စစ်ကူ..ရှိ – ရှိ ..မရှိ ရှိ…၊ ရဲရင့်နေမယ့်..သူ..

alinsettApril 23, 20121min17618

ဒီနေ့ ငါ သော ့ တစ်စုံ ဝယ်ခဲ့တယ် ။

တကယ်တော့…ငါ့ဆီမှာ.သေတ္တာထဲ..ထည့်ပြီး.သော့ခတ်..သိမ်းထားစရာ..ဘာမှ မရှိသလောက်ပါပဲ.။

စိန်..ရွှေ.ငွေ..ရတနာ…ဘာမှ မရှိ..။

ဒါပေမယ့်.ငါ ..သော့တစ်စုံ လိုအပ်နေပြီ။

ဒါကြောင့် သော့တစ်စုံ ဝယ်ခဲ့တယ် ။

ငါ့ နှလုံးသားကို..သော့ ခတ်..သိမ်းဆည်း..ဖို ့……။
_____________________________

ပြဿနာကို ငါက စခဲ့တာလား..။ ဖြစ်ချိန်တန်..လို ့ဖြစ်လာတဲ ့ပြဿနာ..လို ့ပဲ.ငါ ထင်ပါတယ် ။

နင့်ကိုငါ… အများကြီး.မျှော်လင့် ထားတာပါ ။ နင်က ဉာဏ်ကောင်းတယ်..။ ရဲရင့် သွက်လက်တယ် ..။ ပြီးတော့ ချစ်စရာကောင်းတယ်.. ။

နင့်ရဲ ့ဘဝကို ဟိုး …အမြင့်ဆုံး..ဆိူတဲ ့နေရာတွေ..မှာပဲ..ရှိနေစေချင်တာ..ငါ့အပြစ်လား..။

နင်ကြိုက်တဲ ့ ကိုရီးယား…ဇာတ်လမ်းတွဲတွေ.ကို.မကြည့်ပါနဲ ့..လို ့ပြောတာ..၊ ဇာတ်လမ်းတွဲတွေ.ရှေ့မှာ.ကုန်သွားမယ့် အချိန်တွေကို..နှမြောလို ့.

မတတ်သေးတဲ ့အတတ်ပညာ တစ်ခုခု သင်ယူ သင့်တယ်..လို ့..တိုက်တွန်းတာတွေ…ဟာ..အဲဒါ..နင့်အတွက်..

ကောင်းစေချင်လို ့ပြောတာပါ ဟာ..။

နင်ပဲ..စဉ်းစားကြည့်လေ..။ နင် ခုထိ ကြည့်နေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ထဲက နင် …ဘာရခဲ့သလဲ..။

သူတို ့ ယဉ်ကျေးမှု.နဲ ့ ငါတို ့မြန်မာ့ ယဉ်ကျေးမှုဆိုတာက ..ကူးလူးဆက်ဆံ ဖို ့ မလွယ်..ကူတဲ့ ကိစ္စလေ..။ ငါ..ကြည့်မိခဲ့သလောက်တော့…

အဲဒီ ကိုရီးယား..ဇာတ်လမ်းတွဲတွေ..ထဲမှာ.. ထိန်းသိမ်းမှု မဲ့..အိမ်ထောင်ရေး.ဖောက်ပြန်မှုတွေ..၊

လူမှုရေး.ဖောက်ပြန်မှုတွေ…မြင်မကောင်းဘူး.။

နင်..အဲဒီ ကိုရီးယား…ကားတွေ..ထဲက ဘာကို ယူလို ့..ရခဲ့သလဲ.. ။…ယူ သင့်တာ တစ်ခုတော့..ရှိတယ် ။

ကိုရီး.ယား….ဘာသာ စကားလေ… ၊ ဒါပေမယ့်…. နင် ခုချိန်ထိ..နေ့တိုင်း..အချိန်ပေးပြိး..ကြည့်နေတာတောင်..ကိုရီးယားစကားပြောတတ်လို ့လား..။

ထားပါတော့လေ…။

နင့်ကိုငါက…ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဖြစ်စေချင်လို ့ပါ ။

နင့်..ဘေးမှာ..( ပြိးတော့..ငါ့ဘေးမှာ..) ဒုက္ခရောက်နေတဲ ့သူတွေ..အများကြီးပဲ.. ။

အဲဒီ လူမွဲ မျဉ်းကြောင်း အောက်က လူတွေကို…နင်…ကူညီ နိုင်မှ ဖြစ်မယ်.လေ.။ နင်တို ့ငါတို ့ ထက် နိမ့်ကျ..နေသူတွေကို..

