သင့်ဇာဝင့်ကျော်လိုလူမျိူးတွေလည်း လိုတယ်

phone_kyawApril 26, 20121min79344

ကျနော်တို ့လူမျိူးဟာ အပြောင်းအလဲကို လက်ခံဖို ့အတွက် အင်မတန်တွန် ့တိုတယ်လို ထင်တယ်။ ယဉ်ကျေးမှုတွေဟာ လွတ်လပ်စွာစီးဆင်းနေတယ်။ မြန်မာ့ယဉ်ကျေးမှု  ့ကို ကာကွယ်ဖို ့အတွက်ဆိုပြီး အဝတ်အစားလေး ဝတ်တာတောင်မလွတ်လပ်ဘူးဖြစ်နေတယ်။ နေရာတိုင်းမှာ မြန်မာ့ယဉ်ကျေးမှု  ့ဆိုပြီး လုပ်လို ့မှ မရတာ။ မကြည့်ချင်ရင် မကြည့်နဲ ့ပေါ့။ အခုကြတော့ ကြည့်လည်း ကြည့်သေးတယ်။ အပြစ်လည်းပြောသေးတယ်။ ဒါတွေကို ပိတ်ပင်ရင် ပိတ်ပင်တဲ့သူက အရမ်းမှားတယ်။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရှိ ဝတ်စားဆင်ယင်ပိုင်ခွင့်ရှိတယ်။ ဒါကို ပိတ်စရာ တားစရာလိုကို မလိုဘူးလို့ထင်တယ်။

ကျနော်တို ့နိုင်ငံမှာ မျိူးကျော့မြိုင်လို လူမျိူး တွေလည်း ရှိသင့်တယ်။ သင်ဇာဝင့်ကျော်လိုလူမျိူးတွေလည်း လိုတယ်။ သူတို ့ဖော်တာ ချွတ်တာကို ပိတ်ပင်တာဟာ အရမ်းမှားတယ်။ မြန်မာပြည်မှာ ဒီလိုမျိူးပိတ်ပင်တားဆီးတာများတော့ ဈေးကောင်းမရပဲ အပေါစားတွေဖြစ်သွားကြတာလည်းမနဲဘူး။ ဖာခန်းကို တရားဝင်လိုင်စင်နဲ ့ရှိသင့်တယ်။ ဒါမှ ကျန်းမာရေးအတွက် စိစစ်နိုင်သလို တိုင်းပြည်အတွက် အခွန်လည်းရတယ်။ နောက်ဆုံး တန်ရာတန်ကြေးရပြီး ဘယ်သူမှ ကြောက်စရာမလိုအောင် လုပ်စားနိုင်တယ်။

သင်ဇာဝင့်ကျော်နဲ ့မျိူးကြော့မြိုင်က သူတို ့ဖော်တာကို လာကြည့်ပါလို ့မပြောပါဘူး။ သူတို ့အဝတ်အစားကြောင့် ဘယ်သူကိုမှလည်း မထိခိုက်ပါဘူး။

အနုပညာရှင်တိုင်း ကောင်းတာမဟုတ်ပါဘူး။ သူတို ့ကြိုက်တဲ့ အဝတ်အစားကို ကြိုက်တဲ့နေရာမှာ ဝတ်ပိုင်ခွင့်ရှိတယ်။ ဒါကို သတိပေးတာတို ့ကန် ့သတ်တာတို ့လုပ်တာကိုက ဘာနဲ ့တူသလဲဆိုရင် နေရာတကာ လိုက်ပြီးချူပ်ချယ်သလိုဖြစ်နေတယ်။

သင်္ကြန်မှာ ဘာပဲဝတ်ဝတ် အရေးမကြီးပါဘူး။ တချိူ  ့သော အနုပညာရှင်တွေဟာ အပြာကားတောင် ရိုက်ချင်နေတဲ့ပုံပဲ။ ဒါကိုသာ လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးရင် ဘယ်လောက်ကောင်းမလိုက်လဲ။ ဒါဆိုရင်မဖြစ်သင့်တာ မဖြစ်နိုင်တော့ဘူး။ အခုကြတော့ တရားဝင်လိုလို မဝင်သလိုလို ဖြစ်နေတဲ့ ပြည့်တန်ဆာလောကကြီးကြောင့် အကုန်လုံးပါးနီးပါး နစ်နာကြရတော့တယ်။ ဒါတွေက ခွင့်မပြုလည်း ရှိနေတာပဲဆိုတော့ တားလို ့မှမရတာ။

တချိူ  ့သောလူကြီးတွေဟာ ပါးစပ်ကတော့ ယဉ်ကျေးမှု ့ ယဉ်ကျေးမှု ့။ သရုပ်ပျက်ဝတ်စားတယ်ဆိုပြီး ပြောကြတယ်။ နောက်ကွယ်မှာတော့ အပြာပုံမြင်ရင် ငန်းငန်းတက်။ ပြီးေတော့ မယားငယ်ကလည်း ထားသေးတယ်။ တိုင်းပြည်တိုင်းမှာ ပြည့်တန်ဆာရှိရသလို၊ ဘိန်းခန်းလည်း ရှိတယ်။ ဒါမှ လူတွေရဲ  ့စိတ်ထွက်ပေါက်ကို ဖွင့်ပေးတယ်လို ့ဆိုတယ်။

ကျနော်တို ့တိုင်းပြည်မှာ အရေးတကြီးအပြောင်းအလဲက အဲဒါတွေလည်းပါနေတယ်။ လူတွေဝတ်စားတာ၊ ပြည့်တန်ဆာတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးတာ၊ အပြာဗွီဒီယိုနဲ ့စာအုပ်စာတမ်းတွေကို ထုတ်ခွင့်ပေးတာတွေကို ခွင့်ပြုဖို ့လိုနေတယ်လို ့ကျနော်တော့ ထင်တယ်။

44 comments

  • etone

    April 26, 2012 at 11:27 am

    သင်ဇာဝင့်ကျော်လို့ ပုံမျိုးနဲ့ မိန်းမတွေသာ များလာရင် …. အမျိုးကောင်းသမီးတွေတောင် နေ့ခင်းကြောင်တောင် လမ်းလည်ခေါင် မုဒိမ်းကျင့်ခံရမယ့်ခေတ်ဖြစ်သွားမယ် … ။

    ကြိုက်တဲ့ အဝတ်စားကို ကြိုက်တဲ့နေရာမှာ ဝတ်ခွင့်ရှိတယ်ဆိုပေမယ့် .. လူမှန်လျှင် သင့်ဧ။် မသင့်ဧ။် ဆိုတဲ့ စဉ်းစားဉာဏ်လေးကပ်ပြီးမှ ဝတ်သင့်တယ်ထင်တာပါပဲ … ။ ရှင်ပြောပုံက ဘုရားပေါ် ဘစ်ကနီနဲ့ တက်လျှင်တောင် လွတ်လပ်ခွင့်မို့ ပိတ်ပင်လို့ မရဘူး ဆိုတာမျိုး လိုရာလာစွဲပြောနေတယ် … ။ ဒီစိတ်တွေ ၊ ဒီပုံစံတွေအတိုင်း ဆက်သွားပါ … မကြာခင် … ထိုင်းနိုင်ငံလို ဟိုကိစ္စတွေ ဒီကိစ္စတွေ နာမည်ကြီးတဲ့ နိုင်ငံအဖြစ် မှတ်ကျောက်တင်ခံရလိမ့်မယ် … ။

