လွတ်သင့်တာက…ဘယ်ကလဲ….

လူဟာ….လူပါပဲ..
ဘဝဆိုတာ…ဘဝပါပဲ…။
တစ်ချို့တွေ  သိတာက..
သုဘရာဇာဘဝ  ဆိုတာ ဒုက္ခ…
ဗာဟီရဘဝ  ဆိုတာ ဒုက္ခ..
ပန်းရံ………………………. ဒုက္ခ
ပန်းပု၊ ပန်းဆယ်ခု ………………………. ဒုက္ခ
လက်လုပ်လက်စားဖြစ်လည်း ………………………. ဒုက္ခ
အလယ်တန်းစားဖြစ်လည်း………………………. ဒုက္ခ
အလတ်တန်းစား ………………………. ဒုက္ခ
ငွေရှင် ………………………. ဒုက္ခ
သူဌေး ………………………. ဒုက္ခ
အရာရှိ ………………………. ဒုက္ခ
ကတော် ………………………. ဒုက္ခ
ဘုရင် ………………………. ဒုက္ခ
မိဖုရား ………………………. ဒုက္ခ
ဘုန်းကြီး ………………………. ဒုက္ခ
သီလရှင် ………………………. ဒုက္ခ
ဖိုးသူတော် ………………………. ဒုက္ခ
ဓမ္မကထိက ………………………. ဒုက္ခ
ပိဋကတ်ပါရဂူ ………………………. ဒုက္ခ
ပါဠိပါရဂူ ………………………. ဒုက္ခ
ကျောင်းထိုင်ဘုန်းကြီး ………………………. ဒုက္ခ
သုတေသနမှူး ………………………. ဒုက္ခ
အာကာသယာဉ်မှူး ………………………. ဒုက္ခ
………………………. ဒုက္ခ
………………………. ဒုက္ခ
………………………. ဒုက္ခ
………………………. ဒုက္ခ