တတ်နိုင်သမျှ..ကူညီ ဖို ့.. ငါတို ့မှာ..တာဝန်ရှိတယ်. ။

ငါတို ့မျိုးဆက်မှာ အစွမ်းကုန်..ကြိုးစားပြိး..တည်ဆောက်ခဲ့မှ… အနာဂတ်တိုင်းပြည်က…ခိုင်ခံ့ သပ်ရပ်မှာလေ.။ အနာဂတ်တိုင်းပြည်တစ်ခု တည်ဆောက်ရာမှာ…

ငါတို ့…နင်တို ့ရဲ ့ အားအင်တွေ..၊ အကြံဉာဏ်တွေ..၊ လုပ်အားတွေ…ပါမှ….ငါတို ့ တာဝန်ကျေမယ် ..။

ငါတို ့ တာဝန် ကျေမှ….ပိုပြိး.ကောင်းမွန်တဲ ့ ..၊ ပိုပြီးတော့..ထမင်းဝတဲ့ တိုင်းပြည်တစ်ခု..ဖြစ်လာမှာလေ..။

အဲဒီ အတွက်..နင့်ကို..သာမန် မိန်းမတစ်ယောက်…မဖြစ်စေချင်ဘူ း။

ငါ..နင့်ကို ပုံစံတစ်ခု ထဲ..အတင်း သွင်းယူနေတာ မဟုူတ်ပါဘူး ဟာ…။

နင်..လျှောက်မယ့် လမ်းကြောင်းတွေ..ချော်သွားမှာ စိုးလို ့..

သတ်ိပေး..တည့်မတ်ပေးရုံပါ .။

နင့် လွတ်လပ်ခွင့်ကို..ငါ…တားဆီးနေတာ မဟုတ်ပါဘူး ။ နင်..တလွဲ .နေရာတွေ.မှာ..လွတ်လပ် ချင်သွားမှာ..စိုးလို ့.ပြောတာပါ ။

နင့်ကို ချစ်တဲ ့ လူ..တစ်ယောက် အနေနဲ ့..ဒီလောက်တော့..ငါ ပြောခွင့်ရှိမယ်..ထင်ခဲ့တာ….. ။

အခုတော့…နင်……ငါ့ကို………………………………………………

__________________________________________________

ငါ…မှားတာပါလေ..။

အချစ်..ဆိုတာကို..နင်…ကိုးကွယ် ချင်တိုင်း…ငါ..မကိူးကွယ်တတ်ခဲ့တာ..။

အချစ်..အချစ်.နဲ ့မြည်တမ်းပြိး..အဲဒီ အချစ်ထဲ..မှာ ပဲ..မျောချင်တိုင်းမျော.နေချင်တဲ့နင် ့ကို….

ငါ..အလို ..လိုက်မပေးနိုင်ခဲ့တာ…..

အဲဒါ…ငါ..မှားတာပါ ။

တကယ်တော့..ငါ့လို အတွေး..နက်နက်တွေ.တွေးပြီး….ကမ္ဘာကြိး.ကို..ပို..လှအောင်..ပြုပြင်ပေးချင်နေတဲ့..

ခပ်ရူးရူး.ကောင်လေး.နဲ ့ချစ်သူ တော်..ရတာ..နင်..ကံဆိုးတာပေါ့နော်..။

____________________________________________________

ငါက သာမန်..ယောကျာ်းတစ်ယောက် မဖြစ်ချင်ဘူး.. ဟ ။

ငါ..မသေခင်မှာ..ငါနေထိုင်ခဲ့တဲ့ ကမ္ဘာမြေကြီး.ကို..လှ သထက်လှအောင်..ဖန်တီးခဲ့ချင်တဲ့ကောင်.လေ ။

ငါရပ်တည်ခဲ့တဲ့..မြေကြိး.ပေါ်မှာ..

