဲ ့ရန်ကုန်.ကို စာဖွဲ ့ပေးလို ့ကျေးဇူးပါပဲ…မနောရေ…

  • snow white

    April 18, 2012 at 7:42 pm

    စုံနေတာဘဲ ရန်ကု်န်မြို့ကိုခွဲခြမ်းစိတ်ဖြာလို့တော်သေးတယ် ဝယ်မယ့်နေရာ တော်တော်လေးလည်း သိသွားတာပေါ့

  • Yu Nwe Win

    April 18, 2012 at 7:44 pm

    Nice post ! All my mind keep flying back to myanmar by reading this post. Miss soulfully something over there.

  • ကိုရင်မောင်

    April 18, 2012 at 9:01 pm

    တထိုင်ထဲရန်ကုန်ကဈေ းကွက်အနေအထားသိသွားရလို့
    ကျေးဇူးဘဲမနောဖြူလေးရေ…

  • သမိန်ဂီ့

    April 19, 2012 at 6:36 am

    မစိတ်ဖွေးပိစိရေ..
    မတူတဲ့ အမြင်နဲ့ မန့်မယ်နော…

    စာထဲမှာ … ဈေးဆစ်တာ ဈေးဆစ်တာ ဆိုပီး ၃ခါလောက်
    တွေ့လိုက်ရတယ်… မှန်တာပြောရရင် စိတ်မကောင်း..

    သည်လူတွေ ..
    သည်ခေတ်ကြီးထဲ ..ဈေးနှုန်းမှန်ကပ်ပြီး မရောင်းကြသေးဘူးတဲ့လား..
    ခက်ကပြီ …ဝယ်သူက မသိရင် တင်ရိုက်ချင်တဲ့ ဈေးရောင်းနည်း သူငယ်နာ
    မစင်သေးတဲ့ သဘောပါပဲ …

    ဝယ်သူတွေဟာ ပိုမို စမတ်ဖြစ်လာပြီး သူတို့အတွက် သတင်းအချက်အလက်
    ဖြည့်ဆည်းပေးရင်း ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ရေရှည် ဆက်ဆံရေးထူထောင်ရမယ်ဆိုတာ
    မသိရင်တော့ … ဘစ်ပလေယာတွေ စူပါမားကတ် စတိုရီတွေကြားမှာ နောက်ဆုံး
    သေကုန်မယ့် ပရုတ်လုံးတွေလို့ မြင်ပါကြောင်း …..

    စကားမစပ် … လော်ဆင် မြိုသွားရင် မျက်ရည်ကျကြမှာလား ဟင်င်င်

    စိုးတယ် စိုးမိတယ်..စိုးထိတ်မိတော့တယ်…

  • ကြောင်ကြီး

    April 19, 2012 at 8:26 am

    နိုက်ကလပ်၊ ကာရာအိုကေဘား၊ အနှိပ်ခန်း စုရပ်တွေလည်း ပြောအုံးမှပေါ့ ဂျီးဒေါ်ရဲ့… တော်ကြာ မြို့ရန်ကုန်မှာ ပျော်စရာတွေ မရှိဘူး ထင်သွားအုံးမယ်။ 🙄

    • manawphyulay

      April 19, 2012 at 10:29 am

      အမယ်လေး ပထမ ရေးမလို့စဉ်းစားသေးတယ်။ ဘီယာဆိုင်ကောင်းကောင်းတွေကော နောက်တော့မဖြစ်ပါဘူးလို့ ဦးကြောင်ကြီးတို့လို လူမျိုးတွေ တစ်နိုင်ငံလုံးမှာ ပေါများလာမှာစိုးရိမ်လို့… 😛

Leave a Reply