ကဲဗျာ……ဒုက္ခဆိုတာလွတ်ဖို့ ဘယ်ဘဝကို လွှတ်ချမလဲ..။ သိဒ္ဓတ္ထမင်းသားတဖြစ်လဲစစ်ကဲဘုရင် တွေ့ခဲ့တဲ့ဒုက္ခကရော… အဲ့သလိုမျိုး…ရောသော လွှတ်ချစေဖို့ပြောသလား…..။
ကြည့်…..
“ သံခိတ္တန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ” တဲ့… အကျဉ်းဆုံးပြောရရင်တော့ အစွဲကြောင့်ဖြစ်တဲ့ ခန္ဓာတွေသာ ဒုက္ခပါ တဲ့။ ဘယ်သူငြင်းမလဲ။ ဒါကိုပဲ…လူဆိုတာ သေမျိုးကြီးပဲ။ အချိန်တန်ရင်သေကြရမှာ။ သေမှာပေါ့။ သေစရာဖြစ် အောင်လုပ်ခဲ့တာကိုး….အဲသလိုမသိပဲလုပ်တော့ ဘဝဆိုတဲ့ ဒုက္ခတွေရကြတာပေါ့။ ဒါကြောင့် ဘဝတွေမဖြစ် အောင်လုပ်ကြ။ လူမဖြစ်အောင်လုပ်ကြ။ ဘာကောင်မှမဖြစ်ရင် လွတ်ပြီ…..တဲ့…။
ကဲ…စဉ်းစားကြစမ်းပါဗျာ..။
အဲဒါတွေကို လွှတ်ချလိုက်တာကလည်း တကယ်ပဲ ကျုပ်တို့မျှော်မှန်းထားတဲ့ ဒုက္ခကနေ လွတ်မြောက်မှုအစစ်ဟုတ်ရဲ့လား။
ဆရာတော်တစ်ပါးကတော့ ပြောလေရဲ့။ ဒုက္ခဆိုတာ ဘဝဆိုပေမယ့် တို့သိတဲ့ ဘဝနဲ့မတူဘူးတဲ့။ တကယ့်ဒုက္ခလို့ဆိုရမယ့် ဘဝဆိုတာ ကိလေသာကြောင့်ဖြစ်တဲ့ ကံ တွေကိုပြော တာပဲ…တဲ့။ ဘာကံတွေလည်းဆိုရင် လူတိုင်းနေ့စဉ်ပြောဆိုနေထိုင်လှုပ်ရှားနေကြတဲ့၊ လူတိုင်းလည်း ပြောနေ ပြောကြတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံကို ပြောတာတဲ့။
အဲဒီကံတွေဟာ အစွဲတစ်ခုခုနဲ့ တွေးမိ၊ ပြောမိ၊ နေမိ ပြီဆိုရင် လူကို ပျက်စီးစေတတ်(အနိစ္စ)၊ ဆိုးဝါးစေ တတ်(ဒုက္ခ)၊ ကိုယ့်ကိုယ်ကိုတောင် မပိုင်တော့စေတတ်(အနတ္တ)တဲ့ သဘောရှိတာကြောင့် အဲ့ဒီလို အစွဲနဲ့ တွေးတော၊ ပြောဆို၊ နေထိုင်ရှင်သန်ပြီဆိုရင်တော့ ဘဝ (ဥပါဒါနပစ္စယာ ဘဝေါ) ဖြစ်ပြီတဲ့..။ အဲဒါကသာလျှင် ဒုက္ခလို့ပြောဆိုအပ်ထိုက်တဲ့ ဘဝဖြစ်ပါတယ်…။ သင်္ခါရဆိုတာကလည်း “ ကံ ” လို့ဆိုပါတယ်။
ဆိုရရင်….
အနိစ္စဝတ သင်္ခါရာ…တို့၊ ဝယဓမ္မာ သင်္ခါရာ..တို့ဆိုတာ…လူဖြစ်လာတဲ့..သင်္ခါရကိုပြောတာဖြစ်မလား။ လူဖြစ်လာပြီးနောက်မှာ လူနဲ့လူချင်းဆက်ဆံဖို့အတွက်…လူသားမျိုးနွယ်ထဲမှာ ထိုးထိုးဝင်ဝင်ရပ်တည်နိုင်ဖို့အ တွက် ရှိသင့်ရှိအပ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့၊ မိမိလုပ်နိုင်သလောက်ဖြစ်တဲ့ ဆိုက်ကားသမား၊ မြင်းလှည်းသမား၊ ဘောလုံးသမား၊ အနုပညာသမား၊ ရွှေပန်းထိမ်သမား၊ ပွဲစားသမား၊ နိုင်ငံရေးသမား၊ ဂျာနယ်သမား၊ နိုင်ငံဝန်ထမ်း သမား၊ အနှိပ်သမား၊ လက်ဝှေ့သမား၊ တော်လှန်ရေးသမား…ဆိုတဲ့ ( အထက်မှာပြောခဲ့တာ အပါအဝင်) ဘဝ တွေကို လုံးဝမဖြစ်အောင် ကျင့်ကြံနေထိုင်ရမှာလား…။
ဒါမှမဟုတ်…အစွဲနဲ့ပြုလုပ်တဲ့ သင်္ခါရ “ ကံ ” နဲ့ပတ်သက်ပြီး လူသားတွေနဲ့ သက်ဝင်ရှင်သန်နေချိန်မှာ မသိမှု အဝိဇ္ဇာကြောင့်ဖြစ်တဲ့ (အဘိဇ္ဈာ၊ ဗျာပါဒ) “ ဘဝ” တွေမဖြစ်အောင် ကြိုးစားပြီး လွတ်မြောက်စေ ရမှာလား။
ဘယ်အရာတွေကို လွှတ်ချခြင်းက လူသားတွေကို ငြိမ်းအေးချမ်းမြစေမလဲ…ဆိုတာ..စဉ်းစားဖို့တော့လို အပ်ပါကြောင်း….။

One comment

  • tharli kar

    June 17, 2012 at 5:12 pm

    တန်ဖိုးရှိတဲ့ ပို့စ်လေးတစ်ခုဖတ်လိုက်ရတယ်။ ဝင်တဲ့သူမတွေ့ရဘူး။ ဘာ့ကြောင့်မှန်းမသိ။ ကျော်သွားတာလား။ ဖော်မစားတတ်တာလား။ ထပ်ပြီးရေးပေးပါအုံးခင်ဗျား။ အားပေးသွားပါတယ်။

Leave a Reply