.ငါ ချန်ခဲ့မယ့်.အရာတွေ..ဟာ..

.ငါ..ဖန်တီးလို ့ရနိုင်သမျှ.

အကောင်းဆုံး..ဆိုတဲ့အရာတွေ.ပဲ..ဖြစ်စေရမယ်..လေ ။

ငါက ကမ္ဘာမြေကြိးကို…အကောင်းဆုံး…အရည်အချင်းတွေ.၊ အကောင်းစိတ်ထားတွေ..နဲ့.. အလှဆင်သွား…ချင်တာ…

အဲဒါ…ငါ…ရူး..တာ…လား…။

__________________________________________

လမ်းခွဲ..တယ်..ဆိုတာ…မဆန်းပါဘူး ။

ပြန်ဆုံချိန်တစ်ခုမှာ..ငါ ဘာ စ ပြောရမှန်း..မသိတာက..ဆန်းနေတာ ။

နင်..ငါ့ကို ကြည့်တဲ ့အကြည့်ထဲ..မှာ..ဘာတွေ.ပါနေသလဲ..။

ငါ…မလို ချင်တော့ပါဘူး ။ နင့်ရဲ ့အလွမ်းတွေ…

နင့် ရဲ ့သတိရ တမ်းတခြင်းတို ့…၊ သံယောဇဉ်..အရိပ်အငွေ ့တို ့…၊

ဒါပေမယ့်…နင့်ဆီမှာ..ရှိလိမ့်မယ်..ထင်တဲ့အရာတွေ.ကို..မတွေ့ရတော့…

ငါ..အံ့ဩသွားပါသေးတယ် ။

သေချာတယ် ။ နင်..ငါ့ကို…မချစ်ဘူး ။ မလွမ်းဘူး ။ငါက..သာ………………

အေးလေ…ထားပါတော့…. ။

လူ..ဆိုတာ..မာန တစ်ခုတော့..ရှိသင့်တယ် ။ မာန ခပ်သေးသေးတစ်ခုတော့ .. ငါ..ထားမှ ဖြစ်တော့မယ် ။

” ” နေကောင်းရဲ့..လား…ကိုလင်း…..”” တဲ ့။

နင်…ဘာသဘောနဲ ့မေးတာလဲ…ငါ.သ်ိပါတယ် ။

ငါက နင့်ကို လွမ်းပြီး…. လောကကြိးအတွက်..ဘာမှ လုပ်မပေးနိုင်တော့လောက်အောင်..

ခွေယိုင်..လဲ..ကျ..ပြိး.ကျန်ရစ်ခဲ့မယ်..ထင်နေတာမဟုတ်လာ း… ။

ငါ…အဲဒီလောက်..မပျော့ညံ့သေးဘူး ။

ငါ့ရဲ ့..ကမ္ဘာချစ်စိတ်က…

မိန်းမတစ်ယောက်ကို..ချစ်လျက်.ခွဲ..ခွါ.၊.ကျန်ရစ်ခဲ့ရုံနဲ ့…

ပျောက် ပျက်မသွားဘူး ။

” ” ငါက ..စစ်ကူ..ရှိရှိ…မရှိရှိ..ရဲရင့်ပြီးသားကောင်..ပါ ။ “”

နေကောင်းရဲ့လား..ကိုလင်း……တဲ ့ ။ ဖြေမယ်….လေ ။

“” ငါ့ တစ်သက်မှာ..ဒီရက်တွေ..က..နေလို ့အကောင်းဆုံးပဲ. ဟ..။ အသက် တစ်ရက် ပိုကြီးလာလေ…

ငါ့ အသက်ရှင်သန်မှုက ပိုပြိး..အဓိပ္မာယ်..ရှိလာလေ..ပဲ ။ “”

_____________________________________________-

လေးစားစွာဖြင့်..