    မေ့နေတယ်ထင်လို့ တစ်ခုတော့ပြောလိုက်ဦးမယ် …. ။တိရိစာ္ဆန်တွေ အင်္ကျ ီလုံးဝမဝတ်ဘူး … ။ အိမ်မွေးတဲ့ဟာတွေ အဝတ်ဝတ်ထားလျှင်တောင် အရှက်လုံအောင် မဖုံးနိုင်သေးတာ ယနေ့ထိပဲ …. 😆

  • ကိုရင်မောင်

    April 26, 2012 at 11:31 am

    အကြံကြီးပါပေ…..
    မြန်မာပြည်ပြန်ပြီး ဖာထောင်စားဘို့အစီအစဉ်များရှိနေရောလား
    ငဖုန်းကျော်ရေ……

  • laypai

    April 26, 2012 at 11:55 am

    ဖော်တာ ကြိုက်ရင် မင်းအုပ်စိုး ကို Phone Kyaw အိမ်မှာ ခေါ်ထားပြီး အရက်မူးအောင်တိုက် လိုက်လေ။
    ဗိုက်ကလေး ရေးတဲ့ ခွေးမလင်ပါ ထည့် ပေးမယ်။
    သူတို့ တွေ လဲ သူတို့ရဲ့ လွတ်လပ် ခွင့် ပဲ နော်။

    • ဗိုက်ကလေး

      April 26, 2012 at 12:17 pm

      ဟဲ့..ဟဲ့
      ခွေးမလင်ကို လွှတ်ရင် ခွေးမပါ တစ်ခါတည်းထည့်ပေးလိုက်ဖို ့မမေ့နဲ ့ကွဲ ့

      • laypai

        April 26, 2012 at 12:29 pm

        ဗိုက်ကလေး ခွင့်ပြု ချက်ရ လို့ ခွေးမပါ ထည့် ပေး လိုက်ပြီ။

        • လူ ဟား

          April 26, 2012 at 1:23 pm

          ငဘုန်းကျော်ရှိနေတာဘဲ … ခွေးမ မလိုပါဘူး…ခွေးမကိုတောင် အဝှါဖြစ်တဲ့လူဘဲ…
          Bloody ဘုန်းကျော်ကိုလည်း …*…@..#..&..*.. အဟီး.. အနော်က စ, တာနော်…

  • kaung kin pyar

    April 26, 2012 at 12:36 pm

    ကိုဖုန်းကျော်တို့ တင်လိုက်ရင်ဒီလိုတွေချည်းပဲ…….။ ရွာဆူအောင် အတော်လုပ်တယ်..။ မြန်မာပြည်ကို ဖာနိုင်ငံ ဖြစ်စေချင်နေတာလား…။ ပြောလိုက်ရမကောင်း ဖြစ်ရော့မယ်…..။

  • ကောင်းမြတ်သူ

    April 26, 2012 at 12:44 pm

    ကိုဘုန်းကျော် မိုင်းတွင်းလုပ်တယ်လို့ပြောတယ်…. လုပ်ငန်းခွင်ထဲဝင်ရင် ဝတ်ရမဲ့အဝတ်အစား၊ ဦးထုပ်ဆောင်းရမယ်ဆိုတာ သိမှာပေါ့နော်…. အဲလိုလုပ်သင့်တဲ့အလုပ်မလုပ်လို့ ထိခိုက်ရင်တော့
    လျော်ကြေးမရဘူးဆိုတာလဲ သိမှာပါ… ဒီမှာလည်း အများနဲ့သက်ဆိုင်တဲ့နေရာမှာတော့ ဝတ်သင့်၊ နေသင့်တဲ့ပုံစံကတော့ သူ မဖြစ်မနေဝတ်ရမှာပဲ။ အိမ်မှာတော့ ကြိုက်သလိုနေ ဘယ်သူမှ မပြောဘူး…။

  • KoNyeinChan

    April 26, 2012 at 1:22 pm

    ဒီလူဂျီး ဪစီမှာ ကြီးပွားနေတာ မြန်မာပြည်အတွက် ခပ်ကောင်းကောင်းဘဲ.. အကယ်၍သာ မြန်မာပြည်မှာ ခေါင်းဆောင်ပိုင်းထဲရောက်ကြည့် တော်တော်လွယ်ဘူး 🙁
    သူ ့သမီးလေးတွေအရွယ်ရောက်လာရင်တော့ မတွေးရဲစရာ.. 😀 😀 😀

  • Thit Sar Lin

    April 26, 2012 at 1:27 pm

    ကိုဘုန်းကျော်လည်း သူ့အယူအဆပြောလို့ သဘောတော့ကျမိပါတယ်
    ဒါပေမဲ့ ဒါကမြန်မာနိုင်ငံပါ ……သူ့နေရာနဲ့ သူလိုက်ရောညီထွေဝတ်တတ်ရမယ်လေ…
    တော်ကြာဈေးကိုမီနီစကဒ်ဝတ်သွားရင် လူဝိုင်းကြည့်ခံရမှာတော့အမှန်ပါပဲ..
    အဲလိုကြည့်တာကလည်းကောင်းသော ကြည့်ချင်းနဲ့ကြည့်တာမဟုတ်လို့ ရှက်စရာပါပဲ..
    အဲဒါကိုမှမျက်နှာပြောင်တိုုက်ပြီး သူဝတ်တာလှလို့ ကြည့် နေတယ်လို့လဲ ထင်ရင်ထင်မှာပေါ့…
    ကိုဘုန်းကျော်ပုံစံကလည်း အဲလိုပုံစံမျိုးဖြစ်နေပြီ……..
    မဝတ်နဲ့တော့မဟုတ်ပါဘူး သူ့နေရာနဲ့ သူတော့ ဝတ်စားတတ်ရမှာပေါ့လေ..
    အရမ်းသရုပ်ပျက်လောက်တဲ့အထိတော့မဝတ်သင့်ဘူးထင်တာပဲ…….
    ကိုဘုန်းကျော်ရေ..ကိုယ်မွေးဖွားခဲ့တဲ့ တိုင်းပြည်ကိုတော့ တိုးတက်အောင်ဘယ်လိုလုပ်ရမလဲပဲ
    စဉ်းစားပါ…..ဒီလိုမျိုး လျှပ်ပေါ်လော်လီဝတ်စားမှုမျိုးကိုတော့ အားမပေးစေချင်ဘူး….

    • Thit Sar Lin

      April 26, 2012 at 1:59 pm

      ကိုဘုန်းကျော်လည်း သမီးမိန်းကလေးမွေးထားတာပဲ…ကိုယ့်သမီးလေးသာ
      အဲလိုဝတ်စားဆင်ယင်မယ်ဆိုရင် ကိုဘုန်းကျော်သမီးကို သင်ဇာဝင့်ကျော်ကိုအားပေးသလိုပဲအားပေးမှာပဲလား…..
      သိတော့သိချင်မိသား….

