မြို့နယ်ပြည်သူ.ဆေးရုံကြီးအတွင်းအကျင့်ပျက်ဝန်ထမ်းများအားဖယ်ပေးရန် မေတ္တာရပ်ခံစာ

shwe tallatrApril 25, 20121min904

အကြောင်းအရာ- မော်လမြိုင်ကျွန်းမြို.ပေါ်တွင် သေဆုံးသူများအား သေစာရင်းသွားရောက်တိုင်ကြားရာတွင် သေစာရင်းဌာနဆရာမဒေါ်ခင်ပြုံးရီမှ
မြို.နယ်ဆရာဝန်ကြီးအားဂါရဝပြုရန်ဟု ကော်ဖီမစ်ပါကင်ထုပ် ဝယ်ပေးရန်တောင်းဆိုပါ၏ လူသေလာရောက်တိုင်ကြားသူမှ ကော်ဖီမစ်ပါကင်(၂)ထုပ်ဝယ်ကာ သက်ဆိုင်ရာလူကြီးများအား အကြောင်းကြားခဲ့ပါသည်။ ဆရာဝန်ကြီးဦးအေးအောင်အား သက်ဆိုင်ရာလူကြီးများမှ အကျိုးအကြောင်းဖုန်းဆက်မေးသောအခါ သူဒီလိုခိုင်းထားတာမရှိကြောင်း ၎င်းမှပြန်ပြောခဲ့ပါသည်။
ကာယကံရှင်မှဆေးရုံသို.ရောက်သောအခါ၎င်းဆရာမဒေါ်ခင်ပြုံးရီမှကာယကံရှင်အား ရှင့်ကိုကျမက ဆန္ဒရှိမှဝယ်ခိုင်းတာပါ ဆန္ဒမရှိရင်ဝယ်ပေးစရာ
မလိုပါဘူးဟု ပြောခဲ့ပါသည်။ ကျမကိုလည်း ဆရာကြီးက နင်ဒီလိုမလုပ်ပါနဲ.ငါ့အိမ်မှာအပြည်အစုံရှိပြီသားပါ ဒီလိုတောင်းဆိစရာမလိုပါဘူးဟုဆရာကြီးမှပြောပါသည်။
ထို.နောက် နောက်ထပ်(၁၀)ရပ်ကွက်မှသေဆုံးသူမောင်အေးဖြူအားသေစာရင်းလာရောက်တိုင်ကြားသောအခါ ဆရာကြီးကိုဂါရဝပြုရအောင်ဟု၎င်းဆရာမမှထပ်မံ
တောင်းခံခဲ့ပါသည်။၎င်းသေလူ၏ဆွေမျိုးများမှ မိမိတို.မတတ်နိုင်ကြောင်း
၊ငွေတစ်ထောင်သာပါကြောင်းပြောသောအခါ နေပါစေတော့ဟုခပ်မာမာပြောလိုက်ပါသည်။ နောက်ထပ်(၂)ရပ်ကွက်မှ
စစ်ပြန်ဦးဝင်းကြည်သေဆုံးမူတွင်လာရောက်တိုင်ကြားသူများထံမှကော်ဖီမစ်ထုပ်ဝယ်လာခိုင်းပြီး၎င်းလူများရှေ့တွင်ပင် ကော်ဖီမစ်ထုပ်များအားဆေးရုံအုပ်ကြီးကိုသွားရောက်ပေးရာဆေးရုံအုပ်ကြီးမှ
လက္ခံယူထားလိုက်ပါသည်။

၎င်းအပြုအမူများသည်ပထမပြောဆိုအသိပေးထားခြင်းများကို ပမာမခန်.ပြု
ရာကြပြီး နောက်ထပ်လည်း၎င်းအကျင့်စရိုက်များ ဆက်လက်လုပ်ဆောင်သွားမည့်သဘောရှိပါကြောင်း အထက်လူကြီးများသိရှိစေရန် ပြည်သူ.ဆန္ဒကို တင်ပြအပ်ပါသည်ခင်ဗျား။

4 comments

  • htet way

    April 25, 2012 at 9:19 pm

    အင်း ကော်ဖီလောက်ပဲတောင်းတာကိုး
    တခြားမှာ ဒီထက့်ပိုဆိုးသေး

  • kaung kin pyar

    April 26, 2012 at 9:13 am

    အဟီး….။ သူလဲ ကော်ဖီစွဲနေပုံရတယ်….။ ဒါမှမဟုတ် ဆိုင်မှာပဲ ပြန်သွင်းနေလားမသိ…။ ဘာပဲပြောပြော ဒီလိုလုပ်တာတွေကိုတော့ ကော်ဖီထုတ်မကလို့ သွားကြားထိုးတံပဲတောင်းတောင်း နှိမ်နင်းသင့်တယ်…။ ဒါမှ ဒီအကျင့်တွေ ပျောက်မှာ…..။
    အဲ့…လခများနည်းလို့လား သိဝူး…။

  • etone

    April 26, 2012 at 9:47 am

    ကြက်တူးရွေးက တော်တော် .. မယ်တော်က ကဲကဲဆိုသလိုပေါ့ … ။
    နယ်မြို့မှာတင်မဟုတ်ဘူး … ရန်ကုန်မှာလည်း အဲ့ဒီလိုပါပဲ … ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ …. ။
    ဥပဒေရေးရာ ဆေးပညာဌာနက (မှုခင်း) စာရေးမ ဒေါ်မြဝင်းဆိုတာလည်း အဲ့လိုချည်းပဲ ..ကျွန်မရဲ့ ပို့စ်တစ်ခုမှာလည်း ရေးသားခဲ့ဖူးတယ် … ။ နစ်နာသူတွေ ၊ သေဆုံးသူတွေ ၊ အမှုခင်းဆိုင်ရာတွေကို ဆရာဝန်တွေ ဆေးစစ်ချက်ယူပြီး .. လုပ်ရတဲ့ ကိစ္စ … ဆရာကြီးတွေ လက်မှတ်ထိုးပေးထားတာတောင် … သူက … ငွေမျက်နှာကြည့်တယ် …

    သေဆုံးသူတွေ၊ အမှုခင်းဖြစ်သူတွေက ပူဆွေးသောကရောက်နေတဲ့အချိန် သူတို့က ငဝိုင်းမှ မပါလျှင် ကြံ့ကြာအောင်လုပ်တာ .. အတော်ဆိုးတယ် … ။ အဲ့ဒီလို ကိုယ်ချင်းစာစိတ်မရှိသူတွေ ၊ အကျင့်ပျက်ဝန်ထမ်းတွေ လျော့နည်းအောင် ဆောင်ရွက်သင့်ပါတယ် … ။

  • အင်းဗျာ ကျနော်တို ့ဆီကနဲ ့များကွာပ။
    အရက်ဆိုလဲ. အကောင်းစားမှ၊ငွေဆိုလဲ
    များများမှ၊ဆော်ဆိုလဲ ချောချောမှတဲ့(ကြားရသမျှ နားမချမ်းသာ)

Leave a Reply