အလင်းဆက်

20 . 4 .2012 / friday…21 : 55 pm
alinsett.art@gmail.com

18 comments

  • Gipsy

    April 24, 2012 at 7:51 am

    စိတ်တွေလည်းဖျား ဒိတ်တွေလည်းမှား
    အလွမ်းတွေဝေ ပန်းတွေကြွေ
    နေမင်းလည်းချမ်း ပင်လယ်လဲခန်း
    ချစ်သူထားရာ စေစားငါ
    ဆုတောင်းမှားခဲ့လေရော့သလား…
    Chan Linn Hsat

  • ကြောင်ကြီး

    April 24, 2012 at 8:39 am

    နေကောင်းလား
    ကိုလင်းတဲ့
    မေးသူဂမေးတော့
    ဖြေလိုက်တယ်
    နေ့လည်းကောင်း
    ညလည်းကောင်း
    အားကစားသမားအဖို့
    နေ့ညမရွေးဆိုဒေါ့
    သွားလူဇိုးတဲ့
    ပြောတယ်သူဂ…
    ဒီလိုနဲ့ပဲ
    မိုက်ခဲ့မိဒယ်
    ရက်ဆက်
    အမေးခံရဗျန်ဒယ်
    နေကောင်းရဲ့လား
    မောင်လင်းဒဲ
    ဒီတခါမေးသူဂ
    ဆြာထက်ဝေး
    ပျားရည်ဒပုလင်း
    ကြက်ဥဓဒါဇင်
    လက်ဆောင်ပေးဒယ်..
    ဆက်မိုက်ခဲ့မိဗျန်ပေါ့
    နေ့စဉ်ရက်ဆက်
    လုံးရာဂပါး
    နှုံးလာရဖျား
    မုန်းပါမှခါး
    တုံးဆြာမကြား
    ဒေါက်တာAKKO
    ဖုံးဆက်တယ်
    ညီယေးလင်းဆက်
    အပျင်းမဖျက်နဲ့
    ဒင်းထွက်ရင်
    အစွပ်ကိုသုံး
    လုံခြုံအောင်ဖုံး
    ပြီးတော့မှကြုံးဒဲ့…
    ဘာတွေလဲဗျာ
    နားရှက်စရာ
    မကြားရက်ပါ
    တရားဖက်ကာ
    သားမသတ်ရာ
    ကားမတ်စ်ဟာ
    အားပြတ်လာ
    နားရက်မှာ
    တားဂတ်ရှာ
    မှားတသက်နာ
    မဟားရက်စရာ..။

  • Moe Z

    April 24, 2012 at 10:03 am

    ကိုအလင်းဆက်ရေ ဒီပို့စ်လေးဖတ်ပြီး ကွန်မန့်ရေးမလို့ကို
    အပေါ်က ဦးကြောင်ရေးထားတာဖတ်ပြီး ဘာရေးရမှန်းမသိတော့လို့ 😀
    လက်မလေးပဲထောင်သွားပါတယ် :mrgreen:

  • ဗိုက်ကလေး

    April 24, 2012 at 10:56 am

    ကျနော်လဲ သော့တစ်စုံ ဝယ်လိုက်ပြီဗျာ..
    ဘီအီးပုလင်းတွေ သော့ခတ်သိမ်းထားပြီး သားသားမီးမီးတွေကို နောင်တစ်ချိန် အမွေပေးမို ့

  • အလင်းဆက်

    April 24, 2012 at 11:25 am

    ကိုဂျစ်ပစီ…ရဲ ့ကဗျာစကားလုံးလေးက ကောင်းလိုက်တာ..။

    ကိုကြောင်ကြီးရဲ ့ ကဗျာ..ကတော့..အင်း..ဘယ်လိုပြောရမှန်းကို မသိဘူး။
    စကားလုံးကြွယ်ဝတဲ ့ ကိုကြောင်ကြီး.ရဲ့ကဗျာကို ဖတ်ပြီး..လန် ့လည်း လန် ့တယ် ။ ရင်လည်း..တုန်တယ် ။
    တညိုးကြီး..ပဲ.နော် ။
    ကိုမိုးဇက်..ရေ..လက်မထောင်သွားလို ့ကျေးဇူးပါပ.ဲဗျာ ။