  • sugar sugar

    April 26, 2012 at 1:43 pm

    ကိုဖုန်းကျော် နှမလေးများ မရှိဘူးလားလို့တွေးမိပါတယ်၊

  • phone_kyaw

    April 26, 2012 at 1:50 pm

    သူတို ့လုပ်သလို ဘယ်သူမှတော့ လိုက်မဝတ်နိုင်သလို ဝတ်ရဲမှာလဲ မဟုတ်ပါဘူး။ ဘုရားပေါ်မှာတော့ ဘယ်သူမှ ဖင်ပြောင်နဲ ့သွားမဲ့ဗမာရယ်လို ့ရှိမှာမဟုတ်။ ပြည့်တန်ဆာတွေကို လိုင်စင်နဲ ့လုပ်ခိုင်းတဲ့ကိစ္စကြောင့်တစ်တိုင်းပြည်လုံး ဖာနိုင်ငံတော်ကြီးတော့မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကမ႓ာပေါ်က တရားဝင်ခွင်ပြုထားတဲ့နိုင်ငံတော်တော်များများ ပျက်စီးကုန်ပြီပေါ့ဗျာ။ ထိုင်းနိုင်ငံဟာ ဗမာတွေအဆိုအရ ဖာနိုင်ငံလို ့ပြောနေပေမဲ့ မိန်းခလေးအကုန်လုံးက ဖာခံစားတာမဟုတ်ပါဘူး။ သူတို ့ဖာခံတာက အဆင့်အတန်းရှိရှိ ဖြစ်နေပြီ။ မြန်မာတွေပဲ ဗြဲလရမ်းဖြစ်နေတာလေဗျာ။ ထိုင်းဖာတွေက ကမ႓ာပတ်ပြီး လုပ်စားနေကြပီ။ မြန်မာတွေပဲ ထိုင်းမှာ ဈေးပေါပေါလုပ်စားနေကြတာကို ခင်ဗျားတို ့မှ မမြင်ဘူးတာဆိုတော့ ဒီလိုပြောမှာပေါ့ဗျာ။

    • etone

      April 26, 2012 at 3:05 pm

      မမြင်ဖူးတာပဲကောင်းပါတယ် မြင်ဖူးတယ်ဆိုလျှင် ရှင့်လို ဒီနိုင်ငံမှာ မွေးပြီး … ကိုယ့်နိုင်ငံက -ာတွေကို ကမာ္ဘပတ်လုပ်စားစေချင်စိတ်ပေါက်နေမှာ စိုးလို့ …. ဘာလဲ… ဩစီက မြန်မာ-ာဆိုပြီး ဂုဏ်ယူချင်တာလား ဟေ …. 👿

    • လူ ဟား

      April 26, 2012 at 3:32 pm

      Bloody ဘုန်းကျော်ရေ… ဒါကိုတော့ လက်ခံတယ်ကွာ။
      ကျုပ်မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူ့ကို မခေါ်မပြောချင်ဘူး… ဒါပေမယ့် မခေါ်မပြောဘဲ မနေနိုင်ပြန်ဘူး။
      ဆိုတော့.. ဒီလူ့မှာ ကောင်းတာလေးတွေလည်းရှိလို့ပေါ့နော်။
      ခင်ဗျားကြီးရဲ့အတွေးအခေါ်လည်း အဲ့လိုဘဲဗျ။

  • shwe kyi

    April 26, 2012 at 1:53 pm

    မြန်မာပြည် ပြည့်တန်ဆာများအဆင့်အတန်းမြင့်မားရေး – ကိုဖုန်းကျော်အရေး
    မြန်မာပြည် ပြည့်တန်ဆာများဈေးကောင်းရရေး – ကိုဖုန်းကျော်အရေး
    လွတ်လပ်စွာဝတ်စားဆင်ရင်နိုင်ရေး – ကိုဖုန်းကျော်အရေး

    • kaung kin pyar

      April 26, 2012 at 4:09 pm

      နည်းနည်းထပ်ဖြည့်မယ်နော် ရွှေကြည်….

      မြန်မာပြည် အမျိုးသမီးငယ်များ သင်ဇာဝင့်ကျော်လို ဖော်နိုင်ရေး-ကိုဖုန်းကျော်အရေး
      မြန်မာပြည် ပြည့်တန်ဆာများ ဘုန်းဘောလအောဖြစ်စေရေး-ကိုဖုန်းကျော်အရေး
      ကိုမင်းကိုနိုင် တပ်ထဲဝင်စေရေး-ကိုဖုန်းကျော်အရေး
      ဂေဇက်ရွာ ဆူစေရေး-ကိုဖုန်းကျော်အရေး

  • kai

    April 26, 2012 at 2:04 pm

    မြန်မာပြည်က.. ပြည့်တန်ဆာကို.. တရားဝင်လိုင်စင်နဲ့ခွင့်ပြုသင့်ပါတယ်..
    ဒါကို ဟိုးးအရင်ကလည်း ပြောခဲ့ဖူးတယ်..
    အခုလည်း ဒီအတိုင်းပဲ…

    မြန်မာပြည်ရဲ့မဖွံ ့ဖြိုးတဲ့ပြည်နယ်တွေမှာ.. လိုင်စင်ချပေးသင့်တယ်..
    အဲဒီမှာ.. ကာစီနိုလို လောင်းကစားကိုပါခွင့်ပြုသင့်တယ်..

    ကျုပ်သဘောသာဆိုရင်တော့.. ထိုင်းနယ်စပ်ကရင်နဲ့.. ရှမ်းပြည်နယ်ပိုင်းက.. လူသူအရောက်အပေါက်နည်းတဲ့.. နေရာကို.. ရွေးပြီးလိုင်စင်ပေးပစ်တယ်..

    အဲဒီဒေသနေရာကို.. လောင်းကစားနဲ့ပြည့်တန်ဆာ အထူးလိုင်စင်နဲ့ခွင့်ပြုချက်ပေးပစ်တယ်..
    ထိုင်းရဲ့တန်ဆာခံဖြစ်နေတဲ့မြန်မာပြည်သားတွေအပြင်.. ထိုင်းတွေပါလာပြီး ဖျော်ဖြေကြလိမ့်မယ်..
    တိုးရစ်ဇင်ခုန်တက်သွားလိမ့်မယ်..
    မြန်မာပြည်ရဲ့.. ကျွန်းသစ်ကရှာတဲ့ငွေထက်များတဲ့..ငွေကို.. အဲဒီဒေသကရှာပေးလိမ့်မယ်..

    အဲဒီကရတဲ့.. လိုင်စင်ကြေးနဲ့အခွန်ငွေကို.. မြန်မာပြည်သားတွေရဲ့.. ကျမ်းမာရေးနဲ့..ပညာရေးမှာ သုံးသင့်တယ်..။ :mrgreen:

    • amatmin

      April 26, 2012 at 2:25 pm

      အင်း သဂျီးကတော့လေ..
      တိုင်းရင်းသားတွေကို..ပြည်မနဲ့ တန်းတူ အခွင့်အရေးတောင်းပေးပါ ဆိုကာမှ..
      ကရင် နဲ့ ရှမ်းပြည်နယ်ပိုင်းကိုများ ကို ပြည့်တန်ဆာမွေးထုတ် လုပ်ခိုင်းပြီး
      ကောက်လို့ရတဲ့ ငွေကိုကျ မြန်မာတပြည်လုံးသုံးမယ် ဆိုပဲ..
      သဂျီးရေ အပြောအဆိုဆင်ခြင်ပါဗျ….ဒီတချက်တော့ တိုင်းရင်းသားတွေ ဘက်ကနာသဗျာ.. 🙂

      • kai

        April 26, 2012 at 2:42 pm

        ယူအက်စ်မှာဖယ်ဒရယ်နဲ့ပြည်နယ်.. အခွန်အသီးသီးကောက်တာရှိပါတယ်..။
        မြန်မာပြည်မှာလည်း ရှိမှာပါ..။
        ယူအက်စ်မှာဆို.. ပြည်နယ်က.. ငွေများများရှာနိုင်ရင်.. အဲဒီပြည်နယ်သားတွေဟာ… အခွန်လျှော့နည်းသက်သာခွင့်ရှိပါတယ်..။ ဒါက.. အခွင့်အရေးပါ..။

        လက်လွတ်စပယ်ပြောလိုက်တာတော့ မဟုတ်ဖူး..
        ဟိုးအရင်ကတည်းကကျုပ်ရေးတာမှာ.. ယူအက်စ်ရဲ့.. သဲကန္တာရအလယ်ကမြို့ လပ်စ်ဗေးဂတ်နဲ့နှို်င်းပြရေးခဲ့တယ်..

