“ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ဒူးတော့ မထောက်ဘူး”

Patriotic BurmaApril 27, 20121min957

I found this phrases on my facebook page and I shared it for Gazette villagers.If it’s alredy posted,forgive me.

“ကျမတို့က ကျမ်းကျိန်လွှာပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတခုဖြစ်တယ်။ နိုင်ငံရေးပြဿနာ မဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက်ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ”

“ကျမအနေနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရမယ့်နေရာလို့ မမြင်ပါဘူး။ ထိပ်တိုက် ရင်ဆိုင်သွားမှာ မဟုတ်ဘူး။ ဒါကို စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေး တရပ်လို့ပဲ ရှုမြင်ပါတယ်။ တဦးကို တဦး နားလည်အောင်ကြိုးစားကြခြင်းဖြင့် တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်”

“ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး”

“ကျမ ထင်တာကတော့ အရင်တုန်းက ကျမတင် မကပါဘူး၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်တွေကို အများပြည်သူနဲ့ တကမာ္ဘလုံးက သိဖို့ခက်ပါတယ်။ ကျမတို့က အင်မတန်မှ အကန့်အသတ်တွေကြားထဲက လုပ်တဲ့အခါကျတော့ ကျမတို့ရဲ့ အထင်၊ ကျမတို့ရဲ့ အမြင်၊ ကျမတို့ရဲ့ အနေအထား၊ မူဝါဒတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းကျတော့ မူဝါဒသဘောတရားတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ ရလာလို့ ကျမတို့ အဖွဲ့ချုပ်က ပျော့ပြောင်းတယ်လို့ ထင်လာတာလို့ ကျမထင်ပါတယ်။ တကယ်တော့ ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမတို့ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့ မထောက်ဘူး”

7 comments

  • Swal Taw Ywet

    April 27, 2012 at 1:43 am

    Bravo Ah May Suu,
    Short, Sharp and Clear.
    ကျမတို့ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့ မထောက်ဘူး”
    Go ahead NLD.
    We all are supporting you and your leadership.
    Unity is strength.

    Dear Brother, Patriotic Burma,
    Thanks for your sharing.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • kyeemite

    April 27, 2012 at 8:20 am

    အခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကို
    ကောက်နှုတ်တင်ပြပေးတာ အင်မတန် အဖိုးတန်ပါတယ်…
    ဒီစကားရပ်ပြင်ဆင်ရေး NLD ရဲ့တောင်းဆိုချက်နဲ့ပါတ်သက်လို့
    ပြည်သူတွေအတွက် တစ်စုံတရာ ထိခိုက်မှု့ မရှိဘူးဆိုရင်
    ဆောင်ရွက်ပေးသွားပါ့မယ်လို့ ယမန်နေ့ကသမ္မတကြီးက
    ပြောဆိုကြောင်း ကြားလိုက်ရပါတယ်..
    အဆင်ပြေသွားမယ်လို့ ယုံကြည်ပါကြောင်း..

  • ကြောင်ကြီး

    April 27, 2012 at 9:17 am

    “ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး” ကြံ့ဖွတ်နဲ့ အန်ဒီအက်ဖ်ဆိုတဲ့ လွှတ်တော်ငမတ်တွေကို စောင်းပြောဒါများလား..။ 🙄

  • ဗိုက်ကလေး

    April 27, 2012 at 11:35 am

    ဟုတ်တယ် ဘွားစု
    ပြောင်ကြီးတို ့အဖွဲ ့ကို လုံးဝ ဒူးထောက်စရာမလိုဘူး
    မလိမ့်တပတ်နဲ ့ နောင်အချိန်မှာ သူတို ့ရဲ့ချယ်လှယ်မှုကိုတော့ မခံချင်နဲ ့ဗျို ့

  • amatmin

    April 27, 2012 at 3:15 pm

    ကိုဘားမားရေ..
    တန်ဖိုးရှိတဲ့ စကားရပ်တွေအတွက်..လက်မထောင်အားပေးပါ၏..

    ဆက်လက် ချီတက်ပါ NLD..
    လိုအပ်ရင် ဖော့ဖယောင်းလို့ ထင်ပါစေ..
    အပြောင်းအလဲ ကောင်းတွေအတွက်..
    တင်းခံထားရမဲ့နေရာမှာတော့..
    သံမဏိ ထက်မက မာလိုက်ပါ..
    အနောက်မှာ သန်း ခြောက်ဆယ်နီးပါးသော..ဒူးခေါင်းများ ရှိနေပါသေးသည်..

