တွင်း
ကိုယ်ချင်းလည်း မစာဘူး။
သူတို့တုန်းကတော့ နေချင်သလိုနေပြီး
ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလို မနေနဲ့။
ဟိုလိုလေး လုပ်ကြည့်ပါလား။
ဒီလိုလုပ်တာမှားတယ်။
တော်တော်ကို ကို်ယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။
*********************
“ ဒီအရွယ်မှာ ရည်းစားမထားရဘူးနော် ´´
သူတို့တုန်းကတော့ ထားခဲ့ကြတယ်။
ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။
*********************
“မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး´´
သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။
“ပိုဆံစုကြ ၊ မဖြုန်းကြနဲ့´´
တော်တော် အဟြေကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့၊
ငွေတွေကို ဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။
“အရက်မသောကနဲ့ ငါ့သား´´
ပါးစပ်မှာက အရက်နံ့တွေနဲ့။ ကျွန်တော်တို့ကို လာပြီး ဆုံးမနေတယ်။
“ဆေးလိပ်သောက်တာ မကောင်းဘူး´´
သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ဆေးလိပ်မကောင်းကြောင်း တရားလာပြီးဟောနေတယ်။ ရယ်စရာကောင်းလိုက်တာ။
လာလာချည်သေး။လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်။လူငယ်တွေရဲ့ရင်ထဲမှာ
“စောဒက´´တွေ အများကြီးပဲ။လူကြီးတွေရဲ့ ဆုံးမ စကားကိုတစ်ဖက်သတ်ဟြေတယ်လို့မြင်ကြတယ်။ ကိုယ်ချင်းမစာဘူးလို့လည်း ခံစားကြတယ်။
သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ငါတို့ အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး။ မတရားဘူး။
အဲဒီလို လူငယ်တွေ အတွက် ပုံပြင်တစ်ခုလောက် ဟြေပြပါရစေဗျာ။
*******
တစ်ခါတုန်းကပေါ့…….။
ရတနာသိုက် ရှိနေတယ်လို့ နာမည်ကြီးနေတဲ့ ဒေသ တစ်ခုရှိတယ်။အဲဒီဒေသမှာ ရတနာတွေ လိုက်ပြီးရှာကြတဲ့ ရတနာ မုဆိုးတွေလည်းရှိတယ်။ တစ်ရက်မှာတော့ မိုးကြီးလေကြီးကျပါလေရော။ မိုးတွေကလည်း ရွာလိုက်တာ သည်းသည်းမည်းမည်း ရွာတယ်။
ချောင်းရေတွေ ဒလဟောစီးလို့ မြေတွေပြိုတယ်။သစ်ပင်တွေ လဲတယ်။ အဲ့ဒီ အခါမှာ တောစပ်တစ်ခုရဲ့ ချောင်းနံဘေးမှာ ရေတွင်းဟောင်းကြီးတစ်ခုပေါ်လာတယ်။ အဲ့ဒီတွင်းရဲ့နှုတ်ခမ်းဝမှာ ရတနာမုဆိုးတွေ ဝိုင်းအုံပြီး တွင်းထဲကို စိုက်ပြီးကြည့်နေကြတယ်။
“ဟာ…..တွင်းထဲမှာ လက်လက် လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ´´
“မဟုတ်ဘူး ၊ ပတ္တမြားခဲတွေ နေမှာပါ´´
“ငါကတော့ စိန်ရောင်တွေ တောက်နေတယ် ထင်တာပဲ´´
“မဟုတ်ဘူးကွ ၊ ရှေးဟောင်း ရွှေငွေ ပစ္စည်းတွေနေမှာ´´
“ငါတို့ရှာနေတဲ့ ရတနာသိုက် တွေ့ပြီကွ´´
တွင်းနှုတ်ခမ်းမှာ ဝိုင်းအုံပြီးကြည့်နေကြတဲ့ ရတနာမုဆိုးတွေ အားလုံးဟာ တစ်ယောက်
တစ်ပေါက်ဟြေနေကြတယ်။ အားလုံးဟာလည်း “လောဘ´´ မျက်လုံးတွေကိုယ်စီနဲ့ပေါ့။
အဲဒီအချိန်မှာ လူတစ်ယောက်က ဟြေဟြေဆိုဆို တွင်းထဲကို ခုန်ဆင်းမယ်လုပ်တယ်။
“ဟိတ်ကောင်…..မင်းမဆင်းနဲ့ ၊ ငါ အရင်ဆင်းမယ်။ ငါ အရင်ရောက်တာကွ´´
“ဘယ်ရမလဲ ဒီလိုဆို ငါအရင်…ဆင်းရမှာကွ´´
ဒီတွင်းပေါက်ဝကို မင်းထက် ငါ အရင်ရောက်တာလေ´´
ဘာမဟြေ ညာမဟြေနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို “ဝုန်းခနဲ´´ခုန်ဆင်းလိုက်ပါတော့တယ်။