        Prostitution in Nevada
        Nevada is the only U.S. state to allow some legal prostitution,[1] in the form of regulated brothels. Prostitution outside these licensed brothels is illegal.

        The brothels are situated in isolated rural areas, and the vast majority of Nevada’s population lives in counties where all forms of prostitution are illegal, namely Clark, Washoe, Douglas, and Lincoln counties, and Carson City (an independent city). The other counties allow brothels, but some of these counties currently have no active brothels (brothels are in operation in only 8 counties); as of June/July 2008 there were 28 legal brothels in Nevada.[2][3][4]

        ဆိုတော့.. လပ်စ်ဗေးဂတ်မှာ.. ပြည့်တန်ဆာလုပ်နေသူတွေက.. အဲဒီပြည်နယ်ကလူတွေဖြစ်သွားသလား ပြန်မေးရမှာပဲ..
        တခြားပြည်နယ်တွေက.. လူတွေအများစုပဲ.. တကမ္ဘာလုံကလာကြတာ..

        မြန်မာပြည်မှာအဲလိုလုပ်ရင်.. ထိုင်းမှာပြည့်တန်ဆာဖြစ်နေပြီး.. ဘဝခေါင်းပုံဖြတ်ခံနေရတဲ့.. မြန်မာမိန်းကလေးတွေ.. အများကြီးပြန်ရောက်လာမယ်…
        ဥပဒေကို.. သေသေချာချာချိန်ဆပေးလို်က်ရင်.. ထိုင်းနဲ့..ကမ္ဘောဒီယားကပါဝင်လာမယ်..
        သမိုင်းဘီးကို.. မြန်မာတို့အတွက်ပြန်လှည့်ပြနိုင်လိမ့်မယ်..။ ပေါ်လစီမှန်ဖို့ပဲလိုတယ်..။

        ဆိုလိုတာက…
        အခု သူဌေးကျွန်းလိုနေရာကို.. ပိုပြီးသတ်သတ်မှတ်မှတ်လေး.. နယ်ချဲ့လုပ်ပေးစေချင်တာပါ..
        ဒီကိစ္စကို.. လွှတ်တော်မှာဆွေးနွေးသင့်တယ်..။

        • amatmin

          April 26, 2012 at 3:22 pm

          သဂျီးရေ..
          အဲ့ကိစ္စက အခုတော့ အလွယ်နိုင်လောက်သေးပါဘူး..ဖြစ်ဖို့လဲ မသင့်သေးပါဘူးဗျာ..
          တရားဝင် လိုင်စင်ရထားတဲ့ ပြည့်တန်ဆာခန်းတွေက -ာ အသစ်တွေရဖို့
          အပြိုင်အားထုတ်ကြရင်း..ဈေးကောင်းတွေ အပြိုင်ပေးလာကြရင်..
          မိန်းမတွေအလုပ်ကောင်းတွေ မလုပ်ချင်ကြဘဲ .
          အကုန် -ာ ခံစားဖို့အားထုတ်လာကြမယ်.ယောက်ကျားတွေက -ာဆွယ် ကြမယ်.
          ဂလိုနဲ့ ရလာမဲ့ နိုင်ငံဝင်ငွေတိုး..ပြည်သူတွေ မျက်စိကျယ်မှာကြီးတော့ မလိုချင်ဘူးဗျာ..
          မြန်မာပြည်ကြီးကို အင်မတန်ကြီး တိုးတက်စေချင်တယ်ဆိုတာသိပေမဲ့ ဖြတ်လမ်းနည်းမဟုတ်ဘဲ.
          တခြားနည်းလမ်းကောင်းတွေ စဉ်းစားကြပါဦး.. သဂျီးတို့ .ကိုဘုန်းကျော်တို့ရယ်..

          ကျနော် အမြင်မှားကောင်းပေမဲ့ -ာ ခံစားတာကိုတော့ ဖြတ်လမ်းနည်းလို့ ထင်ပါ၏..

  • ahnyartamar

    April 26, 2012 at 2:19 pm

    ကိုဘုန်းကျော်….ခဗျာင်္းကတော့ဗျာ…ဘာမှကိုမပြောချင်တော့ပါဘူး…ထွီ…

  • Mလုလင်

    April 26, 2012 at 2:29 pm

    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

    • kai

      April 26, 2012 at 2:43 pm

      အနီနဲ့ရေးထားလည်း.. မလိုက်နာနိုင်ကြဘူး..
      ဖြည်းဖြည်းချင်းတော့.. စည်းကမ်းကျပ်မှနဲ့တူတယ်..

      အင်း..
      အနိစ္စ…. 😕

      • ကြောင်ကြီး

        April 27, 2012 at 9:57 am

        ကျုပ်ကို ကြေးမုံဂျီး ပြစ်ပြစ်ခါခါ ပြောဒုံးဂကြတော့ ဒီလေသံ မထွက်ပါဘူး…။ 🙄

        • Mလုလင်

          April 28, 2012 at 10:53 am

          ဂျစ်လို့ ကြည်စား နေကြဒယ် ထင်ရို ့ပါဂျာ ….

  • captainamerica

    April 26, 2012 at 3:20 pm

    ကို ဘုန်းကျော် ခင်ဗျားဘယ်လောက်ပြောပြောရမှာ မဟုတ်ဖူး ကျုပ်တို.
    တိုင်းပြည်ကလူတွေက Consevative အရမ်းကိုဆန်သေးတယ်။
    ခင်ဗျားပြောတာတွေတစ်ချို.ကိုကျုပ်လက်ခံတယ်။ဗမာပြည်မှာယဉ်ကျေးမှု
    နဲ.ဘာသာရေး စီးပွားရေးနဲ.ဘာသာရေး လူမှုရေးနဲ.ဘာသာရေးကို
    သေသေချာချာ ကွဲကွဲပြားပြားမသိသေးဘဲနဲ.အတင်းလိုက်ရောနေတဲ့သူ
    တွေအများကြီးရှိနေတယ်။ထုနဲ.ထည်နဲ.ကိုရှိတယ်။ကျုပ်ဒီကွန်.မန်.လေးက
    ရဲတွတ်နေမှာမြင်ယောင်သေးတယ်။ :mrgreen:

  • Davit

    April 26, 2012 at 3:27 pm

    ဘုန်းကျော်ရ…..မင်းနဲ့ငါနဲ့အသက်တူနေလို့ ဘုန်းကျော်လို့ပဲ ရင်းရင်းနှီးနှီးခေါ်တော့မယ်… မင်းက တရားဝင်ဖာခန်းတွေဘာတွေ ဖွင့်ခိုင်းနေရအောင် မင်းညီမကိုအရင် တရားဝင်လုပ်ခိုင်းကြည့်ပါလား။ အဲဒိလိုဆိုရင်တော့ ငါ့မိန်းမကိုခဏမေ့ထားပြီး ငါအရင်ဆုံးဈေးဦးဖေါက်ပါ့မယ်ကွာ။

  • ဗိုက်ကလေး

    April 26, 2012 at 3:53 pm

    အူးလေးတို ့ကလဲဗျာ..
    မြန်မာနိုင်ငံမှာ အခုမှ ဒီမိုကဒေစီဆိုတာ မှုံဝါးဝါးပဲ ရှိသေးတယ်
    အူးလေးတို ့က ဖာထောင်ပြီး ဘိန်းရှုဖို ့အခန်း ဖွင့်ခိုင်းနေပြန်ပြီ
    တစ်စိတ်လောက် မစောလွန်းသေးဘူးလားဗျာ..

    နာလန်ထ လူမမာကို ဧဝရတ်တောင် တက်ခိုင်းလိုက်သလို…တောင်ထိပ်မရောက်ပဲ ပြုတ်ကျကြေမွသွားရင် ဘယ်လိုလုပ်မလဲဗျာ

    (ဖောတာ စကလုံးထွားသွားသလားမသိပါဘူး 😆 )

  • jujuma

    April 26, 2012 at 4:20 pm

    အခုကြတော့ တရားဝင်လိုလို မဝင်သလိုလို ဖြစ်နေတဲ့ ပြည့်တန်ဆာလောကကြီးကြောင့် အကုန်လုံးပါးနီးပါး နစ်နာကြရတော့တယ်။ ဒါတွေက ခွင့်မပြုလည်း ရှိနေတာပဲဆိုတော့ တားလို ့မှမရတားးးးးးးးးးးးးး

    ခင်ဗျားပြောတာတွေက မှန်သင့်သလောက်တော့မှန်ပါတယ် ဗျ..
    တစ်ခါတစ်လေကြတော့ မှန်တိုင်းလဲ မကောင်းဘူး ကိုဘုန်းကျော် ….
    ခင်ဗျားက တည့်ကြီးပြော တာကို …ဟဟ
    မြန်မာဗုဒ္ဓဘာသာစစ်မှန်တဲ့ လူသားတွေ အတွက်တော့ မဖြစ်သင့်တဲ့အရာပေါ့ဗျာ…
    နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အခန်းတွေ တရားဝင်ဖွင့် ရလောက်အောင် ဗမာတွေ သတ္တိမရှိသေးပါဘူးဗျ …

    • ကိုရင်မောင်

      April 26, 2012 at 5:30 pm

      ကိုဘုန်းကျော်ရယ်…မြန်မာနိုင်ငံကခုမှပွင့်လင်းမြင်သာမဲ့လမ်းကို
      သွားနေတုန်းပါ ဒီလိုအချိန်မှာ ပွင့်ပွင့်လင်းလင်းနဲ့သွားနေပြီဖြစ်တဲ့
      အခြားနိုင်ငံတွေနဲ့သွားမယှင်ပါနဲ့အုံး ဘာဖြစ်မယ်မှန်းမသိသေးတဲ့
      ကျုပ်တို့နိုင်ငံမှာ ခင်ဗျားပြောတဲ့ကိစ္စတွေ ခုထဲကလွှတ်တော်မှာတင်ပြီး
      ဆုံးဖြတ်စေချင်လို့လား….
      တချိန်ကျယင်ခင်ဗျားစိတ်ဝင်စားတဲ့တရားဝင်ဖာခန်းတွေဖြစ်လာမှာပါ
      ဘုရားသခင်လက်ထက်ထဲက ပြည့်တန်ဆာဆိုတာ ရှိနေတာဘဲမဟုတ်လား

    • shwe kyi

      April 26, 2012 at 11:41 pm

      ဟုတ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အမျိုးကောင်းသမီးတွေအနေနဲ့ အရှက်တရားဆိုတာ အသက်
      ထက်တန်ဖိုးရှိပါတယ်။ ရှက်သင့်တဲ့နေရာမှာရှက်ရပါမယ်။ ကြောက်သင့်တဲ့နေရာမှာကြောက်ရ
      ပါမယ်။ ရှက်စရာကောင်းတဲ့အလုပ်ကိုရှက်တတ်ရပါမယ်။ ရွှေကြည်တို့နိုင်ငံဟာ အုပ်ချုပ်ရေးအရမတည်ငြိမ်သေးဘူးထင်ပါတယ်။ အဲဒါတွေကို
      ထိန်းချုပ်နိုင်မယ်မထင်သေးပါဘူး။ ဒီထက်ပိုပြီးဆိုးသွားနိုင်ပါတယ်။ မြန်မာမိန်းကလေးများ အတု
      ယူကောင်းပုံတွေကတော့ ဘုရားတွေပေါ်မှာစည်းကမ်းထုတ်ပြီးထိန်းသိမ်းနေရတဲ့အထိပါ။ မသင့်တော်တာမဝတ်ဖို့ပေါ့။ ဗဟုသုတ သိပ်မရှိသေးသူတွေ၊ အမြင်မကျယ်ကြသေးသူလေး
      တွေရှိနေသေးတဲ့အတွက် အန္တရာယ်များတယ်ထင်ပါတယ်။ ခေတ်မှီမယ်ထင်ရင် သိပ်မစဉ်းစားတော့ပဲ ကိုယ်နှင့် အဆင်ပြေသည် မပြေသည်လည်းမစဉ်းစားပဲ လိုက်လုပ်နေသူ
      တွေအများကြီးရှိနေပါတယ်။ သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ
      ဖြစ်နေသူတွေရှိနေပါသေးတယ်။ မြန်မာပြည်မှာ အရာရာအဆင်မပြေမှုတွေရှိနေပါတယ်။
      လိုင်းကားပေါ်မှာဆိုရင် ယောက်ကျား၊ မိ်န်းမ ရင်ဘောင်တန်းစီးနေရတာပါ။ ကျောချင်းကပ်
      လူချင်းကပ်နဲ့ ထိုင်ရရင်တောင် အသားချင်းထိနေတာပါ။ လုံခြုံမှုရှိအောင်ကိုယ်က လုံခြုံအောင်
      ဝတ်သင့်တယ်ထင်ပါတယ်။ ကားစီနိုင်သူတွေမဆိုလိုပါ။ သင်ဇာဝင့်ကျော်တို့ အတွက်ကနယ်
      ပယ်သီးသန့်ရှိမယ်ထင်ပါတယ် အဲဒီ နယ်ထဲမှာကန့်လန့်ကာနောက်ကွယ်ထဲမှာစိတ်ကြိုက်ပျော်
      နိုင်ပါတယ်။ အများသူငါ မောင်နဲ့နှမ သားအမိ တွေလည်ပတ်နိုင်တဲ့ လူမြင်ကွင်းတွေမှာ မဝတ်သင့်ဘူးထင်ပါတယ်။
      ထင်မြင်မိသမျှ ဆွေးနွေးလိုက်ရပါတယ်ရှင်။ အားလုံးအလယ်အလတ်လမ်းစဉ်နဲ့မျှတစွာနဲ့
      အပြုသဘောကိုဆောင်နိုင်ကြပါစေ။