  • etone

    April 27, 2012 at 4:43 pm

    ဒီပို့စ်ဖတ်ရတာ .. အားအင်တွေ ဖြစ်လာသလိုပါပဲ … ။
    တရားမျှတမှုကို မြတ်နိုးပြီး … ဥပဒေနဲ့ ကတိ သစ္စာတွေ ခံယူချက်တွေကို လေးစားတဲ့ NLD ဥက္ကဌ အမေစုပြောသွားတာတွေက ….. တိုတိုနဲ့ အဓိပ္ပါယ်အပြည့် အားမာန်အပြည့် ပါတဲ့ စကားတွေပါပဲ ။

    ကျမ်းကျိမ်တဲ့စာသား ပြင်မယ်ဆိုလျှင်လည်း ထိပ်ပြောင်တို့ဘက်က အပူတပြင်းလုပ်လို့ ရပါတယ် …. ။ တကယ်ပြင်ပေးချင်စိတ်ရှိလျှင်ပြောပါတယ် ။ အခုတော့ တမင်သက်သက် အမေစုတို့အပေါ် ပြည်သူတွေ ယုံကြည်မှုလျော့နည်းအောင် အချိန်ဆွဲနေသလားပေါ့နော် (အထင်နော် ) ။ ဖေ့စ်ဘွခ်နဲ့ ဖော်ဝေ့ါဒ်မေးတွေမှာတော့ .. .ပြင်ဖို့ အစီစဉ်မရှိဘူးဆိုတာချည်း တွေ့နေရသလားလို့နော် … ။ ကြိုးရှည်ရှည်နဲ့ လှန်ထားသလားလို့ … စိုးရိမ်မိပါရဲ့ 🙄

  • R Ga

    April 27, 2012 at 5:46 pm

    နေ့သစ်Renaissance , 26 April 2012 —- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ် ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ သို့သော် လွှတ်တော်တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ပတ် သက် လို့ အငြင်းပွားစရာကိစ္စက ဖြစ်လာတယ်။ ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို အသေးဖွားလေးလိုလို ကျော်လွှားသွားရင်ပဲ ဖြစ်တော့မယောင်ယောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများရဲ့ အင်တာဗျူးများကိုလည်း နား ထောင်လိုက်ရပါတယ်။

    လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိ ပြုချက် (အင်္ဂလိပ်လို) ဟာနဲ့တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေက ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုး ကားပြီးပြောသွားလေရဲ့ ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ သူပြောသွားတာက…

    အမေရိကန်မှာ ဆိုရင် – I will support to defend of the constitution.
    ဂျာမနီမှာ ဆိုရင် – Defend of the visit law.
    ဂျပန်မှာ ဆိုရင် – I will protect of the defend of the national chatter.
    ဂရိမှာလည်း ဒီတိုင်းပဲ
    အိန္ဒိယမှာ ဆိုရင် – Will to the best of the ability of the protect of the defend.
    ဖိလစ်ပိုင်မှာ ဆိုရင် – Defend of the constitution.
    စင်္ကာပူမှာ ဆိုရင် – l will preserve, protect of the defend of the Constitution of the Republic of Singapore.

    ဒီလိုမျိုး သစ္စာဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ဝင်လို့ရတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူ တယောက်နဲ့နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ဝင်မယ်ဆိုရင်တော့ ဒီဖန့်ဆို တဲ့ စကားလုံးနဲ့မှ ဝင်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကားအချို့ပါ။ မေးတာနဲ့ ဖြေ တာ တလွှဲစီဖြစ်ရတဲ့အထဲ အဓိပ္ပာယ်မသိဘဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။ (facebook မှာ တယောက်တင်ထား တဲ့ ဟာပါ)

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျမ်းသစ္စာကျိန်ဆိုချက်မှာ အင်္ဂလိပ်လို သူပြောသွားတဲ့အထဲက (defend) ကာကွယ်ပါ မည်ဆိုတာ တလုံးမှမပါဘူး။ မဆီမဆိုင်တွေ ငါ့စကားနွားရ ပြောသွားတယ်။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက် …

    SCHEDULE FOUR

    Form of Oaths or Affirmation

    (Refer to Section 125)

    I ……………. do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of the Union of Myanmar and citizenry and hold always in esteem non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability.

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမဝင်ဘဲ ဆိုင်းငံ့နေမှုသည် ဝေါဟာရပြဿနာ မဟုတ်ပါ၊ ယုံချက်ချက် ပြဿ နာဖြစ်သည်။ ဒီကိစ္စကို ပေါ့ပေါ့သဘောထားမရပါ။ အစိုးရဘက်က ပြဋ္ဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင် အင်္ဂလိပ်လို uphold ဆိုတာကို ရှင်းပြချင်ပါသည်။ အဓိပ္ပာယ်က (To maintain or affirm against opposition – မဆန့်ကျင်ဖို့ အ တည်ပြုရမည်၊ ထိန်းသိမ်းပါမည်၊ To prevent from falling or sinking – ပျက်စီးမသွားအောင် တားဆီးပါမည်) စဉ်းစား ကြည့်ပါ။ NLD ရွေးကောက်ပွဲမှာ လူထုကို ကတိပေးထားတာက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတာ အဓိကမူ။ ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင် လူထုကို ပေးထားတဲ့ကတိ ဖျက်ရာမရောက်ဘူးလား။ NLD လုပ်ရပ်မှန်တယ်။ ဒီကိစ္စဟာ လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ။

    အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့အရာမဟုတ်။ အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်။ အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသ ဘောတရားတွေ လက်ခံနိုင်မှုတွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့အမျိုးပါ။ ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာ ပြောမယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။ (မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုံ့မပြန်ပါနဲ့ဦး) ဆက်ရှင်းပါမယ်။ အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက သတ်မှတ်ပေးထားတဲ့ ခေါင်း စဉ် အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ (Legally) လူထုခေါင်းဆောင် ဖြစ်သွားတယ်။

    တခါ (defend) ကာကွယ်ပါမည် ဆိုတဲ့စကားလုံး သုံးရအောင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီအင်္ဂါ ရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့အရာမဟုတ်။ ဒီစကားလုံးကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ၊ လူ့အခွင့် အရေးဖွံ့ဖြိုးတဲ့နိုင်ငံများမှာ ပြင်စရာမလိုလောက်တဲ့ အနေထားမို့ သုံးတာ။

    အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုက ရွေးချယ်တင်မြှောက်အပြီး ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ)။

    A solemn affirmation or declaration, made with an appeal to God for the truth of what is affirmed. The appeal to God in an oath, implies that the person imprecates his vengeance and renounces his favor if the declaration is false, or if the declaration is a promise, the person invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

    ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင် တင်ပြပါမယ်။ ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြု ပြဋ္ဌာန်းထားချက်များ သည် အမှန်များဖြစ်ပါသည် ဒီအတိုင်း လိုက်နာပါမည်ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထားကတိပြုလိုက်တာ။ ဒါတွေ ကို ကတိပြုပြီးရင် လိုက်နာရမည် သို့မဟုတ်က (လူသား မဆိုထားဘိ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာ ပြုပြီး လိုက်နာရန်ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်းလို့ ခေါ်တယ်။

    ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား။ ပြင်စရာ မလိုလောက်အောင်နီးပါးရှိနေသော ဖွဲ့စည်းပုံ အ ခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမယ့် ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပ ဒေကို လွယ်လွယ်ကူကူနဲ့ ဒို့ကတော့ လူထုက တရားဝင်ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ပြီ။ လွှတ်တော်ထဲ ဝင်ကြစို့ဆို လုပ်လို့မရ။ လွှတ်တော်တံခါးဝမှာ ဆီးပိတ်ထားသော ကျမ်းသစ္စာကျိန်ဆိုခြင်းဆိုတဲ့ အ ရာကြီးရှိနေပါတယ်။ ဒီတံခါးနောက်ကနေ လက်ယပ်ခေါ်နေမှုများကို လူပြိန်းဆန်သည်ဟု ပြောချင်ပါသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ

    လွှတ်တော်တွင်းကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မဝင်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ။ မှတ်ပုံတင်ပြီးသည့်တိုင်အောင်လည်း လူထုက ရွေးချယ် တင်မြှောက်အပ်နှင်းထားတဲ့ (Mandate) ပါဝါ မရှိသေးပါ။ ယခုအချိန်ကာလသည် ထိုကဲ့သို့သောကိစ္စများကို ထောက်ပြ ပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီဖြစ်သောကြောင့် ဖွင့်ဟညွှန်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံ ကြည်မိပါတယ်။ (၁၉၉ဝ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့ အဓိပ္ပာယ်တွေ အများကြီးထွက်နိုင် ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလဲ ဦးတည်သွားခြင်းကိုတော့ မျက်ချည်မပြတ်မိဖို့ လိုကောင်း လိုပါလိမ့်မည်)

    ယခု အငြင်းပွားဖွယ်ဖြစ်နေသော ကျမ်းသစ္စာကျိန်ဆိုခြင်း (Oaths or Affirmation) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသောကတိကို စတင်အကောင်ထည်ဖော်ခြင်းပင် ဖြစ်ပေသည်။ လွှတ်တော် တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ရောက်ဆောင်ရွက်ရန် အခြေအနေမပေးသော်လည်း လွှတ်တော်တွင်း ရှိနေသော ပါတီအသီးသီး၊ တသီးပုဂ္ဂလိက အသီးသီးကနေ ဒီကိစ္စကို စတင် တင်ပြဆွေးနွေးခြင်းဖြင့် စတင်နိုင်မယ်လို့ ထင်ပါတယ်။ လွှတ်တော်ပြင်ပမှာရှိနေတဲ့ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများမှလည်း ဝိုင်းဝန်း ဖိအားပေးကြိုးစား လုပ်ဆောင်ဖို့ လိုပါလိမ့်မည်။

    ယခုကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် (ဈေးသည်စကားနဲ့ ပြောရရင်) ဈေးဦးဖောက်ဖြစ်ပါတယ်။ ဈေးဦး ဖောက်မှာ အလားအလာမကောင်းရင် ဈေးရောင်းမကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါ တယ်။ အောင်မြင်ခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် (First Amendment) အဖြစ် သမိုင်းတွင်နေပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် (Bill of Right) ဟာ လူသန်းပေါင်းများစွာကို နှစ်ပေါင်းများစွာ စောင့်ရှောက်သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment ) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကို စတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမယ့် အစဦး ဖြစ်ပါလိမ့်မယ်။

    အားလုံးကို လေးစားစွာဖြင့်

    မောင်မောင်ဝမ်း

Leave a Reply