တွင်းအောက်ခြေကိုလည်း ရောက်ရော …လင်းလက်နေတဲ့ အရာတွေဟာ ရွှေတွေလည်းမဟုတ်ဘူး။ ပတ္တမြားတွေလည်းမဟုတ်ဘူး ။ စိန်တွေလည်းမဟုတ်ဘူး။ မိုးရွာလို့
မြေပြိုပြီးတွင်းထဲမှာရှိတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ၊ အကောင်တွေပေါက်နေကြတာ။
အဲဒီ “မြွေပွေး၊ မြွေဟောက် အကောင်ပေါက်တွေရဲ့ “မျက်လုံး´´ တွေက အရောင်တွေ တောက်နေတာသာဖြစ်တယ်။ တွင်းထဲ ရောက်နေတဲ့သူက တွင်းအပေါ်ကို အော်ပြီးဟြေလိုက်တယ်။ “ဟိတ်ကောင်တွေ …ဆင်းမလာကြနဲ့။ စိန်တွေ ရွှေတွေ မဟုတ်ဘူးကွ ။ မြွေပွေး တွေ၊ မြွေဟောက် တွေရဲ့ မျက်လုံးတွေ သူတို့မျက်လုံးတွေရဲ့ အရောင်တွေကို ငါတို့က စိန် တွေ ၊ ရွှေတွေ ၊ ပတ္တမြား တွေ ထင်နေတာ။ ငါတို့ထင်သိလို မဟုတ်ဘူးကွ ။တွင်းထဲကို ဆင်မလာကြနဲ့ဟေ့……..။ငါ့ကိုတော့ မြွေတွေ ကိုက်နေပြီ။မင်းတို့ဆင်းမလာကြနဲ့´´
တွင်း နှုတ်ခမ်းမှာ ကျန်နေတဲ့ လူတွေက မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်း လိုချင်လို့ လိမ်ဟြေတာပဲဖြစ်မယ်။ နောက်တစ်ယောက် ထပ်ခုန်ချလိုက်တယ်။ “ဟုတ်တယ်ဟေ့………….
ဆင်းမလာကြနဲ့။ ရတနာတွေ မဟုတ်ဘူးကွ။သူဟြေတာမှန်တယ်။ ဒီကောင်သေနေပြီ။ငါ့ကိုလည်း မြွေတွေ ဝိုင်းပြီး ပေါက်နေကြတယ်။သူဟြေသလိုပဲ မြွေတွေရဲ့မျက်လုံးတွေကွ။ သူတို့ရဲ့မျက်လုံးတွေကို ငါတို့က ရတနာတွေ လို့ထင်နေတာ။ မင်းတို့ တွင်းထဲကို ဆင်းမလာကြနဲ့။ အားလုံးသေကုန်မယ်….။
တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ တွင်းထဲက လူနှစ်ယောက်ဟြေတဲ့ စကားကို မယုံကြဘူး။
ဒီနှစ်ကောင် အပိုင်စီးချင်လို့ “လီဆယ်´´ပြီးတော့ ဟြေတယ်လို့ပဲထင်နေကြတယ်။
ဒီလိုနဲ့…………..
တစ်ယောက်ပြီး တစ်ယောက် ခုန်းဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းဝက လူတွေ အားလုံး မြွေ ကိုက်လို့ သေကုန်ကြတော့တယ်။
************
လူကြီးဆိုတာ……….
မြွေ တွေရဲ့ အရောင်တောက်နေတဲ့ မျက်လုံးတွေကို “ရတနာတွေ အမှတ်နဲ့´´ တွင်းအနက်ထဲကို ခုန်ဆင်းခဲ့ဖူးသူတွေ။ သူတို့က မြွေကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ဟြေတဲ့ စကား ဖြစ်တယ်။
ဒါ့ကြောင့်…..ခုန်မဆင်းနဲ့လို့ဟြေတာ ။
လူငယ်တွေက မယုံကြဘူး။
ဒီတော့ ခုန်ဆင်းကြ ဦးမယ်ပေါ့။
*********************
လူငယ် ၊ လူလတ် ၊ လူကြီး ကို ဘယ်လိုသတ်မှတ် သင့်သလဲ၊
ကျွန်တော် ကတော့ ဒီလို အဓိပ္ပါယ် ဖွင့်ချင်တယ်ဗျာ။
မသိလို့ လုပ်မိတဲ့ အမှား ၊ မှန်တယ်ထင်လို့ လုပ်လိုက်မိတဲ့ အမှား ၊ အမှားတွေကို
အမှန်ဖြစ်အောင်ကြိုးစားရင်း ထပ်ပြီးမှားသွားမိတဲ့ အမှား ၊ မှားမှန် သိလျှက်နဲ့ မထူးပါဘူးဆိုပြီး
ဇွတ်တိုးပြီး မှားမိတဲ့ အမှား………
အဲဒီ အမှားတွေကို ရင်မှာပိုက်ပြီး————
အမှားများစွာဖြင့် နောင်တ တရားများနဲ့ ရှင်သန်နေထိုင်သူကို လူကြီးဟုခေါ်သည်။
အမှားကို အမှားမှန်းမသိဘဲ အမှားကို အမှန်ထင်ပြီး အဲ့ဒီအမှာတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ် ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစား ပမ်းစား လိုက်လံရှာဖွနေသူများအား လူငယ်ဟု ခေါ်ပါသည်။
ဒီတော့…………….