      မကောင်းကင်ရေ
      အစ်မကြောင့်ပိုပြည့်စုံသွားတယ်။
      ဂေဇက်ရွာ ဆူရေး ကိုဖုန်းကျော်အရေးဆိုတာ အမှန်ဆုံးပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 26, 2012 at 7:46 pm

    မောင်ဘုန်းကျော်ကြီး ခင်ဗျားနဲ့
    http://www.irrawaddyblog.com/2012/04/blog-post_6194.html ဒီမမကြီးနဲ့ချကွာ
    ဆိုလိုတာက ဖိုက်ကွာ ဟုတ်ပါဘူး ဘယ်လိုပြောရမလဲဆိုတော့
    ခင်ဗျားတို့နှစ်ယောက် ဟိုဒင်းဗျာ ဘာတဲ့ ဒီဘိတ်ဆိုလား ဒီစကတ် ဆိုလား
    အဲ့ဒါ
    အဲ့ဒါ

  • mgwalone

    April 26, 2012 at 11:06 pm

    ပြည့်တန်ဆာ ကို တရားဝင်ခွင့်ပြုဖို့။ လိုင်စင်ချပေးပြီး အခွန်ကောက်ဖို့ဆိုတာက ကဏ္ဍတစ်ခုပါ။ လူမှု အသိုင်းအဝိုင်းမှာ သူ့နေရာနဲ့သူ သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်တတ်ဖို့က တကဏ္ဍပါ။ ဒီနှစ်ခုကို မရောထွေးသင့်ပါဘူး။
    ပင်လယ်ကမ်းစပ်မှာ ရေကူးမှာကို ထိုင်မသိမ်းတွေ၊ တောင်ရှည်ပုဆိုးတွေ ဝဝ်ဖို့ မသင့်သလို အများပြည်သူ မြင်ကွင်းမှာ ဘယ်လိုအဝတ်အစားမျိုး ဝတ်သင့်တယ်ဆိုတာ သိသင့်နားလည်သင့်ပါတယ်။ ဘုရားပေါ်ကို ဘယ်သူမှ ဖင်ပြောင်နဲ့ မလာဘူးလို့ ပြောနေကြပေမဲ့ အဲဒီဖင်ပဲ လုံအောင်ဝတ်ပြီး လာတာတွေ တွေ့နေရပါတယ်။ ဒီလိုဝတ်မှ နာမည်ကြီးမယ်လို့ထင်ရင်လည်း မဝတ်ပဲသာ နေလိုက်ပေါ့။ ဒါပေမဲ့ နိုင်ငံတကာမှာကော မြို ့လယ်ကောင်မှာ ဘာသာရေးနဲ့ မဆိုင်တဲ့ နေရာမှ အဝတ်မဝတ်ပဲ နေလို့ရပါသလား ။

  • Patriotic Burma

    April 26, 2012 at 11:50 pm

    IN my opinion,yeah.Prostitution and gambling should be legal but those things should be allowed only in permitted area.Like “Red light district or area”but everything should have limit.In religious and cultural views,Burmese people are not too brave enough to do that things.As i said our country should get money from those things and should use for the country.But I don’t think every Myanmar girls should wear whatever they like.There’s always place and time.For me,I like Myanmar girls wearing traditional clothes and I wish every girls in our country wearing their traditional clothes.Mr.Phone Kyaw I reckon your point of view is not suitable for our country.U think girls should wear whatever they like.But in the country u live in it’s their culture.But in our country it’s not suitable.I don’t think people wants the girls to wear like သင်ဇာဝင့်ကျော်.She’s ruining our Burma girls beauty.ယူအက်စ်မှာဖယ်ဒရယ်နဲ့ပြည်နယ်.. အခွန်အသီးသီးကောက်တာရှိပါတယ်..။
    မြန်မာပြည်မှာလည်း ရှိမှာပါ..။
    ယူအက်စ်မှာဆို.. ပြည်နယ်က.. ငွေများများရှာနိုင်ရင်.. အဲဒီပြည်နယ်သားတွေဟာ… အခွန်လျှော့နည်းသက်သာခွင့်ရှိပါတယ်..။ ဒါက.. အခွင့်အရေးပါ..။

    လက်လွတ်စပယ်ပြောလိုက်တာတော့ မဟုတ်ဖူး..
    ဟိုးအရင်ကတည်းကကျုပ်ရေးတာမှာ.. ယူအက်စ်ရဲ့.. သဲကန္တာရအလယ်ကမြို့ လပ်စ်ဗေးဂတ်နဲ့နှို်င်းပြရေးခဲ့တယ်..

    Prostitution in Nevada
    Nevada is the only U.S. state to allow some legal prostitution,[1] in the form of regulated brothels. Prostitution outside these licensed brothels is illegal.

    The brothels are situated in isolated rural areas, and the vast majority of Nevada’s population lives in counties where all forms of prostitution are illegal, namely Clark, Washoe, Douglas, and Lincoln counties, and Carson City (an independent city). The other counties allow brothels, but some of these counties currently have no active brothels (brothels are in operation in only 8 counties); as of June/July 2008 there were 28 legal brothels in Nevada.[2][3][4]

    ဆိုတော့.. လပ်စ်ဗေးဂတ်မှာ.. ပြည့်တန်ဆာလုပ်နေသူတွေက.. အဲဒီပြည်နယ်ကလူတွေဖြစ်သွားသလား ပြန်မေးရမှာပဲ..
    တခြားပြည်နယ်တွေက.. လူတွေအများစုပဲ.. တကမ္ဘာလုံကလာကြတာ..

    မြန်မာပြည်မှာအဲလိုလုပ်ရင်.. ထိုင်းမှာပြည့်တန်ဆာဖြစ်နေပြီး.. ဘဝခေါင်းပုံဖြတ်ခံနေရတဲ့.. မြန်မာမိန်းကလေးတွေ.. အများကြီးပြန်ရောက်လာမယ်…
    ဥပဒေကို.. သေသေချာချာချိန်ဆပေးလို်က်ရင်.. ထိုင်းနဲ့..ကမ္ဘောဒီယားကပါဝင်လာမယ်..
    သမိုင်းဘီးကို.. မြန်မာတို့အတွက်ပြန်လှည့်ပြနိုင်လိမ့်မယ်..။ ပေါ်လစီမှန်ဖို့ပဲလိုတယ်..။

    ဆိုလိုတာက…
    အခု သူဌေးကျွန်းလိုနေရာကို.. ပိုပြီးသတ်သတ်မှတ်မှတ်လေး.. နယ်ချဲ့လုပ်ပေးစေချင်တာပါ..
    ဒီကိစ္စကို.. လွှတ်တော်မှာဆွေးနွေးသင့်တယ်..။
    And I also agree with kai comment.That’s all.