    ကိုဗိုက်…တို ့ကတော့ လုပ်တော့မယ်…ဘယ့်နှယ်..ဘီအီးပုလင်းတွေ…အမွေ.ပေးခဲ့မလို ့..တဲ ့။
    ဝီစကီ..ပုလင်းတွေ..ဆို.တော်သေးတယ် ။ ကျွန်တော်..ကြိုက်တာကိုပြောတာ..အဟဲ.။

    အားလုံးကို ခင်မင်လေးစားလျက်ပါ ။

  • နင့် လွတ်လပ်ခွင့်ကို..ငါ…တားဆီးနေတာ မဟုတ်ပါဘူး ။ နင်..တလွဲ .နေရာတွေ.မှာ..လွတ်လပ် ချင်သွားမှာ..စိုးလို ့.ပြောတာပါ ။
    နင့်ကို ချစ်တဲ ့ လူ..တစ်ယောက် အနေနဲ ့..ဒီလောက်တော့..ငါ ပြောခွင့်ရှိမယ်..ထင်ခဲ့တာ….. ။
    အခုတော့…နင်……ငါ့ကို………………………………………………
    ———-
    ချစ်သူ ့အပေါ်မှာ ချစ်တတ်လိုက်တာ။အားကျပ ကိုအလင်းစက်ရာ

  • အလင်းဆက်

    April 24, 2012 at 12:17 pm

    နာဂရ ချစ်သူရေ…
    ကျွန်တော်လည်း…အစ်ကို ့ပို ့စ်တွေ.ကို အားကျပါတယ်.နော် ။

  • ba gyi

    April 24, 2012 at 2:36 pm

    အညာစီယော— အဲယောင်လို့၊
    အောဘုဂျိ ကယ်ဘာ– အာ– ထပ်ယောင်ပြန်ပြီ
    အိုပါးပြောမယ်အလင်းဆက်ကလေးရေ– အိုး ဘွါတေး — ဘွါတေး။
    အဲဒါသာကြည့် ကိုယ့်ဟာကိုယ် တူနဲ့ထုမိပြန်တော့မယ်– တိန်။
    ကျုပ်ဂတော့ ကိုလင်းပြောတာသဘောကျဒယ်၊ အန်တာတိတ်မန့် ကနေအတုခိုးမမှားဘို့သတိထားကြရမယ်။
    အဲ ချွင်းချက်ပေါ့ ဒယ်ဂျိုယောင်းတို့၊ အနှိုင်းမဲ့သစ္စာရှင် စစ်သူကြီးလီဆွန်ရှင်းဇတ်ကားမျိုးတွေကတော့ အတုယူဘွယ်၊အားကျဘွယ်ကောင်းတဲ့ဇာတိမန်ဖြစ်စေတဲ့ကားတွေပါပဲ၊မပေါင်းလည်းခက်၊ပေါင်းလည်း ခက်တရုတ်တွေရဲ့မာယာများပြီး၊မသ မာမှုကိုမီးမောင်းထိုးပြတဲ့သမိုင်းဖြစ်ရပ်မှန်ကားတွေပါပဲ၊ ကျုပ်တို့တပ်ချုပ်ကြီးတွေ အလွန်ကြည့်သင့်သဗျား။

  • moe minthar

    April 24, 2012 at 6:29 pm

    ဆရာအလင်းဆက်ရေ……..
    အရမ်းအရမ်းကိုကောင်းတာပါပဲရှင်….အဲလေယောင်လို ့….
    ကောင်းတာပါပဲဗျာ………..ကွန်မန်းတွေကလည်းကေင်းလိုက်ကြတာ……
    ကိုကြောင်ရေဆက်သာလုပ်ထားဗျာ…..
    အားပေးနေပါ ့မယ်……

  • နေဝန်းနီ

    April 24, 2012 at 8:55 pm

    ချစ်တယ်ဆိုတာ လောဘကြောင့်ဖြစ်တာ…။ ဒါကြောင့် ချစ်တယ်ဆိုတဲ့သူတိုင်း ပုံစံခွက်တစ်ခုထဲကို ထည့်ချင်တဲ့သူချည့်ပဲ…။

