Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2000 Group ( B – 14 ) ပွင့်သောပန်းတိုင်းလန်းစေချင် (၃၂) by May Aye Oo

Swal Taw YwetApril 27, 20123min3436

ပွင့်သောပန်းတိုင်းလန်းစေချင် (၃၂) by May Aye Oo on Tuesday, April 24, 2012 at 4:47am ·

 လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မလား? 

ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်မလား

ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်ပြီး လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မယ်။

 

ယဉ်ကျေးလိမ္မာသင်တန်း ၄၄/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း

မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်၊ ရေဦးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

၁ရ – ၂ဝ ဧပြီလ-၂၀၁၂

 ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာတော့ မနက်စောစော ၆ နာရီ ရထားနဲ့ မန္တလေး ကို ထွက်ခွာခဲ့ပါတယ်..။ သင်္ကြန်ရက် ရထားစီးရတာ.. မတတ်သာလို့ စီးရတာပါ..။ အရမ်း .. အရမ်း ကို စိတ်ကုန်ပါတယ်.. ရှင်..။ မနှစ်ကဆိုရင် ကျောက်တံခါးဘူတာ အရောက်မှာ အရက်မူးသမားတွေ ရေခပ်တဲ့ ပုံးကြီးနဲ့ တွဲပေါ်ထိတက်ပြီး မိန်းကလေးတွေကို .. ခေါင်းပေါ်ကနေကို ရေလိုက်လောင်းနေတာ တောင်းပန်လို့လဲမရ.. ရန်ဖြစ်ခမန်းပါဘဲ..။ ဧပြီ ၁၆ ရက် မနက် ၆ နာရီက ထွက်လိုက်တဲ့ ရထားက မန္တလေးကို ည သန်းခေါင်မှ ရောက်တာ မန္တလေး ဘူတာမှာ ရေဦး က မြင့်မြတ်သူ လူမှု ကူညီရေး အသင်းက ကားနဲ့ လာစောင့်ကြိုနေကြပါတယ်..။ ရေဦးကို ဧပြီ ၁ရ ရက် မနက် ၆ နာရီမှာရောက်ပါတယ်..။ ရောက်တာနဲ့ ခဏ နားကြပြီါ် လုပ်စရာ ရှိတာတွေ လုပ်..၊ ကလေးစာရင်းတွေရေး.၊ နဲ့ ညနေ ၆ နာရီမှာ ညနေခင်း အင်္ဂလိပ်စာသင်တန်း စ ဖွင့်ပါတယ်..။

ရေဦး မှာ သင်တန်းဖွင့်မယ်ဆိုတော့.. သင်တန်းမှာ ရေဦး မင်္ဂလာရာမ ပရိယတ္တိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝေပုလ္လ စာရ က နေ့စဉ် သီလ ပေးရင်း သင်ခန်းစာ တစ်ပုဒ် သင်ပေးမယ်.. ဆိုလို့ ကျမ ကလဲ ကလေးတွေကို ဘယ်လို စတိုင် ပြောင်း ပြီး သင်ရမလဲ စဉ်းစားမိပါတယ်..။ ကျမက ကလေးတွေကို စဉ်းစားတတ်စေချင်တာပါ..။ ဒါကြောင့် ကလေးတွေ ကို story လေးတွေ ပြောပြပြီး အဲဒီ story ကနေ concept ကို ထုတ်ယူတတ်အောင် သင်ပေးချင်တာပါ..။ ဒါကြောင့် ဒီတစ်ခါ တော့ သင်ခန်းစာ အနေနဲ့ ရေဦး ဆရာတော် ဘဒ္ဒန္တဝေပုလ္လ စာရ၊ မဟာမြိုင်တောရဆရာတော် ဦးဇောတိက၊ နဲ့ စာရေးဆရာ ဦးအောင်သင်း ရဲ့ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စတဲ့ တရားတော်တွေ နဲ့ စာအုပ် တွေထဲက စုစည်း ထားတဲ့ “သတ္တိ နဲ့ ဗျတ္တိ” အကြောင်းရယ်၊ ဆရာတော်ဦးဇောတိက ရဲ့ “အကျိုးရှိရဲ့လား” .. ဆိုတဲ့ တရားရယ် ကို ပြောပြ ပါတယ်..။