  • FattyCat

    April 26, 2012 at 11:56 pm

    ဒီကိစ္စကို အမြင်တစ်ခုနဲ့တော့ ပြောချင်ပါတယ်…

    ပြည့်တန်ဆာကိစ္စကို တရားဝင်ပြုလုပ်ပေးခြင်းအားဖြင့် ဆိုးကျိုးတွေချည်းမကဘူး ကောင်းကျိုးတွေရှိပါတယ်…

    ကောင်းကျိုးတွေက အနှိပ်ခန်းတို့ ပြည့်တန်ဆာခန်းတို့ကိုလိုင်စင်ထုတ်ပေးခြင်းအားဖြင့်
    (၁) ကလေးသူငယ်ပြည့်တန်ဆာလုပ်ခြင်းကို တားမြစ်နိုင်ပါတယ်….
    (၂) HIV / AIDS ကဲသို့သော ရောဂါများ ကူးစက်ခြင်းမှ တားဆီးနိုင်ပါတယ်…
    (၃) နိုင်ငံတော်မှတရားဝင် အခွန်အခများရရှိနိုင်ပါတယ်…

    ဒါပေမယ့် ငွေလိုချင်လို့ ပြည့်တန်ဆာလုပ်စားကြတယ်ဆိုပေမယ့် တချို့က မဖြစ်လို့လုပ်စားကြရတာပါ….
    ပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလန်းတွေ ပိုရအောင်နဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရင်… ပြည့်တန်ဆာလုပ်စားမယ့်မိန်းခလေးတွေ
    အရေအတွက် လျော့ချနိုင်ပါတယ်…
    နိုင်ငံတော်အနေနဲ့လဲ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးမပေးနိုင်မချင်း မိန်းခလေးတွေ ပြည့်တန်ဆာဖြစ်အောင် နိုင်ငံကြီးကို ဖာနိုင်ငံဖြစ်အောင် လမ်းကြောင်းပေါ်မောင်းသွင်းနေသလိုပဲ… ဒါက နိုင်ငံတော်အစိုးရရဲ့အပေါ်မှာတာဝန်အပြည့်ရှိပါတယ်…

    ငတ်ရင်လုပ်စားမှာပဲ… ကျန်းမာရေးအတွက် လုံလောက်တဲ့စီမံမှုမလုပ်ပေးနိုင်မခြင်း၊ လူတိုင်းအပေါ်မှာ အာမခံချက်ရှိတဲ့ နိုင်ငံသားဘဝကို တည်ဆောက်မပေးနိုင်မခြင်း၊ မိန်းခလေးတွေပျက်စီးနေဦးမှာပဲ… လုပ်အားခနဲ့ တန်အောင်ဝင်ငွေရှိရင် ဘယ်မိန်းခလေးမှ ဒီအလုပ်ကို လုပ်မစားချင်ဘူးလို့တော့မြင်ပါတယ်… ဝါသနာကိုအရင်းခံတဲ့သူမျိုးဆိုရင်တော့ တမျိုးပေါ့နော်…
    မိန်းခလေးမပြောပါနဲ့… တစ်ခါတစ်လေ ယောင်္ကျားလေးတွေတောင် လုပ်အားနဲ့တန်တဲ့ဝင်ငွေမရတဲ့အခါ ငွေရပေါက်လွယ်တဲ့ အမျိုးသားပြည့်တန်ဆာ လုပ်ဖို့စဉ်းစားမိမှာပဲ…

    လောင်းကစားလုပ်တယ်ဆိုတာလဲ ဒီသဘောအတိုင်းပါပဲ…
    အခု ဈေးထဲမှာ အရောင်းအဝယ်မကောင်းလို့၊ ရုံးတွေမှာ လုံလောက်တဲ့လစာမရလို့ စဉ်းစားပြီး ငွေရင်းနဲနဲနဲ့ အမြတ်များများရမယ့် လောင်းကစားကို ပုံစံမျိုးစုံနဲ့ လုပ်ကြရပါတယ်…
    နှစ်လုံးထီထိုးတယ်… သုံးလုံးထီထိုးတယ်…. ဘောလုံးပွဲလောင်းတယ်…
    တကယ်လို့များ အခုနေ တရားဝင်လောင်းကစားလုပ်ပေးလိုက်မယ်ဆိုရင်… အကုန်လုံးလောင်းကစားဝိုင်းထဲကိုရောက်သွားမှာပါ…
    ငွေများများရှာဖို့ ရည်ရွယ်ချက်နဲ့ လောင်းကစားလုပ်တာမဟုတ်ပဲ…ဖျော်ဖြေမှုသက်သက်လောင်းကစားလုပ်တာမျိုးလူတွေစိတ်ထဲရောက်အောင်… လူတွေသဘောထားနိုင်အောင်… နိုင်ငံတော်က ပညာရေးကအစဖြည့်တင်းပေးရမှာပါ…

    အဲဒါဆို မြန်မာနိုင်ငံမှာ ကလပ်၊ အနှိပ်ခန်း၊ လောင်းကစားဝိုင်းနဲ့ ပြည့်တန်ဆာခန်းကို တရားဝင်ဖွင့်လို့ရပါပြီ…

  • MTY

    April 27, 2012 at 12:12 pm

    Mလုလင် says:
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန်
    လုံးဝ(လုံးဝ)အခွင့်မရှိ….
    kai says:
    အနီနဲ့ရေးထားလည်း.. မလိုက်နာနိုင်ကြဘူး..
    ဖြည်းဖြည်းချင်းတော့.. စည်းကမ်းကျပ်မှနဲ့တူတယ်..
    အင်း..
    အနိစ္စ….

    မြန်မာလူမျီူးကလဲခက်တယ်။”စည်းကမ်း” ဆိုတဲ့စါလုံးမြင်တာနဲ့ဖတ်ကိုမဖတ်တော့ဘူး။
    ရေးချင်တာရေး၊လုပ်ချင်တာလုပ်တော့တာ ဘဲ။ဆဲချင်တိုင်းဆဲနေတော့တာ..Comment
    ရေးတဲ့သူအခြင်းခြင်းလဲဆဲတာဘဲ။..စကတည်း၊ကကျပ်မထားရင်နောင်ပြင်ရင်ခက်တဲ့အမျီုးလေ။

    Administrator ခင်ဗျာ..
    ဂေဇက်ကိုလူဝင်မဖတ်မှာစိုးလို့စည်းကမ်းကိုလွှတ်ပေးနေတာတော့ခင်ဗျာတို့သဘောပါ။
    အဆင့်အတန်းရှိတဲ့ဂေဇက်ဖြစ်ဖို့သာရည်ရွယ်တာပါ။
    သူများ Site ကတောအောက်ပါအတိုင်းထိမ်းထားတာတွေ့မိတယ်။

    “Post a Comment

    မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ

    ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏

    မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။”

    MNN Site ကပါ။

  • MTY

    April 27, 2012 at 12:27 pm

    ဟုတ်ပါ့ဗျာ @ ရဲ့Commentကိုအပြည့်အဝထောက်ခံမှုပြုပါရစေ
    အပြောအဆိုအရေးအသားကအရေးကြီးတာသိရှိပြီးဖြစ်ကြမှာပါ။
    Post တင်သူကတင်တယ်..မကျေနပ်လဲပြန်ရေးပေါ့ဗျာ၊ကိုယ့်အမြင်လဲရေးနိုင်နေတာဘဲ
    အစိုးရသတင်းစာလိုသူရေးကမျှငုတ်တုပ်ထိုင်ဖတ်နေရတာမှမဟုတ်တာ။ ကိုယ့်ရှုထောင့်
    လဲရေးနိုင်ရက်နဲ့Commentလဲေ ရးနိုင်ရက်နဲ့အလကားရင်းညစ်ငြမ်းစွာဆဲ
    နေတာပိုဆိုးပါတယ်။ အရက်ဆိုင်မှာအရက်သောက်ရင်းဆွေးနွေးနေတာလဲမဟုတ်။ အရက်ဆိုင်၊ငါးစိမ်းတန်းမှာဆဲနေတာမဟုတ်၊ မီဒီယာမှာရေးနေတာလေ၊ ဘယ်လောက်ဒေါသထွက်နေပါစေ.. ပါးစပ်ကသာလွှတ်ကနဲထွက်သွားတာဖြစ်ချင်ဖြစ်မယ်၊
    အခုကစကားပြောနေတာမဟုတ်ဘူးလေ။ လက်နဲ့ရေးနေတာ..Computerမှာ။

