တူညီသောခြားနားခြင်းများ၏ဆုံမှတ်

thu yaApril 23, 20121min1052

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံအတွင်း၌ ကချင်ကယားကရင် ချင်း မွန်မြန်မာရခိုင်ရှမ်း..အစရှိသောတိုင်းရင်းသားများနှင့် နိုင်ငံသား ဘာသာခြားများနေထိုင်သောနိုင်ငံတော်ကြီးဖြစ်ပါသည်။မြန်မာနိုင်ငံမှာ ဗုဒ္ဓ

ဘာသာနိုင်ငံဖြစ်သောကြောင့် အများစုမှာ ဗုဒ္ဓဘာသာများဖြစ်၍ အချို့မှာ ဟိန္ဒူ အစ္စလာမ် ခရစ်ယန်များဖြစ်ကြပါသည်။နိုင်ငံတွင်း၌နေထိုင်သောနိုင်ငံသားများသည်မိမိတို့ ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြရင်း

ဘာသာကွဲပြားမူ ၊လူမျိုးခွဲခြားမူ အရောင်အသွေးခြားနားမူများဖြင့် ခွဲခြားနေထိုင်ခဲ့သော အလေ့အထမှာ ယနေ့အချိန်တိုင်အောင်ရှိနေခဲ့ပါသည်။

မည်သို့ပင်ကွဲပြားစေကာမူ ၎င်းတို့အားလုံးသည်နှလုံးသားရှိသောလူသားများဖြစ်သောကြောင့်ထပ်တူညီမျှသော တူညီသော ကောင်းမူ၊မကောင်းမှု စိတ်စေတနာများသည် လူတိုင်းရင်ထဲတွင်တူညီစွာ

ရှိနေကြပါသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားခဲ့သောမေတ္တာ၊ ကရုဏာ၊မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး(၄)ပါးသည် ကွဲပြားခြားနားသော အယူအဆမတူညီသော၊ လူမျိုးနှင့်ကိုးကွယ် ယုံကြည်မူ

ကွဲပြားနေသော လူသားတို့၏ရင်ထဲတွင် တူညီစွာရှိနေကြပါသည်။

အမိဝမ်းတွင်းမှ ကျွတ်သော သန္တေသားသည် လောက၏ကွဲပြားခြားနားသော အရောင်မစွန်းထင်းခင်  ၎င်းကလေး၏အော်ငိုသံမှာ အူဝဲ (သို့) အူငှဲဟူသောအသံထွက်ပါသည်။ကွဲပြားခြားနားသောအော်မြည်သံ

မထွက်ပါ။ဘာသာခြားလူမျိုးပေါင်းစုံမှ သားသည်မိခင်အပေါင်း တို့သည် ၎င်းတို့မီးဖွားစဉ် မည်သို့ ခက်ခဲပါစေ မွေးဖွားပြီးသောသားငယ် သမီးငယ်၏မျက်နှာ မြင်သော အခါ တဒင်္ဂ အတွင်း၌ အခက်ခဲများ နာကျင် ကိုက်ခဲခြင်းများ မေ့ပျောက်သွားပါသည်။ မိမိဝမ်းနှင့်လွယ်မွေးရသော သားငယ် သမီးငယ် များအား မိမိရင်သားမှ ထွက်သော  နို့ချိုကိုတိုက်ကျွေးချင်သော  မေတ္တာသကိဝင်သော စိတ်များ ဖြစ်ပေါ်လာသည်။

ထိုမေတ္တာစိတ်ကို မည်သူမှ ဖြစ်ရမည်  မည်သည်ံလူမျိုးမှ ဖြစ်ရမည် ဟူသောကွဲပြားခြားနားမူမရှိပါ ၎င်းမှာတူညီသော သက်ရှိလူသားတို့၏ မေတ္တာစိတ်ဖြစ်ပါသည်။

ညအရောင် အမှောင်ကာလများလာသောခေတ်ကြီးတွင် သက်ရှိလူသားတို့၏နှလုံးအိမ်တတွင် မေတ္တာရှိန်မှေးမှိန်၍  တူညီသော လေဘ ဒေါသ မောဟ စိတ်များ ဦးစီး၍ လွန်ကဲစွာ ကျင့်ကြံနေထိုင်လာသောအခါ

အမှားအမှန် အကောင်း အဆိုးကိုဝေဖန်ပိုင်းခြားနိုင်သော ဆင်ခြင်တုံတရား ဆင်ခြင် ဉာဏ်များ အားနည်းလာခဲ့ကြသည်။

ပြိုင်မျည်းများသည်ဆုံမှတ်မရှိနိုင်သကဲ့သို့  တစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံရာတွင် အမှောင် သခင် လောဘအရှင်ကို ဆရာတင်မိသဖြင့်  မေတ္တာတည်းဟူသောဆုံမှတ်ကို မရရှိနိုင်ဘဲ  ကွဲပြားခြင်း၊ ခြားနားခြင်း    ပေါင်းစည်း၍ မရခြင်းများဖြင့်သာ အဆုံးသတ်မည်သာဖြစ်သည်။သနားခြင်း သည်းခံခြင်း  စာနာထောက်ထားခြင်း ညှာတာခြင်းများသည် နှလုံးသား၌ မေတ္တာ စိတ်ပေါ်မှာသာ အခြေခံပါသည်။ မေတ္တာ သထ္ထော  အနန္တော ဟု မြတ်စွာ ဘုရားရှင်ဟောကြားထားသည်လည်းရှိပါသည်။

အခုအခါ မြန်ပြည်တွင်း၌ နေထိုင်မူတူသော်လည်း ကိုးကွယ်ရာ ခြားနာသူတို့ မသင့်မြတ် ကြသော သတင်းဆိုးများ စိတ် မချမ်းမြေ့ဖွယ်ရာ ကြား ခဲ့ရပါသည်။ မေတ္တာတရားဖြင့် ရှုကြည့် ကြလျှင် ဤသို့ ဖြစ်နိုင် ဖွယ်ရာမရှိပါ။လောဘ ဒေါသ တို့ဖြင့် ပူနွေးလောင်မြိုက် နေသော လောကကြီးအတွင်း၌ နှလုံးသားရှိသော သက်ရှိလူသားဖြစ်သော ကျွနိပ်တို့သည် တူညီစွာရှိကြသော မေတ္တာစိတ်ဖြင့် ခွဲခြားခြင်း ကွဲပြားခြင်း

ချိုးနှိမ်ခြင်း  အစရှိသော အမှောင်လောကအားဖြိုခွင်း၍ ငြိမ်းချမ်းအေးမြသော မေတ္တာဆုံမှတ်၌ ပေါင်းဆုံရန် ရည်သန်ရေးသားလိုက်ရပါသည်။

 

 

2 comments

  • htet way

    April 23, 2012 at 9:44 pm

    မေတ္တာ စိတ်ကိုပြောပြတာ ကျေးဇူးပါ
    အချင်းချင် စာနာစိတ် မေတ္တာစိတ်ရှိရင် အေးချမ်းတဲ့ ဘဝကိုရကြမှာ မလွဲပါ

  • သူရဇော်

    April 24, 2012 at 4:21 pm

    အိမ်း ကျုပ်နဲ့ နာမည်ခပ်ဆင်ဆင်ကြီးလဲ ရှိသေးတာကိုဗျ အာဟိ

Leave a Reply