Ringtunes ကောင်းကောင်းလေးတွေရယူစို့
ဖုန်း ringtunes များကိုမြန်မာသီချင်းကောင်းကောင်းများဖြင့် အသုံးပြုလိုသူများအတွက် www.myringtuneonline.com ဝက်ဘ်ဆိုက်တွင် အသုံး ပြုနိုင်ပါသည် ။ နာမည်ကြီး မြန်မာအဆိုတော်များ၏ တေးသီချင်း ringtunes များသာမက အင်္ဂလိပ်နာမည်ကျော် ဂီတ ပညာရှင်များ၏သီချင်း ringtunesများကိုလည်းရယူနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် အိန္ဒိယ၊ တရုတ် အစရှိသည့် နိုင်ငံများမှ နာမည်ကျော် တေးသံရှင်များ၏ ringtunes များကိုလည်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်၊ အွန်လိုင်းမှာ ပင် ကိုယ်ပိုင်အကောင့်ဖြင့် ringtunes များကို သိမ်းဆည်းထားချင်သူများအတွက်လည်း ထိုဆိုက်မှာပင် အကောင့်ဖွင့်ပြီး သိမ်းဆည်း ထားနိုင်ကြောင်း သိရပါသည် ။
10 comments
Onyx
April 30, 2012 at 3:18 pm
ကျေးဇူး ဘာ ဂျူဂျူမ ရေ ဝင်ပြီး မွှေလိုက်အုန်းမယ် ဘိုင့်
jujuma
April 30, 2012 at 3:36 pm
ဟုတ် ဂျူးမလည်းမွှေပြီးပါကြောင်းးး
ဖုန်းထဲ သို့ မထည့်တတ်ပါသဖြင့် ဒက်ခတွေ့နေရပါကြောင်း ..ဟိဟိ
အတိသဉ္ဖာ နာဂရချစ်သူ
April 30, 2012 at 6:54 pm
ဖုန်းတွင်းသို ့ my ringtune မထည့်တတ်သေးဘူးဆိုရင်တော့
၀၁-၆၅၂၂၅၃/၀၁-၆၅၂၂၅၄သို ့တိုက်ရိုက်ဖုန်းဆက်ထည့်သွင်းခိုင်းလို ့ရပါတယ်။
သီချင်းတစ်ပုဒ်အတွက် ၃၀ဝကျပ်၊လစဉ်ကြေး(၂၀၀ဝကျပ်)၊သီချင်းဝယ်တိုင်း ပိုက်ဆံ
(၃၀ဝကျပ်)ထပ်ပေးရမှာပါ။
ခုလောလောဆယ်မှာ. (၁၅)သိန်းတန် CDMA 450/GSM ရယ်နဲ ့ (၅)သိန်းတန် GSM
တွေမှာဘဲ ဖွင့်လို ့ရနိုင်ပါသေးတယ်။
အရေးအကြီးဆုံးက online ့ကနေ subscribe လုပ်မယ်ဆိုရင် နာမည်၊မှတ်ပုံတင်၊လိပ်စာ
ပေးပြီးဖွင့်နိုင်ပါတယ်။လက်ဆောင်အနေနဲ ့ country roll သီချင်းထည့်ပေးမှာပါ။
Onlineကနေ သီချင်းရဲ ့ကုဒ်နံပါတ်ကို 177 ကိုမက်ဆေ့ချ်ပို ့ဝယ်ရပါမယ်။ဝယ်ပြီးကြောင်း
မက်ဆေ့ချ်ရောက်လာရင် ရောက်လာတဲ့ password ကို DEFaultတွဲပြီး 177 ကိုပြန်ပို ့လိုက်တာ
နဲ ့လိုချင်တဲ ့သီချင်းရပီပေါ့။
R Ga
April 30, 2012 at 3:44 pm
လားရှိုးသိန်းအောင်ရဲ့ အမေစုပြန်လာပြီးသီချင်း ဘယ်မှာဒေါင်းလို့ရလဲ သိချင်ပါတယ်။
ရွာစားကျော်
April 30, 2012 at 4:01 pm
ဒီချုပ်သီချင်းခွေရှိတယ် ဘယ်ကိုပို့ပေးရမလဲ..?
R Ga
April 30, 2012 at 4:16 pm
maung.rga@gamil.com ကိုပို့ပေးပါ။ ဒါမှမဟုတ် ကျနော့ပြောတဲ့ သီချင်းပဲပို့ပေးပါနော့ ကျေးဇူးတင်စွာဖြင့်။
aye.kk
April 30, 2012 at 4:20 pm
ဒေါင်းမာန်ဟုန်ထဲမှာရှိပါသည်။
အရင့်ရောင်
April 30, 2012 at 4:33 pm
သဘာဝနဲ့ လှသူများ သီချင်းလေး လိုချင်တယ်ဗျာ
ဘယ်မှာရှာရမလဲ ရှိရင်ပို့ပေးနော်
ဟိဟိ
jujuma
April 30, 2012 at 5:03 pm
သီချင်းတော့သိဝူးးဗျ…
သဘာဝနဲ့လှသူများကြည့်ချင်ရင် ဂျုးမ ဆိုဒ်ထဲဝင်ကြည့်လေဂျာ ..ဟိဟိ
မဟာရာဇာ အံစာတုံး
April 30, 2012 at 7:32 pm
အနော်တို့ဂဒေါ့ ..
ဟန်းဖုန်း မကိုင်နိုင်သေးတော့ ရွင်းတုန်း လိုသေးဘူးဂျ ..
ပိုက်ပိုက်စု .. ခု ပေါ်နေဒဲ့ .. နှစ်သိန်းတန် ဝယ်ပြီးမှပဲ ..
အဲ့ ဆိုက်ကို သွားကြည့်ဒေါ့မယ် …
ဆိုက် အက်ဒရက် မှတ်ထားလိုက်ပါဂျောင်း ….