    ဂျာနယ်တစ်စောင်မှာတွေ့တဲ့UNCIFက ထုတ်ပြန်ထားတာလေးပြန်ရေးပြပါရစေ၊(CommentမှာScanဆွဲထားတဲ့ပုံမတင်တတ်လို့ပါ။)
    မိသားစုတွင်းကြမ်းတမ်းစွာ ဆက်ဆံပြောဆိုမှုတို့သည်ကလေးများ အားနည်းပေါင်းစုံဖြင့်ထိခိုက်စေနိုင်ပါသည်။ ကလေးများသည်မြင်သမျှကို အတုယူကြီးပြင်းလာလိမ့်မည်ဖြစ်၊မိမိသည် စံနမူကောင်းဖြစ်ရန်လိုအပ်ပါသည်။
    အဲဒီတော့မီဒီယာမှာဆဲဆိုနေကြတာတော့ ကိုယ့်အဆင့်ကို်ဖေါ်ပြနေသလိုဘဲ။ဘယ်လိုမိသားစုမျီုးဆိုတာ…
    Post တင်သူနံမည်ပါနေတာဘဲဗျာ…မကြိုက်ရင်ဝင်မဖတ်နဲ့ပေါ့..

    အရင်တစ်ခါ ရေးခဲ့ဘူးတဲ့ Commentကိုပြန်ရေးပြတာ
    Post ပါအကြောင်းအရာအပေါ်..ရေးချင်သလောက်ရေး
    သူ့ကိုပုတ်ခတ်စရာမလိုဘူး။ အချက်အလက်၊အထောက်အထားပေါင်းများစွာနဲ့
    ပြန်ရေးပေါ့။မရေးတတ်ရင်ထိုင်ဖတ်နေလေ။

  • aye.kk

    April 27, 2012 at 8:57 pm

    ကျမငယ်ငယ်ကပေ့ါနော်..
    အင်္ဂလိပ်မဂ္ဂဇင်းတွေထဲမှာအနောက်နိုင်ငံသူတွေ..
    ဘီကနီဝတ်စုံနဲ ့လှလှလေးတွေရိုက်ထားတဲ့ပုံတွေကိုမြင်ရင်အရမ်းသဘောကျမိတယ်..
    အနောက်နိုင်ငံသူတွေကဘာဖြစ်လို ့အဲဒီလိုမျိုးတွေဝတ်ကြတာလည်း..
    ဆိုပြီးဘကြီးကိုမေးဘူးတာပေါ့နော်..
    ဘကြီးကပြောပြတယ်အနောက်နိုင်ငံကအရမ်းအေးလွန်းပြီး၊အအေးပိုင်းဒေသဖြစ်တဲ့အတွက်..
    ကာမဆန္ဒစိတ်ကလျှော့နည်းတယ်ပေါ့နော်..
    ဒါကြောင့်သူတို ့တိုင်းပြည်ကကာမဆန္ဒစိတ်လှုပ်ဆော်နိုးထစေနိုင်ဖို ့အတွက်
    မလုံ ့တလုံအဖော်အချွတ်တွေဝတ်ကြရတာဖြစ်တယ်လို ့ပြောပြပါတယ်..
    အရှေ့အာရှအပူပိုင်းဒေသမွေးဖွားတဲ့သူတွေကကာမဆန္ဒဟာလိုသည်ထက်ပိုတယ်ပေါ့နော်..
    အပူပိုင်းဒေသမှာနေထိုင်တဲ့သူတွေကထိန်းထိန်းသိမ်းသိမ်းလုံလုုံံခြုံခြုံမှမဝတ်စားရင်
    ်မဖွယ်မရာတွေဖြစ်ပွားစေနိုင်တဲ့အပြင်မလိုလားအပ်တဲ့ပြဿနာတွေကြီးထွားစေနိုင်တယ်ပေါ့နော်..
    ဥပမာ..ပြောရမယ်ဆိုရင်
    မုဒိန်းမှုလိုမျိုးပြဿနာတွေအများအပြားဖြစ်ပွားစေနိုင်တယ်ပေါ့နော်..
    ဒါကြောင့်မြန်မာပြည်ဟာလည်းအပူပိုင်းဒေသထဲပါဝင်နေတာမို ့
    လုံလုံခြုံခြုံဝတ်စားဆင်ယင်သင့်တယ်ဆိုပြီးဗဟုသုတအဖြစ်ပြောဆိုဆုံးမခဲ့ပါတယ်။

  • Ko out of...

    April 28, 2012 at 8:31 am

    ကျွန်တော်ထင်တာ လူတွေကိုလွတ်လပ်လပ်ခွင့်ပေးလိုက်ပါ…လူတွေမရိုင်းသွားပါဘူး..ဘယ်သူမှ ကိုယ်သုံးလုံးနဲ့
    လမ်းပေါ်ထွက်ပြီးမနေပါဘူး.. လူ့ယဉ်ကျေးမှုက တိုးတက်သွားပြီဘဲ… ကျောက်ခေတ်ကလူသားတွေ အဝတ်မဝတ်တာ သူတို့ မတီထွင်တတ်သေးလို့ ဘိနပ်လည်းမစီးတတ်သေးဘူး.. အဝတ်လည်းမတီထွင်တတ်သေးဘူး.. မီးလည်း ကောင်းကောင်းမသုံးတတ်သေးဘူး.. တီထွင်မှုအမျိုးမျိုးကြောင့် လူ့ယဉ်ကျေးမှုတွေတိုးတက်လာတယ် လို့တောင်ပြောချင်တယ်..
    သူတို့ကိုဘာသာတရားက ချုပ်ချယ်ထားလို့ပါ… သူတို့ဆီကဘာသာတရားတွေ အကုန်လုံးနုတ်ယူသွားလည်း
    လူတွေဒါလောက်မရိုင်းစိုင်းသွားပါဘူး…

  • winterkoe

    April 29, 2012 at 9:05 pm

    ဒါပေမယ့်လူအများစုအတွက် အမှန်တရားတွေကခါးသီးနေပုံရပေမယ့် ကိုဘုန်းကျော်ပြောတာမှန်ပါတယ်။

  • mipukay

    May 2, 2012 at 3:28 pm

    Hello Mr. Phone Kyaw,

    Whose side are you defending? From the side of Myanmar Actress or from the side of Myanmar Prostitute? If from the side of “P” you are correct, but from the side of “Actress” it is not a proper reason that you are defending as it is not yet time to give a freedom in showing body beauty before making systematically control of letting people know what is Myanmar’s respectful polite cultural. Hope you don’t mess up between respectful cultural & freedom in body beauty.

Leave a Reply