ပြီးတော့ ပုဂံခေတ်ရဲ့ ပထမဆုံး သင်္ကြန်လို့ ဆိုကြတဲ့ နရသီဟပတေ့မင်းရဲ့ ဧရာဝတီမြစ်ကမ်းဘေးက ရေသဘင်ပွဲ အကြောင်း နဲ့ အတူ မိဘုရားငယ် စောလုံ တို့အကြောင်းလဲ ကလေးတွေကို ပြောပြပြီး နမူနာ အနေနဲ့ concept လေး တွေ ထုတ်ပြပါတယ်..။  နောက်အချိန်မှာနရသီဟပတေ့မင်း နဲ့ သားတော် ပြည်စား သီဟသူ တို့ရဲ့ (ဝက်လက်ခိုးမသား) story  ပြောပြပြီး သူတို့ ကိုယ်ပိုင် ဉာဏ် နဲ့ ရနိုင်သမျှ concept တွေ ထုတ်ခိုင်း  တော့.. သူတို့ တော်တော် ပြောနိုင်ကြ တာ ကိုတွေ့ရပါတယ်..။

Health Talk အနေနဲ့တော့ “မူးယစ်ဆေးဝါးအကြောင်း”  ရယ်..၊ “တီဘီရောဂါအကြောင်း” နဲ့ ကာကွယ်၊ ကုသ ပုံ နည်းလမ်း တွေ ကို ပြောပြပါတယ်..။

ကလေး ၄၅ဝကျော် တက်တဲ့ သင်တန်း

သင်တန်းမှာ ကလေး ၄၅ဝ ကျော် တက်ခဲ့တာမို့ ကျမတို့ရဲ့ သင်တန်းတွေမှာတော့ ရေဦးမြို့ က အမြဲ စံချိန်တင်ပါတယ်..။ သင်တန်းခန်း (ဓမ္မာရုံ) ကလဲ အကြီးဆုံးဖြစ်ပြီး သင်တန်းသားလဲ အမြဲများပါတယ်..။

ဒီတစ်ခါ ရေဦး ခရီးစဉ်မှာ လဲ မြိတ်ခရီးစဉ်တုံးကလိုဘဲ အသက်တစ်ချောင်းကယ်ဖို့ရန် အခွင့် ကြုံပြန်ပါတယ်..။ ကျမတို့ ညနေခင်း ရ နာရီကျော်လောက် .  .  အင်္ဂလိပ်စာသင်နေတုံးမှာ သွေး အရေးတကြီး လိုလို့ လူနာရှင်က အလှူခံလာ တာနဲ့ ကြုံပါတယ်..။ A သွေး.. လိုပါတယ်.. တဲ့..။ ကျမ နဲ့ သားကြီး လင်းထက်ဦး နဲ့ က A သွေးရှင်တွေပါ..။ ပြီးတော့ ဆရာမလေး နှင်း လဲ A သွေးပါဘဲ..။ ကျမတို့ ချက်ချင်းဘဲ ရေဦး ဆေးရုံကို လိုက်သွားကြပါတယ်.. ။ သွေး က ၂ ပုလင်းလိုတာပါ..။ လူနာက မိန်းကလေး.. ပါ..။ ၁ရ နှစ်တဲ့ ..။ ငှက်ဖျားရောဂါဖြစ်နေတာပါ..။ တစ်မိသားစုလုံး ကချင်ပြည်နယ် ဂွေထုရွာ ကို သွားကြပြီး အုတ်ဖုတ် အလုပ်သွားလုပ်ကြတာ..၊ တစ်မိသားစုလုံး ငှက်ဖျား ဖြစ်ပြီး ရေဦးကို ပြန်ရောက်လာကြပါတယ်..။ ကလေးမလေးက တော်တော် အခြေအနေဆိုးလို့ ဆေးရုံတင်၊ သွေးသွင်းရမဲ့ အဆင့်ကိုရောက်နေပါပြီ..။ တိုက်တိုက် ဆိုင်ဆိုင် ကူညီခွင့်ရလိုက်ကြပါတယ်..။

Blood donation - အခွင့်ကြုံခိုက် - အသက်ကယ်..