နောင်တနဲ့ ရင်းပြီး၊ အမှားနဲ့ရင်းပြီး ရထားတဲ့ ဘဝ သင်ခန်းစာတွေကို လူငယ်လေးတွေအတွက် မမှားဖို့ ၊ လိုက်နာဖို့ ၊ ရှောင်ကြဉ်ဖို့ ၊ သတိပြုဖို့ ဟြေကြားတာကို
လူငယ်တွေနားလည်သင့်တယ်။
တကယ်တော့……………
အရေ/ာင်တောက်ပ နေတဲ့ မြွေတွေရဲ့မျက်လုံးတွေကို ရတနာအမှတ်နဲ့ အရယူဖို့ကြိုးစားရင်း၊ ဆုံးရှုံးမှုတွေ ၊ နောင်တ တွေ ၊ မျက်ရည်တွေ ၊ဆင်းရဲခြင်းတွေ ၊
ခံစားချက်တွေနဲ့ ရင်းလို့ သိလာခဲ့ရတဲ့ လူကြီးတွေရဲ့ ဆုံးမ စကားကို လူငယ်လေးတွေ နားလည်စေချင်လို့ ဒီပို့စ် လေးနဲ့ ဟြေပြလိုက်ပါတယ်။
မယုံရင်တွင်းထဲခုန်ဆင်းလိုက်………..
ရွှေမန ္တလေးဂျာ နယ် မှ ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။
အရင့်ရောင်
6 comments
laypai
May 7, 2012 at 3:00 pm
ဖတ်လို့ ကောင်း သား၊
ဘယ်မှာ ရေးရေး ကိုယ် မဖတ်ရသေး တော့ အသစ်ပေါ့။
ပုံပြင် ကတော့ ကြားဖူး ပြီးသား ပါ။
ဆူး
May 7, 2012 at 3:26 pm
မယုံရင် တွင်းထဲ ခုန်ဆင်းဆိုလို့.. အစုကြီးမှာ အမှတ်မထင် ရတနာ သိုက်တခု ရဲ့ မြေပုံ ရထားတယ်။
မယုံလို့ သွားမတူးတာ.. ယုံရင် သွားတူးပါလား။
ဗိုက်ကလေး
May 7, 2012 at 3:39 pm
လူတွေရဲ့ အကျင့်က အဲသလိုပဲဗျ
ကိုယ်တိုင် လက်တည့်စမ်းပြီး အကျိုးအပြစ်ဖြစ်လာတော့မှ ဪ..ဂလိုပါလားဆိုပြီး မှတ်ကြတာကလား
တစ်ခုရှိတာက
အရွယ်ရောက်ပြီးလူတစ်ယောက်အတွက်တော့ ကိုယ်တိုင် တွင်းထဲ ခုန်ဆင်းခွင့်ရှိပြီလေ
ပြီးမှ မြွေပဲကိုက်ကိုက် ရတနာပဲ ရရ သူ ့ကံပေါ့ဗျာ ဟုတ်ဘူးလား.
FattyCat
May 7, 2012 at 4:33 pm
ခုန်ချတဲ့လူတွေခုန်ချသွားသလို… ခုန်ချဖို့ပြင်နေသူတွေလဲ အများကြီးပဲပေါ့ဗျာ…
ပိုးဖလံမျိုး မီးကိုတိုးပေ့ါ…
ခင်တဲ့-
ကြောင်ဝတုတ်
windtalker
May 7, 2012 at 8:40 pm
အရွယ်ရောက်တယ် ဆိုတာ လုပ်ချင်ရာလုပ်နိုင်တဲ့ လိုင်စင်ရခြင်းပေါ့…။ ကိုယ်လုပ်မယ့် ဟာ အမှားအမှန် ၊ ကောင်းမယ် ဆိုးမယ် ဆိုတာကတော့ ၊ ကိုယ် သင်ခဲ့တဲ့ ပညာတွေ အတွေးအခေါ်တွေနဲ ့ပြန်သုံးသပ်ရမှာပေါ့… နော။
Green Rose
May 7, 2012 at 8:46 pm
လူကြီးနဲ့ လူငယ်ကြား… မြွေတွင်းမှန်းသိလို့ တားပေမယ့် မယုံကြည့်လို့ ခုန်ဆင်းကြတာ ထုံးစံပါ။ အသက်အပိုင်းအခြားအရ စဉ်းစားဆင်ခြင်ဉာဏ် ရင့်သန်လာတဲ့အခါမျိုးမှာ ချင့်ချိန်နိုင်စွမ်းရှိလာကြမှာပါ။ လူငယ်တိုင်းတော့မဟုတ်ပါဘူး။ လူကြီးမိဘတွေရဲ့ Guide လုပ်ပေးတဲ့ပုံစံ ပေါ်မူတည်ပြီးကွာခြားသွားကြပါတယ်။ တချို့တွေက ငယ်စဉ်အခါကတည်းက အန္တရယ် မဖြစ်နိုင်လောက်တဲ့ လက်တွေ့စမ်းသပ်မှုမျိုးကို ခွင့်ပြုပေးခဲ့တဲ့အခါ လူကြီးမိဘတွေရဲ့ စကားဟာ အမှန်ပါလားလို့ ယုံကြည်လာပါတယ်။ (Green Rose ငယ်ငယ်က ဖယောင်းတိုင်မီးကိုလည်း တို့ထိကြည့်ခဲ့ဘူးပါတယ်။ ကြွက်ထောင်ချောက်ထဲလည်း လက်ထည့်ကြည့်ခဲ့ဘူးပါတယ်) အဲဒီ့အခါမှာ လူကြီးမိဘ ရဲ့ သတိပေး တားမြစ်မှုတွေကို အလေးထားတတ်လာပါတယ်။ မှန်ကန်တဲ့ ယုံကြည်မှုဆိုတာ တည်ဆောက်ယူမှရပါတယ်။ နောက်တစ်ဆင့်က သတ္တိပါ။ လူကြီးမိဘ သတိပေးထားတဲ့ကြားက ဇွတ်တိုးပြီး လုပ်တဲ့ကိစ္စတိုင်းရဲ့ အကျိုးအပြစ် ကို ခံနိုင်ရည်ရှိဖို့ပါ သင်ကြားပေးရမှာပါ။ (Green Rose ဖယောင်းတိုင်မီးပူလို့ ငိုတဲ့အချိန်မှာ အမေဘာပြောသလဲ မမှတ်မိခဲ့ပေမယ့် ။ ကြွက်ထောင်ချောက်ထဲ လက်ညပ်သွားလို့ ငိုတဲ့အချိန်မှာ အဖေက သတိပေးထားတဲ့ကြားက လုပ်တာမို့၊ မတော်တဆ ဖြစ်တာမျိုးမဟုတ်ပဲ Green Rose ဖာသာ စမ်းသပ်တာမို့လို့ မငိုရဘူးလို့ ပြောပါတယ်။) အဲဒီ့ကတည်းက Green Rose ဟာ မိမိရွေးချယ်မှုကြောင့် ဖြစ်လာသမျှအားလုံးကို လက်ခံရဲတဲ့သတ္တိရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ မိဘတွေက ရက်စက်တယ်လို့ တစ်ခါတစ်ရံထင်ခဲ့မိပေမယ့် အခုအချိန်မှာတော့ အဲဒီ့လို လေ့ကျင့် သင်ကြားပေးခဲ့မှုတွေအတွက် ဖေဖေ နဲ့ မေမေကို ကျေးဇူးတင်မဆုံးပါဘူး။ ဒါကြောင့် ယတိပြတ် တားမြစ်တာမျိုးသက်သက် မဟုတ်ပဲ မလုပ်ခင် အကျိုးအကြောင်းဆီလျော်အောင် ပြောပြပြီးတော့ တကယ်လို့ အဲဒီ့ကြားကမှ ဇွတ်တိုးပြီးလုပ်ခဲ့ရင်လည်း ခံနိုင်ရည်ရှိဖို့ လိုကြောင်းပြောပြ Guide လုပ်ပေးတာမျိုးကမှ မှန်ကန်လိမ့်မယ်လို့ ထင်ပါတယ်။ အခုပုံပြင်ထဲက တွင်းထဲခုန်ဆင်းသွားတဲ့ လူတွေထဲမှာ နောင်တမရတဲ့လူ ဘယ်နှစ်ယောက်ပါမလဲလို့ သိချင်သားနော်။