  • windtalker

    April 24, 2012 at 9:28 pm

    ခဏလေးနဲ ့ကုန်လို ့ကုန်မှန်း မသိလိုက်ရတဲ့ အချိန်တွေ…
    ဖြတ်သန်းခဲ့တဲ့ နေ ့ရက်များစွာ တွေ ထဲက…
    အမှားတွေ ၊ ဆုံးရှုံးမှုတွေ ၊ နောင်တ တွေ ကို…
    အမြဲမေ့ထားနိုင်မယ်ဆိုရင်…
    ဒီကမ္ဘာ ဟာ အလှဆုံး ဖြစ်မယ် …. ။

  • အလင်းဆက်

    April 25, 2012 at 6:21 pm

    နေဝန်းနီ..ရေ.. အချစ်ဆိုတာ လောဘကြောင့်..ဖြစ်တာ ဆိုတဲ ့အယူအဆကို ကျွန်တော်..လက်ခံပါတယ်.နော် ။
    ___________________

    ကိုမိုးမင်းသားရေ…ကျေးဇူးပါပဲ.ဗျ ။
    ___________________

    ကိုပေ..ရဲ ့စကားလုံးလေးတွေကလည်း..လှ..တယ်နော် ။
    စာဖတ်သူများ..အားလူံးကို ခင်မင်လေးစားလျက်…
    အလင်းဆက်

  • တညင်သား

    April 25, 2012 at 7:33 pm

    အရမ်းမိုက်တယ်…ကျွန်တော် သူ့ကိုပြောပြချင်တယ် ..
    ဝိုင်းကူပြီး ပြောပေးနိင်မလားဗျာ…………..

  • Mလုလင်

    April 25, 2012 at 7:38 pm

    နင် နဲ့ သောက်ခဲ့တဲ့ ကော်ဖီ က အခုထိ လျှာ မှာခါးတုန်း .. အဲ့ အခါး ပျောက် နိုင်ဖို့ .. အဲ့ဒီထက် ခါးတာတွေ ပဲ ငါ မျိုချ …. အဲဒါကို မာန လို့ ခေါ် တယ် ကလေးမ ရဲ့ …။

  • ညလေး အိတုံ

    May 1, 2012 at 10:46 am

    ငါက သာမန်..ယောကျာ်းတစ်ယောက် မဖြစ်ချင်ဘူး.. ဟ ။
    ငါ..မသေခင်မှာ..ငါနေထိုင်ခဲ့တဲ့ ကမ္ဘာမြေကြီး.ကို..လှ သထက်လှအောင်..ဖန်တီးခဲ့ချင်တဲ့ကောင်.လေ ။
    ငါရပ်တည်ခဲ့တဲ့..မြေကြိး.ပေါ်မှာ..
    .ငါ ချန်ခဲ့မယ့်.အရာတွေ..ဟာ..
    .ငါ..ဖန်တီးလို ့ရနိုင်သမျှ.
    အကောင်းဆုံး..ဆိုတဲ့အရာတွေ.ပဲ..ဖြစ်စေရမယ်..လေ ။
    ငါက ကမ္ဘာမြေကြိးကို…အကောင်းဆုံး…အရည်အချင်းတွေ.၊ အကောင်းစိတ်ထားတွေ..နဲ့.. အလှဆင်သွား…ချင်တာ…
    ………..ဒီကဗျာလေးကိုပို……..ကြိုက်တယ်……

  • အလင်းဆက်

    May 1, 2012 at 4:34 pm

    ညလေးအိတုံရေ..ကျွန်တော် ့ စာလေးကို ကြိုက်တယ်.ဆိုလို ့…တကယ် ဝမ်းသာရပါတယ်ဗျာ။
    ကျွန်တော်..ဆက် လက် ကြိုးစားနေပါဦးမယ် ။

  • Kaythi Lin

    May 20, 2012 at 11:15 am

    ကောင်းလိုက်တဲ့ ခံယူချက် …..
    တန်ဖိုးထားသင့်တဲ့ အတွေးအခေါ် …..
    နှစ်ထပ်ရှိမှ မှတ်မိဆိုလို့ ….. နှစ်ခေါက်ဖတ်ပြီး …. ကွန်မန့်ပေးသည် ။

Leave a Reply