သားကြီး လင်းထက်ဦး ဆီက သွေးတစ်ပုလင်း၊ ဆရာမလေး နှင်း ဆီက တစ်ပုလင်း လှူပေးခဲ့ပါတယ်..။ သာဓု..၊ သာဓု.၊ သာဓု .. ပါကွယ်..။ သွေးလှူပြီးတာနဲ့ လူနာကို ချက်ချင်းဘဲ သွင်းပေးပါတယ်..။ သွေးလှူပြီး ကျမတို့ ပြန်ကြမယ်.. ဆိုတော့ လူနာရှင်တွေက ကြက်ဥ၊ အအေး၊ မုန့် တွေကို မယူမချင်း လက်ဆောင်ပေးကြပါသေးတယ်..။ ကျမတို့ကလဲ .. လူနာ နဲ့ လူနာစောင့်တွေ စားဖို့သာ ထားလိုက်ပါ… လို့ အတင်းပြောပြီး၊ ပြန်ပေးခဲ့ပါတယ်..။

group photo - မူးမြစ် တံတားပေါ်မှာ
မူးမြစ် on the way to Children Camp 44/2012, Free Clinic & English Class ‎Ye-U, Sagaing Region, 17-20 April 2012

 

ရေဦးမြို့ ခရီးစဉ်ရဲ့ volunteer များကတော့

ဒေါက်တာ အေးအေးတင့်

ဒေါ်မေအေးဦး

ဒေါက်တာမေသူထွန်း

ဒေါက်တာသီရိထွန်း

ကိုလင်းထက်ဦး

ကိုဇော်ဝင်းနိုင်

ကိုဉာဏစိုး

မနှင်းနန္ဒာလွင်

မရည်မွန်သန့် နဲ့

သားငယ်လေး စိုင်းသားသား   တို့ဖြစ်ပါတယ်..။

 

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ …။

https://www.facebook.com/photo.php?fbid=3081633756344&set=a.3081629836246.2121242.1128815099&type=1#!/media/set/?set=a.3081629836246.2121242.1128815099&type=1

 

အလှူရှင်များ၊ Volunteerများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်..။ ကုသိုလ်ကောင်းမှုများအားလုံးကိုလဲ အမျှပေးပါတယ်..။ အလှူရှင်များ၊ မိသားစုများနဲ့ တစ်ကွ အနန္တစင်္ကြာဝဠာရှိ နတ်၊ လူ၊ သတ္တဝါများ အားလုံး အမျှရကြ၍ ကျန်းမာ ချမ်းသာ ဝမ်းသာကြ ပါစေ …။

 

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 

Dear Readers and MG villagers,

One of our MG villagers ( Daw May Aye Oo ) and 2000 Group are helping to the needy people.

Please try to support as much as you can.

They need your supporting and encouragement.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

6 comments

  • ဗိုက်ကလေး

    April 27, 2012 at 12:03 pm

    ကောင်းပါတယ် အူးလေး..
    ဒီလို အဖွဲ ့အစည်းတွေ။ဖောင်ဒေးရှင်းတွေ၊ ပရဟိတတွေ များများပေါ်လာပြီး ဒီလိုလုပ်ရပ်တွေကိုလဲ များများ အထောက်အပံ့ ပေးနိုင်ကြပါစေလို ့ ဆုတောင်းပေးပါတယ်..ဒီအဖွဲ ့ အစည်းတွေ မရှိမဖြစ် လိုအပ်ပါတယ်..

  • Patriotic Burma

    April 27, 2012 at 10:31 pm

    I envy you a lot.If I have a chance, I’ll really try good things like you.One day, I’ll try my best to do these good things.Thanks a lot for your post:-D

  • Patriotic Burma

    April 27, 2012 at 10:32 pm

    I envy you a lot.If I have a chance, I’ll really try good things like you.One day, I’ll try my best to do these good things.Thanks a lot for your post.

  • Patriotic Burma

    April 27, 2012 at 10:35 pm

    I envy you a lot.I wish organization like this may help others looking for helping hands.One day, I’ll try my best to do these good things.Thanks a lot for your post.

    • Swal Taw Ywet

      April 27, 2012 at 11:22 pm

      Dear Patriotic Burma ,
      Thanks for your comments.
      Yes, I also want to support such kinds of donation by grouping.
      If only one is not enough, we need to be united to get enough power.
      2000 Group is one example.
      I would like to be proud of them behalf of MG.
      Because Daw May Aye Oo is one of our MG villagers.
      She could not post by herself on MG.
      So I asked her permission and than posting on MG ( copying from her FB ).

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • pho chet

    April 28, 2012 at 3:17 am

    သာဓုပါခင်ဗျ။